စေတနာအဟုုတ်နဲ့ အမှန်လုုပ်ပါ

ခင္ခOctober 16, 20121min14015

စေတနာအဟုုတ်နဲ့ အမှန်လုုပ်ပါ

လူအချို့ဟာ အတော်များများ အလုုပ်လုုပ်တဲ့အခါ ဟန်ပြလုုပ်တာတွေ၊ ဟန်ဆောင်လုုပ်တာတွေကို လုုပ်ပြလေ့ ရှိတတ်ပါတယ်။ စေတနာ မပါဘဲ သူများအထင်ကြီးအောင်၊ သူများလေးစားအောင် လူရှေ့သူရှေ့ ဟန်ဆောင် လေ့ ရှိတတ်ပါတယ်။ ဒါဟာ အမှန်ပြယုဂ်မဟုုတ်ဘဲ ဟန်ဆောင်သရုပ်သာ ဖြစ်တဲ့အတွက် အချိန်တန်တော့ လည်း သူ့အလုိုလုို လဲသွားကြတော့တာ ဖြစ်ပါတယ်။

အမှန်တော့ ကုိုယ်လုုပ်တဲ့အလုုပ်ဟာ သူများအထင်ကြီးဖုို့၊ သူများချီးကျူးခံရဖုို့ အဓိကမကျပါဘူး။ ကုိုယ့်စေတနာ မှန်ဖုို့ပဲ အရေးကြီးလှတာ ဖြစ်ပါတယ်။ ကောင်းတဲ့အလုုပ်တွေမှာ စေတနာမှန်နဲ့သာ လုုပ်သွားကြမယ်ဆိုရင် ဘယ်သူ အထင်ကြီးကြီး မကြီးကြီး၊ ဘယ်သူလေးစားစား မစားစား ကုိုယ့်ကုိုယ်ကိုတော့ ကုိုယ်ကုိုယ်တုိုင် အထင်ကြီးလေးစားနုိုင်တာ ဖြစ်ပါတယ်။ ကုိုယ့်ကိုယ်စောင့်နတ်နဲ့ သူတော်ကောင်းတွေကတော့ သာဓုု ခေါ်နေ ကြမှာ ဖြစ်ပါတယ်။

အဓိကကတော့ စေတနာ အဟုုတ်နဲ့ အမှန်လုုပ်ဖုို့ပဲ ဖြစ်ပါတယ်။ စေတနာမှန်မယ်၊ ရုိုးသားမယ်ဆုိုရင် အကျိုး တရားဆုိုတာ အချိန်တန်ရင် ကုိုယ်ကမမျှော်လည်း သူ့အလုုပ်သူလုုပ်၊ သူ့အကျိုးသူပေးသွားမှာ ဖြစ်ပါတယ်။ သေချာတာကတော့ ဘာပဲဖြစ်ဖြစ် စေတနာမမှန်ရင် ကြာကြာမခံဘူးဆုိုတာ အသေအချာပဲ ဖြစ်ပါတယ်။

 

မနာပဒါယီ အရှင်ဝိစိတ္တ ရဲ့ဖတ်ဖူးတဲ့စာပေတွေထဲက ကောက်နုတ်မိတဲ့ စာသားလေးတွေပါ၊ စာတိုပေမယ့် ရည်ညွှန်းချက်လေး သဘောကျတာမို့ ကျွန်တော့် FB မှာတင်ရင်း ရွာထဲလည်း ပြန်ပြီးမျှဝေလိုက်မိတာပါဗျာ။

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

 

 

15 comments

  • jullies cezer

    October 16, 2012 at 11:47 am

    ဟုတ်ပါတယ် ကိုခင်ခရေ ဒီခေတ်ကြီးက ဟန်ဆောင်တွေများတဲ့ခေတ်ကြီး အဲဒါကြောင့်လည်း ဘယ်အရာမဆို ရေရှည်မတည်မြဲဘူး ပေါ်ပင်တွေပဲများတယ်……..

