“တစ်ခါက နှင် ့ အမှတ်တရများစွာ”

ေမာင္ရိုးOctober 18, 20121min35445

ကျနော်သရဲ မကြောက်တတ်ပါဘူး …။ သူတို့ကို ရန်လည်းသွား မစပါဘူး ….သူ့နေရာ သူနေ ၊ ကိုယ့်နေရာ

ကိုယ်နေ ဆိုတဲ့သဘောပါ …။ ကားသမားတွေ စုမိရင် အဓိက ပြောလေ ့ပြောထ ရှိတဲ့အကြောင်းအရာသုံးမျိုး

ကတော့ ….

(၁)မိန်းမအကြောင်း …..။၊အိမ်ကမိန်းမ အပါအဝင် လမ်းတလျှာက်တွေ ့ခဲ့ဘူးသမျှမိန်းမ များ……..

(၂)အုံနာ မကောင်းကြောင်း ….။ (စပယ်ယာများ စုမိလျှင် ဒရိုင်ဘာမကောင်းကြောင်းလည်းပါ ဝင် …..)

(၃)သရဲ အကြောင်း ………( ကိုယ်တွေ ့ ၊ စာတွေ ့ ၊ ကြားဖူးနားဝ ၊ )

အဲဒီလို …အထက်က အကြောင်းအရာတွေကို ပြောလေ ့ရှိကြတော့ မောင်ဆာမိလည်း သရဲ အကြောင်းကို

တော်တော်လေး နားရည်ဝနေတော့တာပေါ ့ …….။

===================                        =======================

တစ်ခါက ………….ရန်ကုန် – မန်လေး လမ်းတစ်လျှာက် သစ်လုံးတင်ကားတစ်စီးနဲ့ ခြေဆန် ့ခဲ ့စဉ်ကပါ ..။

လှိုင်းတက်မှာ သစ်ဆွဲဖို့ ရှိတယ်လို့ သတင်းကြားပြီး ဘာကုန်မှ မပါပဲ အညာကို တက်ခဲ့ ပါတယ် …။

လှိုင်းတက်လည်းရောက်ရော သစ်က ခွဲတမ်းမရပါဘူး ..။ဒါနဲ့ ရွှေကြက်ယက်မှာ ရလိုရငြား ခရီးဆန် ့ပြန်တော့

လည်း အထက်က သစ်ဖေါင် မမျှောသေးလို့ စောင် ့ရမယ်လို့ဆိုပါတယ် …..။

မောင်ဆာမိတို့လည်းစားရိတ်တော် တော် ထောင်းနေပါပြီ ။ ဒါနဲ့ပဲ ရရာကုန်နဲ့ပြန်မယ်လုပ်ပြီး ကုန်ရှာ

ရပါတယ် ။ အဆင်မပြေပါဘူး ….။ မိတ္ထီလာမှာ ကုန်ပေါလို့ လာကြည် ့ပြန်တော့လည်း ပွဲစားက

“နွားတင်မလား” တဲ ့ ……။ ကျနော်တို့ ကုန်ကားသမားတွေမှာ ဆိုရိုးစကားရှိပါတယ် ….

(၁) ရခိုင်ရောက်ရင် ….ကုလားမတင်နဲ့ ( ဖမ်းမိရင် ကားသိမ်း ၊ လူထောင်ကျ )

(၂) ပုဂံရောက်ရင် …..ဘုရားမတင်နဲ့   (ဘုရားခိုးဂိုဏ်းက ခိုးရာပါဆို….ကားသိမ်း ၊ထောင်ကျ )

(၃) အညာရောက်ရင် …..နွား မတင်နဲ့ (နွား မှောင်ခိုဆိုရင် …..ကားသိမ်း ၊ ထောင်ကျ )

နွား မှောင်ခိုတင်ရင် ရတဲ့ကားခက ပုံမှန်ထက်သုံးဆ လေးဆ လောက်ရကြပါတယ် . …။ဒါပေမဲ့ …

မောင်ဆာမိတို့ မစွန့်စားရဲပါဘူး ….။ စားရိတ်ရှုံးရင် ရှုံးပါစေတော့ဆိုပြီး ပြန်လာမယ် လုပ်နေတုန်း

ပြောင်းဖူးဆန်တွေ တင်ဖို့ ရပါတယ် …။ ဒီလိုနဲ့ တရွေ ့ ရွေ ့မောင်းရင်း ရန်ကုန်ကိုပြန်ဆင်းလာတော့တာပေါ ့

အဲဒီနေ ့က …ဖြူးမြို ့နားက ညောင်ပင်သာရွာမှာညနေစာ ထမင်းစားပြီး တာယာတွေအေးတဲ့ ညပိုင်း

လောက်မှာ စထွက်လာခဲ့ပါတယ် ….။ကားသမားတွေ နားလေ ့ရှိတဲ့ ဘိုင်ဒါး ဆိုတဲ့ ရွာလေးမှာ ညအိပ်ဖို့

ရည်ရွယ်ရင်း နဲ့ပေါ ့ဗျာ ….။

 

ဘို်င်းဒါးရွာဆိုတာ ဂေါ်ဖီတို့ ဖရဲသီးတို့ ထွက်တဲ ့နေရာပါ ….ဒိုက်ဦးမြို ့နယ်ထဲမှာပေါ ့ ….။ကုန်တင်ကား

သမားတွေ အကြိုက်တွေ ့တဲ့ ထမင်းဆိုင်တွေရှိတာပေါ ့လေ ….စားခါနီးးမှ ကြက်သား ကာလသားချက်လေး

ချက်ပေးတာရယ် …..ရာသီအလိုက် ဟင်းရွက်မျိုးစုံ ပေါတဲ ့နေရာမို့ အသီးအရွက်ကြော်လတ်လတ် ဆတ်ဆတ်

လေးတွေရတတ်တာရယ် က ကားသမားတွေ အကြိုက်ပေါ ့ …..။ကျနော်ကြိုက်တဲ့ အညာခရမ်းချဉ်သီးထောင်း

လေးလည်း ရတတ်သဗျ …။ စပယ်ယာလေးတွေအတွက်ကတော့  ဂစ်တာအဟောင်းတစ်လုံးပေးထားတယ်

ကြိုက်သလိုတီး……….ရွာပြင်သစ်ပင်အောက် လယ်ကွင်းပြင်မှာ ကြိုက်သလောက်သာအော်….

