မွေးနေ့ တခုမှ ပီတိ အပြုံး မျှဝေခံစားမှု အစိတ်တပိုင်း

ဆူးOctober 16, 20121min28745

ပိုစ် မတင်တာတော့ နည်းနည်းကြာသွားပြီ.. ဒီနေ့တော့ တင်ချင်စိတ်ပေါက်လို့ တင်လိုက်တယ်။

null

null


ကိုရင်လေးတွေ ကျောင်းသား ကျောင်းသူ အရေ အတွက် စာရင်း


လှူဖွယ် ပစ္စည်းတချို့

စာသင်ကျောင်းတွေမှာ သင်ကြားနေမှု အခြေအနေ..


အလှူရှင် ကို မေတ္တာပို့နေပုံလေးပါ။


အိမ်ပြန် လက်ဆောင်တွေ တန်းစီ ယူနေကြတာ ဖြစ်ပါတယ်။


ဟဲ့ နင်နဲ့ နာနဲ့ ရတာချင်း တူရဲ့လား.. ဟိဟိ..

45 comments

  • nozomi

    October 16, 2012 at 3:51 pm

    မတွေ့ရတာ ကြာပေါ့
    အလှူရှင်က ဟို မင်းသမီးလေး နဲ့ တူတဲ့ ရွာသူလေး ထင်ရဲ့

    • ဆူး

      October 16, 2012 at 4:08 pm

      အလှူရှင်ကတော့ ပီတိတွေ နဲ့ ပြုံးပျော်နေလို့ တကယ့် နတ်သမီးလေး ပါပဲ..

  • weiwei

    October 16, 2012 at 3:57 pm

    CJ Sue ကတော့ အခုပဲပြီးတယ် အခုပဲ ရွာထဲမှာ တင်လိုက်နိုင်ပြီဆိုတော့ တော်တော်လျှင်တဲ့ သတင်းထောက်ပဲ ….

  • ဆူး

    October 16, 2012 at 4:03 pm

    တကယ်ပျော်ခဲ့လို့ပါ အမ ရဲ့..

    • weiwei

      October 16, 2012 at 4:08 pm

      တစ်ဦးတည်းသောဧည့်သည်အနေနဲ့ လာရောက်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် …
      ကလေးတွေအတွက် ဆေးအလှူလုပ်ပေးခဲ့တဲ့ ဆူးကိုလဲ ကျေးဇူးတင်ပါတယ် …
      အန်တီပဒုမ္မာကိုလဲ ကျေးဇူးတင်တယ်နော် ….

  • တညင်သား

    October 16, 2012 at 4:17 pm

    ကျွန်တော့် ကိုလဲ ကျေးဇူးတင်ပါ :(…… ဘာမှလဲမဆိုင်ဘူး…:)
    ဆိုတော့… အလှူ အတွက် သာဓု ..သာဓု ..သာဓု ….

    • ဆူး

      October 16, 2012 at 4:27 pm

      :bar: ကျေးဇူးတင်ပါတယ်.. လာ မန်းပေးလို့.. :kwi::harr:

  • R Ga

    October 16, 2012 at 4:28 pm

    ဟိုနေ့က လက်ကလေး အဆူးစူးသွားတော့ သွားတောင်သတိရမိတယ်။ ဆူးတစ်ယောက် ပျောက်ချက်သားကောင်းနေလားလို့။ အခုလို မင်္ဂလာရှိတဲ့သတင်းနဲ့ ပြန်တွေ့ရတော့ ဝမ်းသာပါတယ်။

    • ဆူး

      October 16, 2012 at 4:31 pm

      အလည်လွန်နေလို့ပါ.. နောက်လည်း လည်စရာ ကိစ္စတွေ ရှိသေးလို့ ပြန်ပျောက်အုန်းမှာ :harr:
      သတိရလို့ ဝမ်းသာပါတယ်။

  • MaMa

    October 16, 2012 at 6:18 pm

    သာဓုပါ ဝေဝေရေ။
    ဆူးကိုလည်း မွေးနေ့ရှင်ရဲ့အလှူကို ပြန်မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်။
    မွေးနေ့ရှင် ဝေဝေနဲ့ ဆူးတို့ကိုယခုလို ပြုရသော ကောင်းသော စေတနာကံကြောင့် တူညီသော ကောင်းကျိုးများစွာကို ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    • ဆူး

      October 17, 2012 at 9:42 am

      အလှူရှင်ကတော့ မဝေဝေ ပါပဲ။ ဆူး က ဧည့်မြှောင်.. အလှူလုပ်တာ သွားပြီး ပီတိ ပွားခဲ့တာပါ။

    • ဆူး

      October 17, 2012 at 9:46 am

      မဝေ ရဲ့ မွေးနေ့ အလှူလေးကို ဂုဏ်ပြုချင်လို့ပါ.. နောက်လည်း တခါတရံတော့ လာပါအုန်းမယ်။ စာရေး စာဖတ်ရမှာ ပျင်းနေတဲ့ ရောဂါ တမျိုး ဝင်နေလို့.. ဟိဟိ..

