အူးဗိုက်နှင့် ကိုဘလက်ချော မွေးနေ ့

ဂ်စ္စူOctober 19, 20121min31749

ကိုဘလက်ချော မွေးနေ ့

တံခါးစောင့်၊ တံခါးမှူး၊ ချိုပေါ့ကျ ပိုင်ရှင် ၊ အဖျော်ဆရာ ကျောင်းဒဂါ မစ္စတာ ကိုဘလက်ချောရဲ့ သန်ဘက်ခါ ကျရောက်မဲ့ (၂၄) နှစ်မြောက် မွေးနေ ့အတွက် ကျနော် ညီငယ် မစ်ချတာ အူးဗိုက်မှ တရိုတသေ ၊ တလေးတစား၊ အရေးထား၍ ကနဦး စတင် ရှေ ့ဆောင် ဦးဆောင် ဒူးထောင်ကာ ကြေငြာမောင်းခတ်ခြင်းသမှု ပြုလိုက်ရပေသည် ရွာစားအပေါင်းတို ့ရေး………………………..( ဒူဝေ..ဝေ..ဝေ..) ။

ဤကား အင်ထရိုတည်း။

 

“မနက်ဖြန် ငါ့မွေးနေ ့ကွ”

ဗျာ.. မနက်ဖြန် အူးလေး မွေးနေ ့ ဟုတ်လား..

“အေ..မနက်ဖြန် ငါ့မွေးနေ ့ရောက်ပြီ ”

 

ဤကဲ့သို ့ မြန်မာဗီဒီယိုဇာတ်ကား ဆန်ဆန်ပင် စကားတစ်ခွန်းအား ဘီအီးဆိုင်၌ သုံးခါလောက် ပြောခဲ့ကြပြီးသည့် အချိန်မှစ၍  ကျောင်းဒဂါ မစ္စတာ အူးဘလက်ချောရဲ့ မွေးနေ ့ရက်အား သံမှိုစွဲသလို ခေါင်းထဲ ရိုက်သွင်းထားခဲ့တာ နှစ်ငါးဆယ်ကျော်ခဲ့ပြီ။

ထိုနေ ့ကို မူးလဲ မမေ့၊ ခလုတ်တိုက်လဲ မမေ့၊ မေ့ချင်ရင်တောင် မေ့လိမ့်မည်မဟုတ်ပါ။

ဟုတ်ပါသည်၊ တစ်နှစ်တစ်ခါ ဘီအီးအဝသောက်ခဲ့ရသည်နေကို ဘီအီးအူးဗိုက်အနေနှင့် မေ့သွားလျင် မိုက်ရာကျပေလိမ့်မယ်။ထို ့ကြောင့်၊ မမေ့ ဂေ့..ဂေ့..ဂီ..ဂွီ.. ( ဘီအီးကြောင်းပြောရင် အူးထဲ အသဲထဲကနေ ထထ ဂွီတတ်သဖြင့် ခွင့်လွှတ်ပါလေ )

တစ်ကယ်တော့ ဘီအီး ဘီအီးဆိုပြီး အတည်ဖြီးကောင်းနေလို ့ အပြင်မှာလဲ မနားရအောင် အီးထွက်အောင် သောက်နေရတာ အသောက်လွန်သွားပြီး နောက်နေ ့ဆို ယမကာ အကြောင်း ပြောဖို ့မဆိုနဲ ့ အသံတောင် မကြားချင်လောက်အောင် ခံစားရတယ်ဗျား.။ စကားနောက် တရားပါ ပညတ်သွားရာ ဓာတ်သတ်ပါတယ်ဆိုတာ ပြောမယုံကြုံမှသိလိမ့်မယ် အရပ်ဂဒို ့ရေ။

ဒါကြောင့် ကျောင်းဒဂါ ကို မွေးနေ ့မှာ အသောက်အစားလေးရပ်ပြီး ကောင်းမှုကုသိုလ်လေးဘာလေးလုပ်ပါလားလို ့ အကြံပေးရင် ကောင်းမလး စဉ်းစားနေတုန်းပဲ ရှိသေးတယ်..

ကိုကြောင်ဝတုတ်ရဲ့ စတုတ္ထမြောက် ခြေလှမ်း  အလှူပို ့စ်မှာခလေးတွေအတွက် ငါးသောင်းတောင် လှူထလိုက်ပြီးပြီလို ့ ဖတ်ရတော့ ရင်ထဲမှာ ဆို ့တက်လာမိပါတယ်။

ငါးသောင်းဆို ဝမ်းတေဘယ်လ်  ကောင်းကောင်း ရတယ်လေ…အဲအဲ..မိဘမဲ့ ခလေးတွေအတွက် တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက် အထောက်အပံ့လေးဖြစ်သွားတာ ဘယ်လောက်ကြည်နူးဖို ့ကောင်းလဲဗျာ..။ ထပ်ပြီး ကြည်နူးပီတိ ဖြစ်ရအောင် မှတ်တိုင်ဘေးက ဖုန်းဆိုင်လေးပြေး ဖုန်းဆက် သတင်မေးတော့ “ ဟုတ်တယ် ညီလေး..မွေးနေ ့မှာသုံးမဲ့ ပိုက်ဆံ ထဲက ငါးသောင်းဖဲ့ပြီး ဘက ကျောင်းအတွက် လှူလိုက်တယ်…ငါ့ညီ သာဓုခေါ်စမ်းပါ.”

