နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲမှာလှည့်ပါတ်ဦးနှောက်မှာရပ်တန့်နေသော….(အပိုင်း13)

လက်ဖက်ရည်ဆိုင်ကိုသွားကြဘို့ခေါ်နေတဲ့ ကိုင်ဇာအကြောင်းမပြောခင်မှာ သူနဲ့အတွဲညီခဲ့တဲ့ (ညှို့နိုင်လွန်းတဲ့ကျမချစ်သူတို့ ချစ်ချစ်ချစ်တို့ ကိုကိုမကောင်းဘူးတို့)ကို
ပိုင်နိုင်စွာသီဆိုသွားတဲ့ မေဆွိနဲ့ တိုက်တိုက်ဆိုင်ဆိုင်(လေယာဉ်ပျံ)ဆိုတဲ့ ဆီးရီးစ်ခေါင်းစဉ်ခြင်းသွားတူနေခဲံတဲ့ Lခွန်းရီ ဆိုတဲ့ ကချင်တိုင်းရင်းသူ အဆိုတော်ပါဘဲ။
Lခွန်းရီ ကတော့မေဆွိနာမယ်မကြီးခင်လေးမှာ အရင်က မိတ္ထီလာလေတပ်တီးဝိုင်းမှာ ပင်တိုင်အဆိုရှင် (စန်းစန်းဆိုတဲ့နာမယ်နဲ့ပေါ့)တစ်ယောက်ဖြစ်ပါတယ်။
သူကရုပ်ရှင်နောက်ခံတေးတွေကိုလဲဆိုပေးနေတဲ့အချိန်မှာ တက္ကသိုလ်အေးမောင်ရဲ့အဝေးပြေးဆီးရီးစ်မှာဝင်ဆိုခွင့်ရလိုက်ပါတယ်။
အဲဒီခွေလေးထဲမှာ(မလိခမှအလွမ်းတွေနဲ့နုတ်ဆက်မဲ့နွေ)သီချင်းက လူသိများသွားပါတယ်။
အဲဒီနောက်မှာ အမြန်ယာဉ်။အနှေးယာဉ်။လေယာဉ်ပျံ။ရွှေပိုက်ဆံ။ဗွီဒီယို)စတဲ့ဆီးရီးစ်တွေဆက်တိုက်ထွက်လာသလို
(ခဲမလောက်တီးဝိုင်း။ကိန္နရာချောင်းခြားအမှာစကား။ရောမကျောက်ရုပ်။ကိုကိုကရွှေမင်းသားကျမကစင်ဒရဲလား။ရွှေပိုက်ဆံ။
ဓါတ်ပြားဟောင်းလေး။နှင်းဆီကိုကို။ချစ်ပြက္ခဒိန်။ယူပါကို။တိမ်ပေါ်ခုန်တက်ကလိုက်စမ်း။လွန်းကြင်ငှက်)စတဲ့သီချင်းတွေက ကောင်းပါတယ်ဆိုတဲ့
သူ့သီချင်းတွေထဲက ပိုလို့ကောင်းတဲ့သီချင်းလေးတွေဖြစ်ပါတယ်။
ထူးခြားတဲ့သီချင်းလေးက တော့ ပလေးဘွိုင်သန်းနိုင်နဲ့တွဲဘက်လို့ ဆိုထားတဲ့ မရောက်သေးတဲ့တမလွန်ဘဝကိုခံစားပြီးဆိုထားတဲ့
(ဖြည်းဖြည်းလေးနဲ့ငြိမ့်ငြိမ့်လေး)သီချင်းဖြစ်ပါတယ်။
အခုလောလောဆယ်ထိ အသံကောင်းနေသေးကြောင်းသက်သေပြလိုက်တာကတော့ တူမဖြစ်သူ Lဆိုင်းဇီနဲ့တွဲလို့
(ယူသွားအုံးပေါ့ တို့ရဲ့အချစ်မင်းအလိုပြည့်ဘို့ဆိုရင် ယူ ယူ မျက်ရည်များလည်းယူ)လို့ အယူခိုင်းနေပါသေးတယ်။
အသံအေးအေးချိုချိုလေးနဲ့ သီချင်းအေးအေးလေးတွေဆိုတတ်တဲ့ Lလွန်းဝါရဲ့အဒေါ်လည်းတော်စပ်ပါသေးတယ်။
