ဂဇက်တရားရုံးသို့ဦးတင်ပါသည်…

ဒေါ့ကွန်းသနှင်းပိုင်စိုးတော်မူသော ဆာဗာပြည့်ရှင်အက်ဒမင် သူကြီးမင်း ဦးခိုင်ခင်ဗျား…

ဦးတင်အပ်ပါသည်… ကျွန်ုပ် ဇမ္ဗူလောကပါလသီရိသုဓမ္မသိဂီ င်္ကြောင်ဝတုတ်သည် မန်းဂဇက်ရွာတွင်း၌ အိဒ္နြေသံပတ္တလားအပြည့်နှင့် ဂုဏ်သရေရှိရှိ နေထိုင်သော လူကြီးလူကောင်း၊ အကောင့်ကြီးအကောင့်ကောင်းတစ်ခုဖြစ်သူဆိုသည်ကို ဂဇက်ရွာသူားများအားလုံး အကြွင်းမဲ့ယုံကြည်ထားပြီးဖြစ်ပါသည်…

သို့ရာတွင် ယခုတရားခံဖြစ်သူ အဂ္ဂမဟာသရေစည်သူဝဏ္ဍကျော်ထင်အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် လယ်ထွန်Z မှ ကျွန်ုပ်၏ ဂုဏ်သိမ်ညှိုုးနွမ်းစေရန်အလို့ငှာ သီရိမဟာဥမ္မာဒန္နီပပဝတီဦးဗြဲရမ်းဒေါ်ဗလဗွသမီးညောင်ရမ်းဂွကို ဒေါ်ဝေါင်း၏ အားပေးအားမြှောက် ထောက်ခံမှုဖြင့် လျှို့ဝှက်ရည်းစားစာဟူသော https://myanmargazette.net/152693/society-lifestyle/aha-jokes ပိုစ့်တစ်ပုဒ်ဖြင့် ဂုဏ်သရေရှိလူကြီးမင်းတစ်ဦးဖြစ်သော ကျွန်ုပ် ဇမ္ဗူလောကပါလ သီရိသုဓမ္မသိဂီ င်္ကြောင်ဝတုတ်အား နောက်ထပ်မံရရှိရန် ကျန်ရှိနေသေးသော မဟာအဂ္ဂဘွဲ့နှင့် ဩီဝတ္တဏပါဠီဘွဲ့ထူးဘွဲ့မြတ်ကြီးများအားမရရှိစေရန် အလို့ငှာ အသရေဖျက်ရန်ကြိုးစားသောအားဖြင့် တရားစွဲဆိုလိုပါသည်..

ဤတရားစွဲဆိုမှုတွင်အဂ္ဂမဟာသရေစည်သူဝဏ္ဍကျော်ထင်အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် လယ်ထွန်Z မှတရားလိုဖြစ်သူ ဇမ္ဗူလောကပါလ သီရိသုဓမ္မသိဂီ င်္ကြောင်ဝတုတ် အား ပွိုင့်တစ်သိန်းလျော်ကြေးပေးလျော်စေရန်နှင့် သက်သေများအဖြစ်

ကျွန်ုပ် ဇမ္ဗူလောကပါလ သီရိသုဓမ္မသိဂီ င်္ကြောင်ဝတုတ် ဘက်မှ

အသည်းအသက်အကြင်နာနှလုံးမူပိုင်ရှင်ရင်နှစ်သည်းခြာမကြည်ပြာ မှလည်းကောင်း

အဂ္ဂမဟာဘီးဇီးပျားတုပ်အပြီးလှုပ်အလကားကျော်စွာ Etone မှလည်းကောင်း လူသက်သေအဖြစ်ထွက်ဆိုပေးမည်ဖြစ်ပြီး…

ရှေ့နေရှေ့ရပ်အနေဖြင့်…

သီဟသူရပရော်ဖက်ဆာ ဒေါက်တာကြီးမိုက်က ဆောင်ရွက်မှာဖြစ်ပါကြောင်း….

