မင်္ဂလာရှိသောမန်နေဂျာ

jullies cezerOctober 17, 20121min1558

မင်္ဂလာရှိသော မန်နေဂျာ

ဘယ်လိုတုန်း မန်နေဂျာကြိးရဲ့ လုပ်ငန်းကိုင်တာ တွေအဆင်ပြေရဲ့ မဟုတ်လား
ကိုဝင်းပါလား ။ထိုင်ပါဗျာ ကျွန်တော့ အလုပ်ကတော့တစ်နေ့တစ်နေ့
အရာရာနဲ့အကြောင်းကြောင်းချည်းပါပဲ။
အဲ့ဒီ အရာရာနဲ့ အကြောင်းကြောင်း တွေကို ဖြေရှင်းနိုင်မဲ့ လူလို့ ကုမ္ဖဏီ က
ယုံကြည်လို့ပဲ ခင်ဗျားကို ဒီရာထူးပေးထားတာ မဟုတ်လား။
ဟုတ်တော့ဟုတ်ပါတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော့ဘက်က ဂရုတစိုက်
ချို့ယွင်းချက်မရှိအောင်စီမံခန့်ခွဲပေးနေပါလျက်နဲ့ အားထားရတဲ့ဝန်ထမ်းတွေက
အလုပ်က နှုတ်ထွက်ကုန်ကြတယ်ဗျာ။ ဒီနှစ်အတွင်း လေးငါးယောက်ရှိပြီ။
ဝါရင့်ကျွမ်းကျင် ဝန်ထမ်းတွေချည်းဖြစ်နေတော့ ချက်ခြင်းကို
အစားထိုးဖြည့်တင်းဖို့က မလွယ်ဘူးဗျ။ ဒီအတိုင်းသာဆို ကျွန်တော်တို့ ကုမ္ပဏီ
ရဲ့ ရှေ့ရေး ရင်လေး စရာပဲ..
သူတို့ နှုတ်ထွက်စာ လာတင်တော့ ခင်ဗျားက ဘာကြောင့်ထွက်ရတယ်ဆိုတာ
မေးမြန်းမကြည့်ဘူးလား။ အလုပ်ထွက် အင်တာဗျူး မလုပ်ဖူးလား။
လုပ်တာပေါ့ဗျာ၊ ဒါပေမဲ့ သူတို့ ဆီက ခိုင်လုံတဲ့ အကြောင်းပြချက်တွေ
မရခဲ့ပါဘူး၊ လစာတိုးပေးပါ့မယ်။ ရာထူးမြင့်ပေးပါမယ် ဆိုတာတောင်
ကိုယ်တော်ချောတွေ က လက်မခံချင်ကြဘူး။ မလုပ်ချင်တော့လို့ပါ ဆိုတဲံ
အဖြေဘဲရတယ်။
ဒါဆိုရင်တော့ ခင်ဗျားရဲ့ စီမံခန့်ခွဲမှုမှာ ချို့ယွင်းချက်တစ်ခုခုရှိနေလော်က်ပြီဗျ။
ကျွန်တော်က ဝန်ထမ်းအားလုံးအပေါ် မျှမျှ တတ အုပ်ချုပ်ခဲ့တာပါဗျာ။
တော်တန်ရုံ စည်းကမ်းမဲ့ တာလောက် ဆိုရင်လည်း ခွင့်လွှတ်လိုက်လျောခဲ့တာပါပဲ။
တစ်ချို့ ဆို ကုမ္ပဏီက ချမှတ်ထားတဲ့ မူ အတိုင်းသာ အရေးယူ မယ်ဆိုရင်
ပြုတ်တဲ့လူပြုတ်ကုန်ပြီ။ ကျွန်တော့ သက်ညှာထားလို့ လုပ်သက်ကလေးနဲ့
ရာထူးတိုးနေတဲ့လူ တွေတောင်ရှိပါသေးတယ်။
အဲ့ဒီလို ခင်ဗျားသက်ညှာထောက်ထားလို့ မပြုတ်တဲ့ အပြင် ရာထူးတိုးနေတဲ့
လူတွေထဲကရော ထွက်စာလာတင်တာ ရှိသေးသလား။
ဟာ ဒီလူတွေကတော့ ဘယ်တင်ကြပါ့မလဲ ။ သူတို့ အကျင့် ၊ သူတို့ အရည်အချင်းနဲ့
