အောင်ပန်း ရဲ့ မိုးနှင်းမူန်တွေကြားက နံနက်ခင်းလေး

1 မုးိနှင်းမူန်ကြားက မယ်ဇယ်ပင်တန်း
2 နှင်းမူန်ကြားက အောင်ပန်း မြို့ကလေး
3 မိုးနှင်းမူန်ကြားက ဒေါ်လှကြီး
4 လမ်းကွေးကွေ့နှင်းမူန်ကြားမှာ

5 တူသလိုလိုနဲ့မတူတဲ့လမ်းကွေ့
6 မပီဝိုးတဝါး
7 မပီတပီ နှင်းမူန်စီ
8 ဝေဝေရီရီ ူမူန်ပြာရီရီ
9 ဒီပုံလေးမြင်တော့ မူန်ရီဝေ ဝိုးတဝါးဆိုတဲ့သိချင်းလေးကို သတိရမိ

11လွမ်းအောင်လို့
12 နှင်းမူန်ထဲမှ သာသနာ့အဆောက်အဦ

 

13 နှင်းမူန်ကြားမှာ အပေါ်စီးကနေမြင်ရတဲ့အောင်ပန်းမြို့လေး

“အောင်ပန်း ရဲ့ မိုးနှင်းမူန်တွေကြားက နံနက်ခင်းလေး”

 

 

အောင်ပန်းကနေ ကလောကိုသွားတဲ့လမ်း

မြို့ပြင်အထွက် ဘီးခွန်ကောက်တဲ့နေရာလွန်ရင် လမ်းအကွေ့လေးက အတော်လှပါတယ်။

သူ့အောက်ဖက်ကို ငုံ့ကြည့်ပြန်ရင်လည်း လယ်ကွင်းစိမ်းစိမ်းတွေရယ်

မီးရထားလမ်းလေးရယ်ကကြည့်ရတာ မျက်စေ့ပသာဒရှိလှပါတယ်။

(7-10-2012)နေ့ ညနေ ငါးနာရီလောက် ဒီနားကို ဆိုင်ကယ် ကယ်ရီငှားပြီး ထွက်လာခဲ့ပါတယ်။

ဓါတ်ပုံရိုက်မယ်လို့ လုပ်နေတုံး တည်းခိုးခန်းမှာ ဧည့်သည်ရောက်နေတယ်ဆိုတာနဲ့

အမြန်ပြန်ပြေးခဲ့ရတော့ ဓါတ်ပုံသေချာမရိုက်ခဲ့ရပါဘူး ။

နောက်နေ့မနက် (8-10-2012)နေ့ မနက်မှာတော့ ထုံးစံအတိုင်းလမ်းလျောက်ထွက်ခဲ့ပါတယ်။

မနက်ငါးနာရီခွဲလောက်မှ ထွက်လာခဲ့တာပါ။

မိုးနှင်းမူန်လေးတွဲက တဖွဲဖွဲကျလို့နေပါတယ်။

တီရှပ်ကလေးနဲ့ထွက်လာမိတော့ အတော်လေးအေးပါတယ်။

ဒါနဲ့ နွေးသွားအောင်ခပ်သွက်သွက်လျောက်လိုက်ပါတယ်။

မိုးနှင်းတွေ ဝေနေတော့လမ်းကိုကောင်းကောင်းမမြင်ရပါဘူူး

ဒီလိုနှင်းထဲမှာလမ်းမလျောက်တာ အတော်ကြာပြီဆိုတော့ အေးစိမ့်စိမ့် နဲ့ အတော်လေးအရသာရှိပါတယ်။

လမ်းအကွေ့နားရောက်ခါနီးမှတော့  မိုးနှင်းမူန်အေက်မှာ နေကြာပန်းတွေ ပွင့်နေတာမြင်တော့

ရွာထဲက မအိ ကို အကြွေးပေးစရာရှိတာ သတိရတော့ပြုံးမိပါတယ်။

(နေကြာပန်းခင်း ဝါဝါ ကြီးရိုက်ပေးမယ် လို့ ကတိပေးထားလို့ပါ)

ဆက်လျောက်လာပေမယ့် နှင်းထုက မကွဲ။

အရင် ဒီလမ်းအကွေ့နေရာလေးမှာ နံနက်ခင်းနေမင်းရဲ့ လှပသော ရောင်စဉ်တွေဖြာထွက်နေတာကိုရခဲ့ဘူးပါတယ်။