မှတ်တမ်းထိန်းသိမ်းသူများအဖြစ်

အဂ္ဂမဟာဂန္ဓဝါစက ပဏ္ဍိတဘိဝံသ အဘိဓဇအဂ္ဂမဟာဂုရု ဘဒ္ဒန္တအူးဇင်းဗိုက် နှင့်

မိုးမြင့်ဇမ္ဗူမှန်ကူနန်ရှင်ဘုရင့်တကာ့ဘုရင် မဟာရာဇာပျိုတိုင်းကြိုက် ကိုကိုအံဇာ တို့မှဆောင်ရွက်ပေးပါရန်…

တရားသူကြီးမင်းမဖြစ်သူ The Grand Duke of Commander in Chief of The Mandalay Gazette အရီးလတ် မှ တရားမျှတစွာ ဆုံးဖြတ်ပေးရန်နှင့်

တရားခံဖြစ်သူ အဂ္ဂမဟာသရေစည်သူဝဏ္ဍကျော်ထင်အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် လယ်ထွန်Zဘက်မှ ရှေ့နေရှေ့ရပ်အဖြစ် မဟာဘဒ္ဓန္ဒဂုရုဂလုံဂလွမ်မဟာကျော် ဦးကျောက်ခဲမှ လိုက်ပါဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း

တရားခံဘက်သက်သေများအဖြစ်…

သီဟသူရချာလတာအာပေတူး မှလည်းကောင်း

သီရိသုဓမ္မသိင်္ဂ ီမဟာအာဂချစ်သောနွယ် မှလည်းကောင်း သက်သေလိုက်ဆောင်ရွက်ပေးကြမည် ဖြစ်ပါသည်….

အမှုလိုက်ရဲအရာရှိအဖြစ်…

ဟာဂျီမိုဟာမက်ဟာ့ဘီးဆပ်ဥ မှာတာဝန်ယူထားပါတယ်…

တရားခံဖြစ်သူ အဂ္ဂမဟာသရေစည်သူဝဏ္ဍကျော်ထင်အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် လယ်ထွန်Z သည် ပြစ်မှုထင်ရှားပါက အိဒ္နြေသံပတ္တလားအပြည့်နှင့် ဂုဏ်သရေရှိရှိ နေထိုင်သော လူကြီးလူကောင်းဖြစ်သူ ဇမ္ဗူလောကပါလသီရိသုဓမ္မသိဂီ  င်္ကြောင်ဝတုတ်မှ ပွိုင့်တစ်သိန်းတိတိ လျော်ကြေးအဖြစ်ရရှိလိုကြောင်း တရားစွဲဆိုပါသည်…

တရားသူကြီးမင်း မျှတစေရန်ဆောင်ရွက်ပေးပါခင်ဗျား….

 

လေးစားစွာဖြင့်-

ဇမ္ဗူလောကပါလသီရိသုဓမ္မသိဂီ င်္ကြောင်ဝတုတ်

 

35 comments

  • ဟိဟိ အမူစစ်မယ့် တရားသူကြီးလည်း နာမယ်ခေါ်နေရတာနဲ့တင် အချိန်ကုန်လောက်တယ် ..
    ဘေးနားမှာ ရေတစ်အိုးချပြီး အမူစစ်မှပဲ အဆင်ပြေမယ်ထင်တယ် ခိခိ … 😀

  • အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဇင်းဗိုက် { B.E }

    October 18, 2012 at 3:20 pm

    အိမ်း..
    ကြီးတဲ့ အမှု ငယ်အောင် ငယ်တဲ့ အမှု ပပျောက်အောင် အူးဘဇင်းကို လေဘယ်တစ်လုံး လက်ထိုးလျင်ဖြင့်
    ဂေဇတ် တရားရုံးက ဦးတင်နဲ ့ ဒေါ်ခင်တို ့ဆီ အမှု အပ်ပေးပါ့မယ်ကွယ်

  • အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ

    October 18, 2012 at 3:21 pm

    ခိခိ၊ ဂီစိန်ကို ပြစ်မှုထင်ရှားရင် လျော်ကြေးမတောင်းခင် ကုန်းကုန်းအဖြစ်ဘွပြောင်းစေလိုပါဂျောင်း။
    အမှုမှန်ပေါ်ပေါက်အောင် အားကြိုးမာန်တက်သက်သေလိုက်ပေးမည်ဖစ်ဂျောင်း။
    လျော်ကြေးရခဲ့ရင် ဘီဘီတိုက်စေလိုဂျောင်း။ သာမီးတို့ သက်သေများအဖွဲ့မှ အကိုဂျီးကြောင်ဝတုတ်ရဲ့ အမှုနို်င်ပွဲကို တက်ရောက်ဂုန်ပြုချီးးမြှောက်မည်ဖစ်ဂျောင်း။

    ပုံ
    အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ … အာဟိ :kwi:

  • ဟာဂျီ မိုဟာမက် အဗ်ဒူလာ ဟာ့ဘီးဆပ်ဥ

    October 18, 2012 at 3:27 pm

    အမှုလိုက်ရဲအရာရှိဆီကိုလည်း ဟဲဟဲဟဲ
    သိတတ်ရင် သိတတ်သလိုပေါ့လေ ဟိဟိ :harr:

  • ဟာဂျီ မိုဟာမက် အဗ်ဒူလာ ဟာ့ဘီးဆပ်ဥ

    October 18, 2012 at 3:27 pm

    အမှုလိုက်ရဲအရာရှိဆီကိုလည်း ဟဲဟဲဟဲ
    သိတတ်ရင် သိတတ်သလိုပေါ့လေ ဟိဟိ :harr:

  • အင်း ..ဒီကိစ္စ တော်တော်ရှုပ်ထွေးပေတကား…
    အမှု့သွားအမှု့လာကိုအကဲခတ်သော်..
    ကျနုတ် ရှေ့နေကြီး သီဟသူရပရော်ဖက်ဆာ ဒေါက်တာကြီးမိုက်
    အနေနှင့် တဖက်ရှေ့နေကြီး မဟာဘဒ္ဓန္ဒဂုရုဂလုံဂလွမ်မဟာကျော် ဦးကျောက်ခဲ
    အားမနိုင်နိုင်အောင် ဥဏ်နီ၊ဥဏ်နက်၊ ဥဏ်ရောင်စုံတို့ထုတ်၍ ငါ၏တရားလို
    ဖြစ်သူ ဇမ္ဗူလောကပါလသီရိသုဓမ္မသိဂီ င်္ကြောင်ဝတုတ် အနိုင်ရစေရေးအပြိုင်ပြေးရပေတော့မည်တမုံ့….သွပ်သွပ်သွပ်…
    :kwi:

    • မဟာဘဒ္ဒန္ဓဂုရုဂလုံဂလွမ်မဟာကျော်ကျောက်ခဲ

      October 18, 2012 at 5:32 pm

      တစ်ဖက်က တရားလို ရှေ့နေကြီး သီဟသူရပရော်ဖက်ဆာ ဒေါက်တာကြီးမိုက် ခင်ဗျ၊ အခုလို ဉဏ်နီ ဉဏ်နက် ဉဏ်ရောင်စုံ ထုတ်ပြီး
      ကျွန်ုပ် အမှုသည် အဂ္ဂမဟာသရေစည်သူဝဏ္ဍကျော်ထင်အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် လယ်ထွန်Z ကို အနိုင်မယူပါနဲ့ခင်ဗျား၊
      လောကပါလ တရား အတိုင်း အမှန် ဖြစ်ဖို့က ကျွန်ုပ်တို့ ဝတ်လုံတော်များရဲ့ တာဝန်မဟုတ်ပါလား ခင်ဗျာ။

      ဒီတော့ ကျွန်တော်များ လျှောက်လဲချက် ပေးပြီးရင် ရုံးမင်း The Grand Duke of Commander in Chief of The Mandalay Gazette အရီးလတ် က လွတ်လတ် တရားမျှတစွာ ဆုံးဖြတ် ပါစေ ခင်ဗျား။

      သမီး မဟာသီရိသုဓမ္မ အာကာမိုးမြင့်ကောင်းကင်ဝေယံပျံချီ ဝေဟင်သိမ့်သိမ့်တုန် လုံမမွန်မွန်၊ ရုံးတော်က အမိန့်မချခင် ကိုယ့်အမှုရှင်ကို တရားခံလို့ မသုံးရဘူးကွဲ့၊ အမှုသွား အမှုလာ ကြာမှ တို့များ စားပေါက် ချောင်တာ သမီးရဲ့။

      နာမည်တွေ ခေါ်ရတာ အာခြောက်လိုက်တာ၊ ဘီယာ အေးအေးလေး သောက်လိုက်ရရင် ကောင်းမှာဘဲ
      :kwi: :harr:

  • ရွှေ ကြည်

    October 18, 2012 at 3:44 pm

    အမိန့်စာဖတ်ကြားရမယ့် အရီးနဲ့ အမှုလိုက်ရမယ့် ရှေ့နေတွေကိုသနားပါဘိခြင်းနော် :harr:

    • သီရိပျံချီ အဘိဓဇ မဟာရဌဂုရု အဂ္ဂမဟာဇောတိကဥဥ

      October 18, 2012 at 3:56 pm

      ဟီး ဟီးးးးးးး….
      ဘေးနားမှာ သောက်ရေအိုးချထားပီးမှ ဖတ်လို့ရမှာ :harr:

  • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

    October 18, 2012 at 3:46 pm

    လီယိုတော့စတွိုင်းရဲ့ အန်နာကရီနာဖတ်ရသလိုပဲ
    နာမည်တွေ နားလည်ဖို့အတွက်
    ပါဋိ – မြန်မာ ဒက်ရှင်နရီလေးတော့ ဆောင်ထားမှနဲ့တူဒယ် ….. :mrgreen:

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 18, 2012 at 3:48 pm

    ဟိုလေ… သာမီးကဘာမှသိဒါဟုတ်ဝူးရယ်….
    ဦးဗြဲရမ်း ဒေါ်ဗလဗွသမီးချိုဒေါ့ ဗရမ်းဗဒါ ပြောတတ်ထှာလေးရယ် :harr:
    တူက ဒဂယ်ခံဂျားနေရဒယ်ဆိုလို့ပါ :kwi:

  • The Grand Duke & Commander in Chief of The Mandalay Gazette အရီး

    October 18, 2012 at 3:51 pm

    ငါ့နှယ် ဒီနေ့ အလုပ်ကောင်းကောင်း လုပ်မရအောင် ထိုင်ရီ နေပါလား။
    လူ ဆိုတာ တူရာ စု တတ်တယ် ဆိုတာတယ်မှန်သကိုး။
    ရွာမှာ ဒီလို လူပေါ တွေ (အဲလေ မှားလို့) လူတော် တွေ စုနေတာ ငြင်းမရဘူး။ ငြင်းမရဘူး။
    တွေ့ပြီ မဟုတ်လား။
    ဒါကို ဟုတ်ဟုတ်ဟပ်ဟပ် ထင်ပြီး ခလုတ်တိုက်သူ တွေကရှိသေး။
    ဟာဟ။
    :harr:

  • ကိုခင်ခ

    October 18, 2012 at 4:00 pm

    ဒေါ့ကွန်းသနှင်းပိုင်စိုးတော်မူသော ဆာဗာပြည့်ရှင်အက်ဒမင် သူကြီးမင်း ဦးခိုင်ခင်ဗျား…
    ဤတရားစွဲဆိုရန် အမှု့တင်လာသူ ဇမ္ဗူလောကပါလသီရိသုဓမ္မသိဂီ င်္ကြောင်ဝတုတ် သည် တရားခွင်၊ တရားရုံးစရိတ်အဖြစ် စုစုပေါင်း ရေသန့် ၂၀၀ဝ လီတာနှင့်ညီမျှသော ရေသန့်ဘူးများ အမှု့လေ့လာ ဖတ်ရှု့သူ ရွာသူားများအား ကနဦးဝေငှခြင်းပြုစေမှ အမှု့အားလက်ခံရန်စဉ်းစားသင့်ကြောင်း ရုံးတော်ကို အဆိုပြုပါ တယ်ခင်ဗျ။ တင်ပြရာ အမှု့သွားအမှု့လာပါ အမည်နာမများဖတ်ရတာတင် မောသောမူသော ရွာသူားများ အကျိုးအတွက် တောင်းဆိုခြင်းဖြစ်ပါသည်ခင်ဗျ။

  • ကြည်ဆောင်း

    October 18, 2012 at 4:01 pm

    ဒေါ့ကွန်းသနှင်းပိုင်စိုးတော်မူသော ဆာဗာပြည့်ရှင်အက်ဒမင် သူကြီးမင်း ဦးခိုင်မူးလဲတော်မူသွားပါသဖြင့်
    ယနေ့မှအစပြုပြီး တရားရုံးတော်အား ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

  • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

    October 18, 2012 at 4:03 pm

    ထိပ်သီးခေါင်းပြောင်ကြီးတွေအတွက် လူလုံးထွက်ပြရမှာဆိုတော့ ၊ သွပ်ပြားကို ဘာပေးမှာလဲဟင် ….
    ဂူညီဗျဇီ .. ဂူညီဗျဇီ ချင့် …….. ဂူညီဗျဇီ .. ဂူညီဗျဇီ ချင့် …….. :kwi:

  • ညည်းအေ.. ညည်းနာမည်လည်း ပြန်ကြည့်ပါဦး..မှန်တာပြောတာ ပြောပါစေ…နာဂဒေါ့ မဟာဘဒ္ဓန္ဒဂုရုဂလုံဂလွမ်မဟာကျော် ဦးကျောက်ခဲ အစစ်စတန့်ပီသဇွာ တရားခံဘက်မှ ရပ်တည်မည်ဖြစ်ပါဂျောင်း…

