ကို ..

မ ချစ်တော့ဘူးလားကို

ပြော ပါကိုရယ် ပြောပါ ဘာမှ

မ ပြောဘဲ မနေပါနဲ့ကွယ် ခုတော့

နေ နိုင်သူကြီး သူစိမ်းကားကြီးပေါ့လေ

နိုင် ရှုံး ဆုံးဖြတ်စတမ်းဆို ချစ်က မိန်းမသားပါ တကယ်

လို့ ဝေးရမယ် ဆိုရင် ဆိုတဲ့အတွေးက အရမ်းကို ခြောက်လှမ့်နေ

ပါ တယ်

ဗျာ လို့ ခနခန မထူးနဲ့ ကွယ်

ကြောင် တောင်တောင် မလုပ်နဲ့နော် .. ဘာလဲ အစာ

ဝ သွားတဲ့ ငှက်ကလေး လို သူများ ကို ပစ်ပြေးတော့မလား ဟင် တကယ်ဆို မိန်းမသားမို့ ပြန်တွေးတိုင်း အနာပေါ်

တုတ် ကျသလို နာကျင်ခံစားရပါတယ် ကိုရယ်..

သည် ကခံ စားတတ်တဲ့ နှလုံးသား ရှိတယ် ရှင်ရယ်

အ ခြေ အနေမပေး လို့ ဝေးကြရတယ် ဆိုလည်း သူများ နားလည်ပေးနိုင်တယ် ကို ..ဒါပေမယ့် လမ်း

ချော် နေတဲ့ ဆုံတွေ့မှု တခုလို့တော့ တံဆိပ်မကပ်ပါနဲ့

တ ကယ်ဆို သိပ်ချစ် ခဲ့ကြတာ မဟုတ်လားဟင်… ကိုညိုညင်မှာစိုးလို့ ကို့အပေါ် ချစ် ကတခါလေးတောင်စိတ်

ကောက် ခဲ့ဖူးလို့ လား ဟင်င်င်

ဖြစ် သမျှ အကြောင်း အကောင်းပါ ကိုရယ်။

သည် ဘ၀ သည်မျှပေါ့ နော်..။

 

သူ့ အလိုအတိုင်း အမြဲ လိုက်ရောခဲ့တာပါ ကိုရယ်

အ လို့ ချစ်တာ လား ချစ်လို့ အ တာ လားတော့ မပြောတတ်ဘူးကွယ် သူငယ်ချင်းနဲ့ အ

သိုင်း အ၀ိုင်း ကို ဘယ်လို ရင်ဆိုင်ရမလဲ ကွယ်

အ ရမ်း ချစ်ခဲ့လို့ အရမ်း ဆွေးရပြီ ထင်ပါတယ် လူတွေ

ဝိုင်း ပြီး အရူးမလေး လို့ ပြောတော့မှာပဲ

တွင် တွင်ကြီး ခေါင်းခါလို့ ဒါဟာအမှန်တရားလို့ မယုံရဲသေးဘူး လေ ရွံ့နဲ့

မံ ထားတဲ့ ပန်းအိုးလှလှလေး လို အသည်းနှလုံးဟာ ကျကွဲခဲ့ပေါ့ သည်ရောဂါ က ဆေး

မီ ပါ့မလား ရယ်… တကယ်တော့ ကို ရယ် ကိုယ်နဲ့ ချစ်က

သော် က ပင်ကြီးအောက်မှာ ဆုံခဲ့ကြ

လို့ ခုလို သောက ပွေရလေသလားရယ်

လူ တွေ ရယ်နေကြပြီကို .. ချစ်ရင်ထင်ကဝေဒနာကိုမှ

သိ မှမသိတာပဲ ရယ်နိုင်ကြပါစေကွယ် ကိုဟာ မျက်နှာ

များ တဲ့လူဆိုတာ သိသိကြီးနဲ့ ချစ်မိခဲ့တာ ဟော

သည် ကအမိုက်အမဲ မလေးပါ လေ…

 

ပုံ

ကို့ရဲ့

ချစ်သည်းလေး

မိဂီ

ဟီဟိ

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011