သံတွဲကိုရောက်နေတဲ့ က.ည.န ရဲ့ စာရင်းမပြ ငွေပိုတောင်းခံမှု

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ကား၊ ဆိုင်ကယ်၊ ယာဉ်မောင်းလိုင်စင် တွေကို ဒီလ ၁၆ ရက်နေ့က စတင်ပြီး လုပ်ပေးနေတယ်။ က.ည.န အဖွဲ့က လိုင်စဉ်သက်တမ်း တိုးမြှင့်တဲ့အခါ ဆိုင်ကယ်တစ်စီးကို လိုင်စင်သက်တမ်း မကုန်မီ လဲသူကို (၁၄၅၀ဝိ/-) ၊ သက်တမ်းကျော်နှစ်လကို (၁၅၅၀ဝိ/-) ၊ သုံးလကို (၁၇၅၀ဝိ/-) / (၂၁၀၀ဝိ/-) စသဖြင့် အမျိုးမျိုး ကောက်ခံနေပါတယ်။ လိုင်စဉ်လုပ်ပြီး စာအုပ်ကိုထုတ်ပေးပေမယ့် ငွေရပြေစာ မပါပါ။ စာအုပ် မှာပါတဲ့ ငွေနဲ့ အမှန်တစ်ကယ် ပေးရတဲ့ငွေက တစ်သောင်းလေးထောင်ကျပ်(၁၄၀၀ဝိ/-) လောက် ကွာနေပါတယ်။ အသက်အာမခံဌာနက ငွေရပြေစာမှာ (၁၆၀ဝိ/-) ကိုသာရေးပြီး ကောက်တဲ့အခါ (၄၀၀ဝိ/-)၊ (၃၅၀ဝိ/-) ၊ (၃၀၀ဝိ/-)၊ (၂၀၀ဝိ/-) စသည်ဖြင့် ကောက်ခံနေပါတယ်။ အခု ကောက်ခံတဲ့ငွေတွေ နိုင်ငံတော်ဘဏ္ဍာကို အပြည့်အဝ ဝင်မဝင် တာဝန်ရှိသူများ ၊ အုပ်ချုပ်ရေးအဖွဲ့များ ပြည်နယ်အစိုးရအဖွဲ့က စိစစ်ပြီး မမှန်မကန်လုပ်ရင်တော့ လူသိရှင်ကြား အရေးယူသင့်နေပြီ၊ နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်ထောင်စု ဝန်ကြီး ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်ဝန်ကြီးများ သိရှိအောင် ပြောပြလိုက်တာပါ။

8 comments

  • ဘရားသား

    October 18, 2012 at 10:07 pm

    ဒင်းတို့က စားနေကျ ကြောင်ဖားကြီးများ ဖြစ်ပါတယ် ၊
    တခြားမြိုု့တွေနဲ့စာရင် တောင်းရမ်းဈေး များလွန်းနေသလား လို့ပါ ၊
    ဆိုင်ကယ် သက်တမ်းတိုး တာ ၁၀၀၀ဝ မကျော်ပါဘူးဗျာ ၊
    လွန်ဘဲ လွန်လှချည်ရဲ့ ။
    ကျနော့် ဆိုင်ကယ် China အစုပ်ပလုပ်လေး က ခုနှစ်ထောင်ဝန်းကျင်ဘဲ
    ကုန်ကျပါတယ် ၊
    ခွေးသူတောင်းစား သူခိုးတွေရေ လျှော့ပေါ့လုပ်ကြပါဦး ။

  • Kaung Say Chin

    October 19, 2012 at 8:18 am

    ဒီလို ကိစ္စမျိုး ကို ပြတ်ပြတ်သားသား အရေးယူပြဘို.လိုပါသည်။ သို.မှ သာ အနှစ်နှစ်အလလ က ချစားနေခဲ.တဲ.မြန်မာ.လူဘောင် မှာ တရားဥပဒေစိုးမိုး ရေးအတွက် စတင်လုပ်ဆောင် နေပြီလို. ယုံကြည်မှူကို တည်ဆောက်နိုင်မှာပါ။

  • မာလိန်မှုူး

    October 19, 2012 at 10:40 am

    ခေါက်ရိုးကျိုးကြေနေတဲ့ အဲဒီ အဝှါ များကို သွန်သင်ဆုံးမ မရနိုင်တော့ပါ
    ဒီတော့ သက်ဆိုင်ရာ တိုင် ပြီး အရေးယူခိုင်း ဒါပဲ ရှိတော့တာ
    ဟိုးနေ့က သတင်းတခုဖတ်လိုက်ရတယ်
    မြန်မာနိုင်ငံမှာ ရဲ အရာအရှိများ အပါဝင် ရဲတပ်သား အယောက် ၉၂၅ဝ
    အရေးယူ လိုက်သတဲ့

  • အေးဝတီ ကြီး

    October 19, 2012 at 1:00 pm

    ( Deleted by Mod – 6 ) သုံးမကျတဲ့ ကောင်တွေအတိုင်းဘဲ လမ်းပေါ်ထွက်အော်။အိမ်ခေါင်ကိုတက်အော်ပါလား
    ဟုတ်လားကွာ။နောက်ထပ် ( Deleted by Mod – 6 ) ခံလိုက်

  • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

    October 19, 2012 at 1:28 pm

    Well done Mod-6 :kwi:

  • မဟာ့မဟာ မဟာထိပ်ခေါင် ခေါင်းပြောင်ဖွတ်ကျား သောက်သောက်စားစား လူ့ငနွား

    October 19, 2012 at 4:54 pm

    ဇာတိ ပုံစံမပျက်
    သင်း ကို ငါ အမျက်ထွက်
    ဆုံးမလိုက်ပါ အမိနဲ့အဖ
    ရှိကြသေးလားဗျ

    • ဒေါက်တာ အဂ္ဂမဟာပဏိ္ဋတ ဥသျှောင် သင်းကျိတ် မကိဋ်သရဖူ လီး

      October 20, 2012 at 9:10 am

      မင့် ( Deleted by Mod – 6 ) ဖစ်လား

  • uncle gyi

    October 19, 2012 at 10:34 pm

    ရခိုင်ဆိုတော့စွန့်စွန့်စားစားသွားလုပ်ပေးရလို့ပါ
    နားလည်ပေးပါနော်

Leave a Reply