တန်ရာတန်ရာ အင်္ဂလန်

myanmar oscarOctober 18, 20121min682

ကမ္ဘာ့ဘောလုံးပရိသတ်နှင့် မြန်မာ့ဘောလုံးပရိသတ်အကြိုက် အင်္ဂလန်အသင်းရဲ့

တိုက်စစ်စွမ်းရည်နဲ့ခံကန်အားကိုဝေဖန်ကြည့်ရအောင်။ ဒီပွဲဟာ မြန်မာစံတော်ချိန် ၁ရ.၁၀.၁၂ နေ့

နံနက် (၁:၁၅)နာရီမှာ ပိုလန်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းတဲ့အတွက်ကွင်းရေလျှံလို့ပျက်ခဲ့ရတဲ့

ပွဲကို ည(၉း၃၀) အချိန်မှာ ပြန်ကန်တဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ နည်းပြဟော့ဆန်ကတော့ အင်္ဂလန်အသင်း

ကို လူငယ်တွေနဲ့ သမ္ဘာရှိတဲ့သူတွေပေါင်းစပ်ပြီးပြုပြင်လာတာကတော့နောင်အတွက်တော့ကောင်း

သောစနစ်ပါ။ ဂိုး-ဂျိုးဟတ်၊နောက်တန်းဂလင်းဂျွန်ဆင်၊ဂျာဂယ်လ်ကာ၊လက်စ်ကော့၊အက်စ်ရှလေးကိုး၊

အလယ်တန်း-ဂျိမ်းမီနာ၊ဂျရတ်၊ကလီဗာလေ၊ကာရစ်၊ရှေ့တန်း-ဒီဖိုး၊ရွန်းနီ တို့နဲ့ပွဲထွက်လာခဲ့ပါတယ်။

ပွဲစတယ်ဆိုတာနဲ့ အင်္ဂလန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုကိုအသာစီးရယူပြီး၊တိုက်စစ်ကို

တော့ ပုံမှန်ကစားနေကြအတိုင်း အဝေးဘောတွေနဲ့သာတိုက်စစ်ဆင်ခဲ့ပါတယ်။ မီဒီယာစာမျက်နှာတွေ

ပေါ်မှာ ဦးစားပေးဖေါ်ပြခံရလို့နာမည်ကြီးတဲ့ အင်္ဂလန်အသင်းဟာ ဘယ်ပြိုင်ပွဲမှာမဆို ကစားကွက်က

တော့စိတ်ဝင်စားစရာမကောင်းလှပါဘူး၊တစ်ချက်ထိ၊နှစ်ချက်ထိအတိုပေး၊လွတ်နေတဲ့ကွက်လပ်တွေကို

နေရာယူမှုအပိုင်းတွေခပ်ရှားရှားပါ မရှိသလောက်ပဲ။အခုပွဲလဲဒီအတိုင်းပါပဲမိမိဇုံအတွင်းမှာသာတာဝန်

ကျေအောင်ကစားကြတာပါ။ ဘောလုံးလမ်းကြောင်းတွေကို လိုက်မဖွင့်ကြပါဘူး။ဒါပေမဲ့အင်္ဂလန်ကဦး

ဆောင်ဂိုးရသိားပါတယ်။(၃၀)မိနစ်မှာရတဲ့ဒေါင့်ကန်ဘောကို ဂျရတ် ကန်တင်ပေး ဂိုးပေါက်မှာရှိတဲ့

ရွန်းနေကနောက်ခံလူနှစ်ယောက်ကြားထဲကနေခေါင်းတိုက်ပြီးသွင်းယူသွားတာပါ။ပိုလန်ရဲ့အဆုံးသတ်

မှုတွေဟာမသေချာလို့သာအင်္ဂလန်အသင်းပထမပိုင်းမှာ(၁းဝ)နဲ့ဦးဆောင်နိုင်ခဲ့ပါတယ်၊ဘောလုံးပိုင်ဆိုင်

