အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၁ ) ( Preparation )

Foreign ResidentOctober 19, 20126min43937

အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၁ )  ( Preparation )

 

ရွာသူား အပေါင်းတို့ရေ ။ မင်္ဂလာပါ ။

မတွေ့ရတာတောင် ကြာပေါ့ ။

ကြာဆို ၊ ရွာသူား တို့ သိကြပြီးဖြစ်တဲ့အတိုင်း ၊

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် ကနေ ၊

အောက်တိုဘာ ၁၃ ရက် အကြားမှာ ၊

အဘ ခမျာ အဘ ဘဝ ရဲ့ ၊

တစ်ဦးတည်းသော ပဲ့ကိုင်ရှင် Home Minister  ရဲ့ ၊

တစ်ချက်လွှတ် အမိန့်တော် အရ ၊

ဥရောပဖက်ကို အဓမ္မ လုပ်အားပေး ပေါ်တာ ခရီးစဉ် ၊

လိုက်သွားရပါလေရောလားကွယ် ။

( ခရီးစဉ် အသေးစိတ်ကိုတော့

အဘ ရဲ့ ” အဘဖေါ ပေါ်တာ အဆွဲခံရခြင်း ”

Post မှာဖတ်ကြည့်ပါကွယ် )

 

အခု Post ကတော့ အဲဒီ  ပေါ်တာ ခရီးကြမ်း တစ်လျှောက် ၊

ကြုံဆုံခဲ့ရတဲ့ ဗဟုသုတ အထွေထွေကို ၊

ရွာသူား အပေါင်းတို့ကို မျှဝေတာပါကွယ် ။

 

ရွှေပြည်ကြီး ကိုချစ်မြတ်နိုးလွန်းလှတဲ့အတွက် ၊

နိုင်ငံရပ်ခြားကို တစ်ခါဘူးမှ မခွာဘူးတဲ့ ၊

ရွာသူား အများစု ဗဟုသုတ ရစေဖို့ကို ၊

ဦးတည်ပြီးရေးတာဖြစ်လေတော့ ၊

နိုင်ဂျန်ဂားကို ဂဒီး ဂဒီး ရောက်ဖူးတဲ့ ၊

( ကိုရင် စည်သူတို့ ၊ ပင်လယ်ပျော်တို့ ၊ ဆူးတို့ လို )

ရွာသူားများက သည်းခံပြီး ဖတ်ပေးစေလိုပါတယ်ကွယ် ။

 

နိုင်ငံတကာမှာ တွေ့ကြုံရမယ့် ဗဟုသုတ နှင့် အတွေးအခေါ် ကို ၊

ဦးစားပေးရေးမှာ ဖြစ်တဲ့အတွက် လည်း ၊

ဓါတ်ပုံလှလှလေးတွေကိုမှ ကြိုက်တဲ့သူများလည်း ၊

သည်းခံပြီး ဖတ်ပေးစေလိုပါတယ်ကွယ် ။

 

အဘတို့က Trafalgar Tour ရဲ့ September 15, 2012 မှာစထွက်မယ့် ၊

Great European Tour Package ကို ဝယ်ထားတာပါကွယ် ။

အဲဒီ Package ထဲမှာ သွားမယ့် နိုင်ငံတွေက ၊

အင်္ဂလန် ၊ ပြင်သစ် ၊ စပိန် ၊ မိုနာကို ၊ အီတလီ ၊ ဗာတီကန် ၊ ဩစတြီးယား ၊

ဆွစ်ဇာလန် ၊ လိုင်ချိန်စတိန်း ၊ ဂျာမဏီ ၊ ဟော်လန် တို့ ဖြစ်ပါတယ် ။

အနောက် ဥရောပ ခရီးစဉ် ပေါ့ကွယ် ။

Detail ကိုတော့ <http://www.trafalgar.com/great-european-2012/tour-itinerary> မှာသာ ကြည့်ပါကွယ် ။

အခြေခံ ဈေးနှုန်း လေယာဉ်ခ မပါ တစ်ဦးကို A$ ၆၃၅ဝ ပေးရပါတယ် ။ နှစ်ဦး ဆိုတော့ ၁၂၇၀ဝ $ ပေါ့ ။

 

ဩဇီ ကနေ ဥရောပ အထိ ဖင်အကျိမ်းခံပြီး လေယာဉ် စီးပြီးမှတော့ မထူးဘူး ၊

လန်ဒန်မှာ ( ၃ ) ရက် လျှောက်လည်ဖို့လည်း စဉ်းစားထားပါတယ် ။

 

အစ ကတော့ အဘ Sydney ကိုစောရောက်လာရင် ၊

Tour ကို ရာသီဥတု ပိုကောင်းမယ့် August ထဲကို ရွှေ့မယ်လို့ ၊

စိတ်ကူးထားကြတာပေါ့ ။

 

ဒါကြောင့် ၊ အဘ Sydney ကို July လဆန်း အရောက်လာခဲ့ပါတယ် ။

ဟဲ ဟဲ ၊ ဒီတစ်ခါ ပေါ်တာ ထမ်းရမယ့်သူက သိပ် ဝီရီယ ကောင်းနေပါလား ။

Forced Labour မဟုတ်လောက်ဖူး ဘဲ ။

 

သို့သော် ၊ သို့သော် ပေါ့လေ ။

အဘ ခမျာ ရွှေ Passport အနီကြီး ကိုင်ထားမိနေလေတော့ ၊

အဲဒီ ခရီးစဉ်အတွက် Visa နှစ်ခု လိုနေပါရောလားကွယ် ။

အင်္ဂလန် Visa နှင့် EU အတွက် နာမယ်ကျော် Schengen Visa ပေါ့ကွယ် ။

 

Schengen Visa ရဲ့သဘောက EU ထဲကိုသွားရင် ၊

အများဆုံးနေမယ့် တိုင်းပြည်ရဲ့ သံရုံးမှာ လျှောက်ရသကွဲ့ ၊

အဲဒီတော့ ၉ ရက်လောက်နေမယ့် အီတလီ သံရုံးမှာ လျှောက်ရပါတယ် ။

July ၆ ရက်နေ့မှာ အီတလီ သံရုံးရဲ့ Web Page ကိုဝင်ပြီး ၊

Visa Application တင်ဖို့ အားတဲ့ရက်ကို ဝင်ကြည့်လိုက်တာ ၊

အားပါးပါး ၊ အစောဆုံး အားတဲ့ရက်ကတောင် August ၂၂ ရက်ဖြစ်နေတာနှင့် ၊

အဲဒီ August ၂၂ ရက်မှာပဲ Appointment မြန်မြန် ယူလိုက်ရပါတယ် ။

အဲဒီ အချိန်ဟာ တကယ့် ခရီးသွား ရာသီမှာ မိနေလေတော့ ၊

သံရုံး အားတဲ့ရက် ဟာ တစ်လခွဲလောက် ကွာနေတာပါ ။

 