        • ဆူး

          October 17, 2012 at 4:43 pm

          အဲလို အပျင်းရောဂါ က ငယ်ငယ်ကတည်းက ရှိတာ.. ဂေဇက် နဲ့ တွေ့မှ အပျင်းရောဂါ ပျောက်သွားတာ.. အခုတော့ ထပ်ပြီးတော့ အရင်က ပျင်းတဲ့ စိတ်တွေ ပြန်ဝင်လာလို့ပါ.. မူလ လက်ဟောင်း ကနဦးအစ အပျင်းရောဂါ ပါ။

    • ဆူး

      October 17, 2012 at 9:47 am

      ကျေးဇူးတင်ပါတယ်။ ဝမ်းလည်း သာပါတယ်.. 😀

  • padonmar

    October 16, 2012 at 7:25 pm

    ဆူးရေ
    မျှဝေပေးတဲ့ အတွက် ကျေးဇူးပါ။
    မကြာမကြာလည်း ရွာလည်ပါအုံးရွာတော်ရှင်ရယ်

    • ဆူး

      October 17, 2012 at 9:48 am

      မျှဝေချင်တာတွေ ရှိရင် လာခဲ့ပါအုန်းမယ်။ ကျေးဇူးတင်ပါတယ်နော်။

  • မောင်ပေ

    October 16, 2012 at 7:38 pm

    ရွာတော်ရှင်မ ပျောက်နေတာ
    ကောင်းမှုကုသိုလ်တွေ လုပ်နေတာကြောင့်မို ့ကိုး
    သာဓု သာဓု သာဓု
    ကောင်းလေစွ

    • ဆူး

      October 17, 2012 at 9:50 am

      စီးပွားရေး ကြီးပွားရေးနဲ့ သမီးရည်းစားရေး.. စသဖြင့် စသဖြင့်.. ကိုယ်ရေး ကိုယ်တာ ကိစ္စတွေ အလုပ်များနေလို့ပါ။
      ကောင်းမှု မြတ်နိုး ကောင်းအောင် ကြိုး၍ ကောင်းစွာ ကြိုးစား အားထုတ်နေပါတယ် ဦးပေ ရေ..

      • Foreign Resident

        October 17, 2012 at 3:52 pm

        ” သမီးရည်းစားရေး ”
        အခုတော့ ပြောပြီပေါ့ ။ 😛

        • ဆူး

          October 17, 2012 at 4:44 pm

          အလှူမှာကတည်းက ပုံနဲ့ တကွ ဖော်ပြထားပြီးပြီပဲဟာ.. 🙁

  • ဦးဦးပါလေရာ

    October 16, 2012 at 7:57 pm

    ရိုးစင်းပြီး ပီတိဖြစ်စရာ အလှူလေးပါပဲ..။
    သာဓုခေါ်ဝမ်းမြောက်မိပါတယ်။
    အလှူရှင်တွေရော အလှူခံတွေရော ချမ်းမြေ့ကြပါစေကွယ်…။

    • ဆူး

      October 17, 2012 at 9:58 am

      ရိုးစင်းတဲ့ အလှူ အစစ်ပါပဲ.. ပကာသန မပါပဲ.. စားရတာကိုလည်း ကျေနပ်တယ်။ လက်ဆောင်တွေကိုလည်း ကျေနပ် ပီတိ ဖြစ်နေကြတဲ့ ကလေးလေးတွေပါပဲ..
      အသက် ၇ဝ ကျော်တန်း လူကြီး ပိုင်းတော်တော် များများက မူလတန်း ပညာရေး ကို ဘက ကျောင်းကနေပြီးတော့ ဖြတ်သန်းခဲ့ရတာပါပဲ။
      အရောင်ဆိုးလွယ်တဲ့ ကလေးတွေ အတွက် ဘက ကျောင်းတွေသာ မရှိရင် တကယ့်ကို ရင်မောစရာကြီးပါပဲ။

