အေ-ဘီ-စီ-ဒီ

ムラカミOctober 17, 20121min24122

Aကိုက်နေတဲ့ Bယာသမား Cလုပ် တစ်ယောက် သည် ဟိုဟိုဒီD သွားရင်း
Eဇီး Fအမ်မှ ထုတ်လွှင့်လျက်ရှိသော အဆိုတော် Gလတ်၏ သီချင်းကို
Hချင်မူးတူးနှင့် နားထောင်ပြီးသကာလ သူတပါး၏ iပေါ့ ကို Jဝင်ကာ
ခိုးယူရင်း Kတီဗီမှ ကောင်မလေး အား မျက်နှာလိုအားရဖြင့် သွားပေးရာ
Lဆိုင်းဇီ နှင့် Mဆိုင်းလု တို့ သီချင်းများ ထည့်ပေးရန် ပူစာသဖြင့်
Nဖတ်ဆို့ အောင် Oပါး လို့ ခေါ်ရမည်ဟု အကျပ်ကိုင်ပြီး Pကေ ဝါးကာ
ဂိုက်အပေးကြမ်းမိသောကြောင့် ဗိုက်တာမင်Q များသော နှူးဘာကြီးဟု
Rဂေါင်ခြစ်၍ အော်ခံထိသည်တွင် လန့်ဖြန့်ပြီးသကာလ တုန်ခါSကွဲနေသော
မြေကြီးတွင်းမှ ထွက်လာသော Tကောင် လို တွန့်ဝင်သွားပြီး Uချင်ယူ မယူချင်
နေကွာဟု အခြေအတင် ဖြစ်နေကြစဉ် Vဗာဟိန်း သီချင်းကို Wသုံးလုံးအစချီ
သော ဝက်ဆိုက် တခုခုတွင် တင်ပြီး ပြန်လာသော မူရင်းပိုင်ရှင် လည်းဖြစ်သော
Xတူးအို မန်းဒပ် တွင် Y သောက်ပီး ထိုအကများကို ပိုင်ပိုင်နိုင်နိုင် ကခဲ့သည့်
ကိုကျုံးပေါင်မှ ငတိ၏ Zပိုးအား သူ့ဗလကြီးနှင့် အားပါးတရ အုပ်လိုက်
လေတော့သတည်း။

 

 

ဘာမှ မဟုတ်ပါဘူးဗျာ …
ဂဇက်ရွာ ပြန်လည်ကျန်းမာလာတာ တွေ့လို့
ဆြာခြောက်မျက်နှာ ရဲ့ တစ်ကြောင်းရေးနည်း ကို
ဆြာဒညင်းဝက် ရဲ့ စာလုံးလေးတွေကို ဖြတ်သန်းတဲ့နည်းနဲ့
အပျော် ရေးတင်လိုက်ရခြင်း ဖြစ်ပါသည်။

ဟာသ သက်သက်သာ ဖြစ်ပါကြောင်း။

22 comments

  • jullies cezer

    October 17, 2012 at 3:15 pm

    Good ဂွတ် ထ 😛 🙂 ;P

  • kyeemite

    October 17, 2012 at 3:15 pm

    ဂွတ်ပါတယ်ထွန်ဇက်ရယ်…ပျော်လည်းပျော်သွားပါတယ်
    :kwi: :harr:

  • Khaing Khaing

    October 17, 2012 at 3:17 pm

    တော်လိုက်တာ … ဉာဏ်အရမ်းကောင်းတာပဲ ….. အားပေးသွားပါတယ်နော့ …..

  • KyawThein

    October 17, 2012 at 3:18 pm

    ကိုအင်ဇာဂီ
    ပျော်စရာဖတ်ရတာကျေးဇူးပါပဲဗျာ
    ကျုပ်က တောသားငတုံးဆိုတော ့ ဒီလိုနည်းနဲ ့တိုက်နေတာသိပ်တော ့မကြိုက်ဘူး
    မကျေနပ်ရင် သက်ဆိုင်သူကိုရှင်းပေါ ့ ။ ဂဇက်နဲ ့ဘာဆိုင်လို ့လဲဗျနော
    ကျုပ်လည်း စာလေးဘာလေးဖတ်မလားလို ့ဝင်ကြည် ့ပါတယ် ဒေါင်းနေတဲ ့
    အချိန်နဲ ့တိုးနေလို ့ဗျာ ။
    ဒီတခါပြန်တက်တာမြန်ပါတယ် ။တော်သေးတာပေါ ့။
    ဘယ်က နွား လိုကောင်တွေ ညှောင် ့နေလဲမသိဘူး ။

  • ကြည်ဆောင်း

    October 17, 2012 at 3:21 pm

    A t o Z ကို New Version နဲ့ပေါ့….