ဘုရားဘုရား..ဂယ်ကြီးပဲလား..မွေးနေ ့ပြီးမှ လှူလဲ ရတာပဲဟာ အဲလေ..တံခါးမူးကြီး လူသားချင်း စာနာထောက်တဲ့ စိတ်က

ပြင်းထန် တက်ကြွလှချေလားဆိုပြီး ရင်ထဲမှာ ဆို ့တက်လာမိပါတယ်။ ဪ..လောက်တော့ လောက်မှာပါလေ…။ မလောက်မှာတော့ စိုးရိမ်နေမိတာအမှန် ။ မလောက်တော့လဲ နဲနဲစီ ထပ်စိုက်ကြရင် ဝိုင်းဖြစ်ပါတယ်လေ။

တစ်တပ်တအားနဲ ့ ကြိုးစားစိုက်ခဲ့ကြလို ့ ဦးကျော်သူတို ့နာရးကူညီမှု အသင်းဆီ အလှူ ၊ ပန်းတနော်ဆေးရုံ အလှူ၊ တိုင်းရင်းသားတွေအတွက် အလှူ၊ ကိုထွန်းဝင်းလတ်တို ့ရဲ့ မော်လူးကျေးရွာအ လှူ ၊

ဒါဇင်ပလပ်စ် အဖွဲ ့ရဲ့ တစ်လတစ်ခါ အလှူ စတဲ့ မွန်မြတ်တဲ့ အလှူတွေတောင် အောင်အောင်မြင်မြင် မျက်နှာပန်းလှလှနဲ ့  ပြီးမြောက်ခဲ့ပြီးပြီပဲဟာ။ ဘာစိုးရိမ်စရာရှိတုန်း ကျောင်းဒဂါရာ..။ 😀

သဒ္ဒါတရား နဲများမဟူ ကုသိုလ် ပါဝင်ယူတာပဲ အားကျ အတုယူပြီး သာဓုခေါ်ပေးရမှာမဟုတ်လားဗျာ။

သာဓုပါ..သာဓုပါ..ကျနော်တို ့လို ငမူးတွေက အဓိက မဟုတ်ပါဘူး၊ မိဘမဲ့ ခလေးတွေ စစ်ဘေးဒုက္ခသည်တွေ သက်ကြီးရွယ်အိုတွေ စတဲ့ နိုင်ငံတော်ရဲ့ ထောက်ပံမှုအပြည့်မရတဲ့ သူတွေက အဓိက အရေးကြီးတာမဟုတ်ပါလားဗျာ..။

ဒါကြောင့် ကျောင်းဒဂါရဲ့ သူငယ်ချင်းမိတ်ဆွေ ညီငယ်တွေကို မွေးနေ ့မှာပြုစုမဲ့ မိန်းမ မအပ်ပဲ ခါးကြားကျစ်ထားတဲ့ငွေတွေကို

အခုလို လူမှုကူညီရေးဘက်မှာ တပြားမချန် အကုန် ပေးဆပ်ကူညီလိုက်မယ်ဆိုရင်တောင် ဘီအီးမသောက်ရလို ့ ငြိုငြင်မဲ့လူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး ကျောင်းဒဂါရေ..။ အကြွေး သောက်လို ့ရတဲ့ဆိုင်တွေ တော်တော်များများ သိထားပါတယ်..အဲလေ….ဒါနကုသိုလ်ဟာ ကြွေးသစ်ချသလိုပဲတဲ့..ကိုယ်မလိုအပ်လျင်တောင် အလိုအလျောက် ဒါန အကျိုးပြန်ခံစားရတယ်လို ့ အူးဗိုက် မှတ်သား ယုံကြည်ပါတယ်ခင်ဗျ။

ဒါကြောင့် ယခင်ပြုခဲ့သော ကုသိုလ်တွေအကျိုးနဲ ့ ယခုပြုခဲ့သောကောင်းမှု ကုသိုလ်အကျိုးတွေ ကြောင့် သန်ဘက်ခါ ကျရောက်မဲ့ (၂၄) နှစ်မြောက် မွေးနေ ့မှ နောင်မွေးနေ ့များစွအထိ အခုလိုပဲ လှူနိုင် တန်းနိုင် ကူညီနိုင်ပြီး သက်တော်ရှည်အူးဗိုက်သကဲ့သို ဗလတောင့်ခြင်း ရုပ်ဖြောင့်စော်ကြည်ခြင်း ကျန်းမာသန်စွမ်းခြင်း အမေရီးကားရောက်ခြင်း ဟူသော ရုပ်ဆင်းအင်္ဂ ါရပ်များနှင့် ပြည့်စုံပါစေဟု တိမ်ယံထက်က ဂဇတ်ရွာ မှတစ်ဆင့် ရွာသူ၊ရွာသားများနှင့် အတူ မွေးနေ ့ဆုတောင်း ပေးပို ့လိုက်ပါတယ်ခင်ဗျား..။

ရပ်ရွာအကျိုး၊ တိုင်းပြည်နိုင်ငံအကျိုး နိုင်ငံအကျိုး အဆင့်ဆင့်သယ်ပိုးနိုင်တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါစေခင်ဗျား..။

ဟပ်ပီးဘတ်သ်ဒေးပါ ။

 

လေးစားလျက်

မြောင်ဒကာ အူးဗိုက် ဘီအီးခိုက်

 

49 comments

  • အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဇင်းဗိုက် { B.E }

    October 19, 2012 at 2:25 pm

    သန်ဘက်ခါ ကျရောက်မဲ့ ၂၄ နှစ်မြောက် မွေးန ့မှာ တံခါးမှူး ရွှေပေါက်တူး အဖျော်ဆရာ ကျောင်းဒဂါ မစ်စတာ ချိုပေါ့ကျ ကိုဘလက်ချော တစ်ယောက်
    ချစ်သော မိသားစုနှင့် ခင်သော ရွာသူားတို ့နှင့် တပျော်တပါး ဟပ်ပီးဘသ်းဒေး ဆင်နွှဲနိုင်ပါစေခင်ဗျား