ကြိုက်သလိုသာဟစ်ကြ….ဘယ်သူမှမတားကြဘူးလေ …..

စပယ်ယာဆိုတဲ ့ ကောင်တွေကလည်းကားမောင်းနေစဉ်မှာ တခူးခူးနဲ့အိပ်ပြီး ခုလိုညဆို တစ်ညလုံး မအိပ်

ကြတော့ဘူး …..လူစုပြီး ဂစ်တာတီးတဲ့သူနဲ့ …ရွာထဲသွားပြီး ဗွီဒီယို သွားကြည် ့တဲ့သူနဲ့ ..တစ်ချို ့ ကတော ့

ဘာရယ်ညာရယ်မဟုတ်ဘူး ကွမ်းယာဆိုင်က ကောင်မလေးတွေ ထမင်းဆိုင်ကကောင်မလေးတွေကို

ရစ်သီ ရစ်သီပေါ ့ ……။ မောင်ဆာမိတို့ကတော့ မသိချင်ယောင်ဆောင်ပြီး နေကြပါတယ် …..သူတို့

မအိပ်တော့လည်း ကားလုံခြုံရေးစိတ်ချရတာပေါ ့လေ …..။ ဒီလိုနဲ့ပဲ …..တောင်စဉ်ရေမရ အော်ချင်ရာအော်

နေကြတဲ့ သူတို့သီချင်းသံတွေနားထောင်ရင်းနဲ့ အိပ်ခဲ့ရတာ အကြိမ်ကြိမ်ပါ …ခုလည်း ….အဲဒီ ဘိုင်းဒါး

ဆိုတဲ့ ကားသမားတွေရဲ ့ အိုအေစစ် လေးမှာနားဖို့ရည် ရွယ်ခဲ့တာပါပဲလေ ……………….။

 

နေ ့လည်က ပင်ပန်းခဲ့တဲ ့ အရှိန်ရယ် ….ညနေစာ စားတုန်းက ဝက်သားမျှစ်ချဉ်နဲ့ ပဲပုတ်ထောင်းကို

အားပါးတရ စားခဲ့တာဆိုတော့  မိုင်သုံးဆယ်ကျော် မောင်းပြီးချိန်မှာ ဘယ်လိုမှ ဟန်မဆောင်နိုင်လောက်

အောင်ကို အိပ်ငိုက်ပါတော့တယ် ..။ ဒါနဲ့ မောင်ဆာမိလည်း ဘိုင်းဒါးမရောက်ပဲ ကားမှောက်ပြီး တမလွန်

ရောက်သွားမှာမို့ နီးစပ်ရာမြေညီညီမှာ ကားထိုးရင်း အိပ်လိုက်ရတာပေါ ့ …..။အိပ်ကောင်းကောင်းနဲ့

အိပ်လိုက်တာ မိုးစင်စင်လင်းမှပဲ နိုးပါတော့တယ် …..။ နိုးနိုးခြင်း မျက်စိတောင်ကျယ်သွားတယ် ..။

ညက …အိပ်ချင်မူးတူုးနဲ့ ကားရပ်ပြီးအိပ်လိုက်တာ သင်းချိုင်းကုန်းတစ်ခုရှေ ့မှာလေ ….။ ကားခေါင်းက

အုပ်ဂူ တစ်ခုကိုဦးတိုက်ပြီးတော့ ရပ်ထားတာ …..။မကြောက်ပေမဲ့ ရုတ်တရက်ဆိုတော့ ကြက်သီးလေးတော့

ထ လာမိသားဗျ …။

 

ဒါနဲ့ …..စပယ်ယာကြွက်နီကိုနှိုးတော့ ဒီကောင်မျက်နှာပျက်လို ့ဗျ ။သရဲသိပ်ကြောက်တတ်တာလေ ။

ကျနာ်လည်း မထူးပါဘူးဆိုပြီး ကြွက်နီကို ကားစစ်ဆေးခိုင်းပြီး မျက်နှာသစ် ၊ ပြီးတော့ အုပ်ဂူကြားလေးထဲပြေးပြီး

ပေါ ့ အပါးသွားတာပေါ ့ှဗျာ ။။။ ဒီအချိန်မှာပဲ …..ကားဆီက စက်နှိုးသံကြားရတော့  ကြွက်နီကိုစိတ်တိုတာပေါ ့ ။

ကျနော့်စည်းကမ်းက စပယ်ယာကို ကားမနှိုးခိုင်းတာပဲ ၊ ။ ဒါနဲ့ ကားဆီကိုရောက်တော့ ကြွက်နီကို ဆူမယ်

ဆိုပြီး “ဟေ ့ကောင် ….ဘာကြောင်ပြီး ကားကိုသွားနှိုးတာလဲ” လို့ ဆိုတော့ …..တာယာကြားကညှုပ်နေတဲ့

ခဲစ လေးတွေကိုကော်ထုပ်ရင်း ကျနော် ့ကို ခတ်ငေးငေးလေးကြည် ့နေတယ် ….

“ဆရာ နှိုးတာမဟုတ်ဖူးလား ” တဲ့ ကျနာ်က “မင်း စက်နှိုးသံ ကြားလို့လား” လို့မေးတော့

“ အင်းလေ …..ကျနော် အင်ဂျင်ဝိုင်မစစ်ရသေးခင်နှိုးလိုက်လို့ အံ့ဩနေတာ ”တဲ့ ….ကောင်းရော ….

ကျနော်လည်း ကားပေါ်အမြန်တက် အလောတကြီးစက်နှိုးရင်း စပယ်ယာကို ………………..

