ခု Samsung ဖုန်း များ လူ ကြိုက် များ လာတာ နဲ့ အညီ ဆိုင် တိုင်း လိုလို တင်လာ ကြ ပါ တယ် ။ ခု နောက် ပိုင်း China က ဝင် တာ နဲ့ ဘန်ကောက် ဘက် ကဝင် တာ တွေ များ ပါတယ် ။ဘန်ကောက် က ဝင်တာ တွေ က များသော အားဖြင့် အမှန် အကန် တွေ များ ပါတယ် ။ဈေး က တရုတ်က ဝင် တာ နဲ့ သိပ် မကွာ ပါဘူး ။ကွာ လတီ မှာ မသိ မသာ လေး ပဲ ကွာ ဟ ချက် ရှိ ပါတယ် ။ ထို့ အပြင် Reject ( စက်ရုံ ပယ် ) ဖုန်း တွေ လဲ ဝင် ရောက် လာ ပါတယ် ။ဈေး မှာ ၅၀.၀၀ဝ လောက် ထိ ကွာ ဟမူ ရှိ ပြီး ။ ဆိုင် တွေ မှာ တော့ အစစ် ၊ အမှန် အကန် ဆို ပြီး ဈေး နည်းနည်း ခွာရောင်း နေ တာ တွေ့ ရပါတယ် ။မန်းလေး မှာ ကို ကိုယ် တွေ့ တစ် ဆိုင် ကြုံ ဖူး ပါတယ် ။ ဖုန်းပြင် ဆရာ တွေ အနေ နဲ့ ကြည့် ရုံ သိ ရှိ နိုင်ပြီး  ၊ အပြင် ဝယ် ယူ သူ များ မှာ လွယ်ကူစွာ မသိ ရှိ နိုင် ပါ ။  ခု နောက် ပိုင်း ဟောင်ကောင် က ဝင် တာ တဲ့ Samsung တွေ ခေတ် စားလာပြန် ပြီ ။ ဒီတစ် ခေါက် က တော့ ဖုန်းပြင် ဆရာ တောင် ဒီတိုင်း အပြင် ပိုင်း ကြည့် ရုံ နဲ့ မခွဲ နိုင် တော့ ပါ ဘူး ။ ဖုန်းဖြုတ် ဖွင့် ပြီး IC ကြည့် မှ သာ သိရှိ နိုင် မည် ဖြစ် ပါတယ် ။ဈေး မှာ လဲ 80,000 လောက် ကွာ ဟ မူ ရှိ ပါတယ် ။ကွာ လတီ မှာ လည်း ညံ့ ပါ တယ် ။ အဲ့ ဖုန်း ကို ဆိုင် တစ် ဆိုင် ကနေ စတင် တွေ့ ရှိ ပြီး လက်ရှိ တစ် လုံး ဝယ် စမ်းသုံး ထား ပါတယ် ။ ကျွှန်တော် ဝယ် ထားတာ i9000 ပါ ။ဟောင်ကောင် ကနေ၁၄ဝ ဝ၀ဝ လောက် နဲ့ ဝယ် ခဲ့တယ်လို့ သိရပါတယ် ။ S2 ကို ၂၉ဝ ဝ၀ဝ လောက် နဲ့ ဖြန့် နေ တယ်လို့ သိရပါတယ် ။လက်ရှိ I9000 galaxy S  &  i9100 galaxy S2 & galaxy S ကိုရီးယား ( တိုင်ပါ ) စတဲ့ ဖုန်း တွေ ဝင်ရောက် နေ ပါတယ် ။ လက် ရှိ ဝယ်ထား တဲ့ i9000 မှာ ဆို internal memory  5Gb ဝန်းကျင် သာ ပါ တယ်။ထို့ အပြင် software ရေး မရခြင်း များ ။boot သေ ရင်ပြန် ခေါ် မရ ခြင်း များ ၊ စတဲ့ software ပိုင်း ဆိုင် ရာ တွေက တော့ အသုံး ပြု ပြီး နောက် မှ ပျက် မှ ပြင် မရမှသိ နိုင် တာကြောင့် သေချာ စစ် ဆေးသင့် ပါတယ် ။ ဆိုင် ကြီး တိုင်း စိတ် မချ ရပါ ။ဈေး သက်သာ တိုင် း မကောင်းပါ ။
ထို့ အပြင် i9000 , i9000B ,i9000M ,i9000T စ တဲ့ နောက်က B M T စ တာ မျိုူး ပါ တဲ့ ဖုန်း မျိုး လည်း မဝယ် ယူ သင့် ပါ ။ အမှန် အကန် ဖြစ် သော် လည်း Fireware ရှား ခြင်း များ ကြောင့် ပါ ။galaxy ace 5830 ဆို 5830i ဆို ပြီး ဝင်နေပါတယ် ။  i9100 s2 ဆို လဲ အလားတူ နောက် မှ i9100G ဆို တာ မျိုး တွေ ပါဝင် သည့် ဖုန်း များ သည် 0ffical 4.0 ics တင် လို့ မရ ပါ ။ I9100 တွင် သာ offical 4.0 တင် ရပါတယ် ။ထို့ ကြောင့် ထို အချက် ကို လဲ ကြည့် သင့် ပါတယ် ။ ကျွှန်တော် ဆိုင် မှာ အရင် က ဘန်ကောက် မှ ဝယ် ယူ ပြီး ရောင်း ချ သော် လည်း နောက် ပိုင်း တွင် တရုတ် က ဝင်တဲ့  ဈေး သက်သာ ဖုန်း ကို မယှဉ် နိုင် ခြင်း ကြောင့် ဆိုင် မှာ Samsung ထပ် မတင် တော့ ပါဘူး ။ဒါ ဟာ ဝယ်ယူ သူ ကို လိမ် မရောင်း လို ခြင်း ၊ ကိုယ်တိုင် လဲ တချိန် က user အနေ နဲ့  ခံ ခဲ့ ရဖူး တာတွေ ကြောင့် စာနာ သော ကြောင့် ဒီ ပိုဒ် ကို ရေးတင် ပြီး သတိပေး လိုက် ပါ တယ် ။
လက်ရှိ ကျွှန်တော့်ဆိုင် မှာ တောင် Samsung အရောင်း ရပ် ထားပါတယ် ။ ခွဲ ရခက် တဲ့ အထား ရောက် နေသောကြောင့် ပါ ။ဆိုင် နာမည် ပျက် မှာ လဲကြောက် ရတယ် လေ။
 သတိထား စစ်ရန် အချက် များ
i9000 galaxy s က 8Gb နှင့် 16 Gb သာ ထွက် တာ မလို့ 8Gb ဆို လဲ 8Gb အပြည့် ဝ ပါမှ သာ ဝယ် ယူ သင့် ။
wifi မှာတခြား ဖုန်း နဲ့ ယှဉ် ရင် လိုင်း နည်း ခြင်း ကြောင့် စစ်ဆေးပြီး မှ ဝယ်ယူ သင့် ။
Download mode ခေါ် ယူ ကြည့် သင့် ။ခေါ် မရပါ က ဆော့ဝ် ပြန် ရေး မရနိုင် ။
i9000 + i9100 တွေ က တော့ vol  down  + home + power ဖိ နိုပ် ပါ က Downloading… ဆို ပြီး တက် လာ ပါ မယ် ။
တခြား ဟာ တွေ အကုန် စစ် နိုင် သလောက် စစ် ဆေး ရန် နှင့် ဟောင်ကောင် မိတ် & Reject  မဟုတ် ကြောင်း အာမခံ ခိုင်း ခြင်း များ ပြု လုပ် သင့် ။
စိတ် အချ ရဆုံး က တော့ battery အောက် က ဖုန်း မော်ဒယ် ကပ် တဲ့ နေ ရာ မှာ Class B ဆို တဲ့ စာ သား ပါ မှ ဝယ် ယူ သင့် ပါတယ် ။
နောက်တစ် ခု က တော့ Clone တွေပါ ။ပုံစံ တူ တွေ ပေါ့ ။ အတွင်း ဆားကစ် အနေ နဲ့ ရော သုံး ထား တဲ့ ဆော့ဝ် တွေ ပစ္စည်း တွေ ကော ဘာ မှ မတူ ပါဘူး ။ s3 တို့s2 တို့ iphone  4 ပုံ စံတွေ လက် ရှိ အသုံး များ နေ ပါ တယ် ။ဈေး က ၁၅ဝ ဝ၀ဝ လောက် ထိ ပေးဝယ် ရပြီး ပျက် ရင် ပြင် ဖို့ ခက်ခဲ ပါတယ် ။ ထို့ အပြင် တချို့ က အစစ် ဆို ပြီး လိမ် ရောင်း မူတွေ လဲရှိ နေ ပါတယ် ။Android လဲ ဖြစ် တာ ကြောင့် ခွဲ ရ တာ ရုတ်တရပ် ဆို မသိ နိုင် ပါဘူး ။
သတိ ထား ရန် မှာ  ဆိုင် ကြီး တိုင်း အာမခံ ပေးတိုင်း ပစ္စည်း မ မှန် ပါ ဘူး ။ဘယ် ဆိုင် တွေ ဘာ တွေ လုပ် နေ လဲ ဆို တာ ကတော့ ဆိုင် ခြင်းစာနာ မှု နဲ့ ဖော်ပြ မည် မဟုတ် ပါ ။
http://www.mobilehouse.co.nr  ဆိုဒ် တွင်ဖုန်း နဲ့ ပတ်သက် ပြီး လာရောက် လေ့ လာနိုင် ပါတယ်။
ဖုန်း ဆိုင် ရာ အကူညီ လို အပ် ပါ က  site Admin –   ကိုရဲရင့် အောင်     =   yeyintaung777@gmail.com  ကို အပ် ပြီး မေးမြန်းနိုင်ပါတယ် ။
Mobile House
ဖုန်းပြုပြင်ရေး နှင့် အရောင်းဆိုင်
လမ်း၃ဝ -၇၃ -၇၄ လမ်းကြား ။ဆေးကျောင်းရှေ့ ။မန်းလေးမြို့ ။
About Mobile House
Mobile House has written 82 post in this Website..