ဘယ်ကုမ္ပဏီက ဒီမှာလို လူလူသူသူ နေရာ ပေးပါ့မလဲဗျ။ သူတို့ကတော့ ကျွန်တော့
အပေါ် ကျေးဇူးသိတတ်ကြပါတယ်။ ကုမ္ပဏီ အလုပ်မဟုတ်တဲ့ ကျွန်တော့
ကိုယ်ရေးကိုယ်တာကိစ္စ တွေမှာတောင် မညဉ်းမညူလုပ်ပေးတတ်ကြပါတယ်။
အခု ထွက်စာတင်သွားတဲ့သူတွေကရော စည်းကမ်းရှိပြီး အလုပ်ကြိုးစားကြရဲ့လား။
ဟာ ဒီလူတွေကတော့ စည်းကမ်းလည်းရှိ၊ အလုပ်လည်းကြိုးစားတဲ့ တကယ့်ကို
အားထားရတဲ့လူတွေပါဗျာ။ ခု သူတို့ မရှိတော့ ကျွန်တော့မှာ လက်ရုံး
တွေပြုတ်ကုန်သလိုဖြစ်တော့တာပေါ့။
ဒီအတိုင်းဆက်သွားရင် လက်ရုံးတင်မကဘူး ခေါင်းပါပြုတ်သွားလိမ့်မယ်။ ဒါပေမဲ့
မပူပါနဲ့ဗျာ။ ဒီပြဿနာရဲ့ ဇစ်မြစ်တရားခံကို အဖြေရှာလို့ရပါပြီဗျ။
ဟာ ဒါဆိုရင်လုပ်စမ်းပါဦးဗျာ။ တရားခံက ဘယ်သူဖြစ်နိုင်မလဲ။
တခြားလူဟုတ်ရိုးလားဗျာ၊ ကျွန်တော့ရှေ့က ဆုံလည်ကုလားထိုင်ကြီးပေါ်မှာ
အငြိမ့်သးထိုင်နေတဲ့ မန်နေဂျာကြီးဘဲပေါ့။
ဘာဗျ ၊ ဘယ်လို၊ ခင်ဗျားက ကျွန်တော့ကြောင့် ဒီလိုဖြစ်ကုန်ကြတယ်လို့ပြောချင်တာလား၊
အမှန်ပဲပေါ့ဗျာ၊ ဒါနဲ့ မေးပါရစေဦး ။ ခင်ဗျားက ဗုဒဘာသာ ဝင်တစ်ဦးဆိုတော့
မင်္ဂလသုတ်ကိုတော့ရမှာပေါ့နော်
ဟေ့လူ ၊ကျုပ်က မနက်မိုးလင်းတာနဲ့ ဘုရားစင်ရှေ့မှာ ပရိတ်ကြီးဆယ့်တစ်သုတ်ု
ရွတ်ဖတ်ပူဇော်ပြီးမှ အလုပ်ဆင်းတဲ့ လူဗျ။
ခင်ဗျားက ရွတ်ရုံတင်ရွတ်ပြီး ကျင့်မှမကျင့်ဘဲကိုး၊ ထားပါတော့ဗျာ ။
ဒါဆိုရင် မင်္ဂလာသုတ်ထဲက ဘုရားရှင်ညွှန်ပြခဲ့တဲ့ ပထမဆုံးမင်္ဂလာတရားရဲ့
မြန်မာလို အဓိပါယ်ကိုရော သိရဲ့လား။
ဒီလောက်တော့ပျင်းတောင်ပျင်းသေးတယ်။ လူမိုက်ကိုရှောင်ကြဉ်ပေါ့ဗျာ။
ဟုတ်ပြီဗျာ ။ ခင်ဗျားက ရွတ်လဲရွတ်တယ်။ အဓိပ္ပါယ် လည်းသိတယ်။ ဒါပေမဲ့
ပညာရှိသတိဖြစ်ခဲ ဆိုသလို လက်တွေ့ဘဝ ဝန်းကျင်းမှာ ဘုရားဟောဒေသနာတွေကို
လိုက်နာကျင့်သုံးဖို့ မေ့လျော့နေခဲ့လို့ အခုလိုပြဿနာတွေနဲ့ကြုံတွေ့ရတာပါ။
လူမိုက်ကို ရှောင်ကြဉ်ခြင်းဆိုတဲ့ မင်္ဂလာတရားဟာ အခုခေတ်သစ်စီမံခန့်ခွဲမှု
ပညာရှင်တွေ အရေးတကြီးပြောဆိုနေကြတဲ့ လူသားအရင်းအမြစ် စီမံခန့်ခွဲမှု