Appointment နေ့မှာ Visa Application တင်ပြီးရင်တောင် ၊

Visa Processing Time ၂ ပါတ်လောက် ထပ်စောင့်ရဦးမှာပါ ။

အဲဒီတော့ အစောဆုံး September ၅ ရက်နေ့မှ Schengen Visa ရမှာဆိုတော့ ၊

Tour ကို ရှေ့လ August ထဲကို ရွှေ့ဖို့ ကိစ္စ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး ။

ဥရောပကို ခရီသွားမယ့်သူတွေ ထည့်တွက်ရမဲ့ ကိစ္စပါ ။

 

ဒါနှင့်ပဲ ကြားထဲကရက်မှာ အင်္ဂလန် Visa ကိစ္စ ဖြတ်ဖို့ လုပ်ရပါတယ် ။

အင်္ဂလန် Visa ကတော့ သိပ်မကြာပါဘူး ၊

စလုပ်ပြီး ၂ ပါတ်အကြာမှာ Biometric Scan လုပ်တဲ့နေ့မှာပဲ ၊

တစ်ခါတည်း Visa Application တင်ရပါတယ် ။

( Biometric Scan ဆိုတာ လက်ဗွေကို ဖတ်သွားတာပါ )

ဩဇီက အင်္ဂလန် သံရုံးမှာ Visa စစ်တဲ့ အဖွဲ့ မရှိပါဘူး ။

ဘာလို့လဲဆိုတော့ ဩဇီတွေက အင်္ဂလန်သွားရင် Visa မှ မလိုတာကိုး ။

အဲဒီတော့ Visa Application ကို မနီလာက အင်္ဂလန် သံရုံးကို ပို့ပြီး စစ်ပါတယ် ။

Visa Processing Fees ၁၄ဝ A$ နှင့် Return & Traceable Envelope ဖိုးနှင့် ဆိုတော့ ၊

စုစုပေါင်း A$ ၂၀ဝ လောက် ကုန်သွားပါတယ် ။

Visa Application စောင့်တာ ၂ ပါတ် ၊ Visa Processing Time က ၂ ပါတ် ၊

စုစုပေါင်း ၄ ပါတ်လောက် အကြာမှာ Visa ရပါတယ် ။

 

အဲဒါပြီးတဲ့ အချိန်လောက်မှာပဲ အီတလီ သံရုံး မှာ ၊

Schengen Visa အတွက် Visa Application တင်ချိန် ရောက်သွားပါတယ် ။

Appointment အချိန်ရဖို့သာ ခက်တာပါ ၊ Schengen Visa က တော်တော်လွယ်ပါတယ် ၊

သူတို့ လိုအပ်တဲ့ Document တွေ ပြပြီးတာနှင့် နောက် ၁ဝ ရက်မှာ ၊

မင်း Passport ( with Visa ) ကို လာယူပါလို့ တစ်ခါတည်းပြောလိုက်တာပါပဲ ။

သူကတော့ Visa ကြေး A$ ၈ဝ လောက် ကျပါတယ် ။

 

ကဲ Visa ကိစ္စပြီးတော့ အင်္ဂလန်မှာ ၃ ရက် နေဖို့နှင့် လည်ဖို့ ကိစ္စ လာပါပြီ ၊

နေဖို့ကတော့ Trafalgar က Recommend လုပ်တဲ့ ၊

Hilton Kensington Hotel, London မှာပဲ ၃ ရက်လုံးတည်းဖို့ Booking လုပ်လိုက်တယ် ၊

တစ်ရက်ကို $ ၂၀ဝ လောက်စီ ကျပါတယ် ။ ၃ ရက် ဆိုတော့ ၆၀ဝ ပေါ့ ။

 

လည်ဖို့ ။

Internet မှာ လျှောက်ရှာပြီးတော့ London Pass ဆိုတာကို ၊

သဘောကျတာနှင့် ၃ ရက်စာ ဝယ်လိုက်တယ် ။

သူက London က ထင်ရှားတဲ့ Top Attractions, Tours & rides ၅၅ ခု ကျော်ကို ၊

အဲဒီ ၃ ရက်အတွင်းမှာ ဝင်နိုင်သလောက် ဝင်ခွင့် / စီးခွင့် ပေးထားတယ်လေ ။

Detail ကိုတော့ <http://www.londonpass.com/> မှာသာ ကြည့်ပါကွယ် ။

 

London Pass နှင့် ၃ ရက်စာ Day Travel Card

 

တစ်ချို့ နေရာတွေဆိုရင် First Track အခွင့်အရေးတောင် ပေးထားသေးတယ် ။

First Track ဆိုတာကတော့ ဝင်ခွင့်ကို ၊

သူများတွေလို တန်းစီစရာ မလိုပဲ တန်းဝင်လို့ရတဲ့ VIP အခွင့်အရေးပါ ။

တန်းစီနေသူတွေရှေ့မှာ အခွင့်အရေး ပိုယူမိသလို ၊ မတရားမိသလို ခံစားမိပေမယ့် ၊

အဘ တို့လို အချိန်နည်းပါးတဲ့ Tourist တွေအတွက်က လိုအပ်တယ်လေ ။

 

အဲဒီ ၃ ရက်အတွင်းမှာ ခရီးသွားလာဖို့ အတွက်ကတော့ ၊

Day Travel Card ၃ ရက်စာဝယ်လိုက်တယ် ။

သူက အဲဒီ ၃ ရက် အတွင်းမှာ လန်ဒန်က ကား ၊ ရထား ၊ လှေ ၊

ကြိုက်သလောက် စီးပေါ့ကွယ် ။

 

အဲဒီနောက် London Pass ထဲမှာ မပါပေမယ့် ၊

ကိုယ်သွားချင် ဝင်ချင်နေတဲ့ နေရာ ၃ ခုလောက်ကို ထပ်ဝယ်ရပါသေးတယ် ။

အဲဒါတွေကတော့ ၊

၁ ။ Buckingham Palace ( Museum ) ဝင်ခွင့် ၊

၂ ။ London Eye ( ခြားရဟတ်ကြီး ) စီးခွင့် နှင့် ၊

၃ ။ Madame Tussauds ( London ) ဖယောင်း ပြတိုက် ဝင်ခွင့် တွေပါပဲ ။

အားလုံးကို First Track လက်မှတ် ဝယ်ခဲ့ပါတယ် ။ ကိုယ့်မှာ အချိန်မှ မရှိပဲကိုး ။

 

ဘက်ကင်ဟမ် နန်းတော်။

 

အဲဒီ ၊ ၃ ရက်စာ London Pass ၊ ၃ ရက်စာ Day Travel Card နှင့်

ကိုယ်သွားချင်တဲ့ နေရာ ၃ ခုအတွက် Tickets တွေ ၊

အဘတို့ လင်မယား ၂ ဦးစာ ဝယ်တာ ၊

စုစုပေါင်း US$ ၆၀ဝ ကျော်လောက်တော့ ကျသွားပါတယ် ။

 

