Latest News> Samsung ဖုန်းဝယ် မည့် သူ များ သတိထား ရန်

Mobile HouseOctober 19, 20121min24312

ခု Samsung ဖုန်း များ လူ ကြိုက် များ လာတာ နဲ့ အညီ ဆိုင် တိုင်း လိုလို တင်လာ ကြ ပါ တယ် ။ ခု နောက် ပိုင်း China က ဝင် တာ နဲ့ ဘန်ကောက် ဘက် ကဝင် တာ တွေ များ ပါတယ် ။ဘန်ကောက် က ဝင်တာ တွေ က များသော အားဖြင့် အမှန် အကန် တွေ များ ပါတယ် ။ဈေး က တရုတ်က ဝင် တာ နဲ့ သိပ် မကွာ ပါဘူး ။ကွာ လတီ မှာ မသိ မသာ လေး ပဲ ကွာ ဟ ချက် ရှိ ပါတယ် ။ ထို့ အပြင် Reject ( စက်ရုံ ပယ် ) ဖုန်း တွေ လဲ ဝင် ရောက် လာ ပါတယ် ။ဈေး မှာ ၅၀.၀၀ဝ လောက် ထိ ကွာ ဟမူ ရှိ ပြီး ။ ဆိုင် တွေ မှာ တော့ အစစ် ၊ အမှန် အကန် ဆို ပြီး ဈေး နည်းနည်း ခွာရောင်း နေ တာ တွေ့ ရပါတယ် ။မန်းလေး မှာ ကို ကိုယ် တွေ့ တစ် ဆိုင် ကြုံ ဖူး ပါတယ် ။ ဖုန်းပြင် ဆရာ တွေ အနေ နဲ့ ကြည့် ရုံ သိ ရှိ နိုင်ပြီး  ၊ အပြင် ဝယ် ယူ သူ များ မှာ လွယ်ကူစွာ မသိ ရှိ နိုင် ပါ ။  ခု နောက် ပိုင်း ဟောင်ကောင် က ဝင် တာ တဲ့ Samsung တွေ ခေတ် စားလာပြန် ပြီ ။ ဒီတစ် ခေါက် က တော့ ဖုန်းပြင် ဆရာ တောင် ဒီတိုင်း အပြင် ပိုင်း ကြည့် ရုံ နဲ့ မခွဲ နိုင် တော့ ပါ ဘူး ။ ဖုန်းဖြုတ် ဖွင့် ပြီး IC ကြည့် မှ သာ သိရှိ နိုင် မည် ဖြစ် ပါတယ် ။ဈေး မှာ လဲ 80,000 လောက် ကွာ ဟ မူ ရှိ ပါတယ် ။ကွာ လတီ မှာ လည်း ညံ့ ပါ တယ် ။ အဲ့ ဖုန်း ကို ဆိုင် တစ် ဆိုင် ကနေ စတင် တွေ့ ရှိ ပြီး လက်ရှိ တစ် လုံး ဝယ် စမ်းသုံး ထား ပါတယ် ။ ကျွှန်တော် ဝယ် ထားတာ i9000 ပါ ။ဟောင်ကောင် ကနေ၁၄ဝ ဝ၀ဝ လောက် နဲ့ ဝယ် ခဲ့တယ်လို့ သိရပါတယ် ။ S2 ကို ၂၉ဝ ဝ၀ဝ လောက် နဲ့ ဖြန့် နေ တယ်လို့ သိရပါတယ် ။လက်ရှိ I9000 galaxy S  &  i9100 galaxy S2 & galaxy S ကိုရီးယား ( တိုင်ပါ ) စတဲ့ ဖုန်း တွေ ဝင်ရောက် နေ ပါတယ် ။ လက် ရှိ ဝယ်ထား တဲ့ i9000 မှာ ဆို internal memory  5Gb ဝန်းကျင် သာ ပါ တယ်။ထို့ အပြင် software ရေး မရခြင်း များ ။boot သေ ရင်ပြန် ခေါ် မရ ခြင်း များ ၊ စတဲ့ software ပိုင်း ဆိုင် ရာ တွေက တော့ အသုံး ပြု ပြီး နောက် မှ ပျက် မှ ပြင် မရမှသိ နိုင် တာကြောင့် သေချာ စစ် ဆေးသင့် ပါတယ် ။ ဆိုင် ကြီး တိုင်း စိတ် မချ ရပါ ။ဈေး သက်သာ တိုင် း မကောင်းပါ ။

