ပိုစ့်မော်ဒန် သိုင်းလောကရဲ့ စိန်ခေါ်သံ – ၃

ムラカミOctober 18, 20121min13015

နေရာက တောင်ပေါ်မြို့လေး တစ်မြို့ ၏ သေတင်းကုတ်တွင် ဖြစ်သည်။

မှုန်ပြပြ မီးရောင်အောက်တွင် လူ၄ယောက် ဝိုင်းဖွဲ့၍ အရက်သောက်နေကြသည်။

သို့ရာတွင် မည်သူမျှ စကားမပြောကြ …။ မှုန်ကုပ်ကုပ်နှင့် အရက်ကိုသာ တွင်တွင်သောက်နေကြသည်။

အမြည်း ကို လည်း မတို့ကြ။ ဘယ့်နှယ့် သည်လူတွေ …။

တာဝန်တခု ထမ်းဆောင်သည့် အလား …အရက်သောက်နေကြပုံကို ကြည့်ရင်း ဆိုင်ပိုင်ရှင် ဦးဖက်တီး

သက်ပြင်းချမိ၏။ အတွေ့ အကြုံ အရမို့ သိသည်။ ဒါဟာ တခုခု ထူးတော့ ထူးဆန်းပြီ ။

သို့သော် သူ့တာဝန်က မှာတာ ချပေးယုံ ။ ကျသင့်ငွေ ရှင်းလျင် လက်ခံယူရုံ သာ ဖြစ်သည်။

ပဲလှော်လေး မြည်းပါဦးလားဗျ။ ငါးရှဥ့်ခြောက် စပ်လေး မမွှေးဘူးလား ။ ကန်စွန်းလေးတွေ ချိုပါတယ်

ပြောဖို့ တာဝန် မရှိ။ ခင်ဗျားတို့ဗျာ .. အချင်းချင်း စကားပြောကြပါဦးလား ..ဆိုတာမျိုးကတော့ ပိုလို့တောင်

ပြောခွင့် မရှိ။

တခါတခါ တခုခု လုပ်လိုက် ပြောလိုက်ရခြင်းထက် ဘာမှ မလုပ် မပြောဘဲ ဘာဖြစ်လာမယ်မှန်းမသိသော

အခြေအနေကို ထိုင်စောင့်ကြည့်ခြင်းလောက် အီလည်လည်ဖြစ်ရခြင်းကား မရှိ။ သည်နေ့ကျမှ ညနေပိုင်း မိုးက

သည်းကြီးမည်းကြီး ရွာထားသဖြင့် သူ့ဆိုင်ကလေးမှာ ခါတိုင်းလို မစည်ကား။ တဆိုင်လုံးတွင် ထို-၄ယောက် ၁ဝိုင်းသာ

ဖောက်သည်ဟူ၍ ပြစရာ ရှိသည်။ ထိုငါးယောက်ကား ..။

 

ပိုစ့်မော်ဒန် သိုင်းလောက အကျော်အမော် ကတုံးညီနောင်-၄ဦး ပင်ဖြစ်သည်။

ကရဲပေပါ တယောက် စိနတိုင်းမှ တိတ်တဆိတ် ပြန်လာပြီး တောင်ပေါ်ဒေသတွင်

သူ့ ညီအစ်ကိုတွေကို စုဆောင်းခြင်းပင်ဖြစ်တော့ သိကိုး။

 

ဟုတ်သည် ကတုံးညီနောင် လေးဖော် ဆိုတာ တခြားတော့မဟုတ်…

ဇာတ်လမ်းအစတွင် မိတ်ဆက်ပေးဖူးသော ကိုရဲပေပါ-ကိုကမ်းမနီး-ကိုဒစ်စကိုတိုက် နှင့်

နောက်ဆုံးတစ်ယောက်မှာကား မဟူရာ သွ ... တို့ ပင်ဖြစ်တော့လေသည်…။

ဤနေရာတွင် မဟူရာသွ အကြောင်း အတန်ငယ် မိတ်ဆက်ပေးချင်မိသည်။

သူကတော့ သိုင်းသမား ဟု ခေါ်တွင်ရန်ခက်ခဲသော ဥပဓိရုပ် ပိုင်ရှင်ဖြစ်သည်။

ယခု ပိုစ့်မော်ဒန် ခေတ်ကြီးတွင်းမှာပဲ လယ်ကတုံးနှင့် ပုဆိုးကို စွဲမြဲစွာ ဝတ်တတ်သည်။ ခပ်ဖိုင့်ဖိုင့် ခန္ဒာကိုယ် ပိုင်ရှင် ဖြစ်ပြီး

ခပ် တည်တည် နေလေ့ရှိသူဖြစ်သော်လည်း ခင်မင်ရင်းနှီးသူများနှင့် ဆိုလျင်တော့ လွန်စွာ သဘောကောင်းပေသည်။ သမာဓိ သိုင်းသမား

ဟု လူသိများပြီး တိုက်ခိုက် စရာ ရှိလျှင် ပြင်းပြစွာ အာရုံစူးစိုက် တိုက်ခိုက်လေ့ ရှိ၏။ အတန်ငယ် ဝဖိုင့် သဖြင့် လေးလံသယောင် ထင်ရ