  • pooch

    October 16, 2012 at 8:46 pm

    မဝေရဲ့ မွေးနေ့အလှူပေါ့ ။ တလက်စထဲ ဆုတောင်းပေးလိုုက်ပါ့မယ်နော်။
    စိတ်သွားတိုင်းကိုယ်ပါလို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေလို့..
    မဝေလည်း အောက်တိုုဘာမွေးပဲလား ။ ဒါဆို အတူတူပဲ။ ရွာထဲမှာအောက်တိုဘာမွေးတွေ မနည်းဘူးနော် ။ ရာသီခွင်အနေနဲ့ ဆိုရင်တော့ အမှန်တရားကို ချစ်မြတ်နိုးသူများပေါ့ 😀

    ဆူးလည်း အားတဲ့အခါ မကြာမကြာလာလည်ပါအုန်း။

    • ဆူး

      October 17, 2012 at 9:58 am

      နောက် လမ်းကြုံရင် လာခဲ့မယ်နော်..

  • uncle gyi

    October 17, 2012 at 10:14 am

    ရွာတော်ရှင်မဆူးပျောက်ချက်သားကောင်းနေတာ
    အခုလိုရွာထဲပြန်တွေ့ရလို့ဝမ်းသာပါတယ်
    ပိုစ်တင်မယ်ဆိုလို့အားရပါးရဖတ်မလို့လုပ်နေတာ
    ကိုပေါက်ကိုအားကျလို့ပုံတွေချည်းတင်လိုက်တာနဲ့တူတယ်
    မွေးနေ့ရှင်မဝေအတွက်လည်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ
    ဒီဝါကျွတ်မှာအလှူအတန်းပိုလုပ်နိုင်ပါစေလို့

    • ဆူး

      October 17, 2012 at 10:33 am

      စာရေးရမှာ ပျင်းနေလို့ပါ.. စာမရေးတာတောင် ကြာတော့ လက်ရည်ကျနေပြီတောင် ထင်တယ်။

  • ကြောင်ကြီး

    October 17, 2012 at 10:22 am

    အန်တီဆူး
    ကြံစည်ဖူး
    ညဏ်ကြည်နူး
    ကံသည်ထူး
    မြန်ပြည်ခြူး
    ဖန်နီဦး
    ပျံချီကူး
    ဆန်ဆီမြူး..။
    အန်တီဝေ
    မြန်ပြည်ရွှေ
    ဟန်ချီပေ
    လျှံကြည်ဆွေ
    မာန်ဖီလေ
    ခြံတည်ငွေ
    တန်သည်မြေ
    ပျံဟီထွေ
    ဈာန်တည်နေ။

  • kyeemite

    October 17, 2012 at 10:35 am

    မွေးနေ့ရှင်မ ဝေ နဲ့ ဆူးတို့ကို ယခုလို ပြုရသော ကောင်းသော စေတနာကံကြောင့်
    …သဂျီးဆုတောင်းသလိုပဲ တောင်းပေးလိုက်တော့မယ်….
    ဒီဝါကျွတ်ပြီးတာနဲ့…တစ်ခါတည်းကျွတ်နိုင်ပါစေ(အပျိုဂျီးဘွက..)
    ခင်တဲ့…
    :kwi: :harr: :528:

    • ကထူးဆန်း

      October 17, 2012 at 10:49 am

      အပေါ်က ဦးကြီမိုက် နောက်က ထပ်လိုက်ပါတယ် ခင်ဗျာ.. :harr:

    • ဆူး

      October 17, 2012 at 10:58 am

      ရှုးတိုးတိုး :528: :kwi:

      • Mလုလင်

        October 17, 2012 at 11:18 am

        ရှူးတိုးတိုး တဲ့ .. ပီတိ သံ ကြီးးးးးးးးးးးးးးး နဲ့ …. :kwi:

      • Ma Ei

        October 17, 2012 at 12:02 pm

        ဖိတ်စာဝေရင်လဲ သတိရနော်…
        :hee: :kwi:

        • ဆူး

          October 17, 2012 at 12:15 pm

          အညာဇီးယို ပူပူလေး.. အဟိ :kwi:

  • Novy

    October 17, 2012 at 11:30 am

    ဆူးရေ..
    မဝေရဲ့ မွေးနေ့အလှူပီတိလေးကို
    မျှဝေခ့စားသွားပါတယ်

    • ဆူး

      October 17, 2012 at 12:32 pm

      ကျေးဇူးတင်ပါတယ် ချင့်..