အဲဒါတွေပြီးတဲ့အခါမှာ အလှည့်ကျလာတာကတော့ ၊

မြန်မာနိုင်ငံသားတွေ မေ့နေတတ်တဲ့ ၊

မဝယ်မဖြစ် ဝယ်သင့်တဲ့ Travel Insurance ပါပဲ ။

ဩဇီ အစိုးရက ဩဇီ နိုင်ငံသားတွေကို Travel Insurance ဖိုး မတတ်နိုင်ရင် ၊

ခရီးမထွက်ပါနှင့်လို့ကို အကြံပေးထားတာပါ ။

Visa လျှောက်တော့လည်း သံရုံးတွေက Travel Insurance ကို တောင်းကြည့်ပါတယ် ။

အဲဒီ Travel Insurance ကိုလည်း ကိုယ်နေမယ့် ရက်တွေအတွက် ၊

International ခရီး နှင့် အမြင့်ဆုံး Unlimited Medical Cover ကို ဝယ်လိုက်ပါတယ် ။

၂ ယောက်စာ ဒေါ်လှ ၅၀ဝ ထပ်ထွက်ပြန်တာပေါ့လေ ။

 

London Eye ( ခြားရဟတ်ကြီး )

 

နောက်တော့ ၊ လေယာဉ်လက်မှတ် ၊

မိန်းမ အလုပ်ချိန်တွေနှင့် အဆင်ပြေမယ့် ၊ မလေးရှား အဲလိုင်းကိုပဲ အသွားအပြန် ဝယ်လိုက်ပါတယ် ။

၂ ယောက်စာ ဒေါ်လှ ၅၀၀ဝ လောက် ထပ်ထွက်ပြန်ပါပြီ ၊ ဘုရား ၊ ဘုရား ။ ဒေဝါလီ ခံရဖို့တော့ နီးပါပြီ ။

လေဆိပ်ကနေ ဟိုတယ် အသွား ၊ အပြန်တွေအတွက် Hotel By Bus Service ကိုလည်း ထပ်ဝယ်ရသေးပါတယ် ။

တစ်ယောက် ၃၅ $ ၊ နှစ်ယောက် ၇ဝ $ ၊ အသွားအပြန်ဆိုတော့ ၁၄ဝ $ ပေါ့ ။

 

အဲဒါတွေ နှင့်ဆို သွားဖို့အတွက် အဓိက အားလုံးပြည့်စုံသလောက်ရှိသွားပါပြီ ။

တခြား အသေးအဖွဲလေးတွေကတော့ ၊

 

၁ ။

ဟိုမှာသုံးဖို့အတွက် ဘဏ်ကနေ ပိုက်ဆံ ( Cash ) တွေ ထုတ်ရတော့ပါတယ် ။

Credit Card တွေ ရှိသော်ငြားလည်း ၊ ကိုယ်ရောက်တဲ့နေရာမှာ ATM Machine ရှာရတဲ့ ဒုက္ခ ရှိပါတယ် ။

နောက်တစ်ခုက ဩဇီ Credit Card နှင့် ဥရောပမှာ ဈေးဝယ်ရင် ၊

Exchange Rate ၊ Service Charges / Fees တွေက အရမ်းဆော်ပါတယ် ။

မပျောက်အောင် ထိမ်းသိမ်းနိုင်မယ်ဆိုရင် Cash ပဲ ယူသွားတာ အကောင်းဆုံးပါ ။

 

အဘ တို့ကတော့ Passport နှင့် ပိုက်ဆံတွေထည့်တဲ့ ခါးပတ်အိတ် အပါးစားလေးကို

အင်္ကျ ီ / ဂျာကင် အောက် ထားဝတ်လိုက်တာပဲ ။

ဓါတ်ပုံရိုက်ရင်တော့ ဗိုက်နဲနဲပူသလိုဖြစ်နေပေမယ့် စိတ်ချရတယ်လေ ။

နိုင်ငံ ရပ်ခြားမှာ ပိုက်ဆံက အရေးမကြီးပေမယ့် ၊ Passport ပျောက်လို့က မဖြစ်ဖူးလေ ။

 

၂ ။

Cash ယူသွားပေမယ့်လည်း ၊ အရေးအကြောင်းပေါ်ရင် သုံးရအောင် ၊

ကိုယ့် Credit Card ရဲ့ Bank ကိုလည်း ဥရောပ သွားမယ် ၊

ဥရောပ မှာ သုံးမယ် ဆိုတဲ့ အကြောင်း အကြောင်းကြားလိုက်ပါတယ် ။

 

၃ ။

ကိုယ့် Mobile Phone က Map မှာလည်း ကိုယ်သွားမယ့် ၊

ဥရောပ နိုင်ငံတွေရဲ့ Update မြေပုံတွေကို Down Load လုပ်ရပါတယ် ။

အနဲဆုံး တစ်ပါတ်လောက် အချိန်ပေးရတယ်နော် ။

 

၄ ။

အရေးကြီးတာ တစ်ခုက ဖုန်း / ကင်မရာ ရဲ့ Battery Charger ရဲ့ Electrical Plug Type ဟာ

ကိုယ်သွားမယ့် နိုင်ငံရဲ့ Electrical Plug Type နှင့် မတူရင် Adaptor ကြိုဆောင်သွားဖို့ပါပဲ ။

အဓိကက အင်္ဂလန်က British Standards 1363 plug ကိုသုံးပြီး ၊

ဥရောပမှာတော့  Europlug CEE 7/16 နှင့် German “Schuko” CEE 7/4 ကိုသုံးတာများပါတယ် ။

အသေးစိတ် ပုံနှင့်တကွ သိချင်ရင်တော့ <http://kropla.com/electric2.htm> မှာကြည့်ပါကွယ် ။

 

Madame Tussauds ( London ) ဖယောင်း ပြတိုက်

 

၅ ။

အဲဒါတွေ ပြီးရင်တော့ ၊ ဥရောပ ရာသီဥတု Forecast တွေကို ကြည့်ပြီး ၊

သင့်တော်တဲ့ အဝတ်အထည်တွေ ဆောင်ဖို့ပါပဲ ။

အဘတို့ သွားတုန်းကတော့ စပိန် ၊ မိုနာကို ၊ အီတလီ က ပူနေပြီး ၊

ဆွစ်ဇာလန် ၊ လိုင်ချိန်စတိန်း ၊ ဂျာမဏီ ၊ ဟော်လန် မှာ အေးနေပါတယ် ။

 

၆ ။

အကောင်းဆုံး ကတော့ ၊ ကိုယ့်ရဲ့ Passport မိတ္တူ နှင့် ဓါတ်ပုံ ၂ ပုံ ကို ၊

Passport နှင့် နေရာခွဲပြီး ကိုယ့် Luggage အိတ်ထဲမှာဖြစ်ဖြစ် ဆောင်ထားပါ ။

တကယ်လို့ Passport ပျောက်သွားရင် ၊ အထောက်အထားနှင့် ချက်ချင်းပြန်လျှောက်လို့ ရအောင်ပါ ။