(Human Resources Management) ဘာသာရပ်မှာ အလွန်ကို အရေးထားလိုက်နာကျင့်
သုံးအပ်တဲ့ လမ်းညွှန်ချက်ပဲဗျ။
ဒါဖြင့်ကျွန်တော်ဘယ်နေရာမှာ ချို့ယွင်းသွားပြီး ဘာတွေပြုပြင်သင့်တယ်ဆိုတာ
အကြံပေးစမ်းပါဦး။
ဒီလိုဗျ။ ခင်ဗျားပြောသလိုဆိုရင် ဒီကုမ္ပဏီ ရဲ့ ဝန်ထမ်းတွေထဲမှာ
လူတော်လူကောင်းတွေရှိသလို လူဖျင်းလူမိုက်တွေလည်းရှိနေတယ်ဗျ။
စီးပွားရေးလုပ်ငန်း ဆိုတာ လူအများနဲ့လုပ်ရတာဆိုတော့ ဒီလိုလူမျိုးစုံပါဝင်
ပတ်သက်နေတာကလည်း ဓမ္မတာ ပါပဲ။ ဒါပေမဲ့ ခင်ဗျားက ဒီလူတွေအပေါ်
စီမံခန့်ခွဲတဲ့နေရာမှာ လူကောင်းနဲ့ လူမိုက်တွေအကြား သိသာကွဲပြားတဲ့
အခွင့်အရေးပေးမှုတွေ မလုပ်ခဲ့မိဘူးမဟုတ်လား။
ကျွန်တော်ကတော့ အားလုံးနဲ့ အဆင်ပြေအောင် တပြေးညီပဲအခွင့်အရေးပေးခဲ့မိတယ်။
ပြီးတော့ စည်းကမ်းမဲ့သူတွေ၊ ရေသာခိုအချောင်လိုက်နေတဲ့
လူတွေကိုလည်းခင်ဗျားက လူမှုရေးတွေ ဘာတွေ ထောက်ထားပြီး
အရေးယူအပြစ်မပေးခဲ့ဘူး။ လူဆိုတာ ကိုယ်လုပ်သလောက် အကျိုးခံစားချင်ကြတယ်။
ဒါ့အပြင် ကိုယ့်လောက်လုပ်အားစိုက်ထုတ် မလုပ်ကိုင်တဲ့ လူတွေကို မိမိနည်းတူ
အကျိုးခံစားခွင့်တန်းတူ ပေးထားရင်လဲ မကျေနပ် တတ်ကြဘူး။
တကယ်အလုပ်ကြိုးစားလုပ်ပါလျက်နဲ့ ရေသာခို အချောင်လိုက် နေသူတွေထက် ဘာမှ
ထူးခြားသာလွန်တဲ့ ခံစားခွင့် မရကြလေတော့ အဲ့ဒီလူကောင်းတွေဟာ တဖြည်းဖြည်း
စိတ်ဓါတ်ကျဆင်းမှုတွေဖြစ်လာကြတာပေါ့။ စကားစပ်လို့ ပြောရရင်
ငါးရာ့ငါးဆယ်နိပါတ်တော်လာ နေရုဇာတ်ကို ခင်ဗျား ဖတ်ဖူးသလား။
အမှတ်တမဲ့ပဲဗျာ။ ပြောစမ်းပါဦး…
တစ်ခါက ရွှေဟသာင်္ငှက်ညီနောင် ဟာ ဟိမဝန္တာမှာ အစာရှာထွက်ရင်း ရွှေရောင်တညီးညီး
တောက်ပနေတဲ့ နေရု အမည်ရှိ တောင်ကြီးဆီရောက်သွားသတဲ့။ တောင်ရဲ့
အရှိန်အဝါကြောင့် အဲ့ဒီတောင်မှာ နေထိုင်ကျက်စားကြတဲ့ သားငှက်၊ တိရစာ္ဆန်
တွေဟာ ပင်ကိုယ်အရောင်အသွေး တွေပျောက်ပြီးရွှေရောင်တဝင်းဝင်း ဖြစ်နေကြသတဲ့။
စိန်နားကပ်ရောင်နဲ့ ပါးပြောင်နေကြတယ်ဆိုပါတော့။
ဒါပေါ့ဗျာ ရွှေဟင်္သာငှက်ညီနောင်ခမျာ သူတို့ ပင်ကိုယ်အရ
ရွှေအဆင်းခနÝာရှိနေပေမယ့် အဲ့ဒီနေရုတောင်လည်း ရောက်ရော ပင်ကိုယ်အားဖြင့်