  • အလင်္ကာ ပန်တျာ ဘာရာဏသီ ဝေသာလီ ရာဇ သတိုး ဗြဇ္ဇ တေဇ သီဟ ဒီပ သမိန်မဟာ အမတ်ဒိန်

    October 18, 2012 at 4:23 pm

    လျော်ကြေး တသိန်းရဖို့က ဘယ်လောက်ကြာမယ် မှန်းမသိဘူးး
    အကိုကြီး ဇမ္ဗူ့လောကပါလသီရိသုဓမ္မသိဂီ င်္အဂ္ဂမဟာကြောင်ဝတုတ်ရဲ့
    ပူနေတဲ့ဗိုက်ကြီးကြီးက ဆက်မပူတော့ဘဲ ရပ်နေမှာလား ဟင်င် ..
    ဘိုက်ကြီးတန်းလန်းနဲ့ ဂဇက်တရားရုံးတက်ရမှာ ရှက်စရာ ဗျာ.. 🙂

  • Ma Ei

    October 18, 2012 at 4:27 pm

    ဂဇက်ရွာထဲ ညနေတစ်ခေါက်ဝင်ကြည့်မိတာ
    ဘွဲ့နှင်းသဘင် ကျင်းပပြီးစီးသွားတာ မသိလိုက်ဘူးရယ်…
    တရားခွင်ကိုတော့ ရေတစ်ပုလင်းဆွဲလို့ လာနားထောင်ဦးမှ…

  • R Ga

    October 18, 2012 at 4:53 pm

    ဟေ့….။ ထို စကားက လူတစ်ယောက်ပြောတက်သည့်အသံဖြစ်သည်။ အဆိုပါလူအား ယနေ့မှစ၍ ကျုံးကောင်ကောင် ဟု၍ လည်းကောင်း။ ကျုံးပေါင် ဟုလည်းကောင်း ဂေါင်ထူးကြန် ဟု လည်းကောင်း မခေါ်တော့ပါကြောင်း အသိပေးအပ်ပါသည်။

  • pooch

    October 18, 2012 at 4:57 pm

    နာမည်ဖတ်ရတာနဲ့တင် လေကုန်ပြီး သက်ဆိုးရှည်မယ် မထင်ဘူး :mrgreen:

  • အဂ္ဂမဟာ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီ လယ်ထွန်Z

    October 18, 2012 at 6:27 pm

    လွဲချော်မှုတခုပါပဲ ခီညော်.
    ရဲလေးအသံနဲ့ အဲ့လိုအော်ပီး ဖင်ကုန်းညင်းပစ်မယ် ဟွန့်

    မိန်းမဘွဲ့ ရီးကပ်ထားပီး ေြာက်တယ်ပေါတော့ တသိန်းရလိုမှုတဲ့
    အံ့ရောအေ

    မကြိုက်လည်း နောက်ကို တီလုပ်မင်းသား ကျုံကျိတ်ပေါင်း ကျောက်ချောင်ချောင်
    ကိုရီးယားမင်းသား ကျူဂန်ဒေါင်း ဂေါင်ဒူး ကျန် စတာတွေ ပြောင်းလဲ ခေါ်ဝေါ်သွားမှာ ဖစ်ပါကြောင်း

    အာ. ဟိ

  • padonmar

    October 18, 2012 at 7:55 pm

    တနေ့ခင်းလေးမျက်ေြခြပြတ်သွားပါတယ်၊တစ်ရွာလုံး ဘွဲ့တံဆိပ်တော်ခံတွေဖြစ်ကုန်ပါပေါ့လား။
    ဒီလိုဆို ဒို့လည်း ခေတ်မီအောင် မဟာဝိသိဋ္ဌဘဏ္ဍာဂါရိက ဧကရီရှင်စောပုအိမ်တော်အနီး ဂဇက်မာလာရွှေပွင့်လွှာပဒုမ္မာ လို့ လိုက်ပြောင်းရင်ကောင်းမလား။
    ဖြစ်သေးပါဘူးလေ။ကိုယ်က ကွန်ပူတာကြီးနဲ့ သိပ်ရင်းနှီးတာမဟုတ်ဘူး။
    ဝင်လမ်းပျောက်နေတဲ့ချိန် ဂဇက်ဓာတ်လှေခါးက မမှတ်မိရင်ခက်မှာ၊စိတ်လျှော့စိတ်လျှော့…………..