အဘ ကတော့ အရေးကြီး စာရွက်စာတန်း အားလုံးကို Scan ဆွဲပြီး ၊

Thumb Drive ထဲမှာပါထပ်ထည့်ပြီး ယူသွားပါတယ် ။

 

ကဲ ရွာသူားတို့ရေ ၊ အဘ ရေးတာလဲ တော်တော် ရှည်သွားပြီမို့ ၊

တကယ့် ခရီးစဉ်ထွက်တာကိုတော့ နောက် Post မှပဲ တင်ပါရစေ ။

 

 

 

မေတ္တာဖြင့် ၊

 

အဘ ဖေါ ( FR ) ။

37 comments

  • အံမယ်လေး…မောလိုက်တာ အဘရေ…ပိုက်ပိုက်ချိတာဒေါင် အဲ့ဒါတွေအကုန်လိုက်ပြင်ဆင်ရတာ တော်တော်ပင်ပန်းပါရဲ့…ခရီးထွက်ရတာလည်း မလွယ်ပါဘူး… 🙄
    ဂယ့်ခရီးကျရင်တော့ ပျော်ရမယ့်ထင်ပါတယ်… :mrgreen:

    • Foreign Resident

      October 19, 2012 at 12:17 pm

      ဂယ့် ခရီးကျတော့ ပင်ပန်းပေမယ့် ၊ ပျော်ခဲ့ရပါတယ် မွန်မွန် ရေ ။

  • Thu Wai

    October 19, 2012 at 11:53 am

    ဖယောင်း ပြတိုက် က ပုံက အဘဖော ပုံလား စကားမစပ် မြန်မာနိုင်ငံ မှာလဲ schengen visa က တအားလွယ်ပါတယ်

    • Foreign Resident

      October 19, 2012 at 12:10 pm

      ” ဖယောင်း ပြတိုက် က ပုံက အဘဖော ပုံလား ”

      မေးမှမေးရက်ပလေကွယ် ။ အဘ က ဒီ့ထက်အများကြီးချောတာပေါ့ကွယ် ။
      အဲဒီ ကောင်လေးက ခမျာ ရုပ်ကြမ်းလို့ ဘောလုံးကန်စားနေရရှာတာ ။ 😛

      ” စကားမစပ် မြန်မာနိုင်ငံ မှာလဲ schengen visa က တအားလွယ်ပါတယ် ”

      မြန်မာနိုင်ငံ ကနေ visa တွေလျှောက်ရင် လွယ်သွားပြီလား ။
      ဩဇီ Visa ဆိုရင်တော့ သိပ်မလွယ်သေးဘူး ထင်တယ် ။
      မနှစ်က အသိတစ်ယောက် ဩဇီ Visa လျှောက်တာ ၊
      Bank Account ထဲမှာ သိန်း ၆၀ဝ ထည့်ထားတာတောင် Reject ထိတယ် ။

      မဖြစ်သေးပါဘူးလေ ။
      သင်္ဘောက ဆင်းဆင်းချင်း ဩဇီ ကို မြန်မြန်ပြန်မလာပဲ ၊
      Visa လျှောက်နေတယ်ဆိုပြီး မြန်မာပြည်မှာ ဂလေရိုက်နေရင် မိန်းမက သတ်လိမ့်မယ် ။

      အခု ဥရောပ ခရီးစဉ် မှာတောင် ၊ လိမ်လိမ်မာမာ မနေရင် ၊
      စီးပွားပျက် ကပ်ဆိုက်နေတဲ့ စပိန် နှင့် ဂရိ မှာချန်ထားခဲ့မယ်လို့ ကြိမ်းနေတာ ။
      သားသား ကြောက်ကြောက် ။ 😛

  • အဂ္ဂမဟာ သီရိ သုဓမ္မ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် လယ်ထွန်Z

    October 19, 2012 at 12:13 pm


    ဘွ ရဲ့ ပဲ့ကိုင်ရှင် ဆိုပဲ …

    အဘတို့ ကိုရင်ပျော် တို့ ကတော့ ဟုတ်ပါပြီ…
    ကိုရင် စည်သူ တို့… ကိုရင်ဂီ တို့ကတော့ …
    အင်း .. ပဲ့ကိုင်မပါဘဲ မျောချင်ရာ မျောနေတဲ့
    ဖောင်လေးတွေ ပါလားကွယ်ရို့…

    ပုံ
    ဒီဖက်တို အက်ဒမိုက်ရယ် ဂျန်နရယ် ရဲ့
    ကြိုးရှည်ရှည်နဲ့ လှန်ထားခြင်း ခံရသူ

    • Foreign Resident

      October 19, 2012 at 12:24 pm

      ဂီဂီ ရဲ့ ။
      အဘ ရဲ့ ဘဝ ရှေ့ပိုင်းမှာ ၊
      အဘ လည်း ကမ်းကုန်အောင် ကဲပြီးသွားပြီ ၊ ကျေနပ်သွားပြီ ဆိုတော့ကာ ၊
      အခု အဘ ဘဝ ရဲ့ နောက်ပိုင်း အချိန်တွေကိုတော့ ၊
      သူ ပဲ့ကိုင်တဲ့ အတိုင်းပဲ အသာလေး လိုက်သွားတော့မယ် ။
      နားလည်း မညည်းတော့ဘူး ၊ လူ လည်း ဦးနှောက်စား သက်သာသကွဲ့ ။
      😛

      • Khaing Khaing

        October 19, 2012 at 1:34 pm

        အွန်း …. ယောကျာ်းတွေများ မိန်းမတွေကို ချေးမွမ်းခန်းမဖွင့်ချင်ဘူး … ဦးနှောက်စားသက်သာတယ် ဆိုတော့ …. သူများတို့မိန်းမတွေကို အလုပ်ပေးထားတာပေ့ါလေ … မိန်းမကိုချစ်တယ်ဆိုလည်းချစ်တယ်ပေ့ါ … သူ့စကားတွေကို မလွန်ဆန်နိုင်ဘူးဆိုလည်း မလွန်ဆန်နိုင်ဘူးပေါ့ …. အမှန်ကိုဝန်ခံရမှာ တော်တော်ကြောက်တယ် ….. လူဇိုးကြီး ဘဘဖော ….

        နောက်ပီး အပေါ်ကနှစ်ယောက်က (ကိုရင်စည်သူနဲ့ ဦးဂီ) ပဲ့ကိုင်ရှင်လိုချင်တယ်ဆိုပြီးတော့ … လှေပေါက်ကြီးကိုတော့ ဘယ်သူကမှ ပဲ့ကိုင်ချင်မှာမဟုတ်ဘူးနော် …..

    • ပင်လယ် ပျော်

      October 19, 2012 at 3:54 pm

      ကိုရင် စည်သူ တို့… ကိုရင်ဂီ တို့ကကိုယ်တိုင် ပဲ့ကိုင်တော့ သွားချင်တဲ့ခရီးရောက်သဗျ…အနော်ကတော့…ဟီးဟီး….

