( ( ( (( လူပျိုကြီး)) ) ) ) )

ရွှေအိမ်စည်October 18, 20121min964
လူ ့လောကအလယ်မှာလူရယ်လို ့ဖြစ်လာကတည်းက…ဘဝတစ်ခုကိုပိုင်ဆိုင်ပြီးသား…

အဲ ့ဒိ ့ဘဝတွေ ထဲ ကမှ..ကလေးဘဝ၊ လူငယ်ဘဝ ၊ လူလတ်ဘဝ ၊ လူပျိုကြီးဘဝ၊ ဦးလေးဘဝ ၊ အိမ်ထောင်သည်ဘဝ၊ အဘိုးဘဝ

စတဲ ့ဘဝပေါင်းများစွာထဲ က လူပျိုကြီးဘဝဆိုတာ အလွန်ရခဲလှပါတယ်…။

လူပျိုကြီးလို ့ဆိုလိုက်တာနဲ ့..တချို ့ကရှုတ်ချချင်သလို ..တချို ့ကလည်းအားကျချင်ကြတာ..ရှိကြမှာပါ

 

* မစွံလို ့ အိမ်ထောင်မပြုသူ

* နောင်ရေးကိုတွေးပြီးတော့ အိမ်ထောင်မပြုတဲ့သူ

* အိမ်ထောင်ပြုရမှာကိုကြောက်သူတွေကို လူပျိုကြီးစစ်စစ်တွေလို ့ မခေါ်နိုင်ပါဘူး။

 

ဘယ်လိုလူကို လူပျိုကြီးစစ်စစ်လို ့ခေါ်ပါသလဲ ဆိုတာကိုတော့လေ ့လာဘို ့လို ပါမယ်..။?

သင်ကော..လူပျိုကြီးစစ်စစ်ရဲ့ ဂုဏ်ကျက်သရေကိုသိချင်ပါသလားသိချင်လျှင်ဆက်ဖတ်ပါ.

မသိချင်သူကဖတ်ရန်မလိုပါဘူး….

 

see more……..

 

သံသရာကိုကြောက်ပြီးတော့ တရားဓမ္မကိုယ်ကျင့်ဖို ့အတွက် အိမ်ထောင်ပြုဖို ့စိတ်မကူးဘဲ ဘဝသံသရာမှ လွတ်မြောက်ရေးကို ကြိုးစားသူကိုခေါ်ပါသတဲ့။

 

(ကိုးကား။ ။ဖတ်ခဲ့ဖူးသော စာရေးဆရာနန္ဒသိန်းဇံ၏ ပြောရင်းပြောနေဦး မည့်ချစ်ခြင်းမေတ္တာ)

 

လူပျိုကြီးစစ်စစ်ဆိုတာဘယ်လိုလူပါလဲ ပြောပြချင်နေတာပါ။ ။လူတိုင်းတော့..

ဘယ်လိ်ုလုပ်ပြီးလူပျိုကြီးလုပ်နိုင်မှာလည်းလေနော်…

လူပျိုကြီးစစ်စစ်ရဲ့ ဂုဏ်ကျက်သရေများက ပိုပြီးမလွယ်ကူပါဘူး……လူတိုင်းရနိုင်ပါ့မလား

လူပျိုကြီးစစ်စစ်ရဲ့ ဂုဏ်ကျက်သရေများမှာ……………..

 

 