  • Wow

    October 17, 2012 at 3:48 pm

    ဟယ်… ကောင်းထှာဟယ်… တော်ထှာ… ဘယ်လိုချီးကျွေး အဲလေ… ချီးကျူးရမှန်းတောင် သိတော့ဝူး… ဂယ် :harr:

    • we R one

      October 18, 2012 at 2:09 pm

      ွှအဲဒီ အလယ်က သွားကျိုးနေတဲ့ အကောင်လေးဖြစ်အောင် ဘယ်လို လုပ်ရလဲ သိချင်လိုက်ထှာ ..

  • Foreign Resident

    October 17, 2012 at 8:21 pm

    ” အဂ္ဂမဟာ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတရ ”

    ” ဓ ” ကျန်ခဲ့တယ် ။ မဏိဇောတဓရ ပါကွယ် ။

    • အဂ္ဂမဟာ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီ လယ်ထွန်Z

      October 17, 2012 at 8:49 pm

      ကျေးကျေးအဘ
      ပြင်ပီးပါကြောင်း

      :harr:

      • Khaing Khaing

        October 18, 2012 at 11:38 am

        အဂ္ဂမဟာ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီ လယ်ထွန်Z ချီးကျူးလို့မှ မဆုံးဘယ်လိုဖြစ်ရပြန်တာလဲ ဒီနှာမယ်ကြီးက …. အရူးကြီး ……

  • Guest

    October 17, 2012 at 9:08 pm

    ဘွဲ့နာမည် ကိုဖတ်ရုံနဲ့ပင် (ဘာကြောင့်ရယ်မသိ) သဘောကျမိပါဂျောင်း… [:))]

  • pooch

    October 17, 2012 at 11:33 pm

    ငါ့နှယ်နော် နာမည်ကလည်း စိတ်ကုန်လိုက်တာ ပြောင်းပြောင်းနိုင်လွန်းတယ် တကထဲမှပဲ
    မနက်ဆေး သောက်ပြီး တမျိုး ညဆေး သောက်ပြီး တမျိုး :mrgreen:
    ဆရာဝန်မပြောင်းသေးဘူးလား 😆

  • Hnin Hnin

    October 18, 2012 at 12:31 am

    ‘နုူူးနိမ်း’ နဲ့ ‘နှူးဘာ’ ပေါ့နော်… :mrgreen: …နာမည်ကရှည်လွန်းလို့ စမြင်လိုက်ကတည်းက
    ‘အ’ စ……..’ရ’ ဆုံး မျက်စိဖြန်းဖတ်ပစ်လိုက်တော့ ‘ဓ’ ကျန်တာသိတောင်မသိလိုက်ဘူးရယ်..
    အကယ်ဒမီလေးတော့ မြင်လိုက်လို့ ချန်ထားလိုက်မယ်….အဂ္ဂ(စ)+ဓရ(ဆုံး) …..
    ” အဂ္ဂဓရ လယ်ထွန်ဇ”…လို့ပဲ ပေးလိုက်ပါတော့လားကွယ်..(အဘဖော လေသံဖြင့် :D)

  • သူရဇော်

    October 18, 2012 at 11:40 am

    ကောင်းလိုက်တဲ့အရေးအသားပါလားဗျ…..ဘောဂီရ……………
    ဖတ်ရင်းပြုံးပျော် ကတုံးပေါ်ထိပ်ကွက်
    လိပ်ပတ်လက်လှန်…..ခြံကျော်သည့်နွား
    ပုဆိုးမပါသည့်ကုလား…..
    အားပေးသွားသဗျ

  • ဆူး

    October 18, 2012 at 11:48 am

    A to Z ပိုစ်ကြီးပဲ.. အကြံကောင်းတော့ တချက်ဆိုသလို.. အမှောင်ခန်းထဲ မီးဖွင့်ဝင်ရတဲ့ ဘွက ကျွတ်ပါစေသတည်း။

