ADSL အင်တာနက်လိုင်း ကနဦးတပ်ဆင်ခ နှုန်းထားများကို ငွေကျပ်ခြောက်သိန်းမှ ငွေကျပ်ငါးသောင်းနှုန်းသို့ လျှော့ချသွားမည်။

the bestOctober 17, 20121min14018

နိုဝင်ဘာလမှစတင်ကာ ADSL အင်တာနက်လိုင်း ကနဦးတပ်ဆင်ခ နှုန်းထားများကို

ငွေကျပ်ခြောက်သိန်းမှ ငွေကျပ်ငါးသောင်းနှုန်းသို့ လျှော့ချသွားမည်။

WEDNESDAY, 17 OCTOBER 2012 11:41

နိုဝင်ဘာလမှစတင်ကာ ADSL အင်တာနက်လိုင်း ကနဦးတပ်ဆင်ခ နှုန်းထားများကို

ငွေကျပ်ခြောက်သိန်းမှ ငွေကျပ်ငါးသောင်းနှုန်းသို့ လျှော့ချသွားမည်ဖြစ်ကြောင်း

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန အိုင်တီအင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းက ပြောကြားခဲ့သည်။

 

လက်ရှိအချိန်တွင် ADSL အင်တာနက်လိုင်း ကနဦးတပ်ဆင်ခ နှုန်းထားများကို

ငွေကျပ်ခြောက်သိန်းနှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း၊ သုံးစွဲသူများ အဆင်ပြေစေရန်

ယခုကဲ့သို့ ငွေကျပ် ငါးသောင်းနှုန်းသို့ လျှော့ချရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊

နိုင်ဝင်ဘာလမှ စတင်လျှော့ချသွားရန်ရှိကြောင်း သိရှိရသည်။

 

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန အိုင်တီအင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းက

” ADSL အင်တာနက်လိုင်းက သုံးစွဲသူများဆုံး အင်တာနက်လိုင်းတစ်ခုဖြစ်ပါတယ်။

အများပြည်သူသုံးစွဲနိုင်အောင် ဈေးလျှော့ပေးဖို့စီစဉ်ခဲ့တာပါ။

ရှေ့လ (နိုဝင်ဘာလ)အတွင်း တပ်ဆင်ခကျပ် ငါးသိန်းကနေ ကျပ်ငါးသောင်းကို လျှော့ချသွားမှာပါ” ဟု ပြောကြားခဲ့သည်။

 

ကနဦးတပ်ဆင်ခအပြင် လစဉ်ကောက်ခံကြေးများဖြစ်သည့် အင်တာနက Bandwidth ပမာဏ 2.5Mbps အတွက်

လစဉ်ကြေး ကျပ်နှစ်သိန်းကို ကျပ်ရှစ်သောင်းသို့လည်းကောင်း၊ အင်တာနက် Bandwidth ပမာဏ 256Kbps အတွက်

လစဉ်ကြေး သုံးသောင်းကို တစ်သောင်းခုနစ်ထောင်သို့ လည်းကောင်း အသီးသီးလျှော့ချသွားရန်ရှိကြောင်း သိရှိရသည်။

 

၁၉၉ရ ခုနှစ်တွင် မြန်မာနိုင်ငံ၌  အီးမေးလ်သုံးစွဲမှုကို စတင်ခဲ့ပြီး ၂၀၀ဝ ပြည့်နှစ်တွင်

မြန်မာနိုင်ငံ၏အကြီးဆုံး အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် BaganCybertech ပေါ်ပေါက် လာခဲ့သည်။

၂၀၀၃ ခုနှစ်နောက်ပိုင်းတွင် အင်တာနက်ကို အများပြည်သူ အသုံးပြုခွင့်ပေးခဲ့ပြီး BaganCybertech နှင့်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့က IP Star,Broadband နှင့် ADSL အင်တာနက်လိုင်းများဖြင့် ဝန်ဆောင်မှုပေးခဲ့သည်။

 

မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုသူပေါင်း နှစ်သန်းခန့်ရှိပြီး အများစုမှာ ADSL လိုင်းဖြင့်

အင်တာနက်အသုံးပြုခြင်းဖြစ်ကြောင်း အိုင်တီပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

http://news-eleven.com/index.php?option=com_content&view=article&id=16039:-adsl——&catid=42:2009-11-10-07-36-59&Itemid=112

 

အထက်ပါသတင်းကို တိုက်ရိုက်ကူးတင်ပေးပါသည်။ စာလုံးပေါင်း နှင့် အခြားအမှားများလည်း မပြင်ပါ။

