“အောင်ပန်းမြို့တောင်ဘက်က တိမ် အလှ”

1 နေ့လည်ခင်းမှာအုံ့ဆိုင်းမိူင်းညို့နေတဲ့တိမ်
2 တိမ်တောင်ထုရဲ့ အလှတင်ဆက်ခြင်း
3 တောတန်းအထက်မှာတိမ်
4 တူသလို မတူတဲ့တိမ်အဆင်လေးတွေပါ
5 လမ်းအကွေ့လေးက တိမ်တွေဆီကိုအရောက်သွားမယ်တဲ့
6ရေသောက်ဆင်းတဲ့တိမ်
7 မိုးတိမ်နုနုလေးအောက်ကို ဝင်ပုန်းနေတဲ့ နေမင်းအလင်း
8 မထင်မှတ်တဲ့ရောင်စဉ် (ဒါမျုးိကို ရှမ်းပြည်မှာဘဲ သုံးခါ ရဘူးတယ်)

 

9 တိမ်အလိပ်လိမ်က ဂွမ်းပုံကြီးကြည့်ရသလို
10 ဖြာထွက်ခြင်းအလင်း

 

11 ရေပြင်အရိပ်နဲ့ တိမ်ဂွမ်းဆိုင်
12 စိမ်းလန်းသော လယ်ကွင်းပြင် နှင့် တိမ်ဖြူလွင်
13 ရေပြင်နဲ့တိမ်ပြာလွင်
14 တိမ်မင်းသား
15 တိမ်ပန်းချီ လေထဲအလွင့်

 

16 တိမ်တွေထဲမှာ ကျနော်စိတ်တွေ လွင့်သွားလောက်အောင်လှ

 

“အောင်ပန်းမြို့တောင်ဘက်က တိမ် အလှ”

 

အောင်ပန်းမြို့တောင်ဘက်အထွက်လမ်းကို သွားလိုက်တဲ့ညနေခင်းမှာ မိုးတိမ်တွေအုံးမိူင်းလို့နေပါတယ်။

မြို့တောင်ဘက်ခြမ်းက တောင်ဘေးက လယ်ကွင်းတွေကို ဓါတ်ပုံရိုက်မယ်လုပ်တော့ အလင်းရောင်က စိတ်တိုင်းကျအောင်မရ။

အဲဒါနဲ့မြို့တောင်ဘက်ကိုဆက်သွားလိုက်တဲ့အခါ ကျယ်ပြန့်လွတ်လပ်တဲ့ကွင်းပြင်နဲ့အတူ လှပသောတိမ်တွေကိုတွေ့ရပါတယ်။

လမ်းဘေးဝဲယာမှာ စိန်းလန်းသောလယ်ကွင်းတွေ

ဂေါ်ရခါးသီးပင်တွေကို စင်နဲ့တင်ပြီးစိုက်ထားတာတွေ ကလဲ စိုစိုစိမ်းစိမ်း။

လမ်းလေးတွေက လဲ ကွေ့ကွေ့ကောက်ကောက်နဲ့ လှတပတ။

တစ်နေရာအရောက်လမ်းဘယ်ဘက်ဘေးမှာရေကန်လေးတစ်ခုကိုတွေ့ရပါတယ်။

ငါးများနေသူတွေလဲရှိပါတယ်။

ကန်ရေပြင်ထဲကိုအရိပ်ကျတဲ့ပုံတွေကို လဲအမိအရ။

အဲဒီကထွက်အလာကောင်းကင်ကိုမော့ကြည့်တော့ တိမ်ထဲကိုရောက်နေတဲ့နေမင်းအလင်းများက

ဖြာထွက်နေပုံကအတော်လှ။

နောက်ဆက်သွားလိုက်တော့ တိမ်အတန်းလိုက်ကြိးကလဲလှပ

တကယ်ကို လှတဲ့ တိမ်တွေကိုကျနော်ရလိုက်ပါတယ်။

 

 

ကိုပေါက်လမ်းသလားနေသည်

အောင်ပန်း အောက်တိုဘာ 12

(18-10-2012)

 

8 comments

  • Ma Ei

    October 31, 2012 at 11:39 am

    8 မထင်မှတ်တဲ့ရောင်စဉ်…
    10 ဖြာထွက်ခြင်းအလင်း…
    ပုံလေးတွေလှသလို အမည်ပေးလေးတွေကလဲ
    လှမှလှ ပါလား ကိုပေါက်ရေ…

  • တကယ်လဲမထင်မှတ်ဘဲရလိုက်တဲ့ ပုံလေးတွေပါ.
    ဒီတစ်ခေါက် အောင်ပန်းခရီးစဉ်က ကသုတ်ကရက်လဲနိုင်
    အလုပ်တွေလဲများ ဒီအထဲက ကမန်းကတန်းထွက်ရိုက်တဲ့
    ပုံလေးတွေက လဲ စိတ်တိုင်းကျတာလေးတွေရဆိုတော့ စိတ်ကျေနပ်စရာကောင်းတဲ့ခရီးစဉ်တစ်ခုပါဘဲ။

  • kyeemite

    November 1, 2012 at 11:34 am

    12 နဲ့ 16 ကဂေါ်ရခါးသီးပင်တွေကို စင်နဲ့တင်ပြီးစိုက်ထားတာတွေ
    တွေ့တော့ ငယ်ငယ်က မေမြို့မှာနေတုန်းက အိမ်မှာစိုက်ခဲ့တာ
    ပြန်သတိရမိပါတယ်…. လွမ်းသွားတယ်ဆိုပါစို့ ကိုပေါက်ရေ…

    • ရွှေ ကြည်

      November 1, 2012 at 11:40 am

      ရွှေကြည် ဘာပင်တွေကိုစင်တင်စိုက်ထားလဲဆိုပြီးသိချင်နေတာ ဦးကြိုက်မီးပြောလို့သိသွားပြီ။

      လေးပေါက်ရေ 1 နဲ့ 12 အရမ်းကြိုက်တယ်။

  • blackchaw

    November 1, 2012 at 12:48 pm

    ဓါတ်ပုံလေးတွေကြည့်ပြီး
    ကျွန်တော်အင်မတိအင်မတန်ကြိုက်သော
    ချစ်သုဝေလေးရဲ့
    တိမ်တွေနေတဲ့အရပ်ဆိုတဲ့ သီချင်းလေးသတိရသွားပါတယ်ဗျာ…။
    လေးစားခင်မင်တဲ့
    ဘလက်ချော…။

  • Hnin Hnin

    November 1, 2012 at 4:31 pm

    တိမ်တွေက အလင်းတွေဖြာထွက်နေတာလှတယ်..
    ဟိုနေ့ကပုံတွေကတည်းက ကြိုက်နေတာ…
    ၁၂ ကတော့ အတော်လှတယ်….ကြည့်ပြီး ခြံစိုက်စားချင်စိတ်တောင်ပေါက်သွားတယ်..
    မေမြို့သူပိစိဘဝ..လွဲချက်ကယ်က…
    ဂေါ်ရခါးပင်တွေကို ပဲတောင့်ရှည်ပင်တွေ ထင်နေတာ စာဖတ်ကြည့်မှ… 🙂

Leave a Reply