ဟောပြောပွဲ “Myanmar and the FDI Issue”

ဟောပြောပွဲ

 

၁။         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပုဂ္ဂလိကကဏ္ဍမှ အသိပညာနှင့် သတင်းအချက်အလက်များ ရရှိစေရေးတို့အတွက် ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၏ ဟောပြောပွဲများကို ကျင်းပပေးလျက်ရှိပါသည်။

 

၂။         ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂ဝ ရက်နေ့တွင် နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေးပညာရှင် ဦးမြင့်မှ “Myanmar and the FDI Issue” ခေါင်းစဉ်ဖြင့် အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဟောပြောမည်ဖြစ်ပါ၍ အဆိုပါဟောပြောပွဲသို့ တက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

 

ကျင်းပမည့်နေ့ရက်            – ၂၀-၁၀-၂၀၁၂ (စနေနေ့)

ကျင်းပမည့်အချိန်              – နေ့လည် ၁း၃ဝ နာရီ

ကျင်းပမည့်နေရာ              -UMFCCIOfficeTower (ပထမထပ်) ခန်းမကြီး

အမှတ် (၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်။

 

၃။         သို့ဖြစ်ပါ၍ အထက်ပါ ဟောပြောဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

9 comments

  • လုံမလေးကတော့ သွားဖြစ်ဖို့များပါတယ်…
    စနေနေ့ဆိုတော့ ရုံးကလည်း နေ့တစ်ဝက်ပဲ တက်ရတာဆိုတော့ သွားဖို့စဉ်းစားထားပါတယ်။ FDI Law နဲ့ပတ်သက်ပြီးလည်း သေချာထပ်သိချင်တာလည်း ပါပါတယ်။
    ရွာထဲကလူတွေအတွက် သတင်းပေးလိုက်တာပါ။

  • amatmin

    October 16, 2012 at 5:14 pm

    အဲ့ ဆြာပြောတာ.နားထောင်ဖူးတယ်ရှိအောင်တက်ချင်ပါတယ်..
    သွားတက်ဖို့အားပါဘူးး..
    ဒေးဒရဲသူလေး အားလို့သွားတက်ပီးတော့ကာ..
    ပြန်ရှင်းပြပေးမယ်ဆို .သိပ်ကောင်းပေါ့ 🙂
    ဒါနဲ့ အချိန်ဘယ်လောက်တောင် ကြာတတ်သတုန်း ဟင်င်..

    • အနည်းဆုံးတော့ နှစ်နာရီလောက်ကြာတယ်… ပြန်ရှင်းပြဖို့ကတော့ sheet လည်း ရခဲ့မယ်ဆိုရင်၊ လိုက်မှတ်ရတာလည်း အဆင်ပြေခဲ့မယ်ဆိုရင်၊ စာပြန်ရိုက်ဖို့လည်း အချိန်ရခဲ့မယ်ဆိုရင်..
      စတာပါ..မဖြစ်ဖြစ်အောင် ပြန်တင်ပေးပါ့မယ်… မတင်ရင်လည်း မတင်ဘူးမှတ်ပေါ့နော်.. :mrgreen:

  • မောင်ပေ

    October 16, 2012 at 9:34 pm

    မွန်လေးရေ
    ကိုပေ့အတွက် ဖိတ်စာတစ်စောင် ပို ့လိုက်ပါကွယ်
    ကိုယ်တို ့အတူတူ သွားကြရအောင်လား
    ဟီဟိ

    • ဟေ့လူ ..
      ကျုပ် ညီမငေး ဂို လာမထိဘာနဲ့ ..
      နောက်ခါ လာထိလို့ဂဒေါ့ ခင်ဗျား နဖူးဂျီး ချုပ်တွားရမယ် .. ဘာမှတ်လဲ ..
      ငှင်း .. ငှင်း …
      :kwi:

  • padonmar

    October 16, 2012 at 10:12 pm

    မွန်မွန်ရေ
    ဆရာကြိး ဦးမြင့်ပြောတာဆိုကောင်းမှာ
    မတက်အားတာ နှမျောပါတယ်။
    အခွေထွက်မှာပေမယ့် ကြာအုံးမှာဆိုတော့ မွန်မွန့်ကိုပဲ အားကိုးပါရစေ။
    အနှစ်ချုပ်ကလေးရေးပေးမယ်ဆိုရင် ကျေးကျေးပါ။

  • pooch

    October 16, 2012 at 10:29 pm

    မန်းလေးလာပြီး ပွဲလုပ်ရင်လည်း ကောင်းမယ်နော်။ ကိုယ်တွေလည်း နားထောင်ကြည့်ချင်တယ် မွန်မွန်ရေ မျှပါနော် သွားဖြစ်ရင်။ 😀

  • Khaing Khaing

    October 17, 2012 at 11:07 am

    မွန်ရေ … အမကတော့ သွားဖြစ်မယ်မထင်ဘူး … တစ်ခြားစိတ်ဝင်စားတဲ့သူငယ်ချင်းတွေကို မျှဝေလိုက်ပါ့ မယ် ……. ကျေးဇူးပါ ………

  • Mလုလင်

    October 17, 2012 at 11:23 am

    ဆွေးနွေးပွဲ ပြီးလို့ ရလဒ် တွေကို လဲ အမြန်ဆုံး အကောင်အထည် ဖေါ်နိုင်ပါစေဗျာ ..။ (ပြည်သူပြည်သားတွေ ရောဂါအစုံမရခင်ပေါ့…) Border ကို နိုင်နိုင်ပိတ် နိုင်မှ ..ကျုပ်တို့က ထမင်းဝ မှာကိုးဗျ …။

Leave a Reply