Admin Message Board

kaiOctober 16, 20121min2087

မော်မော်( Mod) များခင်ဗျား

ရွာထဲ.. အရေးအကြောင်းရှိရင်.. ကောင်းတိုင်ပင်ဆိုးတိုင်ပင်ဖို့နေရာပါ။
Category မှာ အောက်ကအတိုင်း ခွဲထားတာရှိပါတယ်။

  • Thakhin: CJ Only

    အဲဒီထဲ.. Member Category ရွေးရင် အပြင်လူတွေဖတ်မရပဲ.. ရွာသူားအဖြစ်မှတ်ပုံတင်ထားသူများသာ ဖတ်နိုင်ပါမယ်။
    Contributors ဆိုရင်.. Contributorsများ( ပို့စ်ပြင်နိုင်သူ ၂၀ဝခန့်) သာ ဖတ်နိုင်ပါမယ်။
    Moderator ဆိုရင် အောက်ဆုံးမှာစာရင်းပြထားတဲ ရွာသူားရယောက်ပဲ ဖတ်နိုင်မှာဖြစ်ပါတယ်…။
    Authors မှာတော့ အခုလောလောဆယ် ဘာမှရှိမနေပါဘူး။ မျက်စိနောက်လောက်အောင်ဆိုးတာတွေထားဖို့ အမှိုက်ပုံဆိုပါစို့.။

ဆိုတော့..
ဖျက်တဲ့ ပြင်တဲ့ ပို့စ်/ကော်မန့်တွေရှိရင်..။ ရပ်ရွာအရေးတိုင်ပင်စရာရှိရင်..  ဒီမှာရေးတင်ဆွေးနွေး..ကြ စေလိုပါတယ်။

ဖျက်မယ်ဆိုရင် ဆိုင်ရာဖျက်လိုက်တဲ့နေရာမှာ… — Deleted By Mod #1 — စသည်ဖြင့် ကိုယ့်ဆိုင်ရာ Mod# နဲ့ရေးထားစေလိုပါတယ်။
အဲလိုလုပ်ခြင်းဖြင့် ဘယ်သူ ဖျက်သွားတယ်သိနိုင်မယ်လို့ ထင်လို့ပါ။
ရွာထဲမလည်း Moderator များရှိကြောင်း ကြေငြာပ့ါမယ်..။
Mod ရှိတာက မင်န်ဘာများတဲ့ ဝက်ဘ်ဆိုက်တိုင်းမှာ ရှိတာပါ။ ဘာမှ အထူးအထွေထွင်လုပ်နေတာတော့မဟုတ်ပါ။

အားလုံးသိကြပြီးတဲ့အတိုင်း ရွာအခြေခံမူက

“မတူသောအတွေးနဲ့ တာဝန်ယူတဲ့ ကိုယ်ပိုင်စာချရေးပါ” ဖြစ်ပါတယ်။

ဒါပေမယ့်… ယူအက်စ်မီဒီယာမူအရ မည်သူမဆို မည်သည့်အကြောင်းအရာကိုမဆို လွတ်လပ်စွာရေးသားဆွေးနွေးခွင့် ရှိစေလို/ ပေးစေလိုပါတယ်။
(တတ်နိုင်သလောက်) ဖျက်/ပြင် မလုပ်စေလိုပါဘူး။

အခြေအနေအချိန်အခါအရ မသင့်တော်ရင် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လွတ်လပ်စွာ ပြင်/ဖျက်နိုင်ပါတယ်။

ဆိုတော့..
ယုံပါတယ်ခင်ဗျ..။

Moderator ရွေးရာမှာ အသိပေးအကြောင်းမကြားပဲ ကျုပ်သဘောနဲ့ တိုက်ရိုက်ရွေးထားတာမို့  နားလည်ခွင့်လွတ်စေချင်ပါတယ်။
…. ရွာကိုအပ်ပါကြောင်း

 မော်မော်စာရင်း
Mod #1 – zawwinmaung
Mod #2 – SP
Mod #3 – Anzartone
Mod #4 – Khin Latt
Mod #5 – inz@ghi
Mod #6 – Foreign Resident
Mod #7 – FattyCat

7 comments

  • kai

    October 16, 2012 at 10:43 pm

    မော်မော်များ.. ရောက်ရှိကြောင်း.. သတင်းပို့ကြပါခင်ဗျား.. :harr:
    ဒီကော်မန့်ကို ၏Edit လုပ်ပြီးရေးရင်.. ရွာသူားတွေသတိထားမိမယ် မဟုတ်ပါ။