  • Khaing Khaing

    October 19, 2012 at 12:26 pm

    ကိုယ်တိုင်မသွားနိုင်ပေမယ့် အဘရဲ့ခရီးသွားပို့စ်လေး ဖတ်ပြီး ဗဟုသုတယူသွားပါကြောင်း ….

    အဘရယ် … အဘအဲသလောက် ပိုက်ပိုက်ပေါတာမသိဘူး … သမီးတို့ဆီက ဦးဦးသူကြီးတွေလို ထင်ပြီး အဘမုန့်ကျွေးတုန်းက တအားမစားလိုက်ရဘူး … ဒီတစ်ခါ အဘကျွေးရင် အားရပါးရ အများကြီးစားမယ် ..

    • Foreign Resident

      October 19, 2012 at 12:42 pm

      ” အဘရယ် … အဘအဲသလောက် ပိုက်ပိုက်ပေါတာမသိဘူး ”

      အောင်မာလေးလေလေး ။
      စကားလေးနှင့်တောင် မနောက်လိုက်ပါနှင့် သမီးရယ် ။
      အဘ အရင်က ကိုယ့်ကိုယ်ကို ဘဝင်မြင့်ပြီး ထင်ခဲ့မိတာလေ ၊
      အဘဟာ မြန်မာပြည်မှာလဲ လူလတ်တန်းစား ၊
      ဩဇီမှာလဲ လူလတ်တန်းစား လို့ ။

      အခုတော့ ၊ အဟင့် ၊ အဟင့် ၊
      ဘက်ကင်ဟမ် နန်းတော် ပြတိုက် နှင့်
      Tower of London ထဲက The Crown Jewels Museum တို့ကို
      ဝင်ကြည့်ပြီးသွားတဲ့ အခါမှာလေ ၊
      ပြတ်ပြတ်သားသားကို သိသွားပါပြီကွယ် ။

      အဘ ငမွဲလေးပါ ခည ။
      အဘ ငမွဲလေးပါ ခည ။
      အဟင့် ၊ အဟင့် ။ 🙁

      • Khaing Khaing

        October 19, 2012 at 1:19 pm

        အဘရယ် … အဘကငမွဲလေးဆိုရင် … သမီးတို့က ဘယ်အဆင့်ဘယ်နားမှာ ရောက်နေမလဲဟင် … အဘမြန်မာပြည်ပြန်လာရင်တော့ လက်ချောင်ကောင်းကောင်းဝယ်ခဲ့ပေးဒါပဲ …… မိဂီလိုတော့ လုပ်နဲ့နော် … တူ့ကိုလက်ချောင်တောင်းရင် အီးမေးကပို့မယ်တဲ့ … သူကမပေးချင်လို့အဲလိုပြောပေမယ့် .. အခုလေ FB ကနေ လက်ချောင်တွေတကယ်ပို့လို့ရပီ …

  • ကိုFR ရဲ့ ဥရောပသွား ပေါ်တာ တောလား ကိုစောင့်ဖတ်ပါ့မယ်…
    ဇန္နဝါရီနောလိတ်ရတာပေါ့… သတိထားမိတာတစ်ခုက…

    “အရေးကြီးတာ တစ်ခုက ဖုန်း / ကင်မရာ ရဲ့ Battery Charger ရဲ့ Electrical Plug Type ဟာ ကိုယ်သွားမယ့် နိုင်ငံရဲ့ Electrical Plug Type နှင့် မတူရင် Adaptor ကြိုဆောင်သွားဖို့ပါပဲ ။”

    ဆိုတော့…တော်တော်စေ့စပ်ပေတာပဲ…အရှေ့တိုင်းနိုင်ငံတွေသွားရင်တော့
    မလိုလောက်ဘူးနော်…
    :bar: :ha:

  • အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ

    October 19, 2012 at 1:03 pm

    ကောင်းဘာဒယ် အဘဖောချင့် သာမီးတို့လို့ နိုင်ငံခြားဆိုတာ အလုံးလား အပြားလား တိတိပပ မသိသူတေအတွက် အကျိုးပြုတဲ့ပို့စ်တခုဘာ။
    ဂဇက်ရွာထဲကနေ ကဘာပတ်နို်င်ဘီဆိုပီး ဂုဏ်ယူလိုက်ပရဇီ။
    နောက်လာမဲ့ ပို့စ်တေကိုလဲ စောင့်မျှော်အားပေးမည်ဖြစ်ဂျောင်း။

    ခင်တဲ့
    မရွှေအိ

    • Foreign Resident

      October 19, 2012 at 2:11 pm

      ” သာမီးတို့လို့ နိုင်ငံခြားဆိုတာ အလုံးလား အပြားလား
      တိတိပပ မသိသူတွေအတွက် ”

      ရှူး ၊ တိုးတိုး ၊ သူများတွေ မသိစေနှင့် ။
      နိုင်ငံခြားဆိုတာ အပြားကြီး သမီးရဲ့ ၊ သိလား ။
      😛

  • Ma Ei

    October 19, 2012 at 1:11 pm

    ဒီတစ်သက် မရောက်နိုင်မဲ့ ခရီးစဉ်ဖြစ်နေတဲ့အတွက်
    အဘဖေါ ရဲ့ ဥရောပသွား တောလား နဲ့အတူ စာဖတ်၊ဓါတ်ပုံကြည့်လို့
    စိတ်ကူးခရီးစဉ်လေး ထွက်ဖို့ စီစဉ်ထားပါတယ်…
    ဆက်ရေးပါနော်…
    :kwi:

    • Foreign Resident

      October 19, 2012 at 2:07 pm

      ” ဒီတစ်သက် မရောက်နိုင်မဲ့ ခရီးစဉ်ဖြစ်နေတဲ့အတွက် ”

      အွန် ။ ဘယ့်နှယ် ဒီလောက် စိတ်လျော့ရတာတုန်း ။
      အဘ 2nd Mate အောင်ခါစ ၂၅ နှစ် အရွယ်မှာ ။
      လက်ထဲမှာ ချူး တစ်ပြားမှ မရှိတဲ့အပြင် ၊
      အကြွေးတောင် နှစ်သောင်း တင်နေသေးတယ် ။
      ဒီလိုပဲ တဖြေးဖြေး အလုပ် ကြိုးစား ၊ ပိုက်ဆံ ချွေတာ စုဆောင်းပြီး ၊
      အဘ လည်း လက်ရှိ အခြေအနေ ရောက်လာတာပဲဟာ ။
      ဘာလို့ မဖြစ်နိုင်ရမှာတုန်း ။

      • Ma Ei

        October 19, 2012 at 4:12 pm

        စာမှာပါသလောက် $ တွေပေါင်းကြည့်တာ
        Great European Tour Package 12,700
        Visa Processing Fees 200
        အီတလီ သံရုံး မှာ Schengen Visa 80
        Hilton Kensington Hotel, London 600
        London Pass ၊ ၃ ရက်စာ Day Travel Card 600
        Travel Insurance 500
        Air ticket 5,000
        Hotel By Bus Service 140