ခန့်မှန်ချေ 1981-82 ပါတ်ဝန်းကျင်လောက်ဖြစ်မယ်ထင်ပါတယ် ရန်ကုန်တက္ကသိုလ်က ပုပုသေးသေးမျက်မှန်ထူထူနဲ့အသံသေးသေးလေးနဲ့ကိုယ်တို်င်ရေးကိုယ်တို်င်ဆိုတဲ့
ခေါ်စရာနာမယ်ကလဲ အများနဲ့မတူဆန်းဆန်းလေး
ခင်မင်သူတွေက ညီညီလို့အိမ်ကခေါ်တဲ့ ခပ်နောက်နောက်လူတွေက(ကို်င်စရာ)လို့ခေါ်တဲ့ (ကိုင်ဇာ)ပါဘဲ။
အဆိုတော်လေးရဲ့သီချင်းတွေဟာရန်ကုန်တက္ကသိုလ်ကနေတစ်ဆင့်တစ်ပြည်လုံးကိုတစ်စတစ်စလွှမ်းမိုးလာပါတယ်။
(အထီးကျန်ရဲ့အကျည်းတန် အတ္ထုပ္ပတ္တိသီချင်းထဲကလို
-အချစ်ရယ်နင့်ကိုငါသိပ်ချစ်တယ် နွေရင်ခွင်လို…………………..အစရှိတဲ့နားထောင်ရသူကြွေသွားလောက်တဲ့စာသားတွေနဲ့လူငယ်တွေရဲ့ရင်ကိုဖမ်းစားနိုင်သလို
သူ့သီချင်းတွေကလဲ အဆောင်ရှေ့က ဂစ်တာဝိုင်းလေးတွေမှာအဆောင်သူတွေအတွက် ရွှေနားတော်သွင်းသီချင်းလေးတွေဖြစ်လာပါတယ်။
ကိုင်ဇာအောင်မြင်လာတာ က ဝုန်းကနဲ့လူသိများလာတာမဟုတ်ပါဘူး။
တစိမ့်စိမ့်လေးနဲ့ တိုးတိုးပြီးကြိုက်လာတာပါ။
သနားစရာကောင်းတဲ့အသံလေးနဲ့ (မှတ်မိသေးပါရဲ့လားတို့။မနိုးပါစေနဲ့မိုးရယ်တို့။ကစ္ဆပနဒီလှိုင်းသံ။ရန်ကင်းကိုလွမ်းတဲ့ည)တို့လို
အဆွေးသီချင်းလေးတွေအများကြီးကိုချန်ထားတဲ့အပြင်
(မိုးရွာရင် မိုးရေချိုးမယ်မေမေလာရင် …………………ကလေးဘဝတူတူ…………ဆိုတဲ့ မိုးသီချင်း)
(ကလေးဘဝက ဘော့လုံးကိုကြုံးကြုံးကန်…………………………………….)တို့
(ရှေးရှေးတုန်းကပုံပြင်လေး ဝမ်းစပွန်းအေတိုင်းမ် ……………….)တို့
(လက်သီးဆုပ်မလား လက်ဝါးဖြန့်မလားကြိုက်ရာကိုရွေးစမ်းကိုယ့်လူ………………………)တို့လိုလူငယ်ကြိုက်အမြူးသီချင်းလေးတွေကို
(အဖွားကြီးမင်းက အဖိုးကြီးငါ့ကိုမောင်တွေဘာတွေခေါ်ပါအုံး…………………………….)တို့
အများကြိုက်အောင်ချပြထားနိုင်ခဲ့သူပါ။

(တူနှစ်ကိုယ်တိုင်းပြည်)ဆိုတဲ့သီချင်းကို မေဆွိနဲ့တွဲလို့ တပြည်လုံးအတိုင်းအတာနဲ့ အပေါက်ဆုံးသီချင်းအအောင်မြင်ဆုံးသီချင်းလို့ဆိုနိုင်ပါတယ်။
ကိုင်ဇာနဲ့မေဆွိကိုအလိုက်ဖက်ဆုံးစုံတွဲလို့သတ်မှတ်ပေမဲ့ (တသိမ့်သိမ့်သူ)ပိုင်ရှင်မေခလာနဲ့လက်တွဲလို့ တူနှစ်ကို်ယ်တိုင်းပြည်ကိုထူထောင်လိုက်ပါတယ်။