ထိုသတင်းဖတ်ရသဖြင့် မနက်ဖန်သွားဝယ်ရန် သူငယ်ချင်းအားအဖေါ်ညှိရာ သတင်းမမှန်ကြောင်းပြောပါတယ်။

 

CALL CENTER ကို စုံစမ်းကြည့်ပြီးရာ  eleven မှာပါတာလည်းသိပါတယ်။

သို ့သော် ထိုသတင်းမမှန်ကြောင်းပြောပါတယ်။

 

သိချင်သူများ CALL CENTER    ၁၈၇၆ သို ့မေးနိုင်ပါတယ်။

24 HOURS SERVICES ဖြစ်ပါတယ်။

ဘာကြောင့်ဒီလိုသတင်းဖြစ်ရပါသလဲ။ ဘယ်သူ ့အမှားလဲ။

 

18 comments

  • uncle gyi

    October 17, 2012 at 9:58 pm

    မပြုံးပဲဝါးလုံးကွဲရယ်လိုက်ချင်
    ၂သိန်းတန်ဖုန်းတောင်တဝက်ဈေးမချသေးပဲ
    ၆သိန်းကျော်ကို၅၀၀၀ဝထဲနဲ့ရောင်းမယ်ဆိုတာစဉ်းစား
    ရေးထားတာသေချာဖတ်ကြည့်၅၀၀၀ဝလျော့မယ်လို့ရေးထားတာနေမှာ
    ဘူးထွားထွားထွား

  • အဂ္ဂမဟာ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီ လယ်ထွန်Z

    October 18, 2012 at 7:05 am

    ချက်တွယ်ရေးကဆြာတွေကို ခုတလော မီဒီယာ နဲ့ အက်စ်အန်အက်စ် သုံးပြီး တိုက်နေသလား လို့တောင် ထင်မိတယ်..
    မနေ့ကပဲ ဗိုက်ပါကိစ္စ ရှင်းချက် ထုတ်ရတာတွေ ဖတ်ရတယ်..

    ငါးထောင်တန်တုန်းကလည်း ငါးထောင်တန်မို့လို့ .. ဝိုင်တောခ့် တုန်းကလည်း ဝိုင်တော့ခ်မို့…
    အနီရောင်ချိတ်ဆက်မှု တုန်းကလည်း ကောင်ကင်နတ် တုန်းကလည်း …
    ….တုန်းကလည်း ..တုန်းကလည်း…
    ဟီဟိ….

    သနားပါဝူးအေ ..

  • ကြောင်ကြီး

    October 18, 2012 at 7:45 am

    ထင်တာပြောကြည့်မယ်… ရုံးလုပ်ငန်းကိစ္စတွေမှာ အပေါ်လူဂျီးပြောတိုင်း အောက်ခြေဌာနတွင်း အသမပေးထားရင် ငြင်းကြမှာပဲ။ စာမှာရေးထားတာ နိုဝင်ဘာလအတွင်း စီစဉ်နေတယ်ဆိုတော့ အဲဒါကြောင့်များလား။ အောက်ခြေအရောင်းဌာနကလူတွေ ငြင်းတယ်ဆိုတာ မမှန်ဘူးလို့ တိုက်ရိုက်ငြင်းတာလား၊ မသိသေးပါ သတင်းမရပါလို့ ပြောတာလား ကွဲပြားဖို့လိုတယ်။ သိတဲ့အတိုင်း မြန်မာပြည်မှာ မိုဘိုင်းလ်ဖုံးနဲ့ အင်တာနက်က စီးပွားရေးအပြင် နိုင်ငံရေးပါ နွယ်နေတယ်။ သာမန်အစိုးရ ကော်ပိုရေးရှင်းတွေလို မဟုတ်ဘူး ဒီတော့ အဲဒီဌာန တာဝန်ရှိလူဂျီးများနဲ့ ပြောဆိုဆက်ဆံတဲ့အခါ သူတို့စကား ပြန်ဖြေတဲ့အခါ ဝန်ထမ်းများ ပဲလှော်ကြားဆားမညှပ်အောင် နေတဲ့သဘောလည်း ဖြစ်နိုင်တယ်။ ငါးသောင်းလျှော့တာကို ငါးသောင်းပဲပေးရမယ်လို့ မှားရေးရင်တော့ အင်း…ဒါလည်း ဖြစ်တတ်ပါတယ် မြန်မာပြည်ပဲဟာ…။ အပြောင်းအလဲကာလ ၂နှစ်တောင် မပြည့်သေးတာမို့ သီးခံကြပါ…နောင်လည်း သီးခံလက်စနဲ့ ဆက်သီးခံကြပါ။ နို့မို့ရင် ကြားက နှစ်တထောင်ကြိန်စာသဂျီး စားလိမ့်မယ်။ :kwi:

  • MaMa

    October 18, 2012 at 8:31 am

    ADSL လိုင်းကို ၅၀၀၀ဝ နဲ့ ချပေးမယ်လို့ ကြားလိုက်တော့ မယူရသေးတဲ့ လူတွေအတွက် ဝမ်းသာစရာ သတင်းဆိုပြီး ဝမ်းသာအားရ မေးကြည့်တော့ မဟုတ်မှန်းသိတော့ စိတ်တိုချင်စရာပေ့ါ။
    ADSL လိုင်းကို အရင်က ဈေးကြီးနဲ့ ယူထားတဲ့သူအနေနဲ့ကတော့ ဒီလောက် ၅၀၀၀ဝ လောက် တန်တာကို ၆သိန်းကြီးများတောင် ပေးခဲ့ရတယ်။
    ဒါတောင် လျှောက်လွှာတင်ပြီးတော့ သုံးခွင့်ကျလာအောင် မနည်း စောင့်လိုက်ရသေးတယ်။
    :byae:

  • jullies cezer

    October 18, 2012 at 10:04 am

    လာပြီလား ရိုက်ချက်ကပြင်းအုံးမယ်ထင်တယ် ကား ပြီးတော့ ဖုန်း ပြီးတော့ အခု အင်တာနက် နောက်ဘာကျန်သေးလဲမသိ ………

    • the best

      October 18, 2012 at 10:20 am

      အခုသတင်းက မဟုတ်ပါဘူး လို ့MPT ကပြန်ပြောမလား စောင့်ကြည့်ရမယ်။
      ဒီတစ်ခါတော့ VIBER လို မဟုတ်ဘူး။
      ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန အိုင်တီအင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းကပြောတယ်လို ့ပါတယ်။
      ဦးခင်မောင်ထွန်း Error တက်လို ့ပါလို ့ဖြေရှင်းလို ့ရပါသေးတယ်။

  • the best

    October 18, 2012 at 10:09 am

    uncle gyi ၊ မောင်ပေ ၊ ဦးဦးပါလေရာ၊ အဂ္ဂမဟာ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီ လယ်ထွန်Z ၊ ကြောင်ကြီး၊ MaMa၊ တို ့အားလုံးကိုကျေးဇူးတင်ပါတယ်။

    ကျပ် ၆သိန်းတန်ကို ကျပ်၅၀၀၀ဝထဲနဲ့ရောင်းမယ်ဆိုတာစဉ်းစားဆိုတာအမှန်ပဲ။
    ကျပ် ၆သိန်း မှ ကျပ်၅၀၀၀ဝနှုန်း သို ့လျှော့ချသွားမည်ဖြစ်ကြောင်း လို ့ရှင်းရှင်းလေးရေးထားတာပဲ။
    နောက်ပြီးတော့ သုံးစွဲသူများ အဆင်ပြေစေရန်ယခုကဲ့သို့ ငွေကျပ် ငါးသောင်းနှုန်းသို့ လျှော့ချရန်
    စီစဉ်ရခြင်းဖြစ်ကြောင်း၊လို ့ဖေါ်ပြထားတာလဲတွေ ့ရတယ်။

    ဒီနေ ့ထွက် စာစောင်ထဲမှာလည်းဒီအတိုင်းပဲ ဖေါ်ပြထားပါတယ်။

    ကျပ်၅၀၀၀ဝလျှော့ပြီး ကျပ်၅၅၀၀၀ဝ နဲ ့ရောင်းမယ်လို ့ဆိုလိုချင်ရင်
    ကျပ်၅၀၀၀ဝနှုန်း သို ့ လို ့မရေးပဲ ကျပ်၅၀၀၀ဝလျှော့ရောင်းမယ်လို ့ရေးရမယ်လေ။

    ကြောင်ကြီးပြောသလို ငါးသောင်းလျှော့တာကို ငါးသောင်းပဲပေးရမယ်လို့ မှားရေးဖြစ်နိုင်ဖို ့များပါတယ်။
    ဒီအတိုင်းသာဆိုရင် သတင်းရေးတဲ့သူ ဒီလောက ကနေအနားယူသင့်ပါတယ်။

    VIBER နဲ ့ပတ်သက်တဲ့ သတင်းကလည်း ဂျာနယ် နဲ ့ MPT တို ့ရဲ့ Error ပေါ့။
    “ပြည်ပသို့ Viber စနစ်ဖြင့် မိုဘိုင်းဖုန်းသုံးခြင်း တရားမဝင်၍ လိုင်းဖြတ်မည်”လို ့
    ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားတဲ့အကြောင်း
    http://www.khitlunge.net.mm/news/news_detail.aspx?info_id=27442 မှာဖတ်ရတယ်။