ထို့ အပြင် i9000 , i9000B ,i9000M ,i9000T စ တဲ့ နောက်က B M T စ တာ မျိုူး ပါ တဲ့ ဖုန်း မျိုး လည်း မဝယ် ယူ သင့် ပါ ။ အမှန် အကန် ဖြစ် သော် လည်း Fireware ရှား ခြင်း များ ကြောင့် ပါ ။galaxy ace 5830 ဆို 5830i ဆို ပြီး ဝင်နေပါတယ် ။  i9100 s2 ဆို လဲ အလားတူ နောက် မှ i9100G ဆို တာ မျိုး တွေ ပါဝင် သည့် ဖုန်း များ သည် 0ffical 4.0 ics တင် လို့ မရ ပါ ။ I9100 တွင် သာ offical 4.0 တင် ရပါတယ် ။ထို့ ကြောင့် ထို အချက် ကို လဲ ကြည့် သင့် ပါတယ် ။ ကျွှန်တော် ဆိုင် မှာ အရင် က ဘန်ကောက် မှ ဝယ် ယူ ပြီး ရောင်း ချ သော် လည်း နောက် ပိုင်း တွင် တရုတ် က ဝင်တဲ့  ဈေး သက်သာ ဖုန်း ကို မယှဉ် နိုင် ခြင်း ကြောင့် ဆိုင် မှာ Samsung ထပ် မတင် တော့ ပါဘူး ။ဒါ ဟာ ဝယ်ယူ သူ ကို လိမ် မရောင်း လို ခြင်း ၊ ကိုယ်တိုင် လဲ တချိန် က user အနေ နဲ့  ခံ ခဲ့ ရဖူး တာတွေ ကြောင့် စာနာ သော ကြောင့် ဒီ ပိုဒ် ကို ရေးတင် ပြီး သတိပေး လိုက် ပါ တယ် ။

လက်ရှိ ကျွှန်တော့်ဆိုင် မှာ တောင် Samsung အရောင်း ရပ် ထားပါတယ် ။ ခွဲ ရခက် တဲ့ အထား ရောက် နေသောကြောင့် ပါ ။ဆိုင် နာမည် ပျက် မှာ လဲကြောက် ရတယ် လေ။

 သတိထား စစ်ရန် အချက် များ

i9000 galaxy s က 8Gb နှင့် 16 Gb သာ ထွက် တာ မလို့ 8Gb ဆို လဲ 8Gb အပြည့် ဝ ပါမှ သာ ဝယ် ယူ သင့် ။

wifi မှာတခြား ဖုန်း နဲ့ ယှဉ် ရင် လိုင်း နည်း ခြင်း ကြောင့် စစ်ဆေးပြီး မှ ဝယ်ယူ သင့် ။

Download mode ခေါ် ယူ ကြည့် သင့် ။ခေါ် မရပါ က ဆော့ဝ် ပြန် ရေး မရနိုင် ။

i9000 + i9100 တွေ က တော့ vol  down  + home + power ဖိ နိုပ် ပါ က Downloading… ဆို ပြီး တက် လာ ပါ မယ် ။

တခြား ဟာ တွေ အကုန် စစ် နိုင် သလောက် စစ် ဆေး ရန် နှင့် ဟောင်ကောင် မိတ် & Reject  မဟုတ် ကြောင်း အာမခံ ခိုင်း ခြင်း များ ပြု လုပ် သင့် ။

 

စိတ် အချ ရဆုံး က တော့ battery အောက် က ဖုန်း မော်ဒယ် ကပ် တဲ့ နေ ရာ မှာ Class B ဆို တဲ့ စာ သား ပါ မှ ဝယ် ယူ သင့် ပါတယ် ။

 

နောက်တစ် ခု က တော့ Clone တွေပါ ။ပုံစံ တူ တွေ ပေါ့ ။ အတွင်း ဆားကစ် အနေ နဲ့ ရော သုံး ထား တဲ့ ဆော့ဝ် တွေ ပစ္စည်း တွေ ကော ဘာ မှ မတူ ပါဘူး ။ s3 တို့s2 တို့ iphone  4 ပုံ စံတွေ လက် ရှိ အသုံး များ နေ ပါ တယ် ။ဈေး က ၁၅ဝ ဝ၀ဝ လောက် ထိ ပေးဝယ် ရပြီး ပျက် ရင် ပြင် ဖို့ ခက်ခဲ ပါတယ် ။ ထို့ အပြင် တချို့ က အစစ် ဆို ပြီး လိမ် ရောင်း မူတွေ လဲရှိ နေ ပါတယ် ။Android လဲ ဖြစ် တာ ကြောင့် ခွဲ ရ တာ ရုတ်တရပ် ဆို မသိ နိုင် ပါဘူး ။