    • ကိုခင်ခ

      October 16, 2012 at 12:27 pm

      ဦးဆုံးကွန်မန့်အတွက် ကျေးဇူးပါ။ ပေါ်ပင်တွေများတဲ့ခေတ်မို့လည်း အခုလိုစာသားတွေကို ကြိုက်မိပြီး
      ရေးဖြစ်သွားတာပေါ့ jullies cezer ရေ။

  • ကိုခရေ
    ဒါပေမယ့်လောက ကြီးမှာအပေါ်ယံတွေများသလို
    အပေါ်ယံတွေကလဲ ရှေ့ရောက်နေတာများတယ်

    • ဟုတ်တယ်ဗျ …
      ရှော်သူတွေ ရှေ့ရောက်ပြီး …
      တော်သူတွေ နောက်ကို ရောက်နေတတ်တယ် ….
      ကောသလအိပ်မက် ၁၆ ချက်များလားပဲ … 🙁

  • မောင်ပေ

    October 16, 2012 at 12:28 pm

    စေတနာအမှန်ကို သေချာရန်
    စိတ်ထဲအတွေးရှင်းရှင်းထားမှ
    မျှော်လင့်ချက်မထားမှ
    ပိုမိုစွမ်းဆောင်ရာ၏
    ပုံ
    အမည်သိခေတ်စာဆို မောင်ပေ

  • ကိုခင်ခ

    October 16, 2012 at 12:31 pm

    ကိုပေါက်ရေ သူရေးတော့လည်း သူ့သမိုင်း၊ ကိုယ်ရေးတာလည်း ကိုယ့်သမိုင်းပေါ့။
    ကိုယ်တိုင်ရေးတဲ့ လက်ရေးလေးတွေတာ လှကြမယ်ဆိုရင်ပေါ့ဗျာ။

    ခေတ်စာဆိုကြီးမောင်ပေ စာညွှန်းလေးလည်း ကောင်းသပ။

  • အဓိကကတော့ စေတနာ အဟုုတ်နဲ့ အမှန်လုုပ်ဖုို့ပဲ ဖြစ်ပါတယ်။ စေတနာမှန်မယ်၊ ရုိုးသားမယ်ဆုိုရင် အကျိုး တရားဆုိုတာ အချိန်တန်ရင် ကုိုယ်ကမမျှော်လည်း သူ့အလုုပ်သူလုုပ်၊ သူ့အကျိုးသူပေးသွားမှာ ဖြစ်ပါတယ်။ သေချာတာကတော့ ဘာပဲဖြစ်ဖြစ် စေတနာမမှန်ရင် ကြာကြာမခံဘူးဆုိုတာ အသေအချာပဲ ဖြစ်ပါတယ်။

    အမှန်ပဲ လေးလေးရေ..သမီးကတော့ ကံနဲ့ကံ၏ အကျိုးကို ယုံတယ်…

  • ကိုခင်ခ

    October 16, 2012 at 1:18 pm

    ကံနဲ့ကံ၏ အကျိုးကို ယုံသူ လုံမလေးလည်း ကံကောင်းပါစေနော်။

  • Khaing Khaing

    October 16, 2012 at 2:15 pm

    ဦးဦးခရေ … ဒီခေတ် ဒီအခါကြီးှမှာလည်း ဒီလိုလူတွေက ပေါများသား … ကိုယ့်မှာ စေတနာမှန်ရှိရင် လူရှေ့မှာရော လူနောက်ကွယ်မှာပါ စေတနာသုံးတန်ပြဌာန်းပြီး မိမိလုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးသင့် တယ်လို့ထင်ပါတယ် ….

