ဒေါ့ကွန်းသနှင်းပိုင်စိုးတော်မူသော ဆာဗာပြည့်ရှင်အက်ဒမင် သူကြီးမင်း ဦးခိုင်ခင်ဗျား…

ဦးတင်အပ်ပါသည်… ကျွန်ုပ် ဇမ္ဗူလောကပါလသီရိသုဓမ္မသိဂီ င်္ကြောင်ဝတုတ်သည် မန်းဂဇက်ရွာတွင်း၌ အိဒြေ္နသံပတ္တလားအပြည့်နှင့် ဂုဏ်သရေရှိရှိ နေထိုင်သော လူကြီးလူကောင်း၊ အကောင့်ကြီးအကောင့်ကောင်းတစ်ခုဖြစ်သူဆိုသည်ကို ဂဇက်ရွာသူားများအားလုံး အကြွင်းမဲ့ယုံကြည်ထားပြီးဖြစ်ပါသည်…

သို့ရာတွင် ယခုတရားခံဖြစ်သူ အဂ္ဂမဟာသရေစည်သူဝဏ္ဍကျော်ထင်အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် လယ်ထွန်Z မှ ကျွန်ုပ်၏ ဂုဏ်သိမ်ညှိုးနွမ်းစေရန်အလို့ငှာ သီရိမဟာဥမ္မာဒန္နီပပ၀တီဦးဗြဲရမ်းဒေါ်ဗလဗွသမီးညောင်ရမ်းဂွကို ဒေါ်ဝေါင်း၏ အားပေးအားမြှောက် ထောက်ခံမှုဖြင့် လျှို့ဝှက်ရည်းစားစာဟူသော http://myanmargazette.net/152693/society-lifestyle/aha-jokes ပိုစ့်တစ်ပုဒ်ဖြင့် ဂုဏ်သရေရှိလူကြီးမင်းတစ်ဦးဖြစ်သော ကျွန်ုပ် ဇမ္ဗူလောကပါလ သီရိသုဓမ္မသိဂီ င်္ကြောင်ဝတုတ်အား နောက်ထပ်မံရရှိရန် ကျန်ရှိနေသေးသော မဟာအဂ္ဂဘွဲ့နှင့် သြီဝတ္တဏပါဠီဘွဲ့ထူးဘွဲ့မြတ်ကြီးများအားမရရှိစေရန် အလို့ငှာ အသရေဖျက်ရန်ကြိုးစားသောအားဖြင့် တရားစွဲဆိုလိုပါသည်..

ဤတရားစွဲဆိုမှုတွင်အဂ္ဂမဟာသရေစည်သူဝဏ္ဍကျော်ထင်အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် လယ်ထွန်Z မှတရားလိုဖြစ်သူ ဇမ္ဗူလောကပါလ သီရိသုဓမ္မသိဂီ င်္ကြောင်ဝတုတ် အား ပွိုင့်တစ်သိန်းလျော်ကြေးပေးလျော်စေရန်နှင့် သက်သေများအဖြစ်

ကျွန်ုပ် ဇမ္ဗူလောကပါလ သီရိသုဓမ္မသိဂီ င်္ကြောင်ဝတုတ် ဘက်မှ

အသည်းအသက်အကြင်နာနှလုံးမူပိုင်ရှင်ရင်နှစ်သည်းခြာမကြည်ပြာ မှလည်းကောင်း

အဂ္ဂမဟာဘီးဇီးပျားတုပ်အပြီးလှုပ်အလကားကျော်စွာ Etone မှလည်းကောင်း လူသက်သေအဖြစ်ထွက်ဆိုပေးမည်ဖြစ်ပြီး…

ရှေ့နေရှေ့ရပ်အနေဖြင့်…

သီဟသူရပရော်ဖက်ဆာ ဒေါက်တာကြီးမိုက်က ဆောင်ရွက်မှာဖြစ်ပါကြောင်း….

မှတ်တမ်းထိန်းသိမ်းသူများအဖြစ်

အဂ္ဂမဟာဂန္ဓ၀ါစက ပဏ္ဍိတဘိဝံသ အဘိဓဇအဂ္ဂမဟာဂုရု ဘဒ္ဒန္တအူးဇင်းဗိုက် နှင့်

မိုးမြင့်ဇမ္ဗူမှန်ကူနန်ရှင်ဘုရင့်တကာ့ဘုရင် မဟာရာဇာပျိုတိုင်းကြိုက် ကိုကိုအံဇာ တို့မှဆောင်ရွက်ပေးပါရန်…

တရားသူကြီးမင်းမဖြစ်သူ The Grand Duke of Commander in Chief of The Mandalay Gazette အရီးလတ် မှ တရားမျှတစွာ ဆုံးဖြတ်ပေးရန်နှင့်

တရားခံဖြစ်သူ အဂ္ဂမဟာသရေစည်သူဝဏ္ဍကျော်ထင်အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် လယ်ထွန်Zဘက်မှ ရှေ့နေရှေ့ရပ်အဖြစ် မဟာဘဒ္ဓန္ဒဂုရုဂလုံဂလွမ်မဟာကျော် ဦးကျောက်ခဲမှ လိုက်ပါဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း

တရားခံဘက်သက်သေများအဖြစ်…

သီဟသူရချာလတာအာပေတူး မှလည်းကောင်း

သီရိသုဓမ္မသိင်္ဂီမဟာအာဂချစ်သောနွယ် မှလည်းကောင်း သက်သေလိုက်ဆောင်ရွက်ပေးကြမည် ဖြစ်ပါသည်….

အမှုလိုက်ရဲအရာရှိအဖြစ်…

ဟာဂျီမိုဟာမက်ဟာ့ဘီးဆပ်ဥ မှာတာဝန်ယူထားပါတယ်…

တရားခံဖြစ်သူ အဂ္ဂမဟာသရေစည်သူဝဏ္ဍကျော်ထင်အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် လယ်ထွန်Z သည် ပြစ်မှုထင်ရှားပါက အိဒြေ္နသံပတ္တလားအပြည့်နှင့် ဂုဏ်သရေရှိရှိ နေထိုင်သော လူကြီးလူကောင်းဖြစ်သူ ဇမ္ဗူလောကပါလသီရိသုဓမ္မသိဂီ  င်္ကြောင်ဝတုတ်မှ ပွိုင့်တစ်သိန်းတိတိ လျော်ကြေးအဖြစ်ရရှိလိုကြောင်း တရားစွဲဆိုပါသည်…

တရားသူကြီးမင်း မျှတစေရန်ဆောင်ရွက်ပေးပါခင်ဗျား….

 

လေးစားစွာဖြင့်-

ဇမ္ဗူလောကပါလသီရိသုဓမ္မသိဂီ င်္ကြောင်ဝတုတ်

 

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...