    အဘဖေါ ရောက်ရှိကြောင်း သတင်းပို့ပါတယ် ။

    စွဲစိ # 2 .ရောက်ရှိ သတင်းပို ့၊ မိမိကွန်းမန် ့ ဒလိလုပ်၊ ပြန်လည်ထွက်ခွါ ။

  • ဇမ္ဗူ့လောကပါလသီရိသုဓမ္မသိဂီ င်္အဂ္ဂမဟာကြောင်ဝတုတ်

    October 19, 2012 at 8:51 am

    ကြောင်ဝတုတ်ရောက်ရှိသတင်းပို့ပါ သူကြီးမင်း

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • အဂ္ဂမဟာ သီရိ သုဓမ္မ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် လယ်ထွန်Z

    October 19, 2012 at 9:02 am

    お疲れ様です。
    インザーギです。

    宜しくお願いいたします。
    以上。

  • အဂ္ဂမဟာ သီရိ သုဓမ္မ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် လယ်ထွန်Z

    October 19, 2012 at 10:18 am

    စကားမစပ် သဂျီးရေ …

    http://myanmargazette.net/38104/creative-writing

    ဟောသည့်ပိုစ့်မှာ ပိုစ့် ပိုင်ရှင် ကိုယ်တိုင် ကောမန့်တချို့ကို ဖျက်ပစ်ထားတာ တွေ့လေရဲ့
    ကိုယ့်ပိုစ့်မို့ မန့်တာတွေကို ကိုယ်တိုင်ဖျက်နိုင်တာ ဖျက်တာ ကိစ္စမရှိပေမယ့်
    အမှိုက်ပုံထဲ သွားကြည့်မိတော့ ဖျက်ထားတဲ့ ကောမန့်တွေက
    ပြဿနာ မရှိတဲ့ သာမန် စာတွေပဲ ဖြစ်လေတော့
    ဖျက်ခံထိတဲ့ မန့် ပိုင်ရှင်တွေအနေနဲ့ ပိုစ့်ပိုင်ရှင် ကိုသော်လည်းကောင်း မော့တွေနဲ့
    သဂျီးကိုသော်လည်းကောင်း အထင်အမြင် လွဲမှားနိုင်သဗျို့…

    ရွာမီးမြှုက်ခံရတဲ့ အချိန်လောက်မှာဖြစ်သွားတာဆိုတော့
    အဲ့ … ပိုစ့်ပိုင်ရှင် ဖျက်တယ်လို့တော့မထင်မိဘဲ …
    လွဲချော်မှု တခုပါပဲ ခီညော် .. ပဲလား ဆိုတာ သိချင်ပါတယ်ဗျာ..

  • အဂ္ဂမဟာ သီရိ သုဓမ္မ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် လယ်ထွန်Z

    October 19, 2012 at 10:21 am

    နောက်တခု .. ကောမန့် တွေကို စပမ် ချက်တဲ့ ပလပ်ဂင်လား ပြုတ်ထွက်နေတယ်ထင်တယ်ဗျို့ …
    ကောမန့်တွေ (လင့်ခ်မပါတာတောင်မှ) စပမ် အပရုဘယ် ဝိတ်တင်းတွေ တွေ့တွေ့နေရတယ် ခီညော်.
    တွေ့သလောက်တော့ ဆွဲထုတ်နေတာပါပဲ ခီညော်…

    အဲ့လာလေး ပြင်ပေးစေချင် ပါသေးတယ် ခီညော်…

    :harr:

    • အဂ္ဂမဟာ သီရိ သုဓမ္မ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် လယ်ထွန်Z

      October 19, 2012 at 10:23 am

      Akismet has detected a problem. Some comments have not yet been checked for spam by Akismet. They have been temporarily held for moderation. Please check your Akismet configuration and contact your web host if problems persist.

      တဲ့…
      ==

      203.81.175.247:51294
      203.81.70.21:31826
      119.75.5.242:50098
      203.81.69.77:62259
      203.81.70.29:55168

      ports တွေကို DDoS ဝင်နေလို့ ပိတ်လိုက်တာ.. အပိတ်လွန်နေတယ်ထင်တယ်..
      ပြန်ဖွင့်လိုက်ကြည့်ပါမယ်…။
      – Kai
      ==

Leave a Reply