ရုံးဖွင့်ခွင့် ပြုတော့မည် မဟုတ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ အိုအိုင်စီသို့ အကြောင်းကြား

ဘဲဥOctober 18, 20121min1238

ရုံးဖွင့်ခွင့် ပြုတော့မည် မဟုတ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ အိုအိုင်စီသို့ အကြောင်းကြား

မြန်မာ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ
အစ္စလာမ်မစ် ပူးပေါင်းရေး အဖွဲ့(အိုအိုင်စီ)
သို့ မြန်မာနိုင်ငံ၌ ရုံးဖွင့် ခွင့်ပြုတော့မည်
မဟုတ်ကြောင်း အကြောင်းကြားလိုက်ပြီ
ဖြစ်ကြောင်း သတင်း ရရှိသည်။

ထိုသို့ အကြောင်းကြားလာခြင်းကို အိုအိုင်စီ အတွင်းရေးမှူး Ekmeleddin Ihsanoglu
က ယမန်နေ့က အတည်ပြု ပြောကြားသည်ဟု အေပီ သတင်းတွင် ဖေါ်ပြသည်။

သူက ပြောကြားရာတွင် သူတို့ထံသို့ နယ်စပ်ရေးရာ ဝန်ကြီး ဌာမှ တဆင့် အကြောင်းကြားစာ ရောက်လာခြင်း ဖြစ်ပြီး အစိုးရထံမှ တရားဝင် မဟုတ်ကြောင်း
ပြောကြားသည်။

အဆိုပါကိစ္စကို နောက်လတွင်ကျင်းပမည့်အိုအိုင်စီအစည်းဝေးတွင် ဆွေးနွေးမည်
ဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အိုအိုင်စီ ရုံးဖွင့်မည့် ကိစ္စကို မြန်မာ တဝန်းလုံးတွင် ကန့်ကွက်
ဆန္ဒပြမူများ ပေါ်ပေါက် လာသဖြင့် ပြည်သူများ၏ ဆန္ဒကို လေးစား လိုက်နာသဖြင့်
ယခုလို ရုံးများ ဖွင့်လှစ်ခြင်းကို ဆက်လက် ပြုလုပ်နိုင်တော့မည် မဟုတ်ကြောင်း
ပြောဆိုသည်ဟု ဆိုသည်။

မြန်မာ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် အိုအိုင်စီ ကိုယ်စားလှယ်တို့သည် မြန်မာနိုင်ငံ
စစ်တွေနှင့် ရန်ကုန်မြိုု့တို့တွင် ရုံးများ ဖွင့်လှစ်ရန် ယခုနှစ် စက်တင်္ဘာလ ၁၁ ရက်နေ့
က  သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ လက်မှတ်ရေးထိုး ပြီးနောက် မြန်မာနိုင်ငံ မြို့ကြီးများတွင် ရဟန်းတော်များမှ ဦးဆောင်ပြီး အိုအိုင်စီ ရုံးများ ဖွင့်လှစ်ရေးကို ကန့်ကွက် ဆန္ဒပြသည့် လူပ်ရှားမူများ နေ့စဉ် ရက်ဆက် ပေါ်ပေါက်ခဲ့သည်။

နောက်ထပ် သတင်းတစ်ပုဒ်ကတော့………

စစ်တွေမြို့ သဲချောင်းရွာမှ ဘင်္ဂလီ မှုဆလင် များထံမှ ပေးပို့လိုက်သော M 79 လောင်ချာ ၅ လက်နှင့် အခြားလက်နက်မျိုးစုံ ဖမ်းဆီးရမိ

 
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အောက်တိုဘာလ(၁၆)ရက်နေ့က ဘင်္ဂလီ မူဆလင်ဘာသာဝင်များနေထိုင်သော အင်ဘာလာ ရပ်ကွက်တွင် အသုဘ တခုဖြစ်ပွားခဲ့ပြီး ထိုအသုဘကို သဲချောင်းရွာရှိ ဘင်္ဂလီ မူဆလင် ဘာသာဝင်များအသုံးပြုသော သချင်္ ိင်းသို့ သွားရောက်မြုပ်နှံပြီး အပြန်တွင် သဲချောင်းရွာမှ ဘင်္ဂလီ မူဆလင်ဘာသာဝင်များက စစ်တွေမြို့ရှိ ရခိုင်တိုင်းရင်းသားများအား အပြတ် သုတ်သင်ရန် M 79 လောင်ချာ ၅ လက်နှင့် တခြားလက်နက်မျိုးစုံကို အင်ဘာလာ ရပ်ကွက်မှ ဘင်္ဂလီ မူဆလင် ဘာသာဝင်များအတွက် အသုဘ လိုက်ပို့လာသော ကားအပြန်တွင် ထည့်ပေးလိုက်ခြင်းကို
တာဝန်သိ ရခိုင်ပြည်သူတဦးက စစ်တပ်သို့ ဖုံးဆက် အကြောင်းကြားခဲ့သည်ရာ စစ်တပ်မှ ထိုကားအား ဟန့်တားရှာဖွယ် စစ်ဆေးရာတွင် M 79 လောင်ချာ လက်နက် ၅ နှင့် တခြားလက်နက်မျိုးစုံကို ဖမ်းဆီးရမိကြောင်း သိရသည်။

