ပြည်လုံးကျွတ် ဆန္ဒထုတ်ဖော် ပွဲကြီး ကျင်းပသွားရန်ရှိ။

ムラカミOctober 19, 20121min19520

 

ငါးကြင်းကင်။ အဲ့လေ။ သတင်းစဉ်

အမည်မဖော်လိုသူ အမတ်မင်း တစ်ဦးမှ ၎င်း ဦးဆောင် ဖွဲ့စည်းထားသော နယ်စည်းမခြား

အရက်သမား သမဂ္ဂမှ ဦးဆောင်၍ တိုင်းပြည်တဝှမ်း ဆန္ဒ ထုတ်ဖော်ပွဲကြီး ခြိမ့်ခြိမ့်သဲသဲ

ကျင်းပသွားရန်ရှိကြောင်း ရတနာပုံ မန္တလေးဇေသောက် သတင်းစာအား ယနေ့ မနက်ခင်းက

ပြောကြားသွားခဲ့ပါသည်။ သတင်းအစုံအလင်မှာ။

လက်ရှိ အခြေအနေသည် ဝါတွင်းကာလ ကင်းလွတ်တော့မည် ဖြစ်ပါသောကြောင့်

အရက်သမားတို့၏ သေသောက်ကျူး ရာသီ စတင်တော့မည်ဖြစ်ပါသည် ။ လက်ရှိအချိန်အခါဝယ်

အရက်သမား များ၏ အခွင့်အရေးဖြစ်သော

၁။ အရက်အပေါ် ထားရှိသော အခွန်အခများကို ဝါတွင်းကာလ မှလွဲ၍ ယမကာ အပေါ်တွင် စည်းကျပ်ထားသော
အခွန်အတုတ်များ လျှော့ချပေးရေး။

၂။ ဥပုသ်နေ့ လပြည့်နေ့ မှအပ ကျန်ရက်များတွင် အရက်ဆိုင်များကို ညလုံးပေါက် အကန့်အသတ်မရှိ ဖွင့်လှစ်
ရောင်းချခွင့်ပြုရေး။

၃။ အထူးသဖြင့် သောကြာနေ့ ညနေခင်းများတွင် အထူး ဒစ်စကောင့် များ ချထားပေးရေး။

၄။ အရက်သောက်သုံးသူများ အတွက် အရက်စံချိန်စံညွှန်း ကိုက်ညီမှု ရှိမရှိ စုံစမ်းစစ်ဆေး လေ့လာ စောင့်ကြည့်ရေး
အဖွဲ့ကြီး ပေါ်ပေါက်လာစေရေး။

၅။ ဝါကျွတ်ကာလ မင်္ဂလာဆောင်များတွင် ဧည့်ခံပွဲများ ပြုလုပ်ရာတွင် ညနေပိုင်းသာ ပြုလုပ်ကြရေးနှင့် အရက် မပါမဖြစ်
ပါအောင် ထည့်ရေး။
စတဲ့ ရည်ရွယ်ချက် မူဝဒ-၅ရပ် ချမှတ် အကောင်အထည် ဖော်သွားမယ် လို့ အသေးစိတ် ဖော်ပြပါရှိပါတယ်။

 

ထပ်မံ၍ အရက်သမားအခွင့်အရေး ချိုးဖောက်ခံရမှု များနှင့် ပတ်သတ်၍ အိမ်ထောင်ရှင်များ၊ လူပျိုလူလွတ်များ

ဟူ၍ ကဏ္ဍကြီး ၂ရပ်ခွဲ၍ ဆန္ဒထုတ်ဖော်သွားကြမယ် လို့ သိရပါတယ်။ ရည်ရွယ်ရင်းတွေကတော့
အောက်ပါ လူတန်းစားများ ဖြစ်ကြောင်း ဖော်ပြထားပြန်ပါတယ်။

၁။ အရက်သောက်ခွင့် ပါမစ် ကို ညစာ အာဏာနှင့် တဖက်သတ် သိမ်းယူထားသော အိမ်ထောင်ရှင် အမျိုးသမီးများ။

၂။ အရက်သောက်ခွင့် ပါမစ် ကိုပင် တစုံတရာ ရပိုင်ခွင့် တခုခု နှင့် တဖက်သတ် သိမ်းယူထားသော ရည်းစားရှိ မိန်းကလေးများ။