        စုစုပေါင်း 19,820 ~25,000
        အနည်းဆုံး ပေါက်ဈေး 850
        အနည်းဆုံး ကုန်ကျငွေကျပ် 21,250,000

        တစ်နှစ် တစ်ခေါက်၊နှစ်ခေါက် ပြည်တွင်းခရီးစဉ် လေးငါးသိန်းကိုတောင် ပြန်လာရင်
        နှမျောတသဖြစ်နေတတ်လို့…အဘရဲ့သိန်းနှစ်ရာ၊နှစ်ရာ့ငါးဆယ်ကျော်မက ကုန်တဲ့
        ခရီးစဉ်ဆိုတော့ အဲ့လိုတွေးမိသွားတာပါ…အားပေးလို့ကျေးဇူးပါနော်…

      • Foreign Resident

        October 20, 2012 at 6:06 am

        မအိရေ ။

        မအိ က ကုန်ကျစားရိတ်ကို ခန့်မှန်းတွက်ချက်နေလို့ ၊ သိရအောင် ၊
        အချက်အလက် / ဗဟုသုတ အနေနှင့် ထပ်ပြီး ဖေါ်ပြပေးပါရစေ ။
        ဘလိုင်းကြီး ကြွားတယ်လို့ မထင်စေချင်ပါဘူး ။

        ၁ ။
        အဘ ရေးထားတာ အများစုက ဩဇီ ဒေါ်လာနှင့်ပါ ။
        ဩဇီ ဒေါ်လာက ယူအက်စ် ဒေါ်လာထက် ဈေးမြင့်ပါတယ် ။
        1 A$ = 1.05 US$ လောက်ရှိတတ်ပါတယ် ။

        ၂ ။
        အခု Tour Package ဟာ ခရီးစရိတ်လောက်ပဲရှိတာပါ ။
        သေချာ လည်ချင်ရင် ခံစားချင်ရင် နေ့အလိုက် ၊ မြို့အလိုက် ၊
        Optional Excursion တွေ တစ်နေ့ ၁ ခု / ၂ ခု ထပ်ဝယ်ရပါတယ် ။
        ဥပမာ ပြရရင် ၊
        Paris က La Nouvelle Eve ဆိုတဲ့ ကပွဲကြည့်တာတစ်ခုတည်း နှင့်တင် ၊
        အဘတို့ ၂ ယောက်စာ ( 127×2 = 254 Euro = 350 US$ ) ထပ်ပေးရပါတယ် ။
        ခရီးစဉ် တခုလုံး အဘတို့ Optional Excursion တွေ ထပ်ဝယ်ရတာ ၊
        စုစုပေါင်း US$ 3500 ( Euro 2600 ) ဖိုး ထပ်ကုန်ပါတယ် ။
        ဒီ Page မှာ Detail ရေးထားပါတယ် ။
        ( http://www.trafalgar.com/aus/great-european-2012/optionals )

        ၃ ။
        အဲဒီ Optional Excursion တိုင်းမှာ Local Tour Guide တွေပါပြီး ၊
        အဲဒီ Local Tour Guide တွေကို Tips ထပ်ပေးရပါသေးတယ် ။

        ၄ ။
        အဘ တို့ Tour Group နှင့် ခရီစဉ် တစ်လျှောက်လုံး လိုက်တဲ့ ၊
        Tour Director ( Guide ) နှင့် ကားသမားကိုလည်း ခရီးစဉ် အဆုံးမှာ ၊
        ( 210 + 80 = 290 Euro = 400 US$ ) Tips ထပ်ပေးရပါတယ် ။

        ၅ ။
        အခု Tour Package ဈေးမှာ နေ့လည်စာ နှင့် ညစာ မပါပါဘူး ။
        နေ့လည်စာ နှင့် ညစာ ကို ကိုယ့်ဖာသာ ဝယ်စားရတာပါ ။

        ၆ ။
        အဘတို့လည်း အီတလီ နှင့် ပြင်သစ် ရောက်တုန်း ၊
        အိတ်လေး ဘာလေးတော့ နဲနဲပါးပါး ဝယ်မိပါတယ် ။

        အဲဒီတော့ကာ ၊ စုစုပေါင်း စားရိတ်ဟာ ၊
        မအိ မှန်းသလို 25,000 US$ လောက် မဟုတ်ပဲ ။
        30,000 US$ ကို ပြတ်ပြတ်သားသား ကျော်ပါတယ်ကွယ် ။

        အဘ လည်း ဒေဝါလီ ခံရမလောက် နီးနီးပါဘဲကွယ် ။
        အဟင့် ၊ အဟင့် ။ 🙁

  • ဆူး

    October 19, 2012 at 1:29 pm

    ဖယောင်းပြတိုက် ကြည့်ပြီး သဘောကျတယ်။ အထဲက ဖယောင်းရုပ်တွေ များများ ကြည့်ချင်သေးတယ်။

  • pooch

    October 19, 2012 at 2:03 pm

    ပြင်သစ်ရယ် အီတလီရယ် ဗာတီကန်ရယ်ကိုတော့ အလွန်စိတ်ဝင်စားပါတယ်။
    မသေခင်လေးတော့ ရောက်အောင် သွားဖို့ စိတ်ကူးရှိပါတယ်။ ဒီဘဝမသွားဖြစ်တော့လည်း နောက်ဘဝပေါ့ အဘရယ်။ 😀

  • Abcdefghijklm nozomi

    October 19, 2012 at 2:08 pm

    ဥရောပသူလေးတွေ အကြောင်းတော့ ကျန်ခဲ့လို့ မဖြစ်ဘူးနော

  • ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ

    October 19, 2012 at 2:59 pm

    Abcdefghijklm nozomi ရေ အဘဖောက တစ်ပိုင်းပြီး တစ်ပိုင်းအတင်မှာ ဆင်ဆာဖတ်သေးလို့ ပါပါ့မလား တောင်တွေးမိပ။

  • ဦးဦးပါလေရာ

    October 19, 2012 at 3:20 pm

    ကိုဖေါရင်းက တော်တော်ပြင်ဆင်မှု့ကောင်းတာပဲ…
    ခရီးထွက်တာ အဲလို စေ့စေ့စပ်စပ်ပြင်ဆင်ထားရင် ခရီးစဉ်လဲချောမွေ့ ကိုယ်လဲစိတ်ကျေနပ်မှု့ရ..
    တန်တယ်.. ဆိုပါတော့…။
    အခုပြည်တွင်းကလဲ ဥရောပခရီးစဉ်တွေ စီစဉ်ပေးတာတွေရှိလာပြီး
    သွားလဲ သွားကြပါတယ်။
    အမှန်ကတော့ ဒီကကုမ္ပဏီက visa လောက် အဆင်ပြေအောင်လုပ်ပေးတာဖြစ်ပြီး
    တဖက်က package ကို ပြန်ရောင်းပေးတာပါပဲ…။
    ဒါပေမယ့်လဲ … စိတ်ဝင်စားလို့ မေးမြန်းကြည့်လိုက်ရင်
    ဘာမှ ရေရေရာရာ မပြော/မရှင်းပြနို်င်ကြတာတွေများတယ်။