 

သတိ ထား ရန် မှာ  ဆိုင် ကြီး တိုင်း အာမခံ ပေးတိုင်း ပစ္စည်း မ မှန် ပါ ဘူး ။ဘယ် ဆိုင် တွေ ဘာ တွေ လုပ် နေ လဲ ဆို တာ ကတော့ ဆိုင် ခြင်းစာနာ မှု နဲ့ ဖော်ပြ မည် မဟုတ် ပါ ။

http://www.mobilehouse.co.nr  ဆိုဒ် တွင်ဖုန်း နဲ့ ပတ်သက် ပြီး လာရောက် လေ့ လာနိုင် ပါတယ်။

ဖုန်း ဆိုင် ရာ အကူညီ လို အပ် ပါ က  site Admin –   ကိုရဲရင့် အောင်     =   yeyintaung777@gmail.com  ကို အပ် ပြီး မေးမြန်းနိုင်ပါတယ် ။

 

Mobile House
ဖုန်းပြုပြင်ရေး နှင့် အရောင်းဆိုင်

လမ်း၃ဝ -၇၃ -၇၄ လမ်းကြား ။ဆေးကျောင်းရှေ့ ။မန်းလေးမြို့ ။

12 comments

  • ကထူးဆန်း

    October 19, 2012 at 6:30 am

    ကျေးကျေးပါ ။ Authorized dealer က ဝယ်ရင်ကော စိတ်မချရဘူးလား ။
    နောက် သိချင်တာလေး တစ်ခုရှိလို့ ။ မြန်မာပြည်မှာ ဝယ်လို့ ရတဲ့ ဖုန်းတွေထဲမှာ ကင်မရာ အကောင်းဆုံးဆို ဘယ်ဖုန်း ဝယ်သင့်ပါသလဲ ။ ဈေးလေးလဲ ပြောပြပေးပါနော်. ဖုန်းရယ် လိုင်းဆွဲအားကောင်းတာရယ် ။ အဲ့ဒီနှစ်ခု ပေါ့နော် ။

  • အဂ္ဂမဟာ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီ လယ်ထွန်Z (ဟစ် အိပ်ဆလန်စီ- ပရဲဇ

    October 19, 2012 at 7:01 am

    ဆမ်ဆောင်း ပိတ်သတ် တွေ အတွက် ကျေးကျေးပါဗျာ..
    ဒါမိုး ဒုက္ခတွေ မကြုံဖူးတဲ့ ပန်းသီး ယူဇာမို့ သိပ်နားမလည်တာမို့
    ဝင်မဆွေးနွေးတော့ဘူး နော် …ဟီဟိ

    ဒက်ဂလောက် ..ဒက်ဂလောက်

    • blackprince72

      October 19, 2012 at 3:24 pm

      ပန်းသီး user ဆို လို့ ပြော ရအုံး မယ် ဗျာ ။အဲ့ ဒါ လဲ စိတ် မချ ရတဲ့ အထဲ ပါဝင် နေ ပါတယ် ။ လက် ရှိ Iph 5 မှာ unoffical တွေ ဖြစ် ပြီး ဘယ် ဖက် က ဝင် နေ မှန်း မသိ နိုင် သေး ပါဘူး ။ ခု လက် ရှိ ဆိုင် ကြီး ခိုင် လုံ တဲ့ သတင်း ရက်ကွက် က ပြန် ရတာ ကတော့ iph 5 တွေ ပါကင် ပိတ် ဘူး ထဲ မှာ ကို ပွန်း ရာ တွေ ရှိ နေ တယ် လို့ သိ ရှိ ရပါတယ် ။

  • the best

    October 19, 2012 at 8:55 am

    လူတိုင်းသတိပြုမိအောင် ရေးတင်တဲ့အတွက် လေးစားပါတယ်။

    အရည်အသွေးမမှန်တာဝယ်မိရင်၊ အလိမ်ခံရရင် ငြိမ်မနေပဲ လက်တို ့သတိပေးကြစေလိုပါတယ်။

  • jullies cezer

    October 19, 2012 at 9:05 am

    ကျေးဇူးတင်ပါတယ် ရောင်းသူနဲ့ဝယ်သူကြား မျှတတဲ့စေတနာကိုလဲ
    လေးစားတယ်ဗျာ ………

  • uncle gyi

    October 19, 2012 at 9:40 am

    သတိပေးလို့ကျေးဇူးတင်ပါတယ်မောင်ရယ်

  • Foreign Resident

    October 19, 2012 at 9:56 am

    ကို blackprince72 ။
    မတွေ့ရတာတောင် ကြာပြီနော် ။
    အဘ ဟိုတစ်ခါ E-7 ဈေးမေးသေးတယ်လေ ။
    အခု E-7 က မြန်မာ font တွေထည့်မရတာနှင့် ၊
    ဖုန်းအသစ် ထပ်ပြောင်းရဦးမယ် ။ 🙁