၃။ အရက်သောက်ခွင့် ပါမစ် ကိုပင် အမွေ သိက္ခာ ဘာသာရေး တခုခု နှင့် တဖက်သတ် သိမ်းယူထားသော မိဘဆွေမျိုးများ။

၄။ အရက်သောက်သုံးသူကို အရက်သမား ဟု ရင့်ရင့်သီးသီး ခေါ်ဆိုကာ ရှောင်ဖယ်ခွာပြေးကြသော သူငယ်ချင်းမိတ်သင်္ဂဟများ

၅။ အရက်သောက်သုံး၍ အသည်းရောဂါရပြီး ဆေးရုံတက်ရသောအခါ ဆူပူကျိမ်းမောင်းလေ့ရှိသော ဆရာဝန် သူနာပြုများ

တို့ ဖြစ်ကြပါတယ်။

ယခုအချိန်ပိုင်းအတွင်း နယ်စည်းမခြား အရက်သမား သမဂ္ဂ အနေဖြင့် အောက်ပါ စာတမ်းများ ကို ဆိုင်းဘုတ်များ

လက်ကမ်းစာစောင်များ တီရှပ် နှင့် နှဖူးစည်းများ ရိုက်နှိပ် ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါတယ်။

ထိုအထဲမှ တချို့ ကို ဖော်ပြရလျင်

“ဤပုလင်းသည် မိမိ၏ လုပ်ခလစာဖြင့် ရိုးသားစွာ တရားဝင်ဝယ်ယူထားသောကြောင့် သောက်သုံးမှုကို တားမြစ်ခြင်းမပြုရ!”

“သောက်တာ အပြစ်လား”

“အမြန်ဆုံး အမြည်းလုပ်ပေးပါ “

“ဘီအီး ကို ကြင်နာပါ”

“အနည်းဆုံးအခြေခံ သောက်ခွင့်ပြုသည့် ပမာဏကို ၄ပက်မှ ၆ပက် အထိ အမြန်ဆုံး တိုးမြှင့်ပေး”

“အရက်သမား ဆန့်ကျင်ရှုံ့ချရေး စီမံကိန်း အခု ရပ် !!!! “

“ရှေးမူမပျက် သောက်သုံးမှုအား ဆန့်ကျင်သည့်သဘောဖြင့် ဘီယာအစား ရေကို ပြောင်းလဲသောက်သုံးစေခြင်းကို လက်မခံ”

“မသောက်သမား အလိုမရှိ”

စသည်တို့ ပါဝင်ကြောင်း တွေ့ရှိရပါသည်။ ထို ဆန္ဒဖော်ထုတ်ပွဲကြီး၌ အရက်သမား သမဂ္ဂထုံးစံအတိုင်း

သီချင်းများကို ငြိမ်းချမ်းစွာ သီကြွေးပြီး အဆုံးသတ်မှာ ဖြစ်တယ် လို့လည်း သိရှိရပါတယ်။ သီဆိုရန် ရွေးချယ်ထားတဲ့

သီချင်းတချို့ကိုဖော်ပြရလျင်တော့

 

  • ၁။ ခွက်တို့၏မာယာ
  • ၂။ ကျနော့်ရဲ့ ချစ်ဘီ
  • ၃။ အရက်သမားတယောက်ရဲ့ ဖွင့်ဟဝန်ခံချက်
  • ၄။ ပိုသောက်ရတဲ့သူ ကိုယ်ပဲ ဖြစ်ပါရဇီ
  • ၅။ ဒရိုင်းဂျင် ထဲမှာ မောင့်ကို ထားရစ်ခဲ့
  • ၆။ တိုက်ဂါးတံတား ကမ်းပါးကန်စွန်း
  • ၇။ ဝီစကီလား ပုလင်းတလုံး ဖွင့်ခဲ့တယ်
  • ၈။ ပင်လယ်နှင့်တူသော အရက်သမားများ
  • ၉။ ခွက်ရဲ့အောက်ဘက် မိုင်အဝေးမှာ
  • ၁၀။ ဇေ တို့၏ အတောင်ပံ

စသည်တို့ ဖြစ်ကြောင်း သိရှိရပါတယ်။

 

