မုန်လာဥနီရဲ့ လူတွေအပေါ် အကျိုးဖြစ်စေတဲ့အရာတွေပါဝင်မှုကတော့ သိကြပြီးတဲ့အတိုင်း၊ ကင်ဆာရောဂါမှ ကာကွယ်ပေးခြင်း၊ အသားအရေလှပစေခြင်း စတဲ့ ကောင်းကျိုးတွေအပြင် တီဗီ အစီအစဉ်တွေထဲကနေပြီး နောက်တမျိုး ထပ်သိလိုက်ရပါတယ်။ မကြည့်လိုက်ရတဲ့သူတွေ သိစေဖို့ နဲ့ မသိသေးသူများ သိရှိပြီး အသုံးချလို့ ရအောင် ပြန်ပြီး ဂေဇက်မှာ ပွားလိုက်တာပါ။
မနေ့ က မြန်မာ့အသံကလွှင့်တဲ့အစီအစဉ်တခုမှာ ကမ္ဘာ့ နေရာအနှံ့ အပြားက ကလေးများဟာ နှစ်စဉ် ၀မ်းပျက်ဝမ်းလျှော ခြင်းကြောင့် သေဆုံးမှုက မြင့်တက်နေဆဲလို့ ပြောပါတယ်။ အဲဒီ အတွက် ရိုးရှင်းလွယ်ကူတဲ့ ပြီး ပဋိဇိဝဆေးတောင်သောက်စရာမလိုတဲ့ နည်းကောင်းတခုကို လည်း ဖော်ပြပေးသွားပါတယ်။ အဲဒါကတော့ ၀မ်းပျက်ဝမ်းလျှောနေစဉ် ကလေး များသာမက လူကြီးများအတွက်ပါ အကျိုးရှိပြီး လျှင်မြန်စွာသက်သာစေတဲ့ မုန်လာဥနီ စွတ်ပြုတ်စားသုံးပေး ခြင်းပါပဲ။
လုပ်ပုံလုပ်နည်းကလည်း လွယ်ကူရိုးရှင်းလှပါတယ်။
၁။ မုန်လာဥနီကို ပါးပါးလှီးပြီး ပွက်ပွက်ဆူနေတဲ့ ရေထဲထည့်ပြုတ်ပါ။
၂။ အဲဒီမုန်လာဥနီနူးပြီးရေခမ်း သွားရင် မုန်လာဥနီကို ဇွန်း သို့ မဟုတ် ယောင်းမ
သို့ မဟုတ် ချေတဲ့အရာနဲ့ ချေပေးပြီးပါ။
၃။ ကြေသွားတဲ့ မုန်လာဥနီကို ဆားအနည်းငယ်နဲ့  ရေအနည်းငယ်ထည့်ကျိုပြီး တစ်နေ့ ကို အကြိမ်ပေါင်းများစွာ ကိုယ်စားနိုင်သလောက်စားပေးခြင်းဖြင့် သက်သာစေပါတယ်တဲ့။
ဝမ်းပျက် ၀မ်းလျှောရင့် လူမအီမသာ ဖြစ်ပြီး နေရထိုင်ရ မကောင်းလွန်းလှတဲ့ ခံစားချက်ကို ခံစားဖူးလို့  ပြုလုပ်ပုံဟာ လွယ်ကူရိုးရှင်းပြီး အကျိုးများစေမယ်လို့  ထင်လို့  ပြန်လည်ဝေငှလိုက်တာပါ။
ဝမ်းပျက်ဝမ်းလျှောခြင်းဖြစ်နေစဉ်မှာ ဒီလိုမျိုးစားသုံးပေးရင် ၀မ်းပျက်ဝမ်းလျှောဖြစ်စေတဲ့  ဘက်တီးရီးယားပိုး တွေ အူနံရံမှာတွယ်ကပ်ပြီးဆက်လက်ပွားများခြင်းကိုပါမဖြစ်စေနိုင်တော့ပါဘူးတဲ့။ လုပ်ရတာလဲလွယ်ကူပြီး လူတိုင်း ရေ သို့ မဟုတ် မသန့် ရှင်းတဲ့အစားအစာတွေစားမိတဲ့ အခါတိုင်း အခန့် မသင့်ရင် ၀မ်းပျက် ၀မ်းလျှောခြင်း
ဖြစ်တတ် ကြလို့  အသုံးဝင်တဲ့ နည်းကောင်းလေးပါ။ ၀မ်းပျက် ၀မ်းလျှောဖြစ်ခြင်းကို ပေါ့ဆမိရင် အသက် အန္တရာယ်ကိုပါ ထိခိုက်စေတတ်လို့  မပေါ့ဆသင့်ပါဘူး။

About shwe pont

shwe pont has written 5 post in this Website..