ပေါက်တယ်နော်….အင်တာနက်ခေတ်ကြီးထဲ မှာ

ရွှေအိမ်စည်October 19, 20122min979
ရေသန် ့ရောင်းခြင်းသည် သမာအာဇိဝအလုပ်ဟုဆိုသော်လည်း

နေစဉ်နေပူတွင်ရပ်ဈေးရောင်းရသည်ကို

ခွေးကမနှစ်သက်ပေ..။

 

ဈေးရောင်းပြီးပြန်ရောက်လည်းမအားရပါ..။

မနက်ပိုင်းဖြစ်သလိုသွားနိုင်သော်လည်း….

အိမ်ပြန်ရောက်လျှင်အချိန်ပိုငွေရအောင်လည်း.

အပ်ထားသောပန်းချီကားများပြီးအောင်လည်းဆွဲ ရသေးသည်…

 

 

ဟူး………မနားရပါဘူးညနေလည်း.စာသင်ရသေးသည်။

သပ်သပ်ရပ်ရပ်ဖြစ်အောင်…ခန် ့ညားအောင်လည်း…ကာလာ(ခွေးအရောင်းတင်ရသေးသည်)

 

 

ဒါတင်ဘဲလားဆိုတော့မဟုတ်သေးပါဘူး…

ရပ်ကွက်အေးချမ်းသာယာရေးအတွက် လေ ့ကျင့်ကွင်းလည်း…တခါတရံဆင်းပေးရသေးသည်.။

 

 

တောတောင်ရေမြေ လှည့်လည်မနေထိုင်ခဲ ့ဘူးပေမဲ ့…အလုပ်မျိုးစုံလုပ်ရသောကြောင့် ခွေးအချင်းချင်းကပင်

တခါတရံဝတ်ကောင်းစားလှနှင့်တွေ ့သည်အခါတွင်ပင်

အထင်သေးသောအကြည့်ကို မခံနိုင်သောခွေးတစ်ကောင်သည်………

 

***************************

အလုပ်မျိုးစုံမလုပ်ဘဲ……တနေရာထဲ တွင် အလုပ်အတည်တကျ လုပ်ချင်လာမိသည်….

 

.တခါတရံ ခွေးချင်တူတူရွှေပေါ်မြတင်ဘဝများကိုခိုးကြည့်ခဲ ့ပါသည်။

 

 

ခွေး ဘဝသည် မပြည့်စုံသော ဘဝ ကို အားငယ်မိဧ။်

 

 

ပညာတတ်ပါလျှက် ခွေးလောကတွင်ပင်အလုပ်အကိုင်အခွင့်အလန်းမှာ…ထို ့သို ့စောင်းဆိုင်းနေသူများပြားလှသော.

.ခွေးလောကတွင်လည်း…သည်းခံစောင့်ဆိုင်းယုံမှတပါး…အခြားမရှိတော့ပြီ။

 

 

တနေ ့တော့

 

ကုမ္ပဏီ တစ်ခု ရှေ့တွင် ကြော်ငြာတစ်ခု ကပ်ထားသည်ကိုတွေ ့မိသည်။ကြေ်ငြာပါ အကြောင်းမှာ

  • ဝန်ထမ်းအလိုရှိသည်။
  • လက်နှိပ်စက် ရိုက်တတ်ရမည်။
  • ကွန်ပျူတာကို ကောင်းကောင်း ကိုင်တွယ် အသုံးပြုတတ်ရမည်။
  • ဘာသာစကား နှစ်မျိုး ပြောတတ်ရမည်။
  • တန်းတူ အခွင့်အရေးပေး ဆက်ဆံသည့် အလုပ်ရှင်ဖြစ်သည်။

 

အဆိုပါကြော်ငြာကို ဖတ်မိသော ခွေးတစ်ကောင် ကုမ္ပဏီရုံးခန်းထဲသို့ ဝင်လာသည်။

သဘောပေါက်သွားသော ဧည့်ကြို စာရေးမက ခွေးအား မန်နေဂျာနှင့် ပေးတွေ့သည်။

ခွေးက မန်နေဂျာ စားပွဲရှေ့ရှိ ကုလားထိုင်ပေါ် ခုန်တက်ပြီး မန်နေဂျာအား စိုက်ကြည့်သည်။

 

မန်နေဂျာ။        ။“ဪ…မင်းက အလုပ်လာလျှောက်တာလား..၊ဒါပေမဲ့ မင်းကို ငါဘယ်လို အလုပ်ခန့်ရမှာလဲကွ ၊ အလုပ်လျှောက်တဲ့သူက လက်နှိပ်စက် ရိုက်တတ်ရမယ်လို့ဆိုထားတာ

 

 

ခွေးက ကုလားထိုင်ပေါ်မှ ခုန်ဆင်းပြီး ရုံးခန်းထဲရှိ လက်နှိပ်စက် တစ်လုံးတွင် လက်နှိပ်စက် ရိုက်ပြသည်။ခွေးဆွဲထုတ်ပြီး မန်နေဂျာအားပြသော စာရွက်ကို ကြည့်လိုက်တော့ အမှားအယွင်း တစ်စုံတစ်ခုမျှမတွေ့ ။

ကုလားထိုင်ပေါ် ပြန်တက်လာသော ခွေးအား တအံ့တဩကြည့်၍ မန်နေဂျာ ဆက်ပြောသည်။

 

မန်နေဂျာ။        ။“ကြော်ငြာထဲမှာ အလုပ်လျှောက်တဲ့သူ ကွန်ပျူတာကို ကောင်းကောင်း

သုံးတတ်ရမယ်လို့ ပါသေးသကွ”

 

 