အသေးစိတ်သတင်းများကို အချိန်နဲ့အမျှ ဆက်လက် ဖော်ပြပေးသွားပါမယ် ..ချင် ။

အတင်းထောက်
အင်္ဂါ Z

ရည်ညွှန်း ။ အရက်သမားသမ္မဂ အဝေးရောက် အဖွဲ့ဝင်-ပြောရေးဆိုခွင့်ရှိသူ-လယ်ထွန် Z

 

20 comments

  • pooch

    October 19, 2012 at 1:34 pm

    ကုန်ပြီ ကုန်ပြီ ဂျူးဝတ္ထုတွေ ကုန်ပြီ။ ဒါသက်သက်မဲ့ လုပ်ကြံတာ ။ ရေးချင် ကိုယ့်ဟာ့ကိုယ် အသစ်ရှာပါ့လား
    ဘာကိစ္စ ဆင်တူရိုးမှား လုပ်ရသလဲ ။ နင့်ကို ဂဇက် တရားရုံးမှာ တိုင်မယ် ။ လျော်ဖို့သာ ပြင်ထား။ 😆

    သောက်တာလည်း သောက်ကြပေါ့။ ဟို အံဖတ်ဆိုလား ဘာဆိုလား ဆို့ရင် သေတတ်တယ်လို့တော့ ကြားဖူးတယ်။ သတိလေးလည်း ထားကြပေါ့ ။ :mrgreen:

    • Inz@ghi

      November 15, 2012 at 7:46 pm

      ခုမှတွေ့လို့ ရေးလိုက်ပါတယ်
      ဒီမယ်. မမယ်ပု
      မတုပခံချင်ရင် အစကတည်းက ပေးတန့် ရွိုက်လုပ်ထား.
      သွပ်သွပ်

      Good artists copy, best artists steal တဲ့

      ခစ်ခစ်

  • cobra

    October 19, 2012 at 2:33 pm

    ၃။ အရက်သောက်ခွင့် ပါမစ် ကိုပင် အမွေ သိက္ခာ ဘာသာရေး တခုခု နှင့် တဖက်သတ် သိမ်းယူထားသော မိဘဆွေမျိုးများ။
    အဲ့အချက်တော့ကြိုက်တယ်ဗျာ……..
    ဘယ်နေ့လုပ်မှာလဲ
    ဘယ်အချိန်လဲ
    အမှန်အကန်ကို ဆန္ဒပြလိုက်မယ်။ 🙂

  • အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ

    October 19, 2012 at 3:05 pm

    ဒမယ်ချင့် တထုလောက် တောင်းဆိုပရဇီ။ မိန်းကလေးမို့ လူပုံအလယ်ဘီယာခွက်ကိုင်မိရင် အထူးအဆန်းသဖွယ် ဝိုင်းဝန်းကျိရှုသူအပေါင်းအား ဒဏ်တပ်ရေး
    ဆိုတာလေးဘာ ထဲ့ပေးမလားလို့ ခိခိ။
    :mrgreen:

    • myanmarcitizen

      October 19, 2012 at 3:22 pm

      အရက်သမားဆိုရာတွင် ကျား၊ မ ခွဲခြားပြီးပြောရန်မသင့်တော်ပါသဖြင့် “အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ” (ရှည်တော်မူလိုက်တာ GZ ကသူတွေ အခုတလောတော်တော် ရှည်နေကြတယ်) အဆိုကို စဉ်းစားပေးသင့်ပါကြောင်း

    • သီရိပျံချီ အဘိဓဇ မဟာရဌဂုရု အဂ္ဂမဟာဇောတိက ဥဥ

      October 21, 2012 at 11:08 am

      မှန်ဘာဒယ် ၊ မကြည်ပြာပြောဒါဂို ထောက်ခံဘာဒယ်…. ဂေ့ ………
      ရှပ်ကီဂဲများကိုလည်း ကာကွယ်ပေးသင့်ဘာဂျောင်း အဆိုတင်သွင်းဘာဒယ် …… 😆

  • jullies cezer

    October 19, 2012 at 3:14 pm

    အရက်သမားလို့ခေါ်တာမကြိုက်ရင် ယမကာလုလင်လို့ခေါ်မယ်ဗျာ မကြိုက်လဲ
    သူကြီးသာတိုင်ကြပေတော့ ကြည့်ရတာဝါတွင်းမှာအရက်ကိုဘုရားလှူထားတယ်ဆိုပြီး
    ဝါထွက်မှာဘုရားဆီကပြန်စွန့်ဖို့ ပြင်နေတာကို ဖြစ်ရမယ်………..