    ဟပ်ပီဘတ်သ်ဒေးပါ ကျောင်းဒဂါ

    • ပြာကလပ်စိန် ထွန် ့ထွန် ့လူး ငါးပြင်မဆားပတ် တီကောင်ဓာတ်လိုက် ခရုအက်စစ်ထိ ပညာကဝိ မစ္စတာ ငါးပိ

      October 19, 2012 at 2:37 pm

      ဘီအီး အဝတိုက်ဖို ့ ပြောလိုက်ဦးလေ

      • အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဇင်းဗိုက် { B.E }

        October 19, 2012 at 2:46 pm

        ဟုတ်ကဲ့
        ကို တီကောင် ဓာတ်လိုက် ငပိ ပြောသလိုပါပဲ..
        အဟဲ..ဟဲ..
        :harr:

  • 1

    October 19, 2012 at 2:34 pm

    ဟက်ပီးဘက်ဒေးပါ ကျောင်းဒကာ တွံတေးအူးဘလက်……. ယခုကျရောက်သည့်မွေးနေ့မှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ ကိုယ်စိတ်နှလုံးရွှင်ပြုံးကျန်းမာ…..ပျော်ရွှင်အတိ ဂွမ်းဆီထိသကဲ့ ပျော်ပျော်ပြုံးပြုံး လုံးလုံးလော်လော် ရှိပါစေသဒည်း………..
    ခြစ်ချင်းများစွာဖင့်
    အူးလေးရဲ့တူ သူရဇော်……

  • pooch

    October 19, 2012 at 2:35 pm

    တူရာသီခွင်အရတော့ အမှန်တရားကို ချစ်မြတ်နိုးပြီး လောကကြီးကို တရားမျှတစွာစီရင်နိုင့် ဖို့ နတ်ဖုရားတချို့က စေလွှတ်ထားတဲ့ တမာန်တော်တွေလို့ ဖတ်ဖူးပါတယ်။ ရွာထဲမှာတော့ ဒီရာသီခွင်တွေ အတော်များတယ် မှတ်တာပဲ။

    ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့လို့ စိတ်သွားတိုင်း ကိုယ်ပါ ကျန်းမာ ချမ်းသာပါစေ။

  • Abcdefghijklm nozomi

    October 19, 2012 at 2:35 pm

    မနှစ်က ကိုချောမွေးနေ့ ဆုတောင်းတော့ ရန်ကုန်တက္ကသိုလ် ကို ဂျက်ဆင်အပေါ်က ဓါတ်ပုံတက်ရိုက်တဲ့ ကိုယ်တိုင်ရေး ပို့စ် မှာ တောင်းခဲ့ကြရတာ မှတ်မိနေသေးတယ်

    အခု တနှစ်ပြည့်ပြီဆိုတော့ ဘာမှတောင် မကြာလိုက်သလိုပဲ

    သေချာတာကတော့ ဒီ တနှစ်အတွင်း ကိုချောက ရွာကိုပိုချစ်လာသလို
    ရွာသူားတွေကလဲ ကိုချောကို ပိုချစ် ပိုအသိအမှတ်ပြုလာကြတယ်

    နောက်နှစ်များစွာ အပြန်အလှန် ပိုချစ် ပိုမေတ္တာထားနိုင်ပါစေကြောင်း
    လိုချင်တာတွေ ပြည့်ပါစေကြောင်း ဆုတောင်းပေးပါတယ်

  • ဦးဦးပါလေရာ

    October 19, 2012 at 3:06 pm

    အေးဗျာ…
    ကိုချောအကြောင်းကိုတော့ ကျုပ်က ဘာမျှမသိပါဘူး…
    ယုတ်စွအဆုံး သူ့နာမည်အရင်းကိုတောင် ကျုပ်မသိဘူး..
    တစ်ခါတော့ သူပြောသေးတယ်… အဲဒါ ကျောလဲခိုင်းလိုက်ရော တန်းမေ့သွားတော့တာပဲ…
    ကျုပ်စိတ်ထဲမတော့ ကိုဘလက်ချောကို ကိုဘလက်ချော လို့ပဲ ခိုင်ခိုင်မြဲမြဲစွဲဝင်နေတော့တာကိုး…
    ဒါကြောင့်ကိုချောနဲ့ပတ်သက်ရင် ကျုပ်က နှစ်ခွန်းပဲပြောတတ်တယ်…

    သူ့နာမည်က ကိုဘလက်ချော….
    ပြီးတော့ … သူက မိတ်ဆွေကောင်းတယောက်….

  • အဂ္ဂမဟာ သီရိ သုဓမ္မ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် လယ်ထွန်Z

    October 19, 2012 at 3:07 pm

    ဟက်ပီဘာ့သ်ဒေး ဘဘဘလက်ရေ…

    ပုံ
    မောင်ဂီ ၊ မိကု

    :harr:

    :kwi:

    • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

      October 19, 2012 at 3:45 pm

      အွန် …. တချိန်လုံး ကုနေရလို့ .. ဆေးရောမှီပါ့မလား မိဂီရယ်… ကုပဲ ကုနိုင်လွန်းတယ်အေ …… ညည်းက :harr:

  • မောင်ပေ

    October 19, 2012 at 3:09 pm

    24မှာ မနက်ပြေး
    စကီတွေအနောက်ကို
    အတည်တွေဆိုသောက်
    မညှီ ချိုမေရောက်
    အပီဆိုလေ တစ်ယောက်။
    ဟက်ပီဘက်ဒေးပါ