“ကဲ ကဲ ကြွက်နီ ကားပေါ်မြန်မြန်တက် ….ဘိုင်းဒါးမှာ မနက်စာဆွဲကြမယ် …”

ကျနော် ့ခြေထောက်တွေက လီဗာကိုပြားနေအောင်နင်းနေမိတော့တာပဲ ………………………….။

 

တစ်ခါက ဒရိုင်ဗာ

မောင်ဆာမိ

 

(အထက်ပါ အကြောင်းအရာအကျဉ်းကို ကော့်မန့်အဖြစ် မetone ရဲ ့ တီဗွီ လာလာဖွင် ့တယ်  ဆိုတဲ့

ပိုစ့်မှာ ရေးခဲ ့ဖူးပါတယ် …)

 

45 comments

  • Hnin Hnin

    October 19, 2012 at 1:13 am

    အုတ်ဂူကြားထဲ အပေါ့သွားလိုက်လို့ သူ့ပန်းမိသွားလို့ မကျေနပ်လို့ တန်းခြောက်လိုက်တာ၊
    ကျီစားလိုက်တာများလား..တစ်ညလုံးလည်း ဘာမှမဖြစ်ဘူး…မိုးလည်းစင်စင်လင်းနေပြီဆိုတော့
    ဒီသရဲက တော်တော်ရဲပုံရတယ်…..ဟိုမြန်မာကားလို ကားပေါ်ပါသွားပြီး ရဲတဲ့သရဲနဲ့တစ်ပွဲတစ်
    လမ်း နွှဲစေချင်သေးတာ… 🙂

  • မောင်ပေ

    October 19, 2012 at 2:39 am

    ကားဘယ်သူစက်နှိုး
    စားယူထွက်တိုး
    များလှူတက်အကျိုး
    တားသူခွက်ခိုး
    ဖားပူဆက်ပျိုး
    သားဆူနတ်ဆိုး
    အားကူလျှက်ထိုး

    • surmi

      October 20, 2012 at 12:21 am

      မနှင်းနှင်းရေ
      ကားပေါ်တော့ မခေါ်ပါရစေနဲ့ဗျာ ဟဲ ဟဲ ။
      တစ်ညလုံး အိပ်ကောင်းနေတာလေ ဆင်နင်းရင်တောင်သိမှာမဟုတ်ဘူး ။ဘာရယ်မဟုတ်ပါဘူး
      တင်မဲ့ပို့စ်ကတစ်ခု …ပျင်းပျင်းနဲ့ရေးဖြစ်သွားတာတစ်ခုဖြစ်သွားတာ …။

      ကိုပေကြီး
      ကျုပ်မျှော်နေမယ်နော ။ စနေနေ ့ စောစောတင်ဗျ ။ ခက်တာက နေ့လည်မှာ ဝင်လို့ရချင်မှ ရမှာ
      ဒီနေ ့ဆို ကော့်မန် ့ရေးလို့ မရဘူးဖြစ်နေတယ် ။

      ဗျို ့ဦးကျောက်ရေ
      အစ်ကို ့ အဖြစ်က ဆိုးလှပါလား ။ တော်ရုံလူဆို ကြောက်ပြိး အသက်ထွက်သွားမယ်
      ကျနော်လည်း ဒီနေ ့အထိ နားကြားများလွဲသလားလို့ ထင်နေမိသေးတာ . …။
      ဟို ကောင် ကါကြားတယ်ဆိုလို့ ….ခုလည်း သတိယလို့ ရှေးဟောင်းနှောင်းဖြစ်တွေရေးနေမိတာဗျို့ …။

      • Hnin Hnin

        October 20, 2012 at 8:42 pm

        သရဲဆိုတာ သူတစ်ကယ် ခြောက်ချင်ပြီဆိုရင် အချိန်မရွေး သူ့တန်ခိုးနဲ့နှိုးပြီး ခြောက်
        တတ်တယ်လို့တော့ ဖတ်ဖူးတယ်…ဟုတ်မဟုတ်တော့ မသိဘူးပေါ့ရှင်…အိပ်မောကျ
        နေလည်း လူကနိုးလာသလိုဖြစ်ပြီး အိပ်တစ်ဝက်၊နိုးတစ်ဝက်နဲ့ အပြင်မှာ တစ်ကယ်
        ဖြစ်နေသလိုလို၊ အိပ်မက်လိုလိုနဲ့ အခြောက်ခံရတာမျိုးပေါ့….ကိုဆာမိကျတော့ ကြင်
        နာတတ်တဲ့ သရဲနဲ့တွေ့လို့ ဖြစ်မယ်…တေ့တေ့ဆိုင်ဆိုင် သူ့ကို စိန်ခေါ်ထားတာ
        တောင် တစ်ညလုံး အိပ်မောကျနေတာလေးကြည့် သနားလို့ လွှတ်ပေးလိုက်တာ
        ဖြစ်မယ်… 😀 ….
        သရဲရှိတာတော့ အမှန်ပဲဗျ..လက်တွေ့သမားမို့…လူသေသာ မကြောက်တာ….
        သရဲတော့ အသံကြားရုံနဲ့တောင် တုန်လှုပ်ပြီး ချွမ်ပြေး ဆပေါင်ထင်တာလေ… :mrgreen:

  • ဦး ကျောက်ခဲ

    October 19, 2012 at 2:59 am

    ဟာ…… အကိုဆာမိ ကလဲ၊ “ငါပင်ပန်း နေလို့ တစ်လှည့် မောင်းပေးပါ” ပြောလိုက်တာ မဟုတ်ဘူး!

    တကယ်တော့ မောင်ကျောက် လဲ လက်တွေ့သမားမို့ မယုံချင်ပေမဲ့ ကျောင်းသား ဘဝ ကနေ ယခု အလုပ်ခွင်အထိ ကြုံရတာ များလာလို့ ဖာသိဖာသာဘဲ နေလိုက်ပါတယ်……..
    အဟီး….. အခန်းကို တံမျက်စီး အမြဲလှည်းပေးပြီး၊ သော့ကျန်ခဲ့ရင် အထဲက တံခါးဖွင့်ပေးတာတောင် ကြုံဘူးပါတယ်……..