ရွှေရောင်မရှိပေမဲ့ တောင်ရဲ့အရောင်အဝါနဲ့ ရွှေရောင်ဝင်းနေတဲ့
သားငှက်တွေကြားမှာ ဘာမှ ထင်ရှားမှုမရှိတော့ဘူးလေ။
အင်း နေရုတောင်ကြီးက ကိုယ်ပိုင်အရည်အသွေးရှိသူရော ၊ မရှိသူကိုပါ
တစ်ပြေးတည်းဖြစ်အောင် လုပ်ပစ်လိုက်သလို ဖြစ်နေတာကိုးဗျ။
ဒါကြောင့် ရွှေဟသာင်္အစ်ကိုကြီးက ရွှေဟင်္သာညီငယ်ကို——
အကြင်အရပ်၌ သူတော်ကောင်းများကို
ချီးမြှောက်ခြင်းမရှိဘဲ သူယုတ်မာ များကိုသာ
ချီးမြှောက်တတ်လျှင် ထိုအရပ်၌ မနေသင့်။
ပညာရှင်နှင့်ပညာမဲ့သူ၊ ရဲရင့်သူနှင့်ကြောက်တတ်
သူကို ခွဲခြားမှုမရှိဘဲ တန်းတူရည်တူသာ အခွင့်အရေးပေးသော နေရာဒေသ၌လည်း
မနေသင့်၊ ဤနေရုတောင်သည် အယုတ်၊အလတ်၊အမြတ်ဖြစ်သောသူများကို ခွဲခြားခြင်းမရှိ။
ထူးခြားစွာ ကျေးဇူးပြုမှု ကင်းဆိတ်သည်။ ထို့ကြောင့် ဤနေရုတောင်ကို
စွန့်ခွာသွားကြစို့။…
သတဲ့ဗျာ
အေးဗျာ၊ အရည်အချင်းရှိသူကိုရော အရည်အချင်းမဲ့သူကိုပါ တန်းတူ
အခွင့်အရေးပေးမိတဲ့ ကျွန်တော့လုပ်ရပ်က နေရုတောင်ကြီးလို
ဖြစ်သွားတော့တာပေါ့။ ဒီတော့လည်းရွှေဟင်္သာညီနောင်လို ပင်ကိုယ်
အရည်အချင်းရှိသူတွေက စွန့်ခွာသွားကြတာ မဆန်းပါဘူးလေ။
ထွက်သွားတဲ့ လူတွေရှိသလို ခင်ဗျားရဲ့ စီမံခန့်ခွဲပုံကို မနှစ်သက်ပေမဲ့
စားဝတ်နေရေးကြောင့် ကုမဏီမှာ ဆက်လုပ်နေတဲ့ လူကောင်းတွေလည်းရှိဦးမှာဘဲ၊
ဒါပေမဲ့ သူတို့လည်း အရင်တုန်းကလို ကြိုးကြိုးစားစား
လုပ်ကြတော့မှာမဟုတ်ဖူး။ လူဖျင်းလူမိုက်တွေ နည်းတူ အလုပ်မှာခိုကပ် တာ၊
စည်းကမ်းဖောက်တာတွေ ဖြစ်လာတော့မှာဘဲ။ ငါးခုံးမ တစ်ကောင် ကြောင့်
တစ်လှေလုံး ပုပ်ဆိုသလိုပေါ့ဗျာ။ လူမိုက်တစ်ယောက်ကို မဖယ်ရှားဘဲ
လူကောင်းများနည်းတူ အကျိုးခံစားခွင့် ပေးနေမယ်ဆိုရင်
ကျန်တဲ့လူကောင်းတွေပါ အတုယူမှားပြီး လူမိုက်တွေချည်းဖြစ်သွားလိမ့်မယ်ဗျ။
လူမိုက်လို့သာပြောရတယ်ဗျာ ၊ ဒီလူတွေက ကျွန်တော့် အပေါ် အတော့ကို
ကောင်းကြပါတယ်။ ကျွန်တော့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ အနွံတာခံ
လုပ်ကိုင်ပေးထားတာတွေရှိလေတော့ မလုပ်ရက်ဘူးဗျာ။