  • kyeemite

    October 19, 2012 at 3:10 pm

    အော်..ရဲဘော်ဘလက်တောင် ၂၄ နှစ်တင်းတင်းပြည့်သွားပီကိုး…
    အနိစ္စ ဒုက္ခ အနတ္တ….အဲ အဲ..ဘာတွေရွတ်နေမိပါလိမ့်..
    Very very heavy bathe day ပါဗျာ…
    ဟာ ..စာလုံးပေါင်းကမမှတ်မိပြန်ဘူး..ဒွတ်ခ
    ဗမာသံစစ်စစ်နဲ့ပဲ ဘိုလိုပြောတာကောင်းဘာဒယ်လေ..နော့
    ဗဲရီး..ဗဲရီး ဟက်ပီးဘတ်ဒေးပါ ရဲဘော်ဘလက်
    မွေးနေ့မှာ လက်ကျန်ငွေလေးနဲ့ နာမည်နဲ့လိုက်အောင် “ဘလက်” တိုက်နိုင်ပါစေ(`ဤကား ရင်ထဲမှဆုတောင်းတည်း)
    အပြင်အနေနှင့်မူကား…ဤသို့…
    ရဲဘော်ဘလက်တစ်ယောက် ယခုကျရောက်သော မွေးနေ့မှသည်
    နှစ်ပေါင်းနေချင်သလောက်တိုင်အောင် နေချင်သူတွေနဲ့
    ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေနိုင်ပါစေဟူ၍သာ…ဆုတောင်းခဲ့ပေတော့သည်တမုံ့။
    ကိုဘလက်တင်တဲ့ကဗျာဖတ်ပီးမှ ဆုတံဆိပ်တွေကိုကြောက်နေတဲ့…
    ဘာမှမဟုတ်တဲ့ ..
    ရိုးရိုးကြီးမိုက်။:hee: :harr: :528:

    • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

      October 19, 2012 at 4:20 pm

      ရိုးရိုးကြီးမိုက်ဆိုတော့ ရှယ်ကြီးမိုက်ရှိသေး တယ်လို့ပြောချင်တာပေါ့ …. :harr:
      ဦးဘလက် အနာရောဂါ ကင်းရှင်းကျန်းမာ၍ သက်တော်ရာကျော်ရှည်စေသောဝ်……….

  • ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ

    October 19, 2012 at 3:20 pm

    ဟက်ပီဘက်ဒေးပါ ကိုဘလက်ချော။
    မွေးနေ့မှ နောင်နှစ်ပေါင်းများစွာ လိုချင်တာတွေ ပြည့်ပါစေကြောင်း ဆုတွေတောင်းလိုက်ပါ၏

  • အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ

    October 19, 2012 at 3:24 pm

    24 နှစ်မြောက်မွေးနေ့မှာ ပျော်ရွှင်ပါစေ အန်ကယ်ဘလက်ရေ။ မသောက်ဘဲ လှူလိုက်လို့
    အူးဗိုက်တယောက် အန်ကယ်ဘလက်ရဲ့
    မွေးနေ့အလှူကို မှတ်မှတ်ရရ ဖြစ်နေတာ့မှာပါဘဲ။

    16နှစ်သမီးလေး
    ………………………………… :mrgreen:

    • အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဇင်းဗိုက် { B.E }

      October 19, 2012 at 3:29 pm

      သာဓုခေါ်နေပါတယ်ကွယ်..
      သာဓုပါ.သာဓုပါ..
      မုဒိတာသျှင် အုဗိုက်
      ရင်ထဲ အသဲထဲကနေ ခေါ်တာပါ..
      သာ..ဟာ..ဟာ..ဓု

  • jullies cezer

    October 19, 2012 at 3:28 pm

    Happy Birthday ပါကိုဘလက်ချောရေ ဒါနဲ့မွေးနေ့က ၂၄ ဆိုတေ့ာ အင်း
    အာရမှာ မဟုတ်လောက်ပါဘူးနော် 😛 ခင်တဲ့ ……….

  • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

    October 19, 2012 at 4:15 pm

    Happy Birthday ပါ အူးအူးချင့် …..
    ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေးဖြစ်ပါစေ ……. အမူးလွန်လို့ … လေးဘက်မထောက် .. ရကော်ဒါမပျောက်ပါဇီနဲ့နော် … ….. အဟီး :kwi:

  • Shwe Tike Soe

    October 19, 2012 at 4:26 pm

    အော် ကျွန်တော်အဖေက တော့ ၄၂ နှစ်မှာ ဆုံးသွားပေမယ့် ဦးဘလက်ကြီးကတော့ ကျော်လာခဲ့ပီနော်… ဟေဟေဟေ့
    အလှူအတွက် သာဓုသုံးကြိမ် ဖုန်းနဲ.လှမ်းခေါ်လိုက်ပါတယ်… ဒါပေမယ့် ရင်ထဲတော့ ပျို.ပျို.နေဒယ်…
    သူပဲ သူမွေ.နေ. ဂျပ်ဆင်ထိပ်လိုက်ပို.မယ်ပြောထားပီး အရီးးးးးးးးးးးးးဟီးဟီး အရီးးးးးးးးးးးးးးးးဟီးဟီး
    အရီးးးးးးးး ……….. အဟီးဟီး

    ဟတ်ပီဘတ်ဒေးမှာ ဘက်ထားတာလေးတွေ ရှိရင် အကုန်ထုတ် ဘလက်မွေးနေ. ဘလက်လေဘယ်လေး ဖြစ်ဖြစ် ဖြစ်သလိုလေးပဲ ဂုဏ်ပြုမယ်ဂျာ…….

