ရဲဇား စာ နောက်ဆက်တွဲ

ムラカミOctober 19, 20121min14815

ချစ် တယ်ဆိုတာ ပြောဖို့ လွယ်ပါတယ် မောင်
တော ရောမြို့ပါ ချစ်တတ်ကြတယ် မဟုတ်ပါလားရှင်
နွယ် မြက်သစ်ပင် ဆေးဘက်ဝင်သတဲ့ ချစ်သစ္စာတွေ မြဲတဲ့အခါများ
ကို ညီထွဋ် ကတော့ အဲ့လို ဆိုခဲ့တာပဲရယ်
ကို ငှက်ကတော့ ချစ်ရဲ့လက်တွေနဲ့ ကမာ္ဘကိုထုဆစ်ပါသတဲ့
ဝင်း ဝင်း အခြေအနေကို တည်ဆောက်နိုင်ဖို့သာ လိုပါတယ်လေ
ကြည် ပဲပြုတ်
နဲ့ နံပြား ရရင် စားချင်တယ်
လို့ ဗိုလ်ချုပ်ရဲ့ စာလေး ဖတ်ဖူးတယ်မဟုတ်လား ..အော်..သူက
စ လို့ အညတရ လေးတွေအဆုံး ချစ်တတ်
ကြ တယ် မဟုတ်လားကွယ်
နောက် ပြီး အချစ်ဆိုတာ စစ်ပွဲတွေအားလုံး အဆုံးသတ်
ကြ ဖို့ သဘောဝတရားကြီးက ပေးထား
တာ ပါဗျာ တန်ဖိုးထားကြပါစို့ ..အမုန်းတွေ
ရပ် ပေးပါနော် .. အချစ်တွေ သာ တိုးပွား
ကြ ပါစို့ ရယ် … မောင့်ကို အဲ့ဒါတွေ ပြောချင်တာ
ပါ ကွယ် တကယ်ပါ မောင် ချစ်
တော့ လေ တသက်လုံး မောင့် တယောက်ဆို
တ ယောက် စွဲစွဲမြဲမြဲ ချစ်သွားချင်ပါတယ် တ
ကယ် ပြောတာ မောင်ရဲ့ ကျမ
တော့ လေသိလား မောင့်ကို သိပ်
ချစ် တာပဲ… သိလား ..
တော ကမိန်းကလေး မို့ အပျော်မကျန်ပါနဲ့ နော်
မောင် ..တောသူမို့ သဘောဖြူပြီးသားပါကွယ် ..မောင်
နဲ့ မခွဲနိုင်တာ အမှန်ပါ
ချစ် တိုင်းလည်း မညားမှာ စိုးရွံ့မိပါတယ်
တော နဲ့ မြို့ ဆိုတာ လူနေမှု စနစ် ကွာတယ်မဟုတ်လား တောမှာ က
ပင် ပင်ပန်းပန်း လုပ်ကိုင်စားသောက်ကြပေမယ့် တောသူတောင်သားတွေ
ဟာ စိတ်ရင်းသဘော ဖြူကြပါတယ် မောင်
ဘ ဝတိုက်ပွဲကို အတူတူ ဖြတ်သန်းချင်ပါတယ် ကွယ်
ရုတ် တရက် မောင်သာ ကျမ ဘဝထဲက ထွက်သွားမယ် ဆိုရင်ပေါ့မောင်ရယ်
ဘက် ဆိုတာ ပါလာပြီဆိုတော့ ၂ဘက် မိဘတွေ သဘောတူပါ့မလား
မောင် ဖြေပါအုံးကွယ် .. ကျမသိချင်လို့ပါ
တိမ် တွေ နေတဲ့အရပ်ကို မောင်နဲ့ တူတူ သွားချင်တယ်ကွယ်
တွေ ဝေနေလား မောင် ခွဲရမယ့်အရေး တွေးမိနေတာ
မို့ ညည ဆို အိပ်မပျော်ဘူးမောင်
ချစ် လို့ မဝဘူး မောင်ရယ်
တော က ကောင်မလေးရယ် ရူးလှချည်လား လို့ မပြောပါနဲ့ မောင့်အချစ်တွေက
နွယ် လို ရစ်ဖွဲ့ထားတာကိုး
ဟာ သမဟုတ်ဘူးမောင် စကားစကို မ
ဖြတ် လိုက်ပါနဲ့ဦး ကျမတို့ လမ်းသစ်
ဖောက် ရမှာပါ … အားလျော့လို့ မဖြစ်ဘူး
ချုပ် တီးထားတဲ့ စိတ်တွေဟာ မွန်းကျပ်မှု
ကြီး ကို
သာ ပေးစွမ်းနိုင်ပါတယ် မောင်
ဖြစ် သလို ဘဝကို ရုန်းကန် နေသူ
ပါ မောင်ရယ် … ထားခဲ့မှာတော့ စိုးမိ
တယ် တကယ် ပါ မောင်ရယ် …. နားလည်ပေးပါ
ကွယ်
ပုံ
မောင့်ရဲ့ ချစ်တော
မိဂီ