  • အိမ် ..
    ဒီအမှု ဒီအခင်း ဘယ်လို ဖြေရှင်းကြပါ့ ..
    ဟိုဂလည်း တောင်းဘန်နေပီဆိုဒေါ့
    ကျေအေးဒန် ကောင်းဘာရဲ့ …
    ခွေးလွှတ်လိုက်ဘာဒေါ့ အဂ္ဂမဟာကြောင်ဝတုတ်ဂျီးရေ ..

  • kolumbus

    October 18, 2012 at 8:28 pm

    ဒီလိုဆိုတော့လည်း ရွာပိုပြီး စိုပြည်သာယာလာသလို၊ အရင် ကထက်လည်း ကြီးလာတော့၊ ရွာသာကြီး ဖြစ်ဖို့ မလိုတော့ဘူးပေါ့။ …ကွိကွိ… :kwi:
    အံစာတုံး ရဲ့ ယနေ့ပို့စ် ကို ဘယ်လိုဆက်လုပ်မလဲသိချင်တယ်။

    • ဟုတ်ကဲ့ပါ ခင်ဗျာ ..
      ကျနော် အခု Update လုပ်နေပါကြောင်း …
      ယမန်နေ့တွေက ကိုးနတ်ရှင် နှေးကွေးလွန်းတဲ့အတွက်
      update လုပ်ရင်း ပျက်စီးသွားမှာ စိုးသည့်အတွက်ကြောင့်
      မလုပ်ခဲ့ခြင်း ဖြစ်ပါတယ် ခင်ဗျာ …

  • pyopyo may

    October 18, 2012 at 8:30 pm

    ဘွဲ့ အမည်တွေ ဖတ်ပြီး ခေါင်းမူးသွားပါသဖြင့်
    ကော်မန့် မပေး နိုင်တော့ပါကြောင်း ……….

    သီရီသုဓမ္မသဂီ င်္ ပရော်ဖက်ဆာ စည်သူ ဒေါက်တာပျိုပျိုမေ

  • မစ္စတာဝှိုက်ဘလူးဘလက်ရဲလိုးဂရင်းဘရောင်း

    October 18, 2012 at 10:33 pm

    မျက်စိနဲ့ခေါင်းမူးတဲ့အတူတူ ပေါက်တဲ့နဖူး မထူးသဘောဖင့်
    အေးအေးသက်သာမနေသာ ဝင်ရောက် မွှေနှောက်သွားပါသည် ။

    :kwi:

  • kai

    October 18, 2012 at 11:35 pm

    ..ဖတ်ရင်း.. ဘယ်သူကဘယ်သူမှန်းမသိတော့ပဲ.. သူက.. ငါများဖြစ်နေလား…ဇဝေဇဝါဖြစ်ဖြစ်သွားကြောင်း… ❓

    • MaMa

      October 19, 2012 at 10:40 am

      ကိုပေါက် မှားမယ် မှားမယ်။
      မယ်မယ်ဝတုတ်မို့လို့ ဒီဘွဲ့ ခံယူတာ မဟုတ်လား။ :kwi:

      လူတကာတွေ ဘွဲ့ အသီးသီးခံနေလိုက်ကြတာ အားကျစရာ။

      ကိုယ့်မှာတော့ …..
      ဗျည်းတွဲမပါ
      သရမပါ
      အသတ်မပါ
      ငေါင်းစင်းစင်းးးးးးးးး
      :byae:

    • ဩီဝတ္တဏပါဠီဇမ္ဗူ့လောကပါလမဟာအဂ္ဂကြောင်ဝတုတ်

      October 19, 2012 at 10:51 am

      ဘွဲ့ပြောင်းသွားပြီ လေးပေါက်ရေ…
      နိုင်ငံတော်က သူတို့အမှားမို့ပြင်ပေးလိုက်ပါတယ်တဲ့… ဟိဟိ…

      ခင်မင်လျက်-
      ဩီဝတ္တဏပါဠီဇမ္ဗူ့လောကပါလမဟာအဂ္ဂကြောင်ဝတုတ်

  • P chogyi

    October 19, 2012 at 9:05 am

    ဇာတ်လိုက် သဂျီးနာမည်ပါလို့ ဒေါ်ခိုင်ခိုင်တော့ဒေါပွဦးမှာပဲ။

  • R Ga

    October 19, 2012 at 4:04 pm

    သကြိုင်ခီး အနော် လည်း ….ဘွဲတွေယူပါတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါလိုက်အပ်ပါတယ်။…။

Leave a Reply