သူငယ်ချင်းများရဲ့ ကုသိုလ်အစုစုအတွက် အားလုံး သာဓုခေါ်လိုက်ကြရအောင်နော်။

ကျွန်မတို့သူငယ်ချင်းတွေ စကားပြောကြရင်းနဲ့ သူငယ်ချင်းတစ်ယောက်က ရွာသာကြီးစီးပွားရေးတက္ကသိုလ်မှာ ကျောင်းတက်ခဲ့တာဆိုတော့ သူကအရင်စပြောခဲ့တယ်… စိတ်ကျန်းမာရေးဆေးရုံကိုသွားလှူချင်တယ်တဲ့.. ဒါနဲပဲ သူငယ်ချင်းတွေ ကိုယ်တတ်နိုင်သလောက်လေးစုပီးတော့သွားလှူကြမယ်ပေါ့.. ကျွန်မကတော့ အွန်လိုင်းကသူငယ်ချင်းတွေရော ကိုယ့်လိုပဲ ဒါနလေးလုပ်ဖြစ်အောင်ဆိုတဲ့စေတနာနဲ့ သူငယ်ချင်းတစ်ချို့ကိုအလှူခံခဲ့ပါတယ်… ဒါနဲ့ပဲကျမအပါအ၀င်သူငယ်ချင်း (10)ယောက် 7-3-2010(sunday) မှာ စိတ်ကျန်းမာရေးဆေးရုံကိုချီတက်ခဲ့ပါတယ်..  ဆေးရုံရောက်တော့ ရုံးခန်းမှာ စစ်စတာဒေါ်လဲ့လဲ့ဝင်းက အလှူငွေကိုလက်ခံယူပါတယ်.. ဂုဏ်ပြု မှတ်တမ်း ပြန်လည်ပေးပါတယ်.. အရမ်းကို ၀မ်းသာကြည်နူးမိပါတယ်.. ဆေးရုံလာတက်တဲ့လူနာပေါင်း (800) ကျော်ရှိတယ်လို့ပြောပါတယ်.. အမျိုးသားဦးရေ (500)ကျော် နဲ့ အမျိုးသမီးဦးရေ (200)ကျော် တက်ရောက်ကုသနေတယ်လို့ စစ်စတာ ဒေါ်လဲ့လဲ့ဝင်းက ပြောပါတယ်… လာရောက်တက်ကြတဲ့လူနာတွေထဲမှာ အမျိုးသားများက အရ​က်ကြောင့်လာတက်ကြတာလဲ များတယ်ပြောပါတယ်… စစ်စတာဒေါ်လဲ့လဲ့ဝင်းက လူနာများနေတဲ့ အဆောင်များကို လိုက်ပြပေးပါတယ်.. အမျိုးသားဆောင် ရောက်တော့ သူတို့ကို တံခါးပိတ် ထားတာ တွေ့ရတော့ စိတ်ထဲကမှာ တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်.. ဒါနဲ့ ဆရာမကို မေးတော့ မနက်လင်းတာနဲ့ သူတို့ လမ်းလျှောက်ဖို့အတွက် တံခါးဖွင့်ပေးထားပါတယ်တဲ့၊ ပြီးတော့ ရေချိုးပေး၊ အ၀တ်လဲပေးပါတယ်၊ ကိုယ်တိုင်မချိုးနိုင်၊ အ၀တ်မလဲနိုင်တဲ့သူတွေ ကိုတော့  ဆေးရုံမှာရှိတဲ့ဝန်ထမ်း (100)ကျော်က ကူညီလုပ်ကိုင်ပေးပါတယ်တဲ့… အ၀တ်ကိုကိုယ်တိုင်လျှော်ဝတ်ကြတဲ့သူတွေလဲရှိသလို ကိုယ်တိုင်မလျှော်နိုင်တဲ့သူတွေကိုတော့ ၀န်ထမ်းများက အလှည့်ကျတာဝန်ထမ်းဆောင်ရပါတယ်.. အဲဒီလိုလျှောက်ကြည့်နေစဉ်မှာပဲ လူနာတစ်ယောက်က ` ဆရာမ အဖေ့ကိုပြောပေးပါတဲ့´…. ဆရာမကလဲပြန်ပြောတယ် `အေးအေးပြောပေးမယ်´တဲ့… ဆရာမက ကျမတို့ကရှင်းပြတယ်.. သူ့အဖေကဘယ်သူလဲတော့ မသိဘူးပေါ့တဲ့… သူတို့လေးတွေစိတ်ချမ်းသာအောင် `အေးအေး´ လို့ပဲပြောလိုက်ရတာပေါ့တဲ့.. နောက်တစ်ယောက်ကလဲ `ဆရာမဘယ်သူတွေလဲ တဲ့´ ဆရာမက အလှူရှင်တွေလို့ပြောလိုက်တော့  `အမေလောင်း၊ မိခင်လောင်းလေး တွေပေါ့တဲ့ ´.. သူတို့ကပြန်ပြောတယ် ကျွန်မရီလဲရီချင်၊ သနားလဲသနားရပါတယ်.. နောက်တစ်ယောက်က ဆရာမချစ်တယ်နော်တဲ့ ဆရာမက အင်း ချစ်တယ် ချစ်တယ်လို့ပြန်ပြောလိုက်ရတယ်  