အထက်ပါ အကြောင်းအရာနှင့်ပတ်သက်၍ အသုဘလိုက်ပို့ ရာမှပြန်လာသော ကားပေါ်မှ မသင်္ခါသူ ဘင်္ဂလီ မူဆလင်ဘာသာဝင် ၅ ဦးအား ဖမ်းဆီး စစ်ဆေးနေသည်ဟု သိရှိရသည်။

ထို့အတူ “စိန်” မုန့်တိုက်ပိုင်ရှင် ဘင်္ဂလီ မူဆလင်ဘာသာဝင်တဦး၏ အိမ်အား ဆက်လက်ရှာဖွယ် စစ်ဆေးခဲ့ရာ လက်နက်များနှင့် ထိုလက်နက်တွင် အသုံးပြုသည့် ဒုံးရှည်များအား ရှာဖွယ်တွေ့ရှိခဲ့ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ သိရှိရသည်။

ဆက်လက်ပြီး “စိန်” မုန့်တိုက်ပိုင်ရှင်အား စစ်ဆေးမေးမြန်းရာတွင် ထိုလက်နက်များအား လုံထိမ်းတပ်ဖွဲ့မှ အရာရှိတဦးက ဝယ်ယူပေးခြင်းဖြစ်ကြောင်းနှင့် သဲချောင်းရွာမှ ကားပေါ်တွင် တင်ပေးလိုက်သော လက်နက်များမှာ သဲချောင်းရွာမှ ဘင်္ဂလီ မူဆလင်ဘာသာဝင်တို့ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်စဉ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခြေစိုက်သည့် ရိုဟင်ဂျာ အကြမ်းဖက် သမားများက လက်ဆက်ကမ်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

 

8 comments

  • မောင်ပေ

    October 18, 2012 at 8:36 pm

    လက်နက်သယ်လာတဲ့ကောင်တွေအားလုံး ကို အစစ်ဆေးမေးမြန်းမရှိ သေဒဏ်ပေးတာမျိုး
    အဲဒီသတင်း..အဲဒီသတင်း
    ဆက်မျှော်နေမယ့်အကြောင်း

  • အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဇင်းဗိုက် { B.E }

    October 18, 2012 at 8:47 pm

    မူရင်းကို သွားကြည့်တော့ ဓာတ်ပုံ အင်တာနက်ဆိုပြီး http://3.bp.blogspot.com/-xYmmswzWFUs/UH9vXwyHMqI/AAAAAAAAamo/6ezLClLSWv4/s1600/shwe+myanmar.jpg ပုံ တွေ ့ရသဗျာ
    ဟုတ်မဟုတ် နောက်ဆက်တွဲလေး သိရင် သတင်းလာပို ့ပါဦးမယ်..
    လောလောဆယ် မအားသေးလို ့ Confirm မလုပ်နိုင်သေးဘူး အုအုရေ
    ဂယ်ကြီးဆိုရင် ကြောက်စရာပါ…

    • Foreign Resident

      October 18, 2012 at 11:10 pm

      ” ဓာတ်ပုံ အင်တာနက်ဆိုပြီး ပုံ တွေ ့ရသဗျာ
      လောလောဆယ် မအားသေးလို ့ Confirm မလုပ်နိုင်သေးဘူး အုအုရေ ”

      အဘ သိသလောက် ပြောရရင်တော့ ၊
      အဲဒီ ပုံထဲမှာ M 79 လောင်ချာ ၅ လက် ဆိုတာ မပါပါဘူးကွယ် ။
      အဲဒီ ပုံက အီဂျစ်မှာ အကြမ်းဖက်သမားတွေဆီက ဖမ်းမိတဲ့ လက်နက်ပုံပါကွယ် ။
      ( http://www.egyptindependent.com/node/472961 )