    အဲဒီနေရာမှာ ဟ နေတယ်နော
    မြန်မာပြည်မှာ Tourism ကိုပေမီထောက်မီ လုပ်ပေးမယ့် service အတွက်
    ဈေးကွက်ကောင်းကောင်းရှိနေတယ်…။
    (ပြည်တွင်းခရီးသွားအတွက်ရောပဲ)

  • အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဇင်းဗိုက် { B.E }

    October 19, 2012 at 4:13 pm

    အိုးမိုင်ဂေါ..
    ထီ အခါတစ်ရာပေါက်မှ သွားနိုင်မဲ့ခရီးပါလားနော်..
    နောက်ဆက်တွဲလေးတွေ..အရသာခံပါဦးမယ်..ဘဘဖောခင်ဗျ

  • Fall Guy

    October 19, 2012 at 7:37 pm

    ဘဘဖော ရဲ့ခရီးစဉ် ကို ဖတ်ကြည့်ပြီး စိတ်ကူးနဲ့လိုက်ခဲ့မယ်။

  • အားလုံးတော်တန်တိတ်... သဂျီးသမက် ကိုရင်ကြောင်ကြီး

    October 20, 2012 at 9:29 am

    ဥရောပ
    လူ့လောက
    သူ့ဘောမ
    တုပေါစွ
    ယုသောတ
    မုယောပွ
    နုဖောဝ
    ဘုတောကြ။

  • ရွာစားကျော်

    October 20, 2012 at 12:10 pm

    ပါးစပ်ဟောင်းလောင်း သရေတများများနဲ့ ဖတ်သွားပါတယ်.. ရှလွတ်..
    ဘဖောပို့စ်ကို စင်ဂါပူသွားပီး ရှော့ပင်းထွက်မယ် တဂဲဂဲလုပ်နေလွန်းလို့ ပြားချပ်ချပ်အိတ်ကပ်လေး ပုတ်ပြပီး တားနေရတဲ့ ကျနော့ပဲ့ကိုင်ရှင် မစ္စက်ဖွေးဖွေး သာ ဖတ်မိရင် သူများတွေ ယူရုတ်ကို ပတ်နေတာ ဖွေးကို စင်ဂါပူတော့ ရောက်အောင်ပို့ပါ လုပ်တော့မယ် ထင်တယ်… ဟီး..လျှာအရသာခံပြီး လျှောက်ပြောကြည့်တာ…
    အားကျလို့ဗျို့…

    နိုင်ငံတကာမှာ တွေ့ကြုံရမယ့် ဗဟုသုတ နှင့် အတွေးအခေါ် ကို ၊
    ဦးစားပေးရေးမှာ ဖြစ်တဲ့အတွက် လည်း ၊ ဓါတ်ပုံလှလှလေးတွေကိုမှ ကြိုက်တဲ့သူများလည်း ၊
    သည်းခံပြီး ဖတ်ပေးစေလိုပါတယ်ကွယ် ။

    လေးလေးပင်ပင် စုံစုံလင်လင်လေးဖြစ်သွားအောင် ဓာတ်ပုံလေးတွေလည်း ထည့်ပေးစေချင်ပါသည်..

  • အဘ .. အဘ ..
    ဖယောင်းပြတိုက်မှာ
    မော်ရင်ဟို ပုံတို့၊ ဖာဂူဆန်တို့ပုံတို့ ချိဒလားဂျ …
    ပြီးဒေါ့ မက်ဆီ ပုံရောပေါ့ ..
    အဲ့ ဖယောင်းပြတိုက်ဂျီးကို တွားချင်ရိုက်ဒါဂျာ .. ဂယ်ဘဲ ..

    • Foreign Resident

      October 20, 2012 at 3:14 pm

      ကိုအံစာက ဘောလုံး ဝါသနာအိုး ထင်တယ် ။
      အဘ ချယ်ဆီး ၊ ရီးရဲလ် နှင့် ဘာကာ ၃ ကွင်းကို ရောက်ခဲ့တယ် ။
      ချယ်ဆီး မှာ Tour Group နှင့် ကွင်းထဲကိုပါ ဝင်ခဲ့တယ် ။
      ချယ်ဆီး ဆိုင်က မာဖလာတောင် ဝယ်ခဲ့သေး ။
      နောက်အပိုင်းတွေမှာ ပါလာလိမ့်မယ် ။

      • အမလေး အဘရယ် ….
        အဲ့ဒီတွေကိုသာ ရောက်မယ်မှန်း သိခဲ့ရင်
        ကျုပ်လည်း လိုက်ခဲ့ချင်ပါရဲ့ဗျာ ..
        လက်ဆွဲအိတ်ထဲမှာ ပုန်းပြီး လိုက်ခဲ့ရရင် ဖြစ်ဖြစ်ပေါ့ .. :mrgreen:

        ချယ်လ်ဆီး ပုံတွေ ကုန်လုံးကို တင်နော် .. အဘ ..

  • ကိုရင်စည်သူ

    October 20, 2012 at 6:37 pm

    (((အွန် ။ ဘယ့်နှယ် ဒီလောက် စိတ်လျော့ရတာတုန်း ။
    အဘ 2nd Mate အောင်ခါစ ၂၅ နှစ် အရွယ်မှာ ။
    လက်ထဲမှာ ချူး တစ်ပြားမှ မရှိတဲ့အပြင် ၊
    အကြွေးတောင် နှစ်သောင်း တင်နေသေးတယ် ။
    ဒီလိုပဲ တဖြေးဖြေး အလုပ် ကြိုးစား ၊ ပိုက်ဆံ ချွေတာ စုဆောင်းပြီး ၊
    အဘ လည်း လက်ရှိ အခြေအနေ ရောက်လာတာပဲဟာ ။
    ဘာလို့ မဖြစ်နိုင်ရမှာတုန်း ။))))
    အဲ့ဒီ ကွန့်မန့်ကတော့ အကြွေးရှိနေသော ကိုရင့်အတွက် အားဆေးတစ်ခွက်ပါ အဘရေ…။
    အဘ ရေးပြသွားတဲ့ နံပါတ် ၆ အချက်ကတော့ နိုင်ငံခြားသွားသူတိုင်း
    အမြဲလက်ကိုင်ထားသင့်ပါတယ်ဗျ..။ လန်ဒန်ရောက်တုန်း လီဗာပူးကွင်းကော
    မလည်ခဲ့ဘူးလား။ တားက လီဗာဘူး ဖန်မို့လို့ပါဗျာ..။
    ပတ်စပို့စ်အနီက ကိုင်ရတာ သိပ်မမိုက်လို့ တားကတော့
    အပေါ်ကနေ အပြာရောင်ကာဗာလေး အုပ်ထားရပါတယ်။ 😳
    အဘကို လန်ဒန်မှာ အဖြူမလေး ဘာလေး ပေါ်တာခဏမဆွဲသွားဘူးလားဟင်… 😆