  • မိုချို

    October 19, 2012 at 1:56 pm

    တော် ပါသေးရဲ့ ။ခေါင်းစဉ် ကြည့် ပြီး ဆမ်ဆောင်း ဖုန်းတွေ ဘာများ ဖြစ်လဲ လို့ လန့် သွား တာပဲ။
    ဒီက ဆက် သွယ်ရေး ကုမ္မဏီ တွေ က i phone 5 မထွက်ခင် လေး တင် ဆမ်ဆောင်း S 3 တွေ note တွေ ကို road show တွေ လုပ်ပြီး ဒစ်စကောင့် ချပေး လို့တစ်လုံး သွား ယူ ထားတာ စုံအောင်တောင် မကလိ ဖူးသေးဘူး ။ ဘာများ ဖြစ်လို့ ပါလိမ့် လို့ အပြေး ဝင် ဖတ် လိုက် တာမြန်မာပြည် က ဆမ်ဆောင်း ဖုန်းတွေ အကြောင်း ကိုး။

    • blackprince72

      October 19, 2012 at 3:31 pm

      ဖြစ် တယ် မိုချို ရဲ့ s3 တွေ အခု နောက် ပိုင်း Error အရမ်း များ နေ တယ် ။ Touch ့ လဲ ကွဲ လွယ် တယ် ။ အဆိုး ဆုံး error က တော့ S3 ,S2 , htc one x စတာ တွေ မှာ အဖြစ် များ တဲ့ ဟာက ဖုန်း ပြော တဲ့ အချိန် ပဲ mic , speaker , ear speaker တွေ မရ တာ ပါ ပဲ ။ နည်း တော်တော် ဆုံ နေ ပြီ ။ကျွှန်တော် တောင် တစ် လုံး ပဲ ပြင် ရသေး ။ဆိုင် ကြီး တွေ လဲ မရ လို့ ဆိုင် လာ အပ် ကြ တာ ။

  • မိုချို

    October 19, 2012 at 2:01 pm

    ကျန်သွားလို့ ။ ပြည်တွင်း က သူငယ်ချင်းတွေ ၊ ဆွေမျိုးတွေ ကို သတိ ပေးလိုက် ပါအုံး မည်။ ဟို ရက်ကတင် သူငယ် ချင်း တစ်ယောက် S 3 ဝယ် ဖို့ ပြောသံကြား တယ်။ သတိထားဖို့ ပြောလိုက် ပါအုံး မယ်။

  • နွေဦး

    October 19, 2012 at 4:00 pm

    ကျွန်တော်ရဲ့ galaxy note clone ကတော့ fectory restore လုပ်လိုက်တာ..ဘာမှ ပြန်တက်မလာတော့ဘူဗျို့..၁၂၀၀၀ဝ တော့ ပလုံသွားပြီ..း((

  • awra-cho

    October 21, 2012 at 2:37 pm

    ကျွန်တော့် S advance ဆို အင်တာနက် ဖွင့်လိုက်တာ ဖုန်းက ရီစတတ် တွေ ဖြစ်ဖြစ်နေလို့ ဆိုင်သွားလဲရတာ သုံးခါတောင် တကယ်သုံးလုံး လဲလိုက်ရတယ် ရန်ကုန် အောင်ဆန်းကွင်းဆိုင်ခန်းက ပေါ့။ တော်သေးတယ် ဆိုင်က လဲပေးလို့ နဲနဲတော့ စကားပြောရတာပေါ့ ဗျာ။သူတို့လဲ မကြုံဘုူး ဘူးတဲ့။ အခုတော့ ကောင်းနေပါတယ်။ အထဲက တော့ အရင်ဆုံးအလုံးတွေနဲ့ မတူဘူး နဲနဲ ကွဲလွဲနေတာရှိတယ်။ ဘယ်ဟာက အစစ်ဆို တာ ဆိုင်ကပဲ သိမယ်ထင်ပါရဲ့။ မန်းလေးရောက်မှ လာပြ ကြည့်အုံးမယ် နော့။

Leave a Reply