    ဟာဂျာ ဟာဂျာ ရဘူးဂျာ တောက်မှာပဲ ရေဖြစ်ဖြစ်တော့ တိုက်ဗျာ စတိ ပေါ့………

    ဦးဘက် မွေးနေ.ပျော်ရွှင်ပါစေ :hee: :hee:

    • Shwe Tike Soe

      October 19, 2012 at 4:40 pm

      ဦးဘက် ဖြစ်နေတယ် လက် ကျန်ခဲ့လို.
      ဦးဘလက်မွေးနေ.ပျော်ရွှင်ပါစေ………..

  • myanmarcitizen

    October 19, 2012 at 4:30 pm

    ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ

  • အလင်္ကာ ပန်တျာ ဘာရာဏသီ ဝေသာလီ ရာဇ သတိုး ဗြဇ္ဇ တေဇ သီဟ ဒီပ သမိန်မဟာ အမတ်ဒိန် ချစ်သော လဂွန်းအိမ

    October 19, 2012 at 4:49 pm

    မင်္ဂလာ ရှိသော မွေးနေ့ရက်ဖြစ်ပါစေ..အကိုရေ..
    နေ့တိုင်း အချိန်တိုင်းကို ချစ်ခင်သော သူများနဲ့
    အပူအပင်အနည်းဆုံး သောကခပ်ပါးပါးနဲ့ ပျော်ပျော်ရွင်ရွင် ဖြတ်သန်းနိုင်ပါစေ..
    တူရာသီဖွားချင်းမို့ ကျန်တဲ့ကောင်းခြင်း အကျိုးတရားတွေလည်း တူတူပြည့်ကြတာပေါ့ နော့ 🙂

  • နှင်းဆီ ငုံ

    October 19, 2012 at 4:54 pm

    အိုး 24 နှစ်ကြီးတောင်ပြည့်တော့မှာလား
    မီးတောင်ခုမှ 12 ပဲရှိတေးတာပါချို … အူးအူးဘလက်ကလဲ …
    မွေးနေ့မှာပျော်ရွှင်ပါစေနော်
    နောက်နှစ်ပေါင်းများစွာ ချစ်သူခင်သူတွေနဲ့ အောင်မြင်ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ဖြတ်သန်းနိုင်ပါစေ…

  • မွေးနေ့မှာ ပျော်ရွှင်ပါစေနော် ဦးလေးဖြူကြမ်း..
    ချိုပေါ့ကျလေးတွေ လွမ်းမိသားနော်… ၁၉ ရက် ၁ဝ လ.. အင်း..ဂဏန်းတွေကတော့ ရှယ်ပဲ… :mrgreen:

    နောင်နှစ်ပေါင်းများစွာတိုင် အေးချမ်းပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့…
    မွေးနေ့အလှူအတွက်လည်း သာဓုခေါ်ပါတယ်လို့…

    ခင်တဲ့
    လုံမ

  • မဟာ့မဟာ မဟာထိပ်ခေါင် ခေါင်းပြောင်ဖွတ်ကျား သောက်သောက်စားစား လူ့ငနွား

    October 19, 2012 at 5:14 pm

    အိမ်း
    မွေးနေ့ကျရောက်ပြီးသကာလ
    အလှအပ အနုအရွ ပုပုကွကွ
    နှမဒေဝီ မမကေသီတို့ဖြင့်
    ပေါင်းဖေါ်စုံမက် ဤတသက်
    ပြည့်စုံကြွယ်ဝ ဘုံဘဝမှာ
    နေထိုင်တင့်တယ် အပါယ်ကွယ်ပျောက်
    နိဗ္ဗာန်ရောက်စေ ။ ဒူဝေဝေ
    (ပျော်စေသဘော ဟာသနှော၍ မန့်ခြင်းအပေါ် ရွှေစိတ်တော်အလိုမကျ
    မဖြစ်ရအောင် တောင်းပန်အပ်သည် )

  • ကိုဘလက်
    မွေးနေ့မှာ
    နဂိုလက်နဲ့
    အပျိုဖက်နိုင်ပါစေ …. 😆

    ချစ်လို့စတာနော် …..
    မွေးနေ့တစ်နေ့တည်းမဟုတ်ပါဘူး ယနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်၏ချမ်းသားခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်ဝစွာ စံစားခံစားနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် …..

  • လင်းဝေ

    October 19, 2012 at 5:30 pm

    ကိုဘလက်တို့ ကတော့ ဆယ်လီဘရစ်တီ ပီသစွာ မွေးနေ့မှာ အများကောင်းကျိုးအတွက် အလှူလုပ်ပေးတာကိုး။ သာဓု x ၃ ပါဗျာ။
    ကျောင်းဒကာ လည်း အသက်လေးထောက်လာပြီမို့ အရက်ကလေးလည်း ခပ်စိပ်စိပ် မသောက်တော့တာ သတိထားမိတယ်ဗျ။
    အာရောဂျံ ပရမံ လာဘံ ဆိုတယ် မဟုတ်လား ကျောင်းဒကာ ( ဦးကျောက်လုံး လေသံဖြင့် နားမထောင်ပါရန် )

  • padonmar

    October 19, 2012 at 8:16 pm

    Happy Birthday ကိုဘလက် ၊အလှူတွက်လည်းသာဓုပါ။
    ဦးပါပြောသလိုပဲ ကိုဘလက်နာမည်ရင်းမသိပါ။သိလည်းမသိချင်ပါ။ကိုဘလက် မဒမ်ဘလက်ဆိုပြီးပြီပေါ့။
    စိတ်ပါရင် စိန်ဗိုက်မှည့်ပေးသလို
    (တံခါးမှူး ရွှေပေါက်တူး အဖျော်ဆရာ ကျောင်းဒဂါ မစ်စတာ ချိုပေါ့ကျ ဘဘဘလက်ချောဖြူကြမ်း ) လို့သာ နာမည်မှည့်ပေးပြီး ခေါ်လိုက်ရုံပေါ့။