    လေးစားစွာဖြင့်
    ကိုယ့်ပဲ့ကိုယ်နင်းနေတဲ့ အူးစည်

  • သကြားလုုံးကြော်

    October 23, 2012 at 12:29 pm

    အပိုုင်း၃ ခုုပဲဖတ်ပြီး အားကျလွန်းလိုု့ ၁ ကိုုအခုုမှ လိုုက်ဖတ်ရတယ်။
    လိုုင်ချိန်စတိန်း ဆိုုတာဘာနိုုင်ငံလဲ ဟင်။ ခရီးစဉ်ကြည့်ရပုုံထောက်တော့ ဂျာမနီနဲ့ ဆွစ်ကြားဆိုတော့ Luxembourg ကိုု ခေါ်တဲ့ ဗမာနာမည်များလား။
    အဘရဲ့ ခရီးစရိတ် နဲ့ပြင်ဆင်မှုထဲမှာ ရထားခမပါဘူးနော်။ package ဖိုုးထဲမှာ ကားခ/ရထားခ ပါပုုံရတယ်။ မဟုုတ်ရင် ဒီလောက် ဥရောပအနှံ့ခြေဆန့်ပုုံနဲ့ဆိုု ပိုုက်ပိုုက်တွေအများကြီး ထွက်ဦးမှာ။ ဘတ်စ်နဲ့ သွားကြလား၊ရထားတွေရောစီးဖြစ်သေးလား။

  • Mr. MarGa

    December 13, 2012 at 4:59 pm

    အဘရေ
    ဦးမာဃတော့ အခုမှ အစက ပြန်ဖတ်တာ
    အရင်က ကျော်ခဲ့တာများတယ် အဟီးးးးးးးးးး
    အခုတော့
    သေသေချာချာ တိတိကျကျ ပြန်ဖတ်နေပါတယ်
    တစ်လက်စတည်း
    အကုန်ပြီးရင်
    ပီဒီအက်ဖ် လုပ်ပြီး တင်ပေးနိုင်မလားလို့
    အဆင်ပြေရင် ပြောတာပါ
    ဒီပို့စ်တွေက တော်တော် ဗဟုသုတ တိုးမှာ သေချာနေလို့
    အကုန်လုံးက ပြန့်ကျဲနေသလို ဖြစ်နေလို့ပါ အပိုင်းခွဲထားတော့လေ

    • Foreign Resident

      December 14, 2012 at 8:00 am

      ” အကုန်ပြီးရင် ပီဒီအက်ဖ် လုပ်ပြီး တင်ပေးနိုင်မလားလို့ ”

      ဦးမာဃ ရယ် ။
      အဘတောင် ၊ ဒီ Post နှင့် Comment တွေ အတွဲကြီးကို ၊
      မ save တတ် ၊ PDF မ ပြောင်းတတ် လို့ ။

      Save တတ် PDF ပြောင်းတတ်တဲ့ ရွာသူားတွေ ရှိရင် ကူကြပါအုန်း ။

      • Mr. MarGa

        December 14, 2012 at 7:14 pm

        ဗျို့ အဘဖော
        ဦးမာဃ စိတ်ဝင်စားလို့ လက်တည့် စမ်းခွင့် ပြုမယ်ဆိုရင် လုပ်ချင်ပါတယ်။
        အဲ
        အဘဖော မှာ word file ရှိမရှိ ရယ်
        လက်တည့်စမ်းမှာ ခွင့်ပြု၊ မပြု ရယ်
        comment တွေ ပါသင့် မပါသင့် ရယ်ကိုတော့ အကြောင်းပြန်ပေးပါ။
        ပုံလေးတွေတော့ ဦးမာဃပဲ ဒေါင်းလိုက်ပါ့မယ်
        တကယ်လို့
        word file ရှိရင် mr.marga2011@gmail.com ကို ပို့ပေးပါ။
        ဦးမာဃ ဒါကို လုပ်ချင်တဲ့ အကြောင်းက
        အရင်တုန်းက ဦးမာဃ မဂ္ဂဇင်းတွေမှာ ခရီးသွား ဆောင်းပါးတွေ ဖတ်ရပါတယ်။
        ကိုယ်တိုင်လဲ သွားချင်ခဲ့ပါတယ်
        (အခုထိတော့ မရောက်သေးပါ)
        အခု အဘဖော ရဲ့ ဆောင်းပါးတွေဟာ အဲဒီအဆင့်ကို မီပါတယ်။
        ဒါကြောင့်
        တစ်စုတစ်စည်းတည်း လုပ်ပေးချင်လာလို့ပါ
        မောင်ဂီ ရဲ့ ဆော့ဝဲ ကို စမ်းချင်တာလဲ ပါတာပေါ့လေ
        အဲဒီတော့
        သဘောတူ မတူ အကြောင်းပြန်ပေးပါ။
        word file မရှိရင်လဲ ဦးမာဃ ဒါတွေကိုပဲ ဒေါင်းလို့ရပါတယ်
        (word file ရှိရင်တော့ ဒေါင်းရတာ နည်းမှာပေါ့လေ)
        ဒီတော့
        အဲဒါလေးပဲ အကြောင်း ပြန်ပေးပါ လို့

        လေးစားစွာဖြင့်
        ဦးမာဃ (ခေတ္တ လူ့ပြည်)

        • Foreign Resident

          December 15, 2012 at 2:06 am

          ဦး မာဃ ရေ ။

          ဦးမာဃ စိတ်ကြိုက်သာ လုပ်ပါဗျာ ။
          Comment တွေကတော့ ၊
          ပါတာ ပိုကောင်းမယ် ထင်တယ် ။ အမှတ်တရပေါ့ ။
          ဒါပေမယ့် ၊ တကယ် ခက်ခဲတဲ့ အပိုင်းက
          အဲဒီ Comment တွေ ဖြစ်မယ်ထင်တယ် ။
          သိပ်ပင်ပန်းမယ် ဆိုရင် Comment တွေ မထည့်လည်း ဖြစ်ပါတယ် ။

          ကျနော့်ဆီ မှာ Word File တွေတော့ ရှိတယ် ခမျ ။
          ဓါတ်ပုံ တွဲရက်တော့ မပါဘူး ပေါ့လေ ။
          ခက်တာက တစ်ခါတစ်လေ ကျနော်က တင်ပြီးတော့မှ
          စာလုံးပေါင်း စသဖြင့် ပြန်ပြင်ထားတာ နဲနဲ ရှိမယ်ထင်မိတယ်ဗျ ။
          ကျနော့် ရှိတဲ့ Word File တွေတော့ ပို့လိုက်ပါ့မယ် ။

          ဦး မာဃ ရဲ့ ၊
          ကျနော့်စာတွေကို အသိအမှတ်ပြုမှု နှင့် စေတနာတွေကို ၊
          ကျေးဇူးတင်လှပါတယ် ၊ ဦး မာဃ ရယ် ။

Leave a Reply