ကျမတို့လျှောက်ကြည့်နေစဉ်အတွင်းမှာပဲ အမျိုးသမီးတွေ ထမင်းချိုင့်တွေအများကြီးနဲ့ဝင်လာပါတယ်.. မေးလိုက်တော့ တစ်ချို့က ဆေးရုံကကျွေးတာကိုမစားနိုင်တဲ့သူတွေကတော့  သူတို့အိမ်က ဆိုင်မှာ လပေးနဲ့ မှာထားတာလို့ပြောပါတယ်… အမျိုးသမီးအဆောင်ရောက်တော့ အမျိုးသမီးတွေ အခန်းရှေ့က လျှောက်လမ်းပေါ်မှာ တန်းစီပီးထိုင်နေတာတွေ့ရပါတယ်.. အလှူရှင်တွေလာမယ်ဆိုတာနဲ့ဆုတောင်းပေးဖို့ တန်းစီပီးစောင့်နေတာလို့ပြောပါတယ်… သူတို့တွေထဲက အသက်နဲနဲကြီးတဲ့ အမေတစ်ယောက်ကနေပီး ရှေ့ကနေ ဆုတောင်းစကားလေးကိုတိုင်တည်ပေးပြီး နောက်ကလိုက်ဆိုဆုတောင်းပေးပါတယ်.. အလှူရှင်တွေစိတ်ချမ်းသာပါစေ သိန်းဆုကြီးတွေပေါက်ပါစေနဲ့ သူတို့ဆုတောင်းပေးတာအများကြီးပါပဲရှင်… ကျမစိတ်ထဲမှာ ဖေါ်မပြနိုင်လောက်အောင်ကို ၀မ်းသာဝမ်းနဲဖြစ်ပီး မျက်ရည်များတောင်လည်မိပါတယ်.. သူတို့တွေကို ကြည့်ရတာ ကလေးလေးတွေလိုပါပဲ… သနပ်ခါးပါးကွက်လေးတွေလိမ်းလို့.. နှုတ်ခမ်းနီးဆိုးထားတာလဲ ဟုတ်နေတာပဲ.. ဆရာမက နှုတ်ခန်းနီးကိုအလှူရှင်တွေကပေးခဲ့တယ် မရှိတော့တဲ့အခါကျ တော့လဲ ဆရာမတွေက၀ယ်ပေးရတာပေါ့တဲ့ … ကျမတို့ကိုရီပြနေတာလေ ကျမစိတ်ထဲမှာ ကလေးလေးတွေလို့ပဲထင်မိပါတယ်.. တစ်ယောက်က မှာတယ် ရွှေပြည်နန်းသနပ်ခါး ယူလာနော်တဲ့….. ကျမတို့လဲ အင်းအင်းယူခဲ့မယ်ပေါ့ … နောက်တစ်ယောက်က ဂျိုင်းလိမ်းတဲ့ ဟာလဲလိုချင်တယ်တဲ့ … အမျိုးမျိုးပါပဲရှင် … ပြန်တော့မယ်လို့ပြောတော့ လက်ပြနှုတ်ဆက်ကြတယ်.. တစ်ယောက်က လက်ဘက်သုတ်စားချင်တယ်တဲ့ ယူလာနော် တဲ့…  ကျမစိတ်မကောင်းလိုက်တာရှင်.. ကျမတို့ရောက်သွားတဲ့နေ့က အလှူရှင်က ဒန်ပေါက်ကျွေးတာရှင့်.. အလှူရှင်တွေကတော့လာလှူကြပါတယ်တဲ့.. တစ်ချို့ကလဲ မွေးနေ့မှာ စိတ်ကျန်းမာရေးဆေးရုံကိုလာရောက်လှူဒါန်းခြင်းဖြင့် ကုသိုလ်ယူကြပါတယ်တဲ့.. အလှူရှင်ရှိတဲ့နေ့တော့ သူတို့လေးတွေအလှူ ရှင်လှူတာကိုစားကြရပါတယ်တဲ့.. အလှူရှင် မရှိတဲ့ နေ့တွေမှာတော့ သီးစုံဟင်းပေါ့တဲ့.. လူနာ အများစုက ဆေးကို နေ့တိုင်း တိုက်ရတယ်ဆိုတော့ ဆေးပဒေသာပင်လဲ လှူလို့ရတာပေါ့ရှင်..  အလှူရှင်နဲ့ ပြည့်နေတာတွေရှိလို့ လွတ်တဲ့ နေ့ (10-3-2010) နေ့လည်စာ(ပုံမှန်ဟင်းလျာ) အတွက် ကိုယ်တတ်နိုင်သလောက်လေးနဲ့ ကုသိုလ်ယူခဲ့ပါတယ်.. အလှူရှင်များကိုလဲ အသိပေးအပ်ပါတယ်.. ကိုယ့်မွေးနေ့ မှာပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ နေ့ ကိုရအောင် ကြိုတင်ပီးစာရင်းပေးလှူလို့ရပါတယ်.. ကျွန်မတို့အဖွဲ့လဲ နောက်အခါအခွင့်သင့်ရင် သွားရောက်လှူဦးမယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်..