  • အရီးခင်လတ်

    October 17, 2012 at 7:59 pm

    သာဓု၊ သာဓု၊ သာဓု ပါ ဆူး နဲ့ ဝေ ရေ။
    မင်္ဂလာ ဆွမ်းကျွေး ကျရင်လဲ ဒါမျိုး ပို့ ပေးနော်။
    အဲဒီကျ မဝေ က မင်မလာမန်း ပေါ့။

    ရွာမှာ လူတွေ ဘဝ ပြောင်းခါနီး (သို့) ပြောင်းပြီးရင် အသံတိတ်သွားကြတယ်။
    စိတ်မကောင်းဘူး။ 😥
    အခြေကျချိန် ပြန်လာ ကြပါဦးကွယ်။

    • ဆူး

      October 18, 2012 at 9:34 am

      အရီး မင်္ဂလာပါနော်..
      အရီးက ရုပ်ရှင် စိတ်ဝင်စားတော့ ရုပ်ရှင် နဲ့ ဥပမာပေးချင်ပါတယ်။
      တခါတုန်းက မင်းသားကြီး ဦးတင်မောင် ခေတ်တုန်းကလည်း မင်းသားကြီး ဦးတင်မောင်ပေါ့..
      ဦးဝင်းဦး ခေတ်တုန်းကလည်း ဦးဝင်းဦး.. နောက်တော့ နောက်တော့.. အရာရာ သူ့ခေတ်နဲ့ သူမို့..
      ဆူး ခေတ်လည်း ကုန်ပါပြီ.. အခု အရီးတို့ ခေတ်မှာ ကိုယ်ပိုင် ဇတ်တွေ တီထွင်ပြီးသာ များများ က ကြပါလို့ ပြောချင်ပါတယ်။

      ခင်မင်စွာဖြင့်
      ဆူး

  • အဂ္ဂမဟာ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတရ အကယ်ဒမီ လယ်ထွန်Z

    October 17, 2012 at 8:12 pm

    သာဓု သာဓု သာဓုပါတော်

    ကျိတ်ကျိတ်ပြီးတောင်းတဲ့ ဆုတွေ. ပြည့်ကြပါဇီ ဗျာ

    ပုံ
    အဂ္ဂမဟာ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတရ အကယ်ဒမီ လယ်ထွန်Z

    • ဦးဦးပါလေရာ

      October 17, 2012 at 11:09 pm

      သူများတွေ ပြည့်တော့မှာမို့လို့
      အိုက်ဒီဆုကို ဇက်ဇက်ကိုပဲ ပြန်ပေးလိုက်ပါတယ်ကွယ်….
      မီးဖွင့်ထားတဲ့အခန်းလေးထဲ တံခါးခေါက်ပြီး ဝင်ရတဲ့ဘွ အမြန်ဆုံးရပါစေကွယ်…
      :harr:

    • ဦးဦးပါလေရာ

      October 17, 2012 at 11:15 pm

      ဂဇက်ကိုဝင်လို့ရသွားလို့ အပျော်လွန်ပြီး ဝင်နောက်တာ 😀

      အော် … ဒီရွာသားဖြစ်ရတဲ့ဘဝနှယ်… 😀

    • ဆူး

      October 18, 2012 at 9:38 am

      လယ်ထွန်Z ဆိုတာ ဘာအဓိပ္ပါယ်နဲ့ ပေးလဲတော့ မသိဘူးနော်.. အရှေ့က ပြောခဲ့ရင်တောင် အဆက်အဆက်ပြတ်နေလို့ မသိလိုက်တာလည်း ဖြစ်ချင် ဖြစ်မယ်။
      မောင်ဂီ အချစ်ဆိုတဲ့ လယ်ကြီးကို ထွန် ရင်းနဲ့ Zzzzzzz ဆိုပြီး အိပ်ပျော်ပျော်သွားလို့ ဘဝရဲ့ အချစ်စာမျက်နှာတွေ တခန်းရပ် ပြဇတ်လို ခဏခဏ ပိတ်ကားချရတဲ့ ဘဝ က လွတ်ပါစေလို့.. ဆုတောင်းပေးတယ်နော်။
      ဦးပါ ပြောသလို.. မီးပိတ်ထားတဲ့ အခန်းထဲ ဝင်ရတဲ့ ဘဝ က အမြန်လွတ်ပါစေ။

  • Mobile

    December 12, 2012 at 5:11 pm

    ဝင်ရောက် ကြည့်ရှု့ပြီးသကာ ကွန်မန်းများကို ပါဖတ်ရှု့အားပေးသွားပါကြောင်း

Leave a Reply