Aကိုက်နေတဲ့ Bယာသမား Cလုပ် တစ်ယောက် သည် ဟိုဟိုဒီD သွားရင်း
Eဇီး Fအမ်မှ ထုတ်လွှင့်လျက်ရှိသော အဆိုတော် Gလတ်၏ သီချင်းကို
Hချင်မူးတူးနှင့် နားထောင်ပြီးသကာလ သူတပါး၏ iပေါ့ ကို J၀င်ကာ
ခိုးယူရင်း Kတီဗီမှ ကောင်မလေး အား မျက်နှာလိုအားရဖြင့် သွားပေးရာ
Lဆိုင်းဇီ နှင့် Mဆိုင်းလု တို့ သီချင်းများ ထည့်ပေးရန် ပူစာသဖြင့်
Nဖတ်ဆို့ အောင် Oပါး လို့ ခေါ်ရမည်ဟု အကျပ်ကိုင်ပြီး Pကေ ၀ါးကာ
ဂိုက်အပေးကြမ်းမိသောကြောင့် ဗိုက်တာမင်Q များသော နှူးဘာကြီးဟု
Rဂေါင်ခြစ်၍ အော်ခံထိသည်တွင် လန့်ဖြန့်ပြီးသကာလ တုန်ခါSကွဲနေသော
မြေကြီးတွင်းမှ ထွက်လာသော Tကောင် လို တွန့်ဝင်သွားပြီး Uချင်ယူ မယူချင်
နေကွာဟု အခြေအတင် ဖြစ်နေကြစဉ် Vဗာဟိန်း သီချင်းကို Wသုံးလုံးအစချီ
သော ၀က်ဆိုက် တခုခုတွင် တင်ပြီး ပြန်လာသော မူရင်းပိုင်ရှင် လည်းဖြစ်သော
Xတူးအို မန်းဒပ် တွင် Y သောက်ပီး ထိုအကများကို ပိုင်ပိုင်နိုင်နိုင် ကခဲ့သည့်
ကိုကျုံးပေါင်မှ ငတိ၏ Zပိုးအား သူ့ဗလကြီးနှင့် အားပါးတရ အုပ်လိုက်
လေတော့သတည်း။

 

 

ဘာမှ မဟုတ်ပါဘူးဗျာ …
ဂဇက်ရွာ ပြန်လည်ကျန်းမာလာတာ တွေ့လို့
ဆြာခြောက်မျက်နှာ ရဲ့ တစ်ကြောင်းရေးနည်း ကို
ဆြာဒညင်းဝက် ရဲ့ စာလုံးလေးတွေကို ဖြတ်သန်းတဲ့နည်းနဲ့
အပျော် ရေးတင်လိုက်ရခြင်း ဖြစ်ပါသည်။

ဟာသ သက်သက်သာ ဖြစ်ပါကြောင်း။

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011