စိတ်ကျန်းမာရေးဆေးရုံကြီး ကျန်းမာရေးကော်မတီဆုံးဖြတ်ချက်အရ စိတ်ကျန်းမာရေး လူနာများအတွက် ပျမ်းမျှလူနာ (၈၀၀) များအတွက် တစ်နေ့စာ လှူဒါန်းငွေများကို အောက်ပါအတိုင်း လှူဒါန်းကုသိုလ်ပွားများနိုင်ပါတယ်။
နံနက်စာ
၁။ ပုံမှန် နံနက်စာ         ၃၀၀၀၀/-
၂။ အထူး နံနက်စာ        ၄၀၀၀၀/-

နေ့လည်စာ/ညနေစာ (ဟင်းလျာတစ်နပ်စာ)
၁။ အသားဟင်း (ကြက်/၀က်/အမဲ)        ၂၀၀၀၀၀/-
၂။ အသားရောဟင်း (အသား/အာလူး (သို့) အခြား)    ၁၅၀၀၀၀/-
၃။ ငါးဟင်း/ငါးခြောက်ဟင်း/ဘဲဥဟင်း        ၁၂၀၀၀၀/-
၎။ ပုံမှန်ဟင်းလျာ                 ၉၀၀၀၀/-

ဆန်အိတ် လှူဒါန်းခြင်း
၁။ နံနက်စာဆန်ပြုတ်            ဆန်တစ်အိတ်
၂။ နေ့လည်စာ/ ညနေစာ(တစ်နပ်)    ဆန် (၄) အိတ်
(ဆန်တစ်အိတ်လျှင် ကျသင့်ငွေ)    ၁၅၀၀၀/-

အထူးလှူဒါန်းခြင်း
၁။ လူနာတစ်ဦး တစ်နေ့တာ အာဟာရ        ၅၀၀ိ/-
၂။ လူနာတစ်ဦး တစ်နေ့တာ ဆေးဝါးဒါန        ၅၀၀ိ/-

ဆက်သွယ်လှူဒါန်းနိုင်သော ဖုန်းနံပါတ်များ

ဆေးရုံအုပ်ကြီး (ရုံး)  728814,  585116, 585197, 585115

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။