      အဲဒီလောက် လက်နက်တွေသာ မိရိုး / ရှိရိုး မှန်ရင် ၊
      ဘယ်လိုမှ ဖုံးဖိလို့မရ အုံးအုံး ကြွက်ကြွက် ဆူလာမှာပါကွယ် ။

      ရွာသူားတို့လဲ အစီအစဉ်ကျကျ သွေးထိုးပေးနေတဲ့သူတွေရဲ့ ၊
      လှည့်ကွက်အပေါင်းကနေ ကင်းလွတ်ပြီး ၊
      အဖြစ်အပျက်ကို ပေ ၃၀၀၀ဝ အမြင့်ကနေ ကြည့်နိုင်ကြပါစေကွယ် ။

  • San Hla Gyi

    October 18, 2012 at 9:13 pm

    နောက်ဆက်တွဲ သတင်းလေး လိုနေလို့ လာဖြည့်တာပါ။ တကယ်တော့ ထိုလက်နက်များရဲ့ မူရင်းလမ်းကြောင်းမှာ အမေရိကန်နိုင်ငံတွင် နေထိုင်သော စာနယ်ဇင်းသမား အရေခြုံ အစွန်းရောက် အကြမ်းဖက် ဘာသာရေး ဂိုဏ်းခေါင်းဆောင်ကြီးထံမှ ပေးပို့လိုက်တယ်လို့ သိရပါတယ်။ သူဟာ အလ္လာရဲ့ဓားဆိုတဲ့ ဘွဲ့ရသူဖြစ်ပြီး အမေရိကန်နိုင်ငံမှာ လူ့အခွင့်အရေးသမား တယောက်အဖြစ် ပိပိရိရိ ဟန်ဆောင်နေထိုင်တယ် လို့သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာများကို နောက်ကွယ်က လက်နက်ထောက်ပံ့ပေးပြီး စိန်မုန့်တိုက်ပိုင်ရှင်ကို လက်နက်ဝယ်ပေးတဲ့ လုံထိန်းတပ်ဖွဲ့က အရာရှိကိုလည်း မက်လောက်တဲ့ လာဘ်ငွေတွေပေးပြီး စေခိုင်းတာလို့ သိရတယ်။ နောက်ဆုံးသတင်းအရ သူဟာ စာနယ်ဇင်းတခုရှိပြီး ကိုယ်တိုင် အယ်ဒီတာလုပ်ကာ လစ်ဘရယ် ဒီမိုကရေစီစာတွေ ဟန်ဆောင်ရေးသားလေ့ ရှိတယ်လို့ သိရတယ်။

    • အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဇင်းဗိုက် { B.E }

      October 18, 2012 at 9:19 pm

      ပက်စက်လိုက်တာဗျာ
      :harr:

    • မိုးတိမ်

      October 19, 2012 at 2:23 am

      အခုတော့ သူလဲ အတော်ခြေငြိမ်နေရကြောင်း သတင်းအတိအကျရရှိပါသည်။ ငြိမ်းချမ်းရေးဗုံး ကမ္ဘာပေါ်တွင် စတင်ပေါက်ဖွားလာသူများမှ အယ်ဒီတာ၏ထိုင်ခုံအားဗုံးခွဲရန်ကြံစည်နေကြောင်းလဲ သတင်းအတိအကျရရှိပါ၏။ထို့ကြောင့် အလ္လာအရှင်မြတ်ထံမှမေတ္တာတော်ခံယူနိုှင်စေရန် တစ်ရက်(၅၀၀၀၀၀)ကြိမ်ဖင်ဘူးတောင်းထောင် ဝတ်ပြုဆုတောင်းနေရကြောင်းးး:harr:

  • jullies cezer

    October 19, 2012 at 1:37 pm

    OIC ဖွင့်ခွင့်မပေးဘူးတဲ့ကောင်းလိုက်တာဗျာ ဒီလိုပဲဖြစ်ရမှာပေါ့
    ဘယ်နှယ့်ရှိတဲ့ကုလားတွေတောင်မောင်းမထုတ်နိုင်တဲ့အပြင်
    ထပ်လာအုံးမယ်ဆိုတော့ ဘယ်လက်ခံလို့ဖြစ်မလဲ ကန့်ကွက်ရမှပဲ
    OIC ရေ နင်တို့ အရမ်းစေတနာရှိကူညီချင်ရင် မြန်မာပြည်ထဲကျူးကျော်
    ရောက်နေတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂါလီတွေကို နင်တို့တိုင်းပြည်ထဲလက်ခံ
    လိုက်ပါလား………….

Leave a Reply