    • pooch

      October 19, 2012 at 8:32 am

      အမလေး အဲ့လောက်တောင် လုပ်ပေးလို့ ရတယ်လား သူရဲက ရေးတင်ပါ ဦးကျောက်
      စိတ်ဝင်စားတယ် ဒါဆို သူက သူရဲမ မဟုတ်ရင် ဂေးသူရဲပဲ ဖြစ်ရမယ် :mrgreen:

    • Foreign Resident

      October 19, 2012 at 9:49 am

      ” အခန်းကို တံမျက်စီး အမြဲလှည်းပေးပြီး၊ သော့ကျန်ခဲ့ရင်
      အထဲက တံခါးဖွင့်ပေးတာတောင် ကြုံဘူးပါတယ် ”

      ဟယ် ၊ ကြည့်စမ်း ၊ ကြည့်စမ်း ၊
      အဘ နှင့်တော့ ကွက်တိပဲ ။
      အဲဒါမျိုး လိုချင်နေတာ ။
      ဘယ်မှာ ခေါ်ရမလဲဟင် ။

      • ဦး ကျောက်ခဲ

        October 19, 2012 at 11:29 am

        အဘဖော ရေ

        ခေါ်ချင်ရင်တော့ တရုတ် နတ်ဆရာနဲ့ ဟောင်ကောင် သာကြွခဲ့ပေတော့……
        မယုံလို့ စမ်းကြည့်တာ သုံးကြိမ်၊ သော့ပို လက်ထဲဆောင်ထားပြီး၊ ဖွင့် ခိုင်းလို့ ကတော့ “NO” ပါ ….
        နောက်ဆုံး အကြိမ်မှာ “တင်း” သွားပုံရလို့ နောက် မစမ်းတော့ဘူး…..ဟီးဟီး
        :harr:

  • ကိုခင်ခ

    October 19, 2012 at 6:32 am

    ကိုဆာမိများ ဒရိုင်ဗာတစ်ယောက်အပိုပါလာတာကို ရေးဖို့မေ့နေလားမသိဘူး ပိုစ့်အဆုံးသတ်
    ခါနီး မနက်ကားစက်နိုးပုံရေးမှဘဲ ထဲ့ရေးဖြစ်တော့တယ်နော်။

  • pooch

    October 19, 2012 at 8:24 am

    တော်သေးတယ် တညလုံး အိပ်နေတာ လာမနှောင့်ယှက်ပဲ မနက်မှ လာနှုတ်ဆက်တာဆိုတော့
    ဂူကြား ညစ်ပတ်တာ မကြိုက်လို့ ဖြစ်မယ် :mrgreen:

    • surmi

      October 20, 2012 at 12:30 am

      အဘFR ရေ ..
      အတွင်းရေးမှုးတကယ်လိုချင်ရင် ရွှေပြည်သာ တံတားအဆင်းမှာ
      မျက်နှာပြားပြားနဲ့ တစ်ယောက်ရှိသတဲ ့ ။ ကားတော့ လိုက်စီးတာ တော်တော်ဝါသနာပါဆိုပဲ … :kwi:

      ကိုခင်ခရေ ့ …..
      အပိုတော့မခေါ် ပါရစေနဲ ့ဗျာ . …။ ကားလေးမှာစိုးလို့ ပါ 😀
      ကြောက်လို့ ဟုတ်ဘူးနော် ..။
      ဒေါ်ပုချ်
      တညလုံးနှောက်ယှက်လည်း ကျုပ်ကသိမှာမဟုတ်ဘူးလေ ..ဟိုညတွေက အိပ်ရေးပျက်ခဲ ့တာဆိုတော့
      ဘာတဲ ့ စကားပုံတောင်ရှိသေး …(ကုလားသေ ကုလားမောအိပ်တယ် )ဆိုတာ …

  • ကြည်ဆောင်း

    October 19, 2012 at 8:58 am

    အင်း ….သူလဲ အခွင့်ကြုံတုန်းလေး ကားမောင်းကြည့်ချင်တာဖြစ်မှာပေါ့
    ကိုဆာမိကလဲ ပေးမောင်းလိုက်တာမဟုတ်ဘူး …
    :harr:

  • ဖတ်လို့ကောင်းသဗျ ကဆာမိရ…ကြုံတုံးလေး
    စကားစပ်ရရင်..ကဆာမိညနေစာစားခဲ့တဲ့…
    …ဖြူးမြို ့နားက ညောင်ပင်သာရွာ ဟာကျုပ်ချက်ကြွေခဲ့တဲ့ရွာပေါ့ဗျာ…
    အတွေ့အကြုံလေးတွေဆက်ပါအုံး…
    ခင်တဲ့…

  • ဩီဝတ္တဏပါဠီဇမ္ဗူ့လောကပါလမဟာအဂ္ဂကြောင်ဝတုတ်

    October 19, 2012 at 9:34 am

    ကျွန်တော်ဆို တစ်ခန်းထဲတူတူနေဖူးတယ်…
    ကျွန်တော် စာဖတ်နေရင် နောက်ကနေမတ်တပ်ရပ်ကြည့်တယ်…
    အိပ်ရင် ဘေးနားမှာလမ်းလျှောက်တယ်…

    အလုံးအထည်မမြင်ရပေမယ့်… သူရှိနေတယ်ဆိုတာကို သိနေတယ်…
    ကြာလာတော့လဲ တူတူနေဖြစ်တာပေါ့… ဟိဟိ

    လက်တွေ့သမားပေမယ့် လက်တွေ့တွေ့တာများတော့လဲ ဒင်းတိုရရှိတယ်ဆိုတာ သိပါတယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ

    October 19, 2012 at 9:48 am

    ခိခိ၊ အူးဆာမိပို့စ်မာ တိုက်ဆိုင်မှုလေးတွေ ဝင်ပွားပရဇီ။ ကျမ နယ်မှာအလုပ်နဲ့နေရတုန်းက ကျမတို့နယ်ရုံးခွဲက ၂ထပ်အိမ်ကြီးပါ။ အပေါ်ထပ်ခေါင်းရင်းခန်းမာ ကျမတယောက်ထဲနေရာယူပီး လှေခါးဘေးက အခန်းကို ရုံးကညီမလေးတေ နေရာယူပါတယ်။ ရန်ကုန်ကိုခရီးထွက်ပီး ည(၁)နာရီလောက် ဘိုလေးကိုပြန်ရောက်တော့ အတော်လေးအိပ်ချင်နေဘာဘီ။ ပြင်ပေးထားတဲ့ အိပ်ယာထဲ ဝင်ပြေးပီး အိပ်ပျော်လုပျော်ခင် မှာ ခြေရင်းနား စကားတိုးတိုးပြောသံ ကြားရသလိုဖစ်ပေမဲ့ အိပ်ချင်တော့ အာရုံမရပါဘူး။ မသိသလိုသိသလိုနဲ့ ဆက်အိပ်နေလိုက်တာ အိုက်ဒီ စကားသံက ကို့ခေါင်းအုံးနားထိကပ်လာမှ လန့်ပီးအော်လိုက်တာဘာ။ ဂလောက်အာဖြဲအော်တာတောင် ခြေရင်းခန်းက ဆရာမတေက တုတ်တုတ်မလှု့ပ်တာနဲ့ အားနာလို့ မနှိုးတော့ဘဲ ကြိုးစားပီးဆက်အိပ်လိုက်ပါတယ်။ မိုးလင်းတော့မှ ညက အမအော်တဲ့အသံကြားလားမေးကျိတော့ ကြားတယ်တဲ့ သူတို့လဲ ကြောက်လို့ထမကျိပါတဲ့ချင်။ ခိခိ။
    (ရုံးက အခြားလူတေလဲမတူတဲ့ အဖြစ်တေကြုံရပေမဲ့ လာခြောက်တဲ့လူက ယောက်ကျားတယောက်ဆိုတာတော့ အတိအကျပြောနိုင်ကျပါတယ်)။

    တော်သေးဘီ
    ခင်တဲ့
    မရွှေအိ

    • surmi

      October 20, 2012 at 12:44 am

      @ ကြည်ဆောင်း
      သူ ့ပေးမောင်းရင်လေ အခုကျုပ် ဂဇက်မှာ လျှာတန်းလန်းနဲ့ဖြစ်နေလောက်ပြီ ဟဲ ဟဲ

      @ဟားးးးအစ်ကိုမိုက်က ညောင်ပင်သာတပ်ထဲမှာမွေးသကိုးးး
      ဒီတစ်ခါ ဖြတ်သွားဖြစ်ရင် ထမင်းဆိုင်လေးရှိသေးလားကြည် ့ရင်းနဲ ့ ဝင်စားအုံးမယ်ဗျ ….။
      အဲဒီနေရာက အနောက်ရိုးမနဲ့နီးတော့ ငှက်ဇျားတော့ပေါတယ်ဗျ ….။

      @ကြောင်ဝကြီးရေ
      မှတ်မိပါ ့ဗျာ ။ နာဂစ်တွေ ့အကြုံတွေရေးပြသွားတာ …။
      တစ်ခန်းတည်း နေပြီး စီးကရက်ဘူးတွေ မီးခြစ်တွေနဲ့ပေါက်တယ်ဆိုလား ….
      ကျုပ်လည်း အဲဒီနောက်ပိုင်း ဘာမှထူးခြားတဲ့ ကိစ္စတွေ မတွေ ့တော ့ပါဘူး …ခုထိလည်း သံသယဝင်
      နေတုန်းပါဘဲ ….။

      @ မကြည်ပြာ
      ရှာမှရှား သတ္တိခဲပါလား …။ တော်ရုံလူဆို သတိမေ့သွားလောက်ပြီ ။။
      အမျှလေးဘာလေးရောဝေလိုက်သေးလား …။ ကျုပ်တပည် ့ ကြွက်နီဆို အော်ပြီးပြေးမှာပဲ
      ဒါနဲ့ ယောက်ကျားတစ်ယောက်ဆိုတာ ဘယ်လိုများမှန်းမိလိုက်သတုန်း …။

      • အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ

        October 20, 2012 at 2:57 pm

        အန်ကယ်ဆာချင့် ယောက်ကျားမှန်းသိတာ အသံကိုခန့်မှန်းလိုက်တာပါချင့် အခြားလူတေကတော့မက်စိနဲ့မြင်လိုက်ရတယ်လို့ပေါပါတယ်ချင့် အဟိ :kwi:

  • Ma Ei

    October 19, 2012 at 11:45 am

    ကျနော်သရဲ မကြောက်တတ်ပါဘူး ….
    အစချီရေးတဲ့ ကိုဆာမိ တစ်ကယ်လည်းကြုံရော….
    မကြောက်ပေမဲ့ ရုတ်တရက်ဆိုတော့ ကြက်သီးလေးတော့ ထ လာမိသားဗျ …ဆိုပြီး
    ခြေထောက်တွေက လီဗာကိုပြားနေအောင်နင်းပြေးလေတော့ သတည်း….
    :hee:

  • အောင်မြတ်လေး…. လုံမသာဆို တစ်ခါတည်းတောင် အသက်ထွက်သွားမလားမသိဘူး…
    ပြောသာပြောတာ… အိမ်ကလူတွေက ပြောကြတယ်…အခုနေနေတဲ့အိမ်မှာလည်း ရှိတယ်တဲ့..အိပ်မက်မက်တဲ့သူက မက်နဲ့..လုံမတို့တော့ ညဉ့်နက်သန်းခေါင်နေလည်း ဘာမှဖြစ်ဝူး… ဘာအိပ်မက်မှလည်း မက်ဝူး… ကြောက်လည်းမကြောက်ပါဝူး… ပြောထားလိုက်တယ်… ကိုယ့်ဘာသာ အေးအေးနေကြ..နင့်လည်း ငါမနှောင့်ယှက်ဘူး…ငါ့လည်း လာမနှောက်ယှက်နဲ့လို့…

  • Khaing Khaing

    October 19, 2012 at 12:36 pm

    ဟယ် … အဲသရဲခမျာ သနားပါတယ် … တစ်ညလုံးခြောက်တာတောင် မနိုးတဲ့ ဦးဦးစာမိကို မနက်မိုးလင်းမှ ပဲ စောင့်ခြောက်ရတာပေ့ါနော် …… တော်သေးတာပေ့ါ … ညဘက် စောင့်နေရလို့ မနင်းခိုင်းမနှိပ်ခိုင်းတာ ကံကောင်းသွားတယ် ……….