ခွေးလည်း ကုလားထိုင်ပေါ်မှ ခုန်ဆင်းပြီး

ကွန်ပျူတာတစ်လုံးရှိရာ သွား၍ ပရိုဂရမ် တစ်ခုကို အသာလေး ဆွဲပြသည်။

မန်နေဂျာ မျက်လုံးပြူးသွားသည် ။ မှင်တက်မိနေပြီ ။ ဒါပေမဲ့ ခွေးအား အားနာပါးနာပြောသည်။

 

မန်နေဂျာ။          ။“မင်းက အသိဉာဏ် အင်မတန်ရှိတဲ့ ခွေးမှန်း ငါသိပါပြီကွာ ၊

လုပ်ရည်ကိုင်ရည်လည်း ရှိပါတယ် ၊ ဒါပေမဲ့ ငါမင်းကို ဘယ်လိုမှ အလုပ်ခန့်လို့ မရဘူးကွ”

 

ဒီစကား အကြားမှာ ကုလားထိုင်ပေါ်ကခွေး ခုန်ဆင်းပြီး အခန်းထဲ ကပ်ထားသော အလုပ်ကြော်ငြာရှေ့ သွား၍ တန်းတူ အခွင့်အရေး ဆက်ဆံသည့် အလုပ်ရှင် စာတန်းကို လက်နှင့်ထိုးပြသည်။

 

 

ဒါလည်း မန်နေဂျာက အလျှော့ မပေးသေး ။

 

မန်နေဂျာ။         ။“ဟုတ်ပါတယ် ၊ ဟုတ်ပါတယ် ၊ တန်းတူ အခွင့်အရေး ပေးပါတယ် ၊ ဒါပေမဲ့ ကြော်ငြာထဲမှာ ဘာသာစကား နှစ်မျိုး ပြောတတ်ရမယ်လို့ ဆိုထားသေးတယ် ၊ မင်းပြောတတ်လို့လား”

 

ဒါလည်း ခွေးက အသာလေး မန်နေဂျာကို ခေါင်းညိတ်ပြပြီး စကားတစ်ခွန်းပြောလိုက်လေသည်။

 

ခွေး။      ။“မီးညှောင်”

 

ပျော်ပါစေဗျား…..

ဝုတ်ဝုတ်

ရွှေအိမ်စည်

 

 

 

 

9 comments

  • jullies cezer

    October 19, 2012 at 12:03 pm

    ပျော်ရွှင်ပါတယ်ဗျာ ကျေးဇူးပါ ;P 😛 🙂

  • ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ

    October 19, 2012 at 1:47 pm

    ဒီပိုစ့်လေးဖတ်ပြီး မဆီမဆိုင်တွေးမိတာက-
    ဟိုး အရင် အဖိုးတွေ ခေတ်က မိသားစုတစ်စုမှာ အဖိုးတစ်ယောက်ထဲ အလုပ်လုပ်ပြီး ကျန်တဲ့သူတွေ ထိုင်စားလို့ရသည်တဲ့၊ အဖေတို့ ခေတ်ကျတော့ အဖေနဲ့အမေ နှစ်ယောက် အလုပ်လုပ်ပြီး သားသမီးတွေ ကိုကျောင်းထားလို့ ကျွေးနိုင်သေးဆိုဘဲ၊ ကျွန်တော်တို့ လူလတ်ပိုင်း ခေတ်ကျတော့ အဖေနဲ့ အမေ အပြင် အရွယ်ရောက်သူ သားသမီးတွေပါ အလုပ်လုပ်မှ မိသားစုက ပြေလည်ကြတာများခဲ့ပြီ၊ အခုဒီဘက်ခေတ်
    ရောက်တော့ အိမ်ရှိတဲ့ အရွယ်မရောက်သူကလေးပါ အလုပ်များရရင် ဝင်လုပ်နေကြရတယ်လေ။
    အင်း —– ဒီပိုစ့်အရဆိုရင် အိမ်မှာရှိကြတဲ့ လူတွေအပြင် ခွေးပါ အလုပ်ထွက်ရှာနေရပါ ပေါ့လားနော်။

  • 1

    October 19, 2012 at 1:59 pm

    မိုက်သဗျာ ဂွက်ထ ဂွတ်ထ

  • နှင်းဆီ ငုံ

    October 19, 2012 at 3:24 pm

    ရွှေအိမ်စည်ရေ ..
    ဖတ်ရှုရယ်မောသွားပါတယ်နော် …
    ကျေးဇူးပါ …

  • Good™

    October 19, 2012 at 4:07 pm

    ပုံလေးတွေ စုတယ်။
    နေရာအထားအသို လေး လုပ်ပြီး ဆီလျော်အောင် စာရေးတယ်။
    တော်ပါပေတယ်။

  • မောင်ပေ

    October 19, 2012 at 9:29 pm

    ပုံပြင်အတိုလေးကို အိုင်ဒီယာလန်းလန်း ၊ ပုံလေးတွေနဲ ့ပေါင်းစပ်လိုက်တော့
    ဖတ်သူပြုံးစရာ ဖြစ်ရပါတယ်

  • အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဇင်းဗိုက် { B.E }

    October 19, 2012 at 9:33 pm

    ပေါက်ပြီဆိုတော့
    ၂ ခေါင်းပိတ်ထားလိုက်တော့မယ်ဗျို ့
    :chee:

  • surmi

    October 20, 2012 at 1:09 am

    ကျုပ်လည်း စကားနှစ်မျိုးတတ်တယ် ……။
    ရဟီးဆပ် မားသလူး …
    ရဟတ်စီး မူးသလား…..တဲ ့
    ကဲ ဘယ်သူမလုပ်ခန် ့မလဲ ….

Leave a Reply