    အဲဒီမှာ အတိအလင်းရေးထားတာပဲ။
    နောက်ပိုင်းမှ MPTက မဟုတ်ဘူးလို ့ငြင်းတယ်။
    ဒီကိစ္စကို ဂျာနယ်က မှားသလား၊မှန်သလားဆိုတာ တာဝန်သိရင် ဖြေရှင်းပေးသင့်ပါတယ်။

    ဂျာနယ်တစ်ချုို ့ကိုပြောချင်တာရှိသေးတယ်။
    နည်းပညာနဲ ့ပတ်သက်တဲ့ သတင်းရေးရင် နည်းပညာသိအောင်လုပ်ပြီးမှရေးသင့်တယ်။
    သတင်းရရင်ပြီးရော၊ ငွေရရင်ပြီးရောတော့မလုပ်ကြစေချင်ဘူး။
    ဂျာနယ်တွေမှာ သိက္ခာတော့ရှိသင့်တယ်။ထိန်းသင့်တယ်။

    နည်းပညာနဲ ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း မတတ်တာတတ်သလိုလုပ်မေး၊
    ရှက်တတ်ရမှန်းမသိ မဆိုင်တာတွေမေးလိုမေး၊လူရှေ ့သူရှေ ့အထင်သေးခံရအောင်မလုပ်ပါနဲ ့။

    ကိုယ်သဘောပေါက်သလို သတင်းရေးကြတာတွေမလုပ်ပဲ
    တတ်သိနားလည်သူကိုပြပြီးမှ သတင်းတင်သင့်တယ်။
    အယ်ဒီတာတွေလည်း ကိုယ်နားမလည်တဲ့၊မတတ်ကျွမ်းတဲ့ အကြောင်းအရာကို အရမ်းမတင်စေချင်ဘူး။
    စာဖတ်သူတို ့ဖတ်ရတာအဆင်မပြေဘူး။
    ဒါကြောင့် စာဖတ်သူတွေကိုလေးစားပါလို ့ပြောပါရစေ။

  • Foreign Resident

    October 18, 2012 at 10:14 am

    ” ဘာကြောင့်ဒီလိုသတင်းဖြစ်ရပါသလဲ။ ဘယ်သူ ့အမှားလဲ ”

    ဟုတ်ပါ့ ။
    အခုလောလောလတ်လတ် Viber ကိစ္စမှာလည်း ၊

    ၁ ။ ဂျာနယ် ၃ / ၄ ခုလောက်က ဒီသတင်းကို တရားဝင် ရေးချလိုက်တယ် ။
    ၂ ။ လူထုကြီး လှုပ်လှုပ်ရွရွ ဖြစ်သွားတယ် ။
    ၃ ။ ညနေ ကျတော့ ဆက်သွယ်ရေးက မဟုတ်ပါဘူး လို့ တရားဝင် ရှင်းတယ် ။
    ၄ ။ ဂျာနယ်တွေလည်း အရူးအပေါ ဂျာနယ်တွေ ဖြစ်ကုန်ကြပြီ ။

    အဲဒီ ကိစ္စတွေကို ဂျာနယ်တွေက လူထုကို ဘယ်လိုဖြစ်ခဲ့တယ် ဆိုတာ ရှင်းပြသင့်ပြီ ။
    မရှင်းပြရင်တော့ ဂျာနယ်တွေက လူထုကို စော်ကားတာ / အလေးမထားတာပဲ ။

    • the best

      October 18, 2012 at 10:29 am

      MPT က ဂျာနယ်ကို တရားစွဲမလား။
      ဂျာနယ်က MPT ကို တရားစွဲမလား။

  • ဆူး

    October 18, 2012 at 11:54 am

    တလကို ၃ဝ ဒေါ်လ လစဉ်ကြေးပေးရတယ် ဆိုတော့ ဘယ်လောက်ဈေးများ ဖြစ်မလဲ မသိဘူး..