မြန်မာပြည်ရဲ့အကြီးမားဆုံးသော အပြောင်းအလဲအပြီးမှာနိုင်ငံခြားကို ထွက်သွားတဲ့အတွက် ဂီတလောက ကနေပျောက်ကွယ်သွားခဲ့ပါတယ်။
သူအဲဒီမှာရှိနေတုံးအကြောင်းအမျိုးမျိုးကြောင့်မေခလာနဲ့လမ်းခွဲလိုက်ပါတယ်။
နောက်မြန်မာပြည်ကိုပြန်လာတဲ့အခါမှ သူအရင်ဆိုခဲ့တဲ့လိုင်းမဟုတ်တဲ့ (အနိုင်တို့မင်းအောင်တို့အောင်သူတို့)ဆိုတဲ့မြန်မာသံလိုင်းကိုဝင်လို့ဆိုတဲ့အပြင်
စိုးစန္ဒာထွန်းနဲ့တွဲလို့ စစ်ကိုင်းတောင်လို ချယ်ရီလက်ဆောင်ပေးသူရေ(တွံတေးသိန်းတန်)သီချင်းမြန်မာသံစစ်စစ်တွေကိုဆိုလိုက်ပါသေးတယ်။
သူကိုယ်တိုင်လဲမကြာခင်ကမှ သူ့သီချင်းတွေကို ပြန်လည်ဆန်းသစ်လို့ဆိုပေမဲ့ အကော်ဒီယံအုန်းကျော်လို ပဂေးကြီးတောင်
သားစိုးတို့ဖိုးချစ်တို့ ဂျယ်နီတို့လိုကလေးတွေနဲ့တွဲလို့ အချစ်ရုှံးသမားဒဿဂီရိထားပေမဲ့ ကိုင်ဇာကတော့သူ့သီချင်းတွေကို
ဟစ်ဟော့သီချင်းအဖြစ်ပြောင်းမယ်ဆိုရင် လက်မခံဘူးလို့ တရားဝင်ကြွေးကြော်ထားပါတယ်။
(အနိုင်ဂိုးကို သွင်းသွားတာကိုကိုပါ အိမ်ကြရင်ပန်းကုန်းစွပ်ကာ ကြိုရမှာ လို့ဆိုပြီးတစ်နိုင်ငံလုံးကို တစ်ဂိုးထဲဂိုးအောင်ဆိုသွားခဲ့တဲ့
(ဂိုးသွင်းကောင်းတဲ့ကိုကို)ပိုင်ရှင် အခု2010မှာတောင် (ဝပ်ကာ ဝပ်ကာ )ဆိုပြီးခေတ်မှီနေသေးတဲ့မေခလာ ဟာ ကိုင်ဇာနဲ့ လပ်မထပ်ခင်ကတည်းက
အောင်မြင်သူတစ်ယောက်ဖြစ်ခဲ့ဘူးပါတယ်။
မေခလာဟာ အမြူးအသွက်သီချင်းများနဲ့အောင်မြင်သူဖြစ်ပေမဲ့လဲအဆွေးသီချင်းများကိုလည်းရင်ထဲထိစူးရှသွားအောင်ဆိုနိုင်သူဆိုရင်လဲမမှားပါဘူး။
သူအောင်မြင်စအချိန်တုံးက ဂီတလောက မှာ ဝေါရှိဆိုတဲ့ သီချင်းကြော်ငြာပိုစတာတွေခေတ်စားဘူးပါတယ်။
ပြန်ပေတော့(2)ဆိုတဲ့ မေခလာရဲ့ဟော့ရှော့ပုံ အလန်းဇယားလေးနဲ့အဲဒီပိုစတာလေးဟာ လက်ဖက်ရည်တစ်ခွက်ကိုတစ်ကျပ်ခေတ်မှာ
တစ်ရွက် ကို 15ကျပ်နဲ့ရောင်းတာတောင်ရောင်းမလောက်ခဲ့ဘူးဆိုရင် သူ့အောင်မြင်မူ့ကိုမှန်းဆလို့ရလောက်ပါတယ်။
(ပြန်ပေတော့မစဉ်းစားနဲ့ ပြန်ပြန်နောက်လှည့်ပြီးတော့ပြန်………………………)
(ကော်လာပေါ်ကနုတ်ခမ်းနဲ့ နင်လေလယ်တာသိပြီ တရားခံဘယ်သူလဲ့ဟေ……………….)