    • အဂ္ဂမဟာ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီ လယ်ထွန်Z

      October 18, 2012 at 12:05 pm

      ဟာဂျာ ဟာဂျာ ..
      ဒါဗျဲ လာလာ ခလုတ်တိုက်နေဂျတာဘဲဂျာ …
      ဘို လူဒေလဲ …

      ဟုတ်တယ်ဂျာ …
      ကျပ်မပြည့်လို့ တောက်ကျီးတန်လို့
      လဂ မကောင်းလို့ တောက်ကျင့် မကောင်းလို့
      အုပ်စချော ရုပ်ပေါရီးမို့ ..မစွံတာဂျာ .. ယူမယ့်လူမချိတာဂျာ…
      ရဘီလား ..
      ကုန်ဂျင်ကုန် ခမ်းဂျင်ခမ်း
      အိမ်ရှေ့ ခွေးဂဒက် မှာ ပိုင်းလော့လမ့် ဝယ်ထွန်းဘီဂျာ …

      :chit:

      ပုံ
      သိပ်စိတ်ကြီးတဲ့
      မိဂီ

      • ဆူး

        October 18, 2012 at 12:09 pm

        မိဂီ ဒါများ လွယ်လွယ်လေး.. အိမ်က အမေ ကို သီချင်း တပုဒ် ဆိုပြလိုက်.. မာမီရယ် ရှာပေးကွယ်.. မီးဖွင့်စေချင်တယ် ဆိုပြီးတော့.. အဟိ

  • ကိုခင်ခ

    October 18, 2012 at 1:14 pm

    A မှ Z ထိ အက္ခရာ ၂၆ လုံးကို အစီအစဉ်လေးနဲ့ရေးနိုင်သူ ဂုဏ်ပုဒ်အမည် အလုံး ၃ဝ ရှိသူပါသကား။

  • သီရိသုဓမ္မသိဂီ င်္ကြောင်ဝတုတ်

    October 18, 2012 at 1:26 pm

    ငယ်ငယ်တုန်းက သီချင်းလေးတစ်ပုဒ်ကို သတိသွားရမိတယ်…
    ” အေ… ဘီ… စီ… ဒီ… မတတ်ဘဲနဲ့ အရပ်ထဲကိုလည်…” ဆိုတာလေးဗျ…
    အခုမှဘဲ တတ်တော့တယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • The Grand Duke & Commander in Chief of The Mandalay Gazette

    October 18, 2012 at 2:36 pm

    အေ-ဘီ-စီ-ဒီ
    မတတ်ဘဲနဲ့
    အရပ်ထဲကိုဝင်
    ဖိနပ်ခိုးတာမြင်

    အဟိ
    ဘာရယ်မဟုတ်ပေါင်တော်။
    ငယ်တုန်းက အော်ခဲ့တာလေး သွားသတိရလို့။

    တော်သကွယ်။
    ရွှေဉာဏ် ကွန့်မြူးပုံများ။

    ချစ်သော
    The Grand Duke & Commander in Chief of The Mandalay Gazette

  • ရွှေအိမ်စည်

    October 18, 2012 at 3:29 pm

    A to Z Hero
    Image magazine ကိုဖတ်ပြီးအတွေးပေါက်လာလို့ရေးကြည့်လိုက်တယ်။
    အေတူဇက် ဟီးရိုးလေးပါ။

    A accounting အခုသင်ကြားနေတဲ့ဘာသာရပ်။ စာမေးပွဲမှာbalance
    ညီဖို့ကြိုးစားရအုံးမယ်။

    B blog ညစ်နေတဲ့စိတ်တွေဒီထဲရောက်တော့ပျောက်သွားတယ်။

    C camera ဒီ၅၀ဝ တစ်လုံးလောက်တော့ အလိုရှိနေတယ်ဗျ။

    D dinosaur အဲကောင်တွေကိုစိတ်ဝင်စားတယ်။ သူတို့ပါတဲ့ကားတွေ
    ကိုမလွတ်တမ်းကြည့်တာငယ်ငယ်ကတည်းက အခုထိပဲ။

    E egypt အသွားချင်ဆုံးသော နိုင်ငံများထဲကတစ်နေရာ။တစ်ချိန်ချိန်
    တော့ ကုလားအုပ်စီးပြီးပရစ်မစ်တွေနဲ့ဓာတ်ပုံတွဲရိုက်မယ်။