    • surmi

      October 20, 2012 at 12:54 am

      @မအိ
      ဟဲ ဟဲ အဲသလိုပဲလေ ..ကြောက်တယ်ပြောပါဘူးဗျာ ။ ဗိုက်ဆာလို့ မြန်မြန်မောင်းတာပါ … :kwi:

      @မွန်မွန်
      ကြမ်းသာကြမ်း ။ လူကြမ်းရင် ဘာခံနိုင်လိမ် ့မလဲ ဟဲ ဟဲ
      မြှောက်ပေးတာ …။ တကယ်ပါ ..အများအားဖြင် ့ ကိုယ် ့စိတ်ကကြောက်ပြီးထင်ယောင် ထင်မှား
      ပြောတတ်ကြတာပါ ။

      @မခိုင်ခိုင်
      အေးလေ ဗျာ …နှိုးလိုက်ရောပေါ ့ …။ဟဲ ဟဲ
      နင်းခိုင်းရင်တော့ ဒီကောင် ့ကို အနှိတ်ခန်းလိုက်ပို့ပေးလိုက်မယ် …
      :harr:

  • jullies cezer

    October 19, 2012 at 2:13 pm

    သရဲခမျာလဲတော်တော်စိတ်ညစ်ရှာမယ် ညဘက်ခြောက်ချင်တာကို ကိုဆာမိတို့
    အိပ်မောကျနေလို့မနက်ထိစောင့်ပြီးမှာ ခြောက်ရရှာတာနေမှာ သနားပါတယ်
    ကျွတ်ကျွတ်…….သရဲကိုသနားတယ်ပြောတာပါ

  • အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဇင်းဗိုက် { B.E }

    October 19, 2012 at 2:58 pm

    နောက်တစ်ခါ သေချာမှာထားလေ
    မမောင်းတတ်ပဲ စက်မနှိုးနဲ ့လို ့
    မောင်းတတ်ရင်တော့ အဖော်လိုက်ခဲ့လို ့
    အမဲသားကျွေးမယ်လို ့
    ဒရိုက်ဗာ အပိုရှိတော့ ကိုဆာမိ နားလို ့ရတာပေါ့
    ဟုတ်ဘူးလား

  • နှင်းဆီ ငုံ

    October 19, 2012 at 3:51 pm

    ဟုတ်ပါ့ ဦးဦးဆာမိကလဲ ထမင်းဟင်းချက်ဖို့ အဝတ်လျှော်ဖို့ ခေါ်လာခဲ့တာဟုတ်ဘူး
    အိမ်က မဒမ်ဆာမိ သက်သာအောင်ပြောပါတယ် ..

    • surmi

      October 20, 2012 at 1:02 am

      @ဂျူးလိယက်ဆီဇာ
      ပြောလိုက်ဗျာ …နောက်တစ်ခါ မစောင် ့နဲ့လို ့ ။ တော်တော ်တော ့ စိတ်ရှည်သားနော်
      :kwi:

      @ အူးဇင်းဗိုက်
      စောစော စီးစီး ဒီအကြံမျိုးပေးပါလား ဟေ ….ခုတော့ ထားခဲ ့ရတာ နာသကွာ
      ဒီလိုမှန်းသိရင် ခိုင်းစားပလိုက်တယ် ….ဟဲ ဟဲ 😀

      @ နှင်းဆီငုံ
      သူ ့ကိုထမင်းချက်ခိုင်းရင် ဘာတွေများ ချက်မလဲလို့ သိချင်စမ်းပါဘိ …..
      :hee:

  • သီ ဂရမ်း ဂျူ့ & ကွန်မန်ဒါ အင် ချိဖ် အော့ဖ် မန်းဒလေး ဂဇက် အရီး

    October 20, 2012 at 2:41 am

    ကဆာမိရေ

    ငယ်တုန်းကတော့ အင်မတန် ခေါင်းမာပါတယ်။
    နဲနဲ အရွယ်ရောက်လာတော့ အသက်လေး ရလာချိန် ကိုယ်မကြုံ ဖူးတိုင်း မယုံဘူး လို့ မပြောတော့ပါဘူး။
    အစားအသောက် အကြောင်း တွေ ကြားရတာလဲ အရသာရှိပါ့။
    မြင်ရ၊မမြင်ရ သူတွေ အကြောင်း ကြားရတာလဲ စိတ်ဝင်စားပါ့။

    ကဆာမိရဲ့ အမှတ်တရများစွာတွေ ကို ဆက်မျှော်နေပါတယ် ရှင်။
    စာရေးနည်း လေးများလဲ မျှပါဦး။ အားကျလွန်းလို့။ :hee:

  • surmi

    October 20, 2012 at 8:36 am

    အရီးရေ
    ရေးချင်တာကတခြား ရေးမိတာကကတခြားဗျ
    အရီးပြောသလို ရွာအပြန် ဟိုအကြောင်းဒီအကြောင်းလေးတွေပြောမလို ့
    အခုဟာက အရင်တုန်းကရေးပြီးမတင်ဖြစ်ခဲ့တာလေး မိတ်ကပ်လိမ်းပြီး
    ပြန်တင်လိုက်တာ ။
    စာရေးနည်း ဟုတ်လား …..ဖန်ဖန်ကြံကြံ အရီးရယ်
    ကခုန်နေတဲ ့ဂဏန်းတွေကိုတင်ပြထားတာလေး နည်နိဿယ ယူလို ့တောင်မဝသေးဘူး
    ဘယ် ့နယ် ဘယ် ့နယ် သက်သက်သာသာလုပ်ပါအရီးရယ်
    :hee:

  • အားလုံးတော်တန်တိတ်... သဂျီးသမက် ကိုရင်ကြောင်ကြီး

    October 20, 2012 at 9:59 am

    ကြွက်နီ
    ကပ္ပလီ
    နတ်ပြည်
    တက်မည်
    ဓာတ်ဆီ
    ခက်သည်
    ဇက်မှီ
    လာဘ်သီ။

  • ရဟီးဆပ် မားသလူး မဟာချန်ဒရာစူလိယ ရဋ္ဌဂုရုဆာမိ

    October 20, 2012 at 10:18 am

    မေ ့သွားလို ့
    နောက်တခါ ကိုကြောင်ကိုခေါ်သွားရမှာ
    မကောင်းဆိုးဝါးတွေက ကြောင်ကိုကြောက်တယ်ဆိုပဲ
    :harr:

  • MaMa

    October 20, 2012 at 10:15 pm

    ကားသမားဘဝ အတွေ့အကြုံ စီးရီး အမှတ်စဉ် ၁ လို့ မှတ်သွားတယ်။ :hee:

    • surmi

      October 21, 2012 at 12:29 am

      ဟုတ်ကဲ ့ အန်တီမမ
      ဆက်လက်ပြီး ရေးစရာမရှိတဲ့ အခါတိုင်းလည်း အခုလို ဘော်ချက် ပါဦးမယ် ..ဟဲ ဟဲ …။
      :hee:

  • ဥဆာမိဂျီးက ဂူဒွေကြားထဲ ရှူးရှူးသွားပန်းဒါဂိုးဂျ ..
    သို့ဂလိုဂျောင့် မြန်မြန်သွားဖို့ စက်နှိုးပေးလိုက်တာနေမှာ ..
    :kwi:
    ပီးဒေါ့ …
    ခီညားဒို့ အိပ်နေတုန်းလည်း ခြောက်ချင် ခြောက်မှာဘဲ ..
    ခီညားဒို့ဂ ဘာမှကို မသိလောက်အောင် အိပ်ပျော်တွားဒါဆိုတော့
    ဟိုက လက်လျော့ပီး ပန်တွားဒါ နေမှာပေါ့ … အထင် …
    +++++++++
    အခုလို …
    ထူးထူးခြားခြား အဖြစ်လေးတွေကလည်း ရှိတတ်တာပဲနော့ …
    ပြောမယုံ ကြုံဖူးမှ သိ … ဆိုသလိုပေါ့ဗျာ ..

  • surmi

    October 21, 2012 at 8:37 am

    ကိုရင်အံစာရေ
    ကိုယ်မကြုံဖူးသေးတဲ ့ အကြောင်းအရာတွေက ပိုများသား
    ကားသမားတွေဆိုတာကလည်း အများစုက ပညာတတ်တွေမဟုတ်ဘူးလေ
    အတွေးအခေါ်ပိုင်းနဲ ့ သုံးသပ်မှုတွေမှာ မူလတန်းအဆင် ့ဆိုတော ့
    ဘာပဲဖြစ်ဖြစ် လုပ်လိုက်ရင်မတော်မတည် ့ချည် ့ပါပဲ ။ဘာရယ်မဟုတ်ပါဘူးကျုပ်လည်း
    ဒီလောကကပုံရိပ်လေးတွေကိုသတိယလို ့ပါ ။

  • kai

    October 21, 2012 at 8:55 am

    သရဲဓာတ်ပုံ ..ဈေးကောင်းပေးဝယ်သည်။
    သရဲမဆိုလျှင်.. ဈေးပိုရမည်။
    သရဲမ အသက်၂၁နှစ်ဆိုလျှင်.. ဈေးပိုပိုရမည်။
    သရဲမအပျိုစင်ဆိုလျှင် ကြိုက်ကြိုက်ဈေးရမည်။ :kwi:

    ပုံ။ ။ သရဲထီး

    • သရဲမအပျိုစင်ဆိုလျှင် ကြိုက်ကြိုက်ဈေးရမည်။

      ကိုခိုင်ရေ အပျိုဆိုတော့ ဈေးကောင်းပေးမှာဘာထူးလို့လဲ ပြောစမ်းပါအုံး

      • kai

        October 21, 2012 at 4:06 pm

        အဲ.. ဓါတ်ပုံပြပြီး.. အဲဒီသရဲမ.. Virgin လို့ပြောရင်.. သေချာပေါက်စိတ်ဝင်စားပြီး မေးခွန်းတွေပြန်လာမယ်လေ..
        ဘယ်လိုသိသလည်း.. ဘယ်လိုစစ်သလည်း.. စသဖြင့်ပေါ့.. :kwi:

        ဈေးကောင်းရအောင်.. အဲလိုလုပ်နိုင်တာပါမှ..ဖြစ်တာပေါ့..
        မယုံရင်.. မားကက်တင်းသမားမေးကြည့်..
        အဲ.. အခုတောင်.. လူတွေစိတ်ဝင်စားကုန်ပြီ..
        .. ကွိကွိ..

        • Hnin Hnin

          October 22, 2012 at 4:19 pm

          ငယ်ငယ်လေးတုန်းက သရဲလုံးဝမကြောက်တတ်တဲ့ သရဲမွေးတဲ့ အန်တီကြီး
          ပြောပြတာ..သူ့အိမ်မှာ သရဲချည်းပဲ ၃ကောင်တဲ့..နဂိုတုန်းကတော့ အဲဒီအိမ်
          ပြောင်းလာတော့ သရဲရှိမှန်းမသိဘူးတဲ့။ သားစိမ်း၊ငါးစိမ်းတွေ ပျောက်ပျောက်
          သွား၊ကြောင်အိမ်ထဲ ထည့်ထားတဲ့ဟင်းတွေလည်း ပျောက်ပျောက်သွားတော့
          မှ သိတာတဲ့…နင်တို့ ငါ့ကို အဲ့လိုမလုပ်ကြနဲ့ဆိုပြီး ပူးပေါင်းလိုက်ပြီး သရဲ
          လည်း အစာကျွေးမွေးပြီး အိမ်ကိုစောင့်ခိုင်းလို့ရသွားတယ်တဲ့…အပြင်သွား
          ရင် လုံးဝသော့မခတ်ဘူး..အပျောက်အရှလည်း မရှိဘူးတဲ့…သူမွေးထားတဲ့
          အကြီးဆုံးသရဲထီးကြီးက သရဲသက် တော်တော်ကြာဆိုပဲ….အမွေးကြမ်းကြီး
          တွေကမှ အရှည်ပြီး..အရပ်ကြီးကလည်း ထန်းပင်လောက်…မျက်လုံးကြီးက
          လည်း သပိတ်လောက်တဲ့…(ဟမ်မလေး..ရေးရင်တောင် မိုးမှောင်မှောင်နဲ့
          ကျောချမ်းလာပြီ…အန်တီကြီးပြောတာ..နော်ပြောတာမဟုတ်..မယုံရင်
          ပုံပြင်မှတ်)..သူ့အိမ်က မေမေတို့ပြောတာတော့ ဧည့်ခန်းက ကျော်ပြီး
          ဘယ်မှသွားလို့မရဘူး..အိမ်ရှင်ကိုယ်တိုင်ကလည်း အဲ့လိုပဲ သတိပေးတယ်..
          မသိလို့ကျော်ပြီး အပေါ့အပါးဝင်သွားရင်တောင် မီးခလုတ်ဖွင့်ရင် လက်မည်း
          ကြီးကိုင်မိလို့ အော်ပြီးပြေးကြရသတဲ့……