(16နှစ်မ 16နှစ်မ ……………..ကိုကိုကျနော်ကို မခေါ်နဲ့ မကြိုက်ဘူးသိရဲ့လား……………..)
(စောစောစီးစီးသိလိုက်ရတာကံကောင်းလို့ ဒီထက်နောက်ကျသိလိုက်ရရင်………………….)
စတဲ့အလန်းသီချင်းလေး အမိုက်စားလေးတွေအပြင်(စပါကလင်အချစ်။မပြောချင်လို့ကြည့်နေတာကြာပြီ။ကို့ကို့ကို။ပြန်ပေတော့။သီတင်းကျွတ်ညလေးတစ်ည)
ဆိုတဲ့သီချင်းတွေအပြင် သူ့တသက်မှာအအောင်မြင်ဆုံးလို့ဆိုတဲ့ (ဂိုးသွင်းကောင်းတဲ့ကိုကို)လိုမြူးမြူးလေးတွေတင်မကဘူး
(တသိမ့်သိမ့်သူ။ရန်ကုန်မိုးနဲ့ရန်ကုန်သား။မျက်မမြင်နှလုံးသား။)လိုသီချင်းအေးအေးလေးတွေကိုလဲ ပိုင်နိုင်စွာဆိုထားပါသေးတယ်။
သူနဲ့ကိုင်ဇာ လမ်းခွဲပြီးနောက်ပိုင်းမှာရုပ်ရှင်လောက ကိုအစမ်းဝင်ကြည့်ပေမဲ့ မအောင်မြင်ဘူးလို့ဆိုနိုင်ပါတယ်။
သည်လောက ကနေပျောက်သွားပေမဲ့ ဗွီစီဒီတွေပြန်ခေတ်စားလာတဲ့ခေတ်မှာ အလှမပျက်သေးဘဲ ပြန်ဝင်လာနိုင်ပါသေးတယ်။
တနေ့မနေ့ကတင် (ဝပ်ကား ဝပ်ကား)လုပ်သွားတဲ့မေခလာတို့နဲ့ခေတ်ပြိုင်တစ်ယောက်ကတော့
အဖေက အောင်မြင်တဲ့ရုပ်ရှင်မင်းသား မြန်မာသံခေတ်စားတဲ့အချိန်မှာ သီချင်းတောင်ဝင်ဆိုလိုက်သေးတဲ့
အသံသွင်းဇာတ်လမ်းတွေမှ မတူထူးခြားတဲ့အသံနဲ့သရုပ်ဆောင်နိုင်သူ အမေကလဲ အောင်မြင်တဲ့ရုပ်ရှင်ဒါရိုက်တာ
အကိုဖြစ်သူကလဲ 2000ခုနှစ်အလွန်နှစ်များမှာ အများနဲ့မတူထူးခြားတဲ့စွာ သရုပ်ဆောင်ပြတတ်သူရဲ့
ညီမဖြစ်သူ ယုံလား…………….လို့မေးပြီးခွင့်လွှတ်နော်လို့တောင်းပန်သွားတဲ့………………………………………ကလဲ