    ပုံ
    စူဠဝိသိဋ္ဌဥက္ကဋ္ဌဘဏ္ဍာဂါရိက ဧကရီရှင်စောပုအိမ်အနီး ဂဇက်မာလာရွှေပွင့်လွှာ ပဒုမ္မာ

  • အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဇင်းဗိုက် { B.E }

    October 19, 2012 at 9:00 pm

    အမှန်မွေးနေ ့က ရုံးပိတ်ရက်ကျနေသမို ့ ရုံးသူရုံးသား ရွာသူားများ အမီ သိလိုက်ရအောင် မွေးနေ ့ပို ့စ်ကို အဆောတလျင် အသောနှင်မိတာ ခွင့်လွှတ်ပါ ဒဂါတော် ရေ

  • ကိုရင်မောင်

    October 19, 2012 at 11:06 pm

    ကိုဘလက်ကြီး ယခုကျရောက်မဲ့မွေးနေ့မှ
    နောင်မွေးနေ့ပေါင်းများစွာပျော်ရွင်ချမ်းမြေ့စွာဖြတ်သန်းနိုင်ပါစေဗျာ……

  • surmi

    October 19, 2012 at 11:25 pm

    ဘဘ ဘလက်ရေ
    မွေးနေ ့မှသည် သက်ဆုံးတိုင်ထိ ပျော်ရွှင်ခြင်းများနှင် ့ လိုတရပြီး
    ဂဇက်အတွက် မရှိမဖြစ် ဘလက်အဖြစ် ဆက်လက်အကျိုးဆောင်နိုင်ပါစေဗျာ

    ပုံ
    ရဟီးဆပ် မားသလူး ချန်ဒရာစူရိယဂုရုဆာမိ

    (ဘာရယ်မဟုတ်ခေတ်မှီအောင်နံမည်ပြောင်းလိုက်တာ)

  • ပြည်ကြီးကောင်ရင်မို

    October 19, 2012 at 11:35 pm

    ကျနော်လဲပြောင်းလိုက်ပြီဗျာ…..

    • သီ ဂရမ်း ဂျူ့ & ကွန်မန်ဒါ အင် ချိဖ် အော့ဖ် မန်းဒလေး ဂဇက် အရီး

      October 20, 2012 at 3:27 am

      အဲလို အလုပ်နဲ့လေ။ မမယ်မ ငိုနေဦးမယ်။ :kwi:

  • သီ ဂရမ်း ဂျူ့ & ကွန်မန်ဒါ အင် ချိဖ် အော့ဖ် မန်းဒလေး ဂဇက် အရီး

    October 20, 2012 at 3:26 am

    ၂၁ မှာ legally able to do everything လို့ ဆိုတာမို့
    ၄၂ မှာ ကြိုက်တာအားလုံးကို ၂ဆတိုး နဲ့ တရားဝင် ကြဲပေတော့ ကဘချော ရေ။

    ပျော်ရွှင်ဖွယ် မင်္ဂလာမွေးနေ့ရက် မှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း မှအစပြု၍ လိုအပ်သောဆု မြတ်သောဆုများ ပြည့်ဝကာ မဒမ်ချော နဲ့ အတူ ဘဝ အောင်မြင်မှုများ ရရှိနိုင်ပါစေ။

    A Very Happy Birthday!!!!!

    ဘီအီး ဗိုက်ဗိုက် လေး ကိုလဲ သင်းကျူးနော်။ :hee:

  • ကိုသင်း

    October 20, 2012 at 3:40 am

    ကို နက်ချော —–
    မွေးနေ ့မှသည် နောင်နှစ် ၁၀ဝ တိုင်ပါစေ——။
    (ဒါမှ ခင်ဗျားရဲ့ ချိူပေါ့ကျတွေ အများကြိးသောက်ရမှာ)

  • kai

    October 20, 2012 at 3:49 am

    အခုမှ ၂နှစ်သားလေးပေါ့..
    Life Begins at Forty တဲ့လေ…။

    • Khaing Khaing

      October 20, 2012 at 10:21 am

      သဂျီး မျက်နှာလိုက်တယ် … ပုံတင်ပြီးမွေးနေ့ဆုတောင်းပေးတယ် …. မီးမီးအလှည့်ကျရင်တော့ မလုပ်ပေးရင် သဂျီးကို စိတ်ဆိုးမယ် … ဒုတ်နဲ့ထိုးမယ် … မီးမီးမွးနေ့ဆိုတာ ကလေးမွေးတဲ့နေ့နော် ….

  • Foreign Resident

    October 20, 2012 at 4:59 am

    Happy Birthday ပါ ကိုဘလက်ချောရေ ။

    တော်သေးတာပေါ့ ကိုဘလက်ချော မို့လို့ ဘလက်ပဲ ပူဆာကြတာ ။
    တကယ်လို့ ကို ဘလူး ချော ဆိုပြီးမှည့်မိရင် ဘလူး ဝိုင်း ပူဆာကြမှာ ။
    အကုန်အကျ သက်သာအောင် ကို ရက်ဒ် ချော ဆိုပြီးပြောင်းမှည့်လိုက်ပါလား ။
    😛

  • ရွှေအိမ်စည်

    October 20, 2012 at 8:02 am

    ဒီနေ့ မွေးနေ့ရှင် သူငယ်ချင်း တို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ ကောင်းကျိုးလိုရာဆန္ဒပြည့်ပါစေ အလှူရေစက်လက်နှင့်မကွာပေးလှူနိုင်ပါစေ ကျွေးမွေးပြုစုစောင့်ရှောက်နိုင်ပါစေသော်..(ဘလက်ဖြင့်)