နှင်းမူန်တွေပိတ်နေတော့ အောက်ကဖက် မြင်ကွင်းတွေက မူန်ရီဝေးဝါးဝါး။

ရှေ့အကွေ့နားထိဆက်လျောက်မယ်လုပ်တော့ လမ်းဘေးက တဲလေးတစ်လုံးက

ခွေးသုံးကောင်က မာန်ဖီလို့ နေပါတယ်။

တကျွတ်ကျွတ်နဲ့ချော့လဲမရ ခဲနဲ့ထုမယ်လို့ချောက်လဲ မပြေး တဝုန်းဝုန်းနဲ့ထိုးဟောင်နေပါတယ်။

အကူညီတောင်းစရာ လူရိပ်လူယောင်လဲမမြင်။

ဆိုင်ကယ်တစ်စီးတစ်လေ

ဒေါ်လှကြီးတစ်စီးတစ်လေကတော့ လမ်းပေါ်မှာဖြတ်သွားတာမြင်ရ။

ဆက်သွားပြန်ရင်လဲ နှင်းတွေဆိုင်းနေတော့ ပုံကောင်းကောင်းရလမ်းမမြင်တော့ လာလမ်းအတိုင်းပြန်လှည့်။

ဈေးကိုသွားတဲ့လမ်းနားအရောက်မှာတော့ မနက်စောစော ဈေးသွားဈေးပြန်တွေမြင်ရပါတယ်။

ဆွမ်းခံကြွလာတဲ့ကိုရင်တွေလဲတွေ့ရ.။

တည်းခိုခန်းနားရောက်တဲ့အထိနှင်းက မကွဲ။

အဲဒါနဲ့ တည်းခိုးခန်းအပေါ်ထပ် လေသာဆောင်ကိုတက်  အပေါ်စီးကနေအောင်ပန်းမြို့ရဲ့ နှင်းတွေဝေနေတဲ့

မြင်ကွင်းကိုလက်ဆော့ ဘို့ဆုံးဖြတ်လိုက်ပါတယ.်။

 

 

ကိုပေါက်လမ်းသလားနေသည်

အောင်ပန်း အောက်တိုဘာ 2012

(16-0-2012)

 

 

 

 

 

 

4 comments

  • မယ်အိရေ
    အကြွေးဆပ်လိုက်ပြီ နံပါတ်တစ်ဆယ်နဲ့
    နေကြာပန်းခင်းကြီးလေ………………………………………….

    • Ma Ei

      October 29, 2012 at 3:15 pm

      အကြွေးရယ်လို့ မမှတ်ပါနဲ့ ကိုပေါက်ရယ်…
      တစ်ခင်းလိုက်ကြီး မရလဲ လေးငါးပင်လောက်နဲ့ ကျေနပ်ပါမယ်…
      မယ်ဇလီ ဝါဝါ လေးတွေလဲ လှပါတယ်…ကျေးဇူးအထူးပါနော်…

      • အလကားနောက်တာပါမယ်အိရေ
        ကျနော်လဲငယ်ငယ်က ကြည့်ခဲ့ဘူးတဲ့ ဆန်းဖလားဝါးဆိုတဲ့ရုပ်ရှင်ထဲက နေကြာပန်းခင်းကြီးကို
        မျက်စေ့ထဲမထွက်သေးပါဘူးဗျာ။
        နေကြာပန်းခင်း ရူ့မဆုံးဝါဝါကြီးကို လက်ဆော့ ချင်ပါသေးတယ်။

  • ရွှေ ကြည်

    October 29, 2012 at 2:26 pm

    လေးပေါက်ရေ တကယ်ကိုအစောကြီးပဲ မနက် ငါးနာရီခွဲဆိုတော့။
    တကယ်ကိုမှုန်မှိုင်းနေတာပဲနော် လမ်းလျှောက်လို့ကောင်းလောက်တယ် မှောင်နေရင်တော့တယောက်တည်းဆိုကြောက်စရာကြီး..။
    နံပါတ် 13 လေးကြည့်ပြီးကိုယ်ကိုယ်တိုင်ရောက်နေသလိုပဲခံစားရတယ်..။

Leave a Reply