စေတနာအဟုတ်နဲ့ အမှန်လုပ်ပါ

လူအချို့ဟာ အတော်များများ အလုပ်လုပ်တဲ့အခါ ဟန်ပြလုပ်တာတွေ၊ ဟန်ဆောင်လုပ်တာတွေကို လုပ်ပြလေ့ ရှိတတ်ပါတယ်။ စေတနာ မပါဘဲ သူများအထင်ကြီးအောင်၊ သူများလေးစားအောင် လူရှေ့သူရှေ့ ဟန်ဆောင် လေ့ ရှိတတ်ပါတယ်။ ဒါဟာ အမှန်ပြယုဂ်မဟုတ်ဘဲ ဟန်ဆောင်သရုပ်သာ ဖြစ်တဲ့အတွက် အချိန်တန်တော့ လည်း သူ့အလိုလို လဲသွားကြတော့တာ ဖြစ်ပါတယ်။

အမှန်တော့ ကိုယ်လုပ်တဲ့အလုပ်ဟာ သူများအထင်ကြီးဖို့၊ သူများချီးကျူးခံရဖို့ အဓိကမကျပါဘူး။ ကိုယ့်စေတနာ မှန်ဖို့ပဲ အရေးကြီးလှတာ ဖြစ်ပါတယ်။ ကောင်းတဲ့အလုပ်တွေမှာ စေတနာမှန်နဲ့သာ လုပ်သွားကြမယ်ဆိုရင် ဘယ်သူ အထင်ကြီးကြီး မကြီးကြီး၊ ဘယ်သူလေးစားစား မစားစား ကိုယ့်ကိုယ်ကိုတော့ ကိုယ်ကိုယ်တိုင် အထင်ကြီးလေးစားနိုင်တာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်စောင့်နတ်နဲ့ သူတော်ကောင်းတွေကတော့ သာဓု ခေါ်နေ ကြမှာ ဖြစ်ပါတယ်။

အဓိကကတော့ စေတနာ အဟုတ်နဲ့ အမှန်လုပ်ဖို့ပဲ ဖြစ်ပါတယ်။ စေတနာမှန်မယ်၊ ရိုးသားမယ်ဆိုရင် အကျိုး တရားဆိုတာ အချိန်တန်ရင် ကိုယ်ကမမျှော်လည်း သူ့အလုပ်သူလုပ်၊ သူ့အကျိုးသူပေးသွားမှာ ဖြစ်ပါတယ်။ သေချာတာကတော့ ဘာပဲဖြစ်ဖြစ် စေတနာမမှန်ရင် ကြာကြာမခံဘူးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

 

မနာပဒါယီ အရှင်ဝိစိတ္တ ရဲ့ဖတ်ဖူးတဲ့စာပေတွေထဲက ကောက်နုတ်မိတဲ့ စာသားလေးတွေပါ၊ စာတိုပေမယ့် ရည်ညွှန်းချက်လေး သဘောကျတာမို့ ကျွန်တော့် FB မှာတင်ရင်း ရွာထဲလည်း ပြန်ပြီးမျှဝေလိုက်မိတာပါဗျာ။

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

 

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..

   Send article as PDF