မှုကတော့ အင်္ဂလန်က ၅ရ နဲ့ ပိုလန်က ၄၅ ဖြစ်ပါတယ်။

ပိုလန်အသင်းဟာ ဒုတိယပိုင်းစတာနဲ့တိုက်စစ်မြင့်ပြီးအင်္ဂလန်ဘက်ကို ကြိမ်ဖန်များစွာ

ခြိမ်းချောက်ပါတော့တယ်။ရွန်းနီတောင်ခံစစ်ဇုံထဲထိဆင်းပြီးလိုက်ဖြတ်နေရတယ်၊ထို့အတူဂျိုးဟတ်က

လည်းလက်စွမ်းပြကာကွယ်မှုတွေပြုလုပ်နိုင်လို့သက်သာရာရခဲ့တာပါ။(၆၄)မိနစ်မှာရတဲ့ပြစ်ဒဏ်ဘော

ကိုဂျရတ် ကန်တင်ပေးရာမှာ လွတ်လွတ်ကျွတ်ကျွတ်ပိတ်သွင်းခွင့်ရတဲ့ဒီဖိုးအံ့အားသင့်ဖွယ်လွဲချော်

သွားပါတယ်။(၆၆)မိနစ်မှာ ဒီဖိုး အစားဝဲလ်ဘတ်ဝင်လာလို့တိုက်စစ်ကပြန်အသက်ဝင်လာပါတယ်။

(၆၈)မိနစ်မှာလဲ သဲလ်ဘတ် ဂိုသမားနဲ့ယှဉ်လုပြီးရလာတဲ့ဘောလုံးကို ရွန်းနီကိုချပေးရာမှာ

ကိုရွှေရွန်းနီကန်ချက်ကဂိုးဘားပေါ်ကျော်သွားလို့နစ်နာခဲ့ရပြန်ပါတယ်။ (၇၀)မိနစ်မှာတော့

ပိုလန်နောက်ခံလူကာမေး ရဲ့ခေါင်းတိုက်ကို ဂျိုးဟတ် မကွာကွယ်နိုင်ပဲဂိုးအဖြစ်ခွင့်ပြုလိုက်ရပါတယ်။

(၇၂)မိနစ်မှာ ရွန်းနီအစား ချိန်ဘာလိန်နဲ့လူစားလဲခဲ့ပါတယ်။စဉ်းစားရရင် ဟော့ဆန်ဟာလူစားလဲ

မှုတွေကိုရဲရဲတင်းတင်းမလုပ်ရဲပဲ ဒွိဟစိတ်တွေများနေပုံပေါက်နေတယ်။အဲ့ဒါကြောင့်လဲကစားကွက်က

တိုက်စစ်ရောင်ရောင်နဲ့ တဖြည်းဖြည်းနဲ့ ခံစစ်ကိုကူးပြောင်းနေတယ်လို့ထင်မိတယ်။ပွဲအပြီးမှာတော့

(၁း၁)ဆိုတဲ့သရေရလဒ်သာထွက်ပေါ်လာခဲ့တယ်။လုပ်အားနှုံးကိုသုံးပြီးပေးဆပ်ရတဲ့ပွဲမှာတန်ရာတန်ရာ

ရတယ်ဆိုတဲ့အဆိုဟာ မှန်နေမလားတော့……..။

ဒီပို့စ်လေးကို ပွဲပြီးချိန်မှာတင်မလို့ကြိုးစားခဲ့ပေမဲ့ ရွာထဲကိုဝင်မရလို့ အခုမှတင်လိုက်ရတာပါ။

2 comments

  • မောင်ပေ

    October 18, 2012 at 1:33 pm

    ရွန်းနီ ရဲ ့ကြက်ဂိုးသာ မရခဲ့ရင် ဘဲဥစားပြန်ရတယ်

  • myanmar oscar

    October 18, 2012 at 2:31 pm

    ရွန်းနီ ရဲ ့ကြက်ဂိုးသာ မရခဲ့ရင် ဘဲဥစားပြန်ရတယ်
    ဟုတ်တယ် ကိုပေရေ ရွန်းနီ သွင်းတဲ့ဂိုးက ခေါင်းနဲ့လား ပခုံးနဲ့လား
    ကျွန်တော်လဲသိပ်မရှင်းဘူး၊ကျေးဇူးပါ ကိုပေရေ….။

Leave a Reply