          အဲတော့ ပြောချင်တာက သရဲမ အသက် ၂၁ နှစ်ဆိုလျှင် သရဲသက်က
          တော်တော်ကြာသွားပြီမို့ သရဲမေမေ၊သရဲတစ်ခုလပ်၊သရဲမုဆိုးမ နဲ့ပဲ
          ညားနိုင်တော့မှာပါ…. 😛 …ကံဆိုးရင် သရဲမ လှလှ မရဘဲ ခုနသရဲထီးကြီး
          လို ရုပ်ဆင်းအင်္ဂါတွေ (ထန်းပင်လောက်အစား..ဟိ…ပုကွကွ အိမ်လုံးပြည့်
          ခန္ဓာကိုယ်နဲ့ဆို ပိုကောင်းမယ်ထင်ပ..) ဖြစ်နေရင်တော့ သရဲထီးတော့
          ကြွေပြီဝေ့……..
          ..ခွိခွိ… :kwi:

        • Hnin Hnin

          October 22, 2012 at 4:21 pm

          တောင်းပန်ပါသည်…သေချာစာညှိပြီးရေးလျက်ကယ်နဲ့ ဘာဖစ်နေလဲ
          မသိဘူး..စာပိုဒ်တွေက ကြီးကုန်ပြီ….. 🙁

  • surmi

    October 21, 2012 at 9:08 am

    ဗျို ့သဂျီး ခင်ဗျ
    ဥစ္စာစောင် ့ပုံဆိုရင်ရော ရသလားဗျ
    ကျနော ့နောင်တော်ကြီးများခေတ်က ခိုးရိုက်ထားတဲ ့နာမည်ကျော်
    မှော်ဘီ မနှင်းစိန်ပုံရှိတယ် ဟဲ ဟဲ
    ================
    တကယ်တော ့ဗျာ
    ခုထိသံသယဖြစ်နေမိပါတယ် ။ ကားသမားရဲ ့နားထဲမှာ စက်သံဆိုတာ အမြဲ
    စွဲနေလေတော ့ ထင်ယောင်ထင်မှားများ ဖြစ်မိသလားလို ့ပါ ။
    အာရုံမှားခြင်းတမျိုးများလားလို ့ ……….

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 21, 2012 at 9:42 am

    ညဖက်ကြရင် လမ်းဘေးမှာ ကားတားစီးတဲ့
    သရဲမလေးတွေအကြောင်းလည်းရေးပါဦး
    ကားဆြာဂျီးရဲ့
    ဟဲဟဲဟဲ

  • surmi

    October 21, 2012 at 10:16 am

    ကားတားစီးတဲ ့သရဲမလေးတွေက နှစ်မျိုးရှိတယ် ကိုအောင်ပုရဲ ့
    သရဲမအစစ်အကြောင်းလား ဒါမှမဟုတ်
    ဆေးလိပ်မီးတဖွားဖွားနဲ ့ သရဲမအတုလား ဟဲဟဲ
    အတုအကြောင်းက ပိုစိတ်ဝင်စားဖို ့ကောင်းသနော ဘပု
    ဒါနဲ ့ ဘပုလည်းအရင်တုန်းကလိုရေးပါဦးဗျ ။ဟိုရက်ကတောင် ဘပုရဲ ့
    ပို ့စ်အဟောင်းတွေဖတ်ပြီးကျနော်ဟားနေရသေး
    ဘာတဲ ့ လူကြမ်းရင် နတ်ကြမ်းမခံနိုင်တဲ ့ အကြောင်းလေ ဟဲဟဲ

  • မန်းလေး ပြင်ဦးလွင်လမ်းပေါ်မှာ ဒီပုံပြင်တွေ(လက်တွေ့လဲဖြစ်နိုင်ပါတယ်)အများကြီးရယ်။
    ထူးထူးခြားခြာ းကျနော် ငယ်ငယ် (1972)လောက်ကပါ မိတ္ထီလာအသွား လမ်းဘေးမှာ အုတ်ဂူ နှစ်လုံးကိုဖျက်ဆီးထားတာတွေ့ရတယ်
    မေးကြည့်တော့ အဲဒီနားမှာကားမှောက်သေသွားတဲ့ လူနှစ်ယောက်က ကားထွက်ထွက်တားလို့
    ဖျက်ပြီးနှင်ထားတာတဲ့
    ရှမ်းတဲတပ်အဝင်နားမှာပါ။
    ကဲယုံချင်ယုံမယုံချင်နေ

    • surmi

      October 22, 2012 at 1:24 am

      အစ်ကိုရေ
      ကြာဖူးတယ်ဗျ ။ မြို့အဝင်က ဟိုတယ်ဆို သိပ်သောင်းကျန်းဆိုပဲ
      နာမည်မေ့နေလို့ ။ အရင်ဆေးရုံဟောင်းလားမသိဘူး ….အဲဒါ …..

  • padonmar

    October 21, 2012 at 7:14 pm

    ကိုဆာမိ
    ကားသမားနဲ့ သရဲဇာတ်လမ်းတွေ အများကြီးရှိပုံရတယ်။
    ဖတ်ချင်ပါသေးတယ်။`
    ဦးကျာက်က သူစွံကြောင်းကြွားထားတာ သတိထားမိတယ်။

  • surmi

    October 22, 2012 at 1:27 am

    အစ်မပဒုမ္မာရေ
    ရှိတော့ ရှိပါတယ် ဗျာ ။ကိုယ်တွေ ့ မဟုတ်လို့ပါ ။
    ကားလောက ကိုတော့ ဖေါက်သည်ချပါဦးမယ် …..ဆောင်ရန်ရှောင်ရန်လေးတွေလေ …..

Leave a Reply