အဲဒါ ချစ်၍လိုက်သော ဆန္ဒဂတိဘဲဗျ။ ကို်ယ်ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းရဲ့
အကျိုးနဲ့ ကိုယ့် အကျိုးယှဉ်လာရင် အဖွဲ့အစည်းအကျိုးကို ဦးစားပေးပါမှ
ကုမ္ဖဏီ က အားထားရတဲ့ မန်နေဂျာကောင်းတစ်ယောက်ဖြစ်လာမှာပေါ့ဗျာ။
အဖွဲ့အစည်းအတွက် အန္တရယ် ဆူးညှောင့်မှန်ရင် ဘယ်သူ့မျက်နှာမှ မထောက်ထားဘဲ
ရဲရဲဝံ့ဝံ့ အရေးယူအပြစ်ပေး ဖယ်ရှားပစ်ရမှာပဲ ။ ဗုဒ
မြတ်ဘုရားကိုယ်တော်တိုင် သူ့ရဲ့ သံဃိက အစည်းအရုံးထဲက ပြောဆို ဆုံးမလို့
မရတဲ ့ရဟန်း ဆိုး ရဟန်းမိုက်တွေကို သာသနာတော်တွင်းကနေ
ပြတ်ပြတ်သားသားထုတ်ပယ် ဖယ်ရှားပစ်ခဲ့တဲ့ သာဓကတွေလည်း ရှိပါတယ်။ ကုမ္ဖဏီ
ဒါကြောင့်လည်း ဗုဒ ¨မြတ်စွာရဲ့ သာသနာတော်ကြီးဟာ
အခုထိသန့်ရှင်းတည်တံ့နေတာပေါ့နော်။ ဗုဒ မြတ်စွာရဲ့
စီမံခန့်ခွဲမှုတွေကဖြင့် တကယ့်ကို စံနမူနာထားအတုယူလောက်ပါတယ်ဗျာ။
ကျွန်တော်လည်း ကိုယ့် ကုမဏီရဲ့ရေရှည်တိုးတက် အောင်မြင်ရေးကို ရှေးရှုပြီး
စည်းမဲ့ကမ်းမဲ့ ရေသာခို အချောင်လိုက်နေတဲ့ လူမိုက်တွေကို ထိထိရောက်ရောက်
အရေးယူအပြစ်ပေး ဖယ်ရှားသွားဖို့ ဆုံးဖြတ်လိုက်ပါပြီ။
အခုလိုကြားရတာ ဝမ်းသာလှပါတယ်ဗျာ။ မြတ်ဗုဒ ရလမ်းညွှန်ခဲ့တဲ့
မင်္ဂလာတရားတော်များထဲက လူမိုက်ကိုရှောင်ကြဉ်ခြင်း ဆိုတဲ့ မင်္ဂလာတရားကို
လက်ခံကျင့်သုံးဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ ခင်ဗျားလည်း မင်္ဂလာရှိသော
မန်နေဂျာ တစ်ယောက်ဖြစ်လာတော့မှာပေါ့ဗျာ..။