    ✿◕ ‿ ◕✿☆:♪´¨`★:♪..:*´¨`*:.☆ HaρPу Bιятн∂αу ✿◕ ‿ ◕✿ ☆:*´¨`*:..:*´¨`*:.☆
    http://apps.facebook.com/bdaysreminder/?ref=bday7

  • အားလုံးတော်တန်တိတ်... သဂျီးသမက် ကိုရင်ကြောင်ကြီး

    October 20, 2012 at 10:08 am

    ဟက်ပီးဘက်သ်ဒေး တူ ဦးဘလက်ချော..
    မွေးနေ့
    ထွေးပွေ့
    ဝှေးစေ့
    နွေးခွေ့
    ပြေးဟေ့
    ကြေးမေ့
    အေးပေ့
    မြေးတွေ့..။

  • kyeemite

    October 20, 2012 at 10:20 am

    ကိုဘလက်အတွက် ကဗျာလက်ဆောင်လေးပါ….

    ဇော် (ပျဉ်းမနား) – မွေးနေ့ ကဗျာများ
    မတ် ၁၂၊ ၂၀၀၉
    ချက်ကြိုးထုံးတဲ့နေ့
    ဇော် (ပျဉ်းမနား)
    တကယ်ပါ … တကယ်ပါ
    လူစင်စစ်လေ မှက်ခြင် ဖြစ်ချင်ပါဘိတောင်း။
    တကယ်ပါ … တကယ်ပါ
    လျှာမရမ်းပါဘူး
    သမ္မာကျမ်းကို လက်တင်ထားပါတယ်
    ချက်ထုံးစကတည်းက
    ဆယ်သုံးက မတက်ပါဘူး
    ခွက်ထိုးခွက်လန် ပြုံးရပါတယ်။
    အလို မွေးနေ့ဆိုပါလား
    ဆွေးမြေ့စရာ ကဗျာဓာတ်တွေနဲ့
    ပြေးတွေ့စရာ ကြမ္မာရဟတ်ပေထင့်
    မွေးနေ့လွန်ရင် ငါ အမြတ်ပေပဲ
    ကဗျာစပ်သူ သံသရာမှာ
    ဟင့်အင်း ဆိုတဲ့ စရဏ
    အငြင်းဝါကျ တခု
    လက်ဆွဲ ဂုတ်တွန်းတွေနဲ့
    ပွန်းနေတဲ့ ခြေထောက်
    ပိတောက် ဘယ်နှဆယ် ရောက်ပြီလဲ
    (ဗိုလ်အောင်ဒင် လေသံနဲ့)
    “မကြောက်ပါနဲ့ မြ ရယ် …
    ကွယ် … ငါ လောင်ကျွမ်းသွားတာမှ မဟုတ်တာပဲ …”
    ကျုပ်တို့ ဆော့ခရတ္တိ
    သတိရတိုင်း ချစ်မိတယ်
    အသက်သစ်လည်း သူ မရှာ
    ငါဖြစ်ပါ သူမတမ်း
    မှက်ဖြစ်တာ သူက လွမ်းသတဲ့ …
    အို … အေသင်မြို့သား အမျိုးကောင်းသားတို့
    အနာဂတံကို ခွာသံဖြောင်း
    ဒေါင်းဒေါင်းပြေး
    သွေးဖျတ်လတ်
    တောင်စဉ်မှာ မရပ်အောင်
    ဆတ်ခနဲ ကြွ
    နတ်ကျတဲ့မြင်းလို
    မြင်းကိုယ်ထဲ ငါဝင်
    ကိုက်နှိုးနေမယ့် ဝိညာဉ်
    ငါ ခုံမင်စွာ … တဲ့။
    အသက်ရလည်း တက်ကြွမပျက်
    ငှက်ဘဝထက် မှက်ခြင်ဘဝ
    သူတောင့်တ သတဲ့
    အလှဆုံး အာဂမသဒ္ဒါတရား ပါလေ။

    (အာဂမသဒ္ဒါ = အသက်ကို ပဓာနမထားတဲ့ သဒ္ဒါ၊ အာဇာနည်တို့တွင်သာ တည်တဲ့ သဒ္ဒါ)

  • Khaing Khaing

    October 20, 2012 at 10:23 am

    Happy Birthdaysလေးလေးဘလက်နဲ့ ကိုဗိုက်ကလေး အတွက်မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ………. မွေးနေ့တင်မကပဲ နောက်ရက်တွေမှာလဲ လိုအင်ဆန္ဒမှန်သမျှ ပြည့်စုံပါစေ ………

  • ဦးဦးဘလက် တစ်ယောက်
    ယခု မွေးနေ့မှစ လာမည့် နှစ်များစွာတိုင်အောင်
    စိတ်၊ ကိုယ် ကျန်းမာ၊ ချမ်းသာခြင်းများနှင့်
    ပြည့်စုံနိုင်ပါစေကြောင်း ဆုမွန်တောင်း တောင်းလိုက်ပါရစေခင်ဗျာ …

  • ရွာစားကျော်

    October 20, 2012 at 11:45 am

    Happy Birthday ပါ ဘဘ ဘလက်ချောရေ ။
    အထက်မှာ ရွာသူားများ ပေးခဲ့တဲ့ ဆုတွေအားလုံးနဲ့ ပြည့်စုံပါစေဗျာ…. (အကျယ်ရေးရင်ရှည်နေအုံးမယ် 🙂 )