သည်ဟု တွက်လျှင် မှားပေလိမ့်မည်။ ရူပဗေဒ သဘောတရား အရဆိုလျှင် အဆိုပါ လေးလံသော ဒြပ်ထု ကို လှုပ်ရှားမှုဟူသော

အရွေ့ပေါင်းစပ် လိုက်ပါက အရှိန်နှင့် စီးဆင်းသော momentum သဘောတရားသည် kinetic energy နှင့် တဟုန်ထိုးစီးဆင်း စေ၏။

ထို့အပြင် တည်ငြိမ်စွာ စုစည်းထားသော static energy ကလည်း အားဖြည့် လျက်ရှိသောကြောင့် လျှော့တွက်မိသူ ရန်သူများမှာ အတုံးအရုံးတည်း ..။

 

ဆက်ပါမည်။ ယခုတော့ သူတို့ အရက်ကို တွင်တွင် သောက်နေကြသည်….။ ဟုတ်သည်။ စကားမဆိုဘဲ အရက်သာ လှိမ့်တွယ် နေခြင်းအကြောင်းမှာကား

သဘက်ခါ သူတို့ ရင်ဆိုင်ရမည့် ရန်သူ ကြောင့်ပင်ဖြစ်သည်..။ ထိုရန်သူမှာကား သိုင်းလောက ထိပ်သီး ရဦးတွင် ၁ဦးအပါအဝင်ဖြစ်သော

ကိုကြောင်ကြီး ပင် ဖြစ်သည်။ အချိန်ကား သိပ် ကပ်နေပြီဖြစ်သည်။ ချိန်းဆိုထားသည်ကား သဘက်ခါ တည်း ။ မနက်ဖြန်တရက်တည်း

 

 

ဟူသော ကာလ ကို ဖြတ်ကျော်ရန် ကြာ လှချေ၏။ သေမှာ မကြောက်သော ယောက်ျားဘသား များဖြစ်ကြသော

လည်း စိတ်တက်ကြွ လွန်း မွမ်းသိပ်လွန်းသဖြင့် အိပ်မပျော်နိုင်ဖြစ်ကာ အမြန်ဆုံး အိပ်ပျော်ရန်အတွက်

အရက်နှင့် အိပ်မွေ့ချနေကြခြင်းပင်ဖြစ်သည်။ သူတို့-၄ယောက်ပေါင်း အားနှင့် ဆိုလျင် အရှုံးအနိုင်ပြောရခက်သော အနေအထားပင်ဖြစ်၏။

ကိုကြောင်ကြီး ဟု ဆိုလိုက်လျှင်ဖြင့် သိုင်းလောကတခွင် ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရသည်။

တစ်ကိုယ်တော် သိုင်းသမားကြီး ဖြစ်ပြီး သိုင်းပညာအဆင့် မည်မျှ မြင့်မားသည်ကို ခန့်မှန်းရန်ပင် မလွယ်ကူလှချေ..။

မည်သည့် သိုင်းပညာ အမျိုးအစား အသုံးပြုသည်ကိုပင် ခန့်မှန်းရ မလွယ်ကူလောက်အောင် လက်ရည်မြင့်ကာ

သိုင်းပညာ အမျိုးမျိုး တတ်ကျွမ်းသော သူဖြစ်၏။ ထူးခြား ချက်မှာ ကိုကြောင်ကြီးသည် ငယ်စဉ်အခါက စိန့်တိုင်းနှင့် ရန်ငြှိုးရှိသောကြောင့်

သူ၏ သိုင်းပညာမှာ ရှေးခေတ် စိန့်တိုင်းမှ ပေါက်ဖွား ဆင့်ကဲ လက်ဆင့်ကမ်းလာသော သိုင်းပညာများနှင့် မတူ ကွဲပြား နေခြင်းဖြစ်သည်။

ကိုကြောင်သည် သိုင်းလောက ထိပ်သီး ရဦး တွင်နံပါတ် ၅ အဆင့် လက်ရည်အမြင့်ဆုံးသော သူဟု ဆိုနိုင်ပေသည်။ သိုင်း ထိပ်သီး ရဦးဟု

ဆိုရာဝယ် ထိပ်ဆုံးအဆင့် ၃ဦးမှာ သိုင်းလောကမှ ပျောက်ကွယ်သွားပြီ ဖြစ်ပြီး နံပါတ်-၄ အဆင့်မှာမူ ရသေ့ကြီး တစ်ဦးဖြစ်ပြီး

သိုင်းလောကမှ အနားယူသွားပြီ ဖြစ်လေသည်။ ထို့ကြောင့် ကိုကြောင်သည် လက်ရှိ သွက်လက်လှုပ်ရှားနေသော ပိုစ့်မော်ဒန် သိုင်းလောက ၏

လက်ရည်အမြင့်ဆုံး ဆိုပါက မှားအံ့မထင်။

ဆက်ပါ မည်

15 comments

  • ဟာဂျီ မိုဟာမက် အဗ်ဒူလာ ဟာ့ဘီးဆပ်ဥ

    October 18, 2012 at 1:26 pm

    အဟင့် ….
    ဇက်ငင် ဇက်ငင်ဂျီး တော့ [:*]

  • အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ

    October 18, 2012 at 1:35 pm

    ခိခိ၊ ကတုံးညီနောင်လေးဖော်ထဲမှာ ကိုရဲ ပါနေတာ သတိလွတ်ပီး အောင်ကြူးဘက်က လောင်းထားတယ်လို့ပျောလိုက်မိဘီ။ အို ဘာဘဲဖစ်ဖစ် ထွက်ပီးသားအီး တုံး ပြန်ကောက်မထဲ့တော့ဝူး။ ကိုကိုကြောင် မှ ကိုကိုကြောင်ဗျဲ :harr:

    • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

      October 18, 2012 at 1:52 pm

      အလုပ်ရှုပ်နေတယ်အေ .. ပို့စ်တွေ ထက် .. နာမည်တွေ လိုက်ဖတ်ရင်း ရယ်ရတာ … ပေါက်ကရတွေချည်းလုပ်မိနေတယ် .. နာဒေါ့ .. အလုပ်ပြုတ်ရင် နာမည်ပြောင်းတဲ့ လူတွေအိမ်တရက်စီလိုက်စားမယ် .. ဒါဗြဲ ………. :kwi:

      • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

        October 18, 2012 at 2:06 pm

        ဘီးဇီးပျားတုပ်က အလကားကျော်စွာဆိုတော့…
        မမဂျီးက ညောင်ရမ်းဂွတိုပေါ့…
        ငါဟဲ့… ခေတ်မှီပဟဲ့ :harr:

  • ဇမ္ဗူ့လောကပါလသီရိသုဓမ္မသိဂီ င်္အဂ္ဂမဟာကြောင်ဝတုတ်

    October 18, 2012 at 1:49 pm

    ဒါနဲ့စကားမစပ်….
    အဲဒီ ညီနောင်တွေမှာ တခြားအံဖွယ်လိလိ ဘွဲ့နာမည်တွေများရှိလားဟင်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်
    မဟာနာမည်ပေးကင်ပွန်းတပ်ပွဲစားကြီး

  • Wow

    October 18, 2012 at 1:55 pm

    ကြော်ငြာကြည့်လို့ကောင်းနေတုံး ဖြတ်ဖြတ်ဝင်လာတဲ့ ဇတ်ကားဒွေလို… :harr:
    ညီးလဲ ကောင်းခန်းရောက်မှ မီးပြတ်မယ်နော်.. ဒီလိုတို့လို့တန်းလန်းဒွေ ကြပ်ကြပ်လုပ် :kwi:

  • မဟူရာ သွ ..ရဲ့ထူးခြားချက်လေးတစ်ခုက သူရဲ့ မဟူရာအသားရောင်နဲ့လိုက်ဖက်အောင် တီထွင်ထားတဲ့
    မမြင်ရသိုင်းကွက်လေးအကြောင်းပြောဖို့ ကျန်နေတဲ့အတွက် လာရောက်ဖြည့်စွက်သွားပါကြောင်း
    :kwi:

    • သူရဇော်

      October 18, 2012 at 3:05 pm

      အဲဒီသိုင်းကွက်အတွက် ရှင့်ကိုအရင်သုံးမယ် နွယ်ဂနာစိန်ရယ်နော် ဟုတ်ဘီလား…….

    • သူရဇော်

      October 18, 2012 at 3:10 pm

      ဒါတောင်သိုင်းကွက်သိပ်စုံသေးတာမဟုတ်ဘူး ဂီစိန်မရဲ့…… ကျန်တဲ့သိုင်းကွက်လေးတွေ ထပ်တင်ပြပေးလိုက် ပါဦးဗျာ…….

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 18, 2012 at 2:18 pm

    နောက်တခန်းဆို ချမယ်ထင်ဒယ်
    ခြေနှစ်ဖက်ကားပီးကီသွင်းအုန်းမှ အု(ချု့) အိ(ချိစ်)ယိ( စ် ) ………………
    ……………….
    ဗျိ(စ် )
    ဟိုက် !!!!!!!!! ဘောင်းဘီဂွပျဲသွားဘီ

  • Khaing Khaing

    October 18, 2012 at 2:44 pm

    ကျွန်မ ဂေဇက်ထဲဝင်ဖတ်တာ …. ဂေါက်ကွင်းရောက်သွားသလိုပဲနော် …….. ဒေါက် ….. ဒေါက် … ဂလု … ဂေါက်သီးလုံး ကြွင်းထဲဝင်သွားသံ ………..

  • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

    October 18, 2012 at 2:54 pm

    အစမို့လားမသိ ဇာတ်က မျောနေတယ်………..

  • မိုးသောက်ချိန်

    October 18, 2012 at 3:18 pm

    ချတာကြည့်ချင်ပါတယ်ဆိုမှ
    မချတေးဝူးဂျာ ….. 😆
    တားတားတို့ အကြိုက် ညားညား ကစ်ပေးနော် … 😛

Leave a Reply