လှသောယဉ်သော ညွတ်နူးဘွယ်ကောင်းသော တိမ် ………………….

1 အောင်ပန်းမြို့တောင်ဘက်မှာမြင်ရတဲ့တိမ်အလှ

 

2 ရေပြင်နဲ့တိမ်အလှ
3 အောင်ပန်းမြို့ တောင်ဘက်အထွက်က တိမ်
4 အလှခြင်းပြိုင်
5 တိမ်တံခွန် အလွှင့်
6 ဒီတိမ်တွေကို ကျနော်မြင်တော့ ကင်မရာခလုပ်မနှိပ်ဘဲ အကြာကြီး ကြည့်နေမိ

 

8 တိမ်လေးတွေတက်သွားနေပုံက လှတပတ

 

9 တိမ်စဉ်တန်း
10 အထီးကျန် ပါဖော့မင့်
11 အလင်းနှင့် ဆော့ကစားခြင်း
12 အဝေးထင်းရူးတောအထက်က တိမ်

 

13တောင်ကုန်းပေါ်ကတိမ်
14 အလင်းတန်းများ
15 ရင်ခုန်စရာ အလင်းတန်းများ

 

16 အလင်းတန်းများ တိမ်များ အလှများ
17 ဖြာဆင်းရာလမ်း
18 သစ်ပင်ကြားက တိမ်

“13 လှသောယဉ်သော ညွတ်နူးဘွယ်ကောင်းသော တိမ် ”

 

 

ကလောကိုရောက်လို့ ဆိုင်ကယ်ဘီးပေါက်နေတာ ကို ကျွတ်အသစ်လဲလို့အပြီး

ကျနော်တွေ့ချင်တယ်ဆိုတဲ့ ကလောက ကုန်သည်ကိုဖုန်းဆက်တော့

ဟဲဟိုးရောက်နေတာ အခုပြန်လာနေပြီ အောင်ပန်းမှာဆုံမယ်ဆိုတာနဲ့ေ အာင်ပန်းကိုပြန်လာခဲ့ရပါတယ်။

အဲတော့ လမ်းမှာ ဓါတ်ပုံမရိုက်ဖြစ်တော့ဘူးပေါ့။

ကုန်သည်နဲ့တွေ့ပြီးအလုပ်ကိစ္စတွေပြောကြတာ နေ့လည်2နာရီလောက်ရောက်သွားပါတယ်။

စကားလဲပြောပြီးရော ကောင်းကင်မှာတိမ်တွေကပြာနေလိုက်တာ အတော်လှ။

အဲဒါနဲ့ အောင်ပန်းကနေ ဟဲဟုိုးသွားတဲ့လမ်းဘက်ကိုထွက်ခဲ့ပါတယ်။

ဒီလမ်းပေါ်မှာ သာမိုင်းခမ်း(ရှေးက ရှမ်းစော်ဘွားတွေမြို့တည်ခဲ့တဲ့နေရာလို့ပြောပါတယ်)တံတားကို

ရောက်အောင်သွားလိုက်ပါတယ်။

အတော်လေးကိုလှပသော တိမ်တွေကို ပိုင်ဆိုင်ခွင့်ရလိုက်ပါတယ်။

ကျနော်ကံကောင်းလို့ပေါ့။

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

အောင်ပန်း အောက်တိုဘာ 2012  18-10-2012

 

 

6 comments

  • Hnin Hnin

    October 30, 2012 at 4:16 pm

    တိမ်တွေကနေ အလင်းတန်းဖြာနေတာတွေ အရမ်းလှတာပဲ…
    အလင်းမပွင့်တပွင့်လည်း လှတာပဲ…

    ♥♪♫..တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ်..♥♪♫
    ♥♪♫….♪♫..မင်္ဂလာဆောင်ပွဲလေး ကျင်းပနေပါတယ်..♪♫….♥♪♫
    ♥♪…ပျော်ရွှင်စရာလေးပေါ့ ချစ်တဲ့သူရယ်…♥♪

    သီတင်းကျွတ်မို့လို့ ဆိုတာနော်…လေးပေါက်…
    အဟဲ..တိမ်တွေကလည်း လှလွန်းလို့ပါ :mrgreen:

  • kyeemite

    October 30, 2012 at 6:55 pm

    ကိုပေါက်ရေ..အဲဒီလိုတိမ်တိုက်တွေက
    ရင်ထဲမှာသာ အချစ်ဖြစ်ပေါ်နေတဲ့သူဆို…
    မျက်ရည်လည်းလယ်နိုင်ပါရဲ့..
    ဟားတိုက်ပီးလည်းရယ်နိုင်ပါရဲ့…
    ခံစားမှု့ပေါ်မူတည်လို့ပေါ့ဗျာ…
    ကျနော့ရဲ့ ငယ်မူပြန်
    ရည်းစားစာဆိုတာ…Letter of love(အရီးခင်လတ်နောက်လိုက်ခြင်း)
    ဆိုတဲ့ပို့စ်မှာ…..

    “မီး”
    ခေါင်းကိုမော့လိုက်တယ်
    ကောင်းကင်ကပြာလို့
    ကြက်မတဝတ်စာတောင်
    တိမ်တောင် တိမ်လိပ်တွေကရှိမနေခဲ့
    ဆိုပီး ငယ်မူငယ်လက်နဲ့ရေးခဲ့သေးတော့.. …
    လေးစားခင်မင်လျှက်.
    ကြီးမိုက်။ :528:

  • တိမ်တွေက တကယ်ကိုလှသလို ကျနော်ကိုယ်တိုင်လဲတိမ်တွေကိုသဘောကျလို့တင်ပေးဖြစ်တာပါ

  • အရီးခင်လတ်

    October 31, 2012 at 6:02 am

    တိမ်တွေကို ခိုစီးသွားတယ်။ 😆

  • ရွှေ ကြည်

    October 31, 2012 at 12:09 pm

    ကောင်းကင်ကပြာလွင်လွင်
    တိမ်တိုက်တွေကဖြူလွလွ
    မြေနီလမ်းမှာကြွကြွရွရွလေးလျှောက်ရင်း
    လွမ်းချင်းတွေဆိုညည်းလို်က်မယ်
    မြက်ခင်းတွေရယ်နားထောင်ပေးကွယ်.. :harr:

  • မင်းလွမ်းတယ်ဆိုတော့
    သနားလို့ဆိုပြီး
    မြက်ခင်းကလေးတောင်

    ဝိုင်းလို့ငို
    သူမှာ မျက်ရည်တွေစိုလို့ ပေါ့ကွယ်

Leave a Reply