1 အောင်ပန်းမြို့တောင်ဘက်မှာမြင်ရတဲ့တိမ်အလှ

 

2 ရေပြင်နဲ့တိမ်အလှ

3 အောင်ပန်းမြို့ တောင်ဘက်အထွက်က တိမ်

4 အလှခြင်းပြိုင်

5 တိမ်တံခွန် အလွှင့်

6 ဒီတိမ်တွေကို ကျနော်မြင်တော့ ကင်မရာခလုပ်မနှိပ်ဘဲ အကြာကြီး ကြည့်နေမိ

 

8 တိမ်လေးတွေတက်သွားနေပုံက လှတပတ

 

9 တိမ်စဉ်တန်း

10 အထီးကျန် ပါဖော့မင့်

11 အလင်းနှင့် ဆော့ကစားခြင်း

12 အဝေးထင်းရူးတောအထက်က တိမ်

 

13တောင်ကုန်းပေါ်ကတိမ်

14 အလင်းတန်းများ

15 ရင်ခုန်စရာ အလင်းတန်းများ

 

16 အလင်းတန်းများ တိမ်များ အလှများ

17 ဖြာဆင်းရာလမ်း

18 သစ်ပင်ကြားက တိမ်

“13 လှသောယဉ်သော ညွတ်နူးဘွယ်ကောင်းသော တိမ် ”

 

 

ကလောကိုရောက်လို့ ဆိုင်ကယ်ဘီးပေါက်နေတာ ကို ကျွတ်အသစ်လဲလို့အပြီး

ကျနော်တွေ့ချင်တယ်ဆိုတဲ့ ကလောက ကုန်သည်ကိုဖုန်းဆက်တော့

ဟဲဟိုးရောက်နေတာ အခုပြန်လာနေပြီ အောင်ပန်းမှာဆုံမယ်ဆိုတာနဲ့ေ အာင်ပန်းကိုပြန်လာခဲ့ရပါတယ်။

အဲတော့ လမ်းမှာ ဓါတ်ပုံမရိုက်ဖြစ်တော့ဘူးပေါ့။

ကုန်သည်နဲ့တွေ့ပြီးအလုပ်ကိစ္စတွေပြောကြတာ နေ့လည်2နာရီလောက်ရောက်သွားပါတယ်။

စကားလဲပြောပြီးရော ကောင်းကင်မှာတိမ်တွေကပြာနေလိုက်တာ အတော်လှ။

အဲဒါနဲ့ အောင်ပန်းကနေ ဟဲဟိုးသွားတဲ့လမ်းဘက်ကိုထွက်ခဲ့ပါတယ်။

ဒီလမ်းပေါ်မှာ သာမိုင်းခမ်း(ရှေးက ရှမ်းစော်ဘွားတွေမြို့တည်ခဲ့တဲ့နေရာလို့ပြောပါတယ်)တံတားကို

ရောက်အောင်သွားလိုက်ပါတယ်။

အတော်လေးကိုလှပသော တိမ်တွေကို ပိုင်ဆိုင်ခွင့်ရလိုက်ပါတယ်။

ကျနော်ကံကောင်းလို့ပေါ့။

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

အောင်ပန်း အောက်တိုဘာ 2012  18-10-2012

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။