  • MaMa

    October 20, 2012 at 10:27 pm

    ရွာသူားတွေ အားလုံးကို သိမ်းကျုံးခေါ်ဆောင်နိုင်စွမ်းရှိတဲ့ ….
    ချိုပေ့ါကျပင်တိုင်ရှင် ဘွဲ့များတကာ့ပိုင်ရှင် ကျောင်းဒကာကြီးရဲ့…..
    မွေးနေ့ရက်မြတ်မှသည် ပြုပြုသမျှသော ကောင်းမှုကံတွေကြောင့်…..
    ကောင်းကျိုးများစွာ ဧကန်ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    ဒါထက်စကားအတင်းစပ်-
    မွေးနေ့ရှင်က ၂၄နှစ်မြောက် ဆိုတော့ …..
    ဝမ်းသာသွားတယ်။
    ကျမက ကိုဘလက်ထက် ၁ နှစ်လောက်ပဲ ပိုကြီးတော့မယ်။ :kwi:

    • ကထူးဆန်း

      October 21, 2012 at 7:26 am

      ဟက်ပီးဘတ်ဒေးပါ ဘဘကြီး ဘလက်ရေ ..
      ဟိ ဟိ .. မနှစ်က ဘဘ ဘလက်ဖြစ်သွားပြီဆိုခဲ့တော့ ဒီနှစ်က ဘဘကြီးဖြစ်သင့်ပြီပေါ့… နော်..
      ဟုတ်တယ်မဟုတ်လား .. မမကြီး …. အဲ ..
      :kwi:

      • MaMa

        October 21, 2012 at 10:48 am

        ဘဘကြီးဘလက် ဖြစ်သွားပြီလို့..
        ဘဘလေးထူးဆန်းက ပြောတာကို….
        မမကြီး မမ က ထောက်ခံပါတယ်။
        (မမကြီး ဆိုတာ ဘဘကြီး/လေး တွေထက် ငယ်သေးတယ်။) :harr:

  • ရွှေ ကြည်

    October 21, 2012 at 11:23 am

    ဦးဘလက် မွေးနေ့မှစနောင်နှစ်ပေါင်းများစွာ ကြွေးဟောင်းတွေကျေအောင်ဆပ်နိုင်ပြီး ကြွေးသစ်တွေလည်း
    ကောင်းမွန်စွာချပေးနိုင်ပါစေ။ ကျန်းမာပျော်ရွှင်ပါစေလို့..။

  • blackchaw

    October 21, 2012 at 12:53 pm

    မနှစ်ကတော့ ကိုယ်တိုင်ရေးခဲ့တဲ့ ပို့စ်လေးမှာ
    သူကြီး ပေးခဲ့ဘူးတဲ့ ကိတ်မုန့်ကြီးနဲ့
    မွေးနေ့က လှပခဲ့ပါတယ်…။
    ဒီနှစ်တော့ ညီငယ် ပေါက်ဖေါ်ရေးတင်ပေးခဲ့တဲ့ပို့စ်လေးနဲ့
    ရွာသူရွာသား ညီကိုမောင်နှမတွေနဲ့
    ကျွန်ုပ်တို့၏ သူကြီးပေးတဲ့ ကွန်းမန့်လေးကြောင့်
    တစ်မျိုးလှနေပြန်တာပါပဲ ဗျာ…။
    ဆုတောင်းပေးကြသူအားလုံး ကို ကျေးဇူးအထူးပါ ခင်ဗျာ…။
    နောက်ထပ်တော့ ပို့စ်လေးတစ်ပုဒ်ရေးတင်ပြီး ကျေးဇူး ရှိသူတွေကို
    ကျေးဇူးတင်ကြောင်းပြောပါ့မယ်လို့ … (အခုတော့ အကြွေးလေး မှတ်ထားပါဦး ကျောင်းဒကာတို့ရေ)
    ထူးထူးခြားခြား ကွန်းမန့်လေး ဝင်ရေးပေးခဲ့တဲ့
    ညီငယ်မောင်ပေကိုလည်း အထူးကျေးဇူးတင်ပါကြောင်း …။
    ဒီနှစ်မွေးနေ့ကတော့ ယားလို့တောင်မကုတ်အားလို့
    ဖက်တီးကက် ပြောသလို ကုတ်ဖို့ လူတစ်ယောက်တောင် လစာပေး ငှားရမယ့် အပေါက်မျိုးကြီးဗျ…။
    ဒီကွန်းမန့်လေးကို တကယ့်ကို ပြေးရင်းလွှားရင်း အင်တာနက်ဆိုင်တစ်ဆိုင်မှာ
    ကမန်းကတမ်း ဝင်ရေးခဲ့တာပါ…။
    ဆိုတော့ တစ်ယောက်ခြင်းစီ ကျေးဇူးစကားကို
    အခု ခဏလေး အကြွေးမှတ်ပေးထားကြပါဦးလို့…။
    သူကြီး ကွန်းမန့်ထဲက ပုံလေးအတွက်လည်း ကျေးဇူးအထူးပါ သူကြီးရေ…။
    အားလားမေးရင် ဘယ်တော့မှ မအားတဲ့လူ
    အလုပ်ရှိလားမေးရင် ဘယ်တော့မှ မရှိတဲ့လူ
    အရံမီးသတ် ဘလက်ချော…။
    :mrgreen: :mrgreen: :mrgreen: :mrgreen: :mrgreen:

    • အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဇင်းဗိုက် { B.E }

      October 21, 2012 at 1:07 pm

      မွေးနေ ့ရှင် လာပြီဆိုတော့
      ပုလင်းတွေဖောက်..အဲလေ..ဖယောင်းတိုင်တွေမှိတ်ပြီး ဘီအီးပါတီစ..အဲ.အဲ..ကိတ်မုန် ့ပါတီ စတော့မယ်နော့
      ဖျောင်းဖျောင်း..ဖရောင်း..ဖျောင်း ( လက်ခုပ်သံ )

Leave a Reply