  • myanmarcitizen

    October 19, 2012 at 3:16 pm

    “မသောက်သမား အလိုမရှိ” – အဲ့စကားရေရေလည်လည်ကြိုက်သွားပြီ။
    ဆန်ဒါ ခံယူပွဲဂျီးအား ထောက်ခံပါကြောင်း 🙂

  • အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဇင်းဗိုက် { B.E }

    October 19, 2012 at 3:22 pm

    မဆိုင် မဆိုင်
    အူးဘဇင်းနဲ ့ မဆိုင်
    ဂေ့..ဂေ့..

  • Shwe Tike Soe

    October 19, 2012 at 4:38 pm

    ဒီမယ် ခေါင်းစီ တောင်စီးပြီးပြီ အခုပြရတော့ မလား နောက်မှ ပြရမလား…
    အခုပဲ ထုတ်ဖော်ရမလား နောက်မှ ထုတ်ဖော်ရမလား………
    မေးချင်လို.မေးနေတာမဟုတ်ဘူး……. အချိန်မှီသေးရင် တစ်ပက်လောက် သွားကစ်မလို……
    ခစ်ခစ်ခစ်…….

    အရပ်ပုပေမယ့် အထင်တော့မသေးနဲ.နော်.. အရပ်နဲ.ညီတဲ့ ပုလင်း တစ်ထိုင်တည်းနဲ. ဂွတ်နိုင်ဒယ် ဒါပဲ..

  • ကိုသင်း

    October 20, 2012 at 1:33 am

    အရက်လား?
    သောက်တတ်တယ်ဗျာ…….ဂွတ်
    အဖွဲ ့ထဲလား?
    ဝင်မယ်ဗျာ……..ဂွတ်
    ဝိစကိလား?
    ကောင်းတာပေါ့ဗျာ……..ဂွတ်
    ဇေတဲ့လား?
    ချမယ်ဗျာ……ဂွတ်
    ဆော်ဒါနဲ ့လား?
    မရောနဲ ့ဗျာ……..ဂွတ်
    After few years…………………..
    ဟဲ့………သေသွားပြိလား?
    အင်း ……ဂွတ်……ဂွတ်…….ဂွတ်…….ဂစ်။

  • နေ ့သစ်/ ဘဝသစ်

    October 20, 2012 at 9:06 am

    ထောက်ခံပါတယ်။ကြိုဆိုပါတယ်။ဂလု ဂလု။

  • kyeemite

    October 20, 2012 at 9:31 am

    နောက်ဆက်တွဲစက်ရပ်/စက်ပျက် သတင်း…….
    နယ်စည်းမခြားအရက်သမားများ သမဂ္ဂ ဗဟိုအလုပ်အမှု့ဆောင်အဖွဲ့၏
    အပါတ်စဉ်အစည်းအဝေးကို ဝါကျွတ်ပီးသည်နှင့်
    စနေနေ့ ညနေခင်းတိုင်း ကျင်းပနေကျနေရာဖြစ်သော
    မဟာရန်ကုန်ရွှေမြို့တော်ကြီး၏ အင်းယားကန်အရှေ့ဘက်
    ကန်ဘောင်ပေါ်တွင်ကျင်းပသွားမည်ဖြစ်ကြောင်း…ပြောရေးဆိုခွင့်ရှိသူ
    အမည်မဖေါ်လိုသူ ကြိုက်မီးဆိုသူမှ မန္တလေးဇေသောက် သတင်းစာအား ယနေ့ မနက်ခင်းက
    ပြောကြားသွားခဲ့ပါသည်။ :harr: :hee: :kwi:

  • kyeemite

    October 20, 2012 at 9:33 am

    အင်း..အစည်းအဝေးတွေလုပ်တော့မယ်ဆိုပါလား….
    မျက်မှန်အပိုလုပ်ထားအုံးမှ….
    :harr: :hee: :kwi:

  • R Ga

    October 20, 2012 at 5:07 pm

    အရက်သောက်ခွင့် ပါမစ် ကို ညစာ အာဏာနှင့် တဖက်သတ် သိမ်းယူထားသော အိမ်ထောင်ရှင် အမျိုးသမီးများ။ အရက်သောက်ခွင့် ပါမစ် ကိုပင် တစုံတရာ ရပိုင်ခွင့် တခုခု နှင့် တဖက်သတ် သိမ်းယူထားသော ရည်းစားရှိ မိန်းကလေးများ။

    ကျွန်တော် မောင်အာဂ သည်အထက်ပါ စာသားအတိုင်း မတရား သဖြင့် အရက်သမားအခွင့်အရေး ချိုးဖောက်ခံရနေပါသောကြောင့် …။ အရက်သမားသမဂ္ဂဝင် အသင်ဝင်ဖြစ်သော ကျွနိုပ်အားကယ်တင်ခြင်းအလိုငှာ….။ အကြောင်းအမျိုးမျိုးပြ၍ သမဂ္ဂဝင်များရဲ့ မွေးနေ့ ပွဲ ၊သောက်ပွဲ ၊စားပွဲလေးများကို နေစဉ်မပြတ်ပြုလုပ် ပေးကျပါရန် နှင့် ဖိတ်ကြားပေးကြပါရန် ပန်ကြားအပ်ပတယ်။

    မောင်အာဂ(အရက်ငတ်နေသည်)

  • Mobile

    October 20, 2012 at 6:19 pm

    သေရည်သေရက် စီပွားဖျက်ကို
    တစ်စက်ကယ်မျှ မသောက်ကြနှင့်
    ရှောင်ကြပါလေ ရှင်တော်ဟောသည့်အဆိပ်ရည်

  • kyeemite

    October 21, 2012 at 9:00 am

    Mobile ကွန်မင့်ကို လုံးဝ(ပြားဝ) ကန့်ကွက်ပါဂျောင်းးးးးးးးးးးးးးးးးးးးးးးးး :kwi:

  • အလင်္ကာ ပန်တျာ ဘာရာဏသီ ဝေသာလီ ရာဇ သတိုး ဗြဇ္ဇ တေဇ သီဟ ဒီပ သမိန်မဟာ အမတ်ဒိန် ချစ်သော လဂွန်းအိမ

    October 21, 2012 at 10:49 am

    အရက်သမားသမဂ္ဂအဖွဲ့ဝင် အသစ်အဟောင်းများအတွက် ဆောင်ပုဒ်တခုကို
    ခါတော်မှီကူးချထုတ်ပြန်လိုက်ပါကြောင်း.. 🙂
    …ပါးစပ်က ဒီမိုကရေစီ
    …လူက ဂျလေဘီ မလုပ်နဲ့
    …အမှိုက်ကို တောင်းထဲပစ်
    …တံတွေးကို ပုံးထဲထွေး
    ..ရေချိန်ကိုက်လျှင် အေးဆေးသေ
    …မကျေနပ်ရင် ဝေးဝေးနေ 🙁

    (ခွက်ဒစ်တူ..အသောက… ဦးဖြဲကြီးအရက်ဆိုင်)

  • ရိုဟင်ဂျာချစ်သူ

    October 21, 2012 at 10:51 am

    ပုဂံသမိုင်းကို တုတ်ထမ်းဆွေးနွေးရင် ခင်များတို ့ရခိုင်သမိုင်းကို ဓားထမ်းပြောရလိမ့်မယ်။
    ဒီတော့ ပြည်လုံးကျွတ် OICကို ကန် ့ကွက်တာ ကောင်းတယ်။ကန် ့ကွက်နေသူတွေက
    OICဆိုတာ ဘယ်လိုစာလုံးပေါင်းသလဲမသိတာ အံ့ဩရပါတယ်လေဗျာ။အဲတော့ ဆန္ဒပြ
    တဲ့ကောင်းတွေ — Deleted by mod #2

  • cobra

    October 21, 2012 at 2:19 pm

    စနေနေ့ညနေခင်းတိုင်းကျင်းပတယ်ဆိုပါလား။
    ကျွန်တော်က ကန်ဘောင်နဲ့နီးတယ်နော်
    ကိုကြီးမိုက်ကျွန်တော်လည်းလာမယ်လေ အစည်းအဝေးကဘယ်နေရာလောက်ဖြစ်
    မလဲဆိုပြောပြ။

Leave a Reply