မေးထဲမှရတာလေးကိုပြန်လည်မျှဝေလိုက်ပါတယ် ။ ပတ်ဆင့်အကြီးတွေကရိုက်မဖြစ်ရဘူးဖြစ်နေတယ်။

အားလုံးကိုခင်တဲ့
julliescezer

8 comments

  • Foreign Resident

    October 17, 2012 at 8:32 pm

    ” လူမိုက်တစ်ယောက်ကို မဖယ်ရှားရင်
    ကျန်တဲ့လူကောင်းတွေပါ အတုယူမှားပြီး
    လူမိုက်တွေချည်းဖြစ်သွားလိမ့်မယ် “

  • padonmar

    October 17, 2012 at 9:04 pm

    ဆီဇာရေ
    ဒီစာက ဆရာဝင်းသိန်းဦးရဲ့ မင်္ဂလာရှိသော မန်နေဂျာ စာအုပ်ထဲက အသေဝနာစ ဗာလာနံ အခန်းက ဖြစ်ပါလိမ့်မယ်။
    ပြန်တိုက်ကြည့်ပြီး မှန်ခဲ့ရင် ဆရာ့နာမည်လေး ဖော်ပြပေးသင့်ပါတယ်။
    ပါဠိ ပါဌ်ဆင့်တွေက Esc Key အောက်က tide ~ key /+Shift နဲ့တွဲုပြီးရိုက်ရပါတယ်။
    ဇော်ဂျီ လက်ကွက်ကြည့်ရိုက်ရင် နောင်ဆိုသိသွားမှာပါ။
    ဥပမာ–ဗုဒ္ဓ ဆိုရင် အောက်က ဓရိုက်ချင်ရင် ~+shift စုံနှိပ်ပြီးမှ ဓ ကိုနှိပ်ပါ။
    ခင်မင်လျက်
    ပဒုမ္မာ

  • padonmar

    October 17, 2012 at 9:07 pm

    အလုပ်ထဲမှာ ရှမ်းလွယ်အိတ်တွေရှိရင် အုပ်ချုပ်ရသိပ်ခက်ပါတယ်။
    ပြတ်ပြတ်သားသားရှိမှ လူကောင်းတွေမြဲပါတယ်။

  • MaMa

    October 18, 2012 at 8:58 am

    ဖတ်တော့ ဖတ်ဖူးတယ်။
    ဘယ်တုန်းက ဘယ်မှာ ဖတ်ဖူးတာလဲတော့ မသိတော့ဘူး။
    လုပ်ငန်းခွင်အုပ်ချုပ်သူတွေ သိသင့်သိထိုက်တဲ့ အမှားလေးတွေကို ထောက်ပြထားတာမို့ တင်ပေးတာ ကျေးဇူးတင်စရာပါ။
    ဒါပေမယ့် ကိုယ်တိုင်ရေး မဟုတ်ရင်တော့ ခရက်ဒစ်ပေးသင့်ပါတယ်။

  • kyeemite

    October 18, 2012 at 9:16 am

    ဒေါ်ပဒုမ္မာ ပြောတာအမှန်ပါ…“ဆရာဝင်းသိန်းဦးရဲ့ မင်္ဂလာရှိသော မန်နေဂျာ စာအုပ်” ပါ။
    ကျနော်တောင်ကြိုက်လို့ ဝယ်ထားသေးတယ်…
    :bar:

  • jullies cezer

    October 18, 2012 at 9:36 am

    ပါဌ်ဆင့်တွေရိုက်လို့ရသွားပြီး မမပဒုမ္ပာရေ ကျေးဇူးတင်ပါတယ်………

  • အလင်းဆက်

    October 18, 2012 at 4:41 pm

    အခု မှ ဖတ်ဖူးတာပါ ။ အင်မတန် ဖတ်သင့် မှတ်သင့်သော စာသားတွေပါ ။

Leave a Reply