  • မိန်းကလေးချောချောမြင်ရင် (မကြည့်ဘူးလို မှင်ဖြင့်နေသည်) ကျော်သွားမှ ကြည့်သည်။
  • ကလေးများနှင့် ပေါင်းဖက်တက်သည်။(လူကြီးချင်းမပေါင်းပါအားလုံးမိန်းမရသွားကုန်သည်)
  • ထမင်းဟင်းချက်တာ အလွန်ထူးချွန်းသည်။ (မိန်းမမှမရတာ ကိုယ်ဟာကိုချက်စားရတာပေါ့)
  • ပိုက်ဆံရှိချင်ယောင်ဆောင်ကာ (ရှိသမျှရောင်းစားတက်သည်)။
  • အသက်ငယ်သောကောင်မလေးတွေနဲ ့ တွေ ့ရင် ကူညီချင်ဟန်ဆောင်၊အာသွက်လျှာသွက်ရှိတက်သည်။
  • ဘာပဲရရယူမည်ဟု စိတ်ထဲတွင် တင်းထားသည်။
  • ကိုယ်ကိုယ့်ကို အသက်မကြီးအောင်နေတက်သည်။ (အသက်ကြီးမှန်း သိသွားရင် လူအိုကြီးဟု ပြောမည်ဆိုသောကြောင့်)
  • သူများမကောင်းကြောင်း အရမ်းပြောသည်။
  • တစ်ခါတစ်ခါပျင်းလျှင် စကားပြောသူလိုက်ရှာတက်သည်။(အချိန်တိုင်းပါ)
  • မိန်းမမယူဘူးလားမေးလျှင် စပ်ဖြီးဖြီးဖြင့် (ယူရင် နေစရာမရှိလို ့လို)စကားလမ်းကြောင်းလွှဲပြောတက်သည်။
  • ခေတ်ပေါ်အတက်ပညာအကုန်တက်ချင်သည်။ (ဥပမာ- မာ(စ့်)ဆတ်သွားခြင်း၊ကေတီဗွီသွားခြင်း၊ကွန်ပျူတာချက်တင်းတတ်ခြင်း)
  • ဘယ်သူခေါ်ခေါ် ဘီယာလိုက်သောက်တက်သည်
  • မိတ်ဆွေအလွန်အမင်းများပြားသည်။
  • အိမ်သားများနှင့် မတည့်တတ်ပါ။(ကျန်သူများနှင့် အကုန်တည့်သည်)

ဤသည်ကာ လူပျိုကြီးစစ်စစ် ရဲ့ ဂုဏ်ကျက်သရေများဖြစ်ပါသည်။

 

 

မှတ်ချက်….

 

လူပျိုကြီး………

လူပျိုကြီး……….

လူပျိုကြီး………

လူပျိုကြီး……..

တို ့၏အကြောင်းများသာ

 

 

အဲဒါလည်းကျွန်နော်ရေးတာမဟုတ်ဘူး.

4 comments

  • ဟာဂျီ မိုဟာမက် အဗ်ဒူလာ ဟာ့ဘီးဆပ်ဥ

    October 18, 2012 at 1:06 pm

    အဟီးးးးး
    ဂုဏ်ကျက်သရေ တော်တော်များများနှင့် ပြည့်စုူံုဘာဂျောင်း သဒင်းဂေါင်းပါးအပ်ဘာဒယ် :harr:

  • အဂ္ဂမဟာ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီ လယ်ထွန်Z

    October 18, 2012 at 1:13 pm

    တော်ပါဘီအေ ..
    အခုဘဝကြီးမှာ သမုဒယ မီး တွေ အပူမခံချင်တော့ပါဝူး..
    တိုင်းပြည်နဲ့ လူမျိုးအတွက် ပေးဆပ်ရမှာတွေ များဟားဟားရီး ရှိသေးလို့
    အပေါ်ကဟာတွေ အကုန်မှန်ပါကြောင်းးးးးး

    ဒက်ဂလောက် ..ဒက်ဂလောက်

  • မောင်ပေ

    October 18, 2012 at 1:36 pm

    လူပျိုပဲဖြစ်ဖြစ် အိမ်ထောင်သည်ပဲဖြစ်ဖြစ်
    ဝင်ငွေကောင်းတဲ့ အလုပ် (သို ့မဟုတ်) အာလကေ မရှိရင်
    လောကကြီးဟာ နေချင်စရာမကောင်းဘူး

  • သူရဇော်

    October 18, 2012 at 3:47 pm

    ကျုပ်တို့သိတဲ့ လပျိုကြီးနဲ့ အင်မတန်ကွာခြားလှသဗျ…..

Leave a Reply