1 မိုးနှင်းများကြားမှ………………………..

2 မိုးနှင်းများကြားမှ ဆွမ်းခံချိန်

 

3 လောင်းလှူ ကုသိုလ်ယူ

4 နံနက်ခင်း ဆွမ်းအလှူ

 

5 ထင်းရူးတောများကြားမှ ဆွမ်းခံအသွား

6 ဆွမ်းခံ အကြွ

7 ဆွမ်းခံဘို့ ဆင်းအလာ

 

8 ကသုတ်ကရက်

9 ကိုရင်လေးများ ဆွမ်းခံဘို့အဆင်း

 

10 ဆွမ်းခံသွားတဲ့ကိုရင်လေးများ

11 ထင်းရူးတောထဲကေ န ဘယ်ဆီကိုကြွတယ်မသိ

12 တောလမ်းမှ ဆွမ်းခံကြွတဲ့ကိုရင်

 

13 ဆွမ်းခံပြန်ချိန်

 

14 အရုဏ်တက်နေမင်းနဲ့ ဆွမ်းခံချိန်

16 ဆွမ်းတန်း

 

17 လောင်းလှူကုသိုလ်ယူ

18 ဆွမ်းတန်း -2

19 မိုးစဲစ ဆွမ်းခံ ပြန်ချိန်

20 အပေါ်မှအကြည့်

 

“အောင်ပန်းမြို့က ကိုရင် ”

 

အောင်ပန်းရောက်လို့ မနက်စောစော ထလမ်းလျောက်တဲ့တစ်ရက် မိုးနှင်းမူံတွေနဲ့ ပိတ်ဆိုင်းလို့နေပါတယ်။

ကျနော်လမ်းလျောက်တဲ့ရှေ့မှာတော့ ဦးဇင်းတစ်ပါးကိုတွေ့ရပါတယ်။

အပြန်လမ်းမှာလဲ ဆွမ်းတန်း တစ်တန်းကိုတွေ့ရပါတယ်။

ဆွမ်းလောင်းမယ့်သူကလဲ အဆင်သင့်စောင့်လိုနေပါတယ်။

နောက်ရက် လွယ်မယ်တောင်ကိုတက်တဲ့အချိန်မှာ တောင်ပေါ်ကနေ ကိုရင်လေးတွေဆင်းလာတာကို

တွေ့ရပါတယ်။

တောင်ခြေက ရပ်ကွက်ထဲကိုဆင်းလာပြီးဆွမ်းခံထွက်လာကြပါသတဲ့။

တစ်ချို့ကလဲ ဖောက်ထားတဲ့ကွန်ကရစ်လမ်းအတိုင်းဆင်း။

တစ်ချို့ကတော့ ထင်းရူးတောလေးထဲကို တရွှေ့ရွှေ့တိုးဝင်သွားတာကိုမြင်ရ။

ကျနော် တောင်ပေါ်က ပြန်ဆင်းလာချိန်မှာတော့ ကိုရင်တစ်ချို့က ဆွမ်းခံပြန်လာပါပြီ။

 

အဲဒီအချိန်မှာ အောင်ပန်းမြို့ကိုပထမဆုံးအကြိမ်ရောက်တုံးကမြင်ရတာလေးကို ပြန်သတိရမိပါတယ်။

နံနက်ခြောက်နာရီခွဲလောက်မှာ ကိုရင်လေးတစ်ပါးက ကြေးစည်

လေးထုထုပြီ လမ်းပေါ်ကို လျှောက်လို့သွားပါတယ်။

သိပ်မကြာခင်မှာ ဆွမ်းတန်းကြီးကြွလာပါတော့တယ်။

ဆွမ်းတန်းအရှည်ကြီးက နှစ်တန်းပါ။

ကျောင်းမတူဘူးနဲ့တူပါတယ်။

ဆွမ်းတန်းထွက်ချိန်မှာ ဆွမ်းထွက်လောင်းသူတွေလဲရှိပါတယ်။

နံနက်စောစောမြင်ရတာ စိတ်ကြည်လင်ဘို့ကောင်းလှပါတယ်။

 

 

ကိုပေါက်လမ်းသလားနေသည်

တောင်ကြီးအောက်တိုဘာ

(16-10-2012)

မှတ်ချက် ဆရာမကြီးအကြံပေးတာကြောင့် ပုံတွေမှာ ကိုပေါက်နာမယ်အစမ်းထိုးထားပါတယ် နော်

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1607 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။