    တစ်ချို့လူတွေဆို လူမသိတဲ့ မထင်ရှားတဲ့အလုပ်တွေ အလှူတွေဆို မလုပ်ချင်ဘူး … နံမည်ရမည့်အလုပ် အလှူတွေ ကဗည်းထိုးကျန်ရစ်မယ့် အလုပ်တွေအလှူတွေကိုသာ လုပ်ချင်တာများတယ် …

    ညီမကတော့ စိတ်ထဲသန့်တယ် တကယ်လိုအပ်မယ့်အလှူနေရာတွေ လူတွေကို ပေးကမ်းလှူဒါန်းရမယ်ဆို ဘယ်သူသိသိမသိသိ လှူချင်တယ် … သူတို့ဆီက ဝမ်းသာပီတိကိုရတာ အလွန်ကိုကြည်နူးမိပါတယ် …

  • etone

    October 16, 2012 at 2:37 pm

    ဟုတ်ပါဧ။် .. မှန်ပါဧ။် …
    ဘယ်အလုပ်မဆို ၊ စေတနာလေး အပြင် .. ကိုယ်ချင်းစာစိတ်လေးပါ ထည့်ပြီး လုပ်မယ်ဆို ၊ …. အကျိုးမြတ်မမျှော်ကိုးတာတောင် …. အဆင်ပြေပြီး ၊စိတ် ငြိမ်းချမ်းပါသည်။ :gee:

  • စိန်ဗိုက်ဗိုက်

    October 16, 2012 at 3:21 pm

    စေတနာအဟုတ်နဲ ့ အမှန်လုပ်ပြီးသကာလ စေတနာတန်ခိုးနဲ ့ အမှန်အကျိုးတွေ ဧကန်တိုးရပါလို၏ အရှင်ဖလာ့..
    စေဒနာကို စော်ဒဂါးတဲ့လူတွေ ပေတရာမှာ ဂေါ်တစ်ပြားနဲ ့ မနှေးအမြန် ဂွေးအကန် ခံကြရပစေ အရှင်ဖလာ့..
    ဘီအီးခေတ်စာဆို အမည်မသိ အူးဗိုက်ကြောက်စာမှ

  • အလင်းဆက်

    October 16, 2012 at 7:03 pm

    အကျိုး.ရှိတဲ ့စာသားတွေပါ…ခင်မင်ရသော..

    ခခရေ…

    ဆက်လက်….ရေးသားပါဦး ။
    နော်

  • TTNU

    October 16, 2012 at 11:22 pm

    ကိုခ ရေ…
    စေတနာ နဲ့ လုပ်ကြတာကောင်းပါတယ်။
    ဒါပေမဲ့
    မိမိလုပ်ပေးပြီးသားကို စေတနာထားခဲ့ရတယ်ဆိုပြီး
    တစ်ခုခုပြန်ရဖို့ မတောင့်တ မိဖို့ ပိုအရေးကြီးသလိုပဲနော်။

  • kyeemite

    October 17, 2012 at 9:44 am

    ဒီနေရာမှာ ကိုထီး သီချင်းလေးသွားသတိရမိတယ်…
    “ဟန်ဆောင်စကားတွေ…ငါတစ်ခုမှ မပြောခဲ့တာလည်း…မင်းအသိပါပဲ…
    ဟန်ဆောင်အလှတွေ…ငါတစ်ခုမှ မပြခဲ့တာလည်း…မင်းအသိပါပဲ…”
    ကိုယ့်သမိုင်းကိုယ် ရေးနေကြတဲ့ လက်တွေ စေတနာမှန်ကြပါစေ….
    :buu:
    ခင်တဲ့…

  • ကိုခင်ခ

    October 18, 2012 at 11:24 am

    ကွန်မန့်ပေးကြသူအပေါင်း ကျေးဇူးတင်ပါကြောင်းနဲ့ အလုပ်အကိုင်တွေ အဆင်ပြေလို့
    စေတနာကောင်း သောသူတွေနဲ့တွေ့ဆုံကြုံကာ အောင်မြင်စေကြောင်းဆုတောင်းပါ၏။

Leave a Reply