  • မာလိန်မှုူး

    October 18, 2012 at 12:12 pm

    အမ် အဟုတ်မှတ်လို့ ဝမ်းသာအယ်လဲ နဲ့ ပြေးဖတ်မိတာ
    ပြီးတော့လဲ မဟုတ်ပြန်တော့ဘူး သေစမ်း ။

    :byae:

  • ကိုသင်း

    October 18, 2012 at 12:34 pm

    ဟုတ်ဟုတ်၊မဟုတ်ဟုတ် တို ့ကတော့ပျော်သည်၊
    ထိတစ်စောင်ထိုးပြိး သိန်း ၁၅၀ဝ စိတ်ကူးယဉ်လို ့
    ရတာပဲ၊ဒါပေမဲ့ ကံမကောင်းသေးဘူး ထင်တယ်၊
    တလောကလေးတင်ပဲ အိတ်ထဲကငွေ ၂၀၀ဝ ကျ
    ပျောက်သွားတာပြန်မတွေ ့သေးဘူး၊ကူရှာပေးပါကွယ်။

  • the best

    October 18, 2012 at 1:08 pm

    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ADSL အင်တာနက် တပ်ဆင်ခနှင့်
    လစဉ်ကြေးနှုန်းထားများကို နိုဝင်ဘာ ၁ ရက်မှစတင်၍ လျှော့ချသွားမည်ဖြစ်ကြောင်း
    ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် နှုန်းထားသစ်များနှင့်တကွ ထည့်သွင်းဖော်ပြထားသည်။

    CLASS [A]
    ကနဦးတပ်ဆင်ခ(ကျပ်) ၅၀၀၀ဝကျပ်
    လစဉ်ကြေး ၁၇၀၀ဝကျပ်
    နှစ်စဉ်ကြေး ၅၀၀၀ဝကျပ်
    အီးမေးလ် ၁ခု
    အမြန်နှုန်း 512 Kbps
    ကျန်တာတွေသတင်းစာပြန်ဖတ်ကြည့်လို ့ရပါတယ်။
    အိမ်ကသတင်းစာ အခု နေ ့လည် ၁း၁ဝနာရီရှိနေပြီ မလာသေးဘူး။

  • the best

    October 18, 2012 at 1:30 pm

    CALL CENTER ဆိုတာ အရည်အချင်းမရှိ ပိုက်ဆံညာယူနေတာ ထင်ရှားပါပြီ။
    မှန်ကန်တဲ့ဝန်ဆောင်မှု မပေးနိုင်ဘူးဆိုတာသက်သေပြလိုက်ပါပြီ။

    သူတို ့ကိုဆက်လိုက်ရင် ငွေကုန်တာပဲ အဖတ်တင်တယ်။
    မဆီမဆိုင်တာတွေမေး၊မဆီမဆိုင်တာတွေပြော၊
    အချိန်ဆွဲပြော ဆက်တဲ့သူတွေငွေမကုန်၊ကုန်အောင်တမင်လုပ်တယ်။
    ဘာမှလည်း ရေရေရာရာ မဖြေနိုင်ဘူး။

  • myanmarcitizen

    October 18, 2012 at 3:38 pm

    မနေ့ကသတင်းရလို့call center ကိုတောင်ဖုန်းဆက်လိုက်သေးတယ်။ ဒီနေ့သတင်းစာထဲမှာပါလာပါတယ် သတင်းမှန်တာပေါ့။ MPT ADSL ကိုပဲလျှော့တာပါ။ ရတနာပုံကတော့ လက်ရှိအတိုင်းပါပဲ

  • chityimhtoo

    October 19, 2012 at 10:55 am

    ၅သောင်းကတော့ဟုတ်ပါပြီ။တစ်ကယ်ကောအဖြစ်ရှိအောင်လုပ်ပေးမှာလား။၁၅သိန်းနဲ့ ဝယ်ထားတာတွေ ၂၃ သိန်းနဲ့ဝယ်ထားတာတွေတောင် လစဉ်ကြေးတစ်သိန်းသွင်းရပြီးလိုင်းမကောင်းသေးတာဘဲ။
    ၅သောင်းတန်ဆိုရင်ကောဘယ်လိုနေမလည်း၊ADSL လိုင်းသုံးမယ်ဆိုကတည်းက ကြိုးဖုန်းလိုတယ် ။ဒါမှမဟုတ်ကြိုးဖုန်းတွေဘဲဘယ်သူမှမဝယ်လို့ ရောင်းရအောင်
    လုပ်နေတာလား။မြန်မာပြည်မှာရှိတဲ့ bandwidth နဲ့သူတို့ဘယ်လောက်ကောင်းအောင်ပေးနိုင်မှာလည်း။
    အိပ်ချိန်းတွေမှာ ADSL လိုင်းတွေအတွက် port တွေတောင်နေရာသိပ်မလွတ်ဘူး။သေချာတာကတော့
    သူတို့ ကြိုးဖုန်းတွေတော့ တော်တော်ရောင်းရမှာဘဲ။

Leave a Reply