1 အောင်ပန်းမြို့မြောက်ဘက်ကို အသွား မြို့ပြင်ရောက်တော့အရှေ့ဘက်ကိုအကြည့်

1 အောင်ပန်းမြို့မြောက်ဘက်ကို အသွား မြို့ပြင်ရောက်တော့အရှေ့ဘက်ကိုအကြည့်

1 အောင်ပန်းမြို့မြောက်ဘက်ကို အသွား မြို့ပြင်ရောက်တော့အရှေ့ဘက်ကိုအကြည့်

 

 

2 လမ်းကွေ့လေးကမျက်စေ့တစ်ဆုံး

3 ကျယ်ပြန့် ပြာလွင် စိမ်းမြ ဖြူလွင်

 

4အစိမ်းပြန့်ပြန့်

5 သစ်ကိုင်းအကြိုအကြားမှနေ၍

 

6 ရွာအ၀င်လမ်းလေး

7 စပါးခင်းလေးအထက်က တောတန်း

8 စိမ်းမြမြကွင်းပြင်လယ်ကွင်းတွေက တစ်မျော်တစ်ခေါ်စိုပြေစိုပြေ

9 မြေနီနီ ကောက်ပင်စိမ်းစိမ်း ကောင်းကင်ပြာပြာ

10 တောင်ကုန်းပေါ်ကတိမ်

11 ဟိုးအဝေးမှာ တစ်

12 ဟိုးအဝေးမှာ 2

13 အစိမ်းရောင်စပါးခင်းများအလွန်…………….

14 စိမ်းတစ်ကွက် နီတစ်ကွက်

15 ဟိုးအဝေးက တိမ်မင်းသား

“ အောင်ပန်း မြို့မြောက်ဘက်က စိမ်းမြသောမြင်ကွင်းများ”

 

 

(8-10-2012) နေ့ နေ့လည်ပိုင်းမှာတော့ ညနေ လေးနာရီလောက်မှာအလုပ်တွေပြီးသွားပါတယ်။

အဲတာနဲ့ အောင်ပန်းမြို့ ကနေ ပင်းတယဘက်ကိုသွားတဲ့မြိုမြောက်ဘက်လမ်းအတိုင်း သွားဘို့ဆုံးဖြတ်လိုက်ပါတယ်။

ကျနော်ထွက်လာတာလဲမြင်ရော ဟိုတယ်ရှေ့က ဆိုင်ကယ်ကယ်ရီကောင်လေးက

“လေးလေး သွားမှာလား”ဆိုပြီးရောက်လာတာနဲ့ ပင်းတယအထွက်လမ်းဘက်သွားမယ်ဆိုပြီး

ထွက်လာခဲ့ကြပါတယ်။

ဆိုင်ကယ်နောက်ကထိုင်ရင်း အပြန်လမ်းမှာ ရိုက်လို့ကောင်းမယ့်နေရာလေးတွေကို မှတ်လာပါတယ်။

မြို့ပြင်ကိုထွက်အလာလမ်းမှာတော့ ဟိုးရွာဘက်ကလူတွေ ဈေးအပြန် ဒေါ်လှကြီးပေါ်မှာတွေ့ရပါတယ်။

အတော်လေးသွားပြီးတဲ့အခါ လမ်းဘယ်ဘက်ခြမ်းမှာ အတော်လေး လှတဲ့ မြင်ကွင်းလေးကို မြင်ရတော့

ဆိုင်ကယ်ကိုရပ်ခိုင်းရပါတယ်။

ကျယ်ပြန့်တဲ့ ကောင်းကင်ပြာကြီးမှာ တိမ်လေးတွေကမလွင့်တလွင့်။

နောက်တစ်နေရာရောက်ပြန်တော့ စိမ်းလန်းသော စပါးပင်တွေနဲ့အလှဆင်ထားတဲ့တောင်ကုန်းမြင့်မြင့်။

အဲဒီကနေ ဆက်သွားရင်းလမ်းဘက်ဘက်ခြမ်းကိုကြည့်လိုက်တော့ ဟိုးရွာထဲကိုဝင်းတဲ့လမ်းကလေးကိုတွေ့ရတာနဲ့ ဆိုင်ကယ်ကို အဲဒီဘက်ကို ကွေ့ခိုင်းလိုက်ပါတယ်။.။

အဲဒီလမ်းကလေးထဲဝင်လိုက်မှ ထွန်ယက်နေတဲ့ တောင်သူတွေလဲတွေ့ရ။

လှပသော စပါးခင်းကြီးကိုလဲတွေ့ရ။

ထွန်ယက်လက်စ ယာခင်းတွေကိုလဲတွေ့ရနဲ့ အင်မတန်မှသာယာလှပတဲ့မြင်ကွင်းတွေကို

မြင်ရတဲ့ကျနော်မှာ တွေ့သမျှ လက်ဆော့လို့ မ၀နိုင်အောင်ပါဘဲ။

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်ျမှအလှတရားများ

အောင်ပန်းခရီးစဉ် အောက်တိုဘာ 2012

19-10-2012

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။