    F facebook ကွန်ပြူတာဖွင့်လိုက်တာနဲ့ ပထမဆုံးဖွင့်တဲ့ဆိုက်။

    G gucci ခရေဇီအဖြစ်ဆုံး Brand ပါ။ ဂျီစာလုံးတွေထက် အနီနဲ့
    အစိမ်းစပ်ထားတာကိုသဘောကြတယ်။ တိုတိုပေါက်လို့ကတော့
    ဟင်းဟင်း….ဝယ်မယ်။ း)

    H home sweet home ပျော်စရာကောင်းတဲ့ အိမ်ကလေးမှာ
    မိသားစုတွေနဲ့အတူအပူပင်ကင်းစွာနေချင်တယ်။

    I internet အဲဒါကြီးမရှိရင် တစ်ခုခုလိုနေသလိုပဲ။သူမရှိတဲ့နေရာ
    ရောက်သွားပြန်တော့လဲတစ်ခြားကိစ္စတွေမှာ အချိန်ပိုပေးဖြစ်တယ်။

    J justin timberlake အဲကောင်သီချင်းတွေကိုနှစ်သက်တယ်။

    K kiwi ဒီအသီးရဲ့အရသာကတစ်မျိုးလေးပဲ။ စားပြီးရင်လန်းသွား
    တယ်လို့ခံစားရတယ်။

    L libra ကျနော်မွေးတဲ့ရာသီခွင်ပါ။ တရားမျှတမှုကို လိုလားတယ်။
    အနစ်နာခံတတ်တယ်။အချစ်ကြီးတယ်။မုန်းပြီဆိုရင်လုံးဝလှည့်မကြည့်ကြေးပါ။

    M mother နားလည်ပေးနိုင်ဆုံးသော လူသားတစ်ဦး။

    N never never never…give up စိတ်ဓာတ်တွေပြိုလဲတဲ့အချိန်မှာ
    Churchill ရဲ့ဒီစကားလေးကိုနှလုံးအမြဲသွင်းမိတယ်။

    O oil ဆီလျော့စားကြပါ။ ကျန်းမာရေးအတွက်မကောင်းပါဘူး။
    ကမာ္ဘ.ရေနံဈေးကွက်ကြီးကိုချုပ်ကိုင်နိုင်တဲ့သူတစ်ဦးဖြစ်ချင်တယ်။ 🙂

    P passport အသက်တစ်မျှရေးကြီးသောအရာ။

    Q quill ပုရစ်ကြော်စားပြီးလို့ အခုငုံးကြော်၊ ငုံးကလီစာဒုတ်ထိုးစားချင်တယ်။

    R red ရဲရဲတောက်တို့ဗမာတွေပါ။
    အကျီအရောင်ရွေးရင်အနီကိုပထမဆုံးကိုင်မိတယ်။

    S swimming ရေကူးချံပီယံတစ်ယောက်ဖြစ်ဖို့ ငယ်ငယ်ကအိမ်မက်။
    အခုတော့ အသုံးမကျလို့စနစ်တကျတောင်မကူးတက်တော့ဘူး။

    T thanlwin လူနာမည်ထက် သံလွင်မြစ်ကြီးကို သဘောကျတယ်။

    U understanding တစ်ယောက်နဲ့တစ်ယောက်နားလည်မှုပေးနိုင်ဖို့က
    အရေးကြီးဆုံးအရာတစ်ခုပါ။

    V violin တယောထိုးတတ်ချင်တယ်။

    W womanizer song ကိုကြားရင်တစ်မျိုးကြီးပဲ ရယ်ချင်တယ်။ပြုံးမိတယ်။

    X x-men ရုပ်ရှင်ထဲကလို လူတွေအပြင်မှတစ်ကယ်ဆိုရင် ရေလည်မိုက်မယ်ဗျာ။

    Y yoghurt အကြိုက်ဆုံးထဲက အစားစာတစ်ခု။ အန်တီယူစီကဒိန်ချဉ်
    ဘယ်လောက်ကောင်းကောင်း လှည်းကလေးနဲ့ဒိန်ချဉ်ကိုတော့အလွမ်းသား။

    Z zip စလုံးကမိဘပြည်သူများ အပြင်ထွက်ရင်ဇစ်တပ်ဖို့မမေ့ကြပါနဲ့ဗျာ။

Leave a Reply