15 comments

  • အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ

    October 19, 2012 at 2:57 pm

  • pooch

    October 19, 2012 at 6:37 pm

    နာဂိုယာမှာ shrink ကောင်းကောင်းမရှိဘူးထင်တယ်။ ဆရာကောင်းမတွေ့ခင် သည်းခြေမပျက်အောင် အလွယ်နည်းဆိုရင် ဇီးယို စားပေးရတယ်တဲ့ 😆

  • padonmar

    October 19, 2012 at 8:31 pm

    မောင်ဂိတော့ သူများကိုဝင်းကြည်တာ အားတွေကျ နေတာထင်တယ်။

  • Khaing Khaing

    October 20, 2012 at 10:13 am

    အဟင့် ……. အဟင့် သိပ်ချက်တယ် ….. သူများပေးထားတဲ့ ရေးစားစာတွေကို လူတွေမြင်အောင် ပု့ိစ်လုပ်တင်တယ် …… တော်ပီ ……. နောက်ဆို ရွာထဲမလာတော့ဘူး အရမ်းချက်တယ် ……

  • kyeemite

    October 20, 2012 at 11:17 am

    အင်း..ကောင်လေးငယ်ငယ်ရွယ်ရွယ်နဲ့….
    သီတင်းကျွတ်ခါနီးလို့ ထင်ရဲ့…..စိတ်ကစင့်ကလျှားရောဂါခေါ်တယ်…
    သနားစရာလေး..ကျွတ် ကျွတ် ကျွတ်
    :kwi:

  • MaMa

    October 20, 2012 at 10:14 pm

    မောင်ဂီရေ-
    မိန်းမတောင်းပေးရမှာလား…
    ယောကျင်္ားတောင်းပေးရမှာလား……..
    ကြည့်လုပ်အုံး :harr:

  • Khaing Zar Win

    November 12, 2012 at 1:31 pm

    ဟင် ကြည့်စမ်း။ ရဲဇားစာတွေ ကော်မန့်တွေ လိုက်ကြည့်မှ သိတော့တယ်။
    နာ့ စပိန်ကောင်လေးတော့ပြောတယ်။ ရှင်လည်း ထူးမခြားနားပဲ။ တူတူခြင်းကို လာပြောနေတယ်။ :harr:

    • အင်္ဂ ါZ

      November 12, 2012 at 1:35 pm

      ဝှက်စာ လည်း မဖတ်တတ်ရှာဘူးကိုး …
      စာကြောင်းတိုင်းရဲ့ ထိပ်စာလုံးတွေချည်း ဖတ်ကြည့်ပါကွယ်..
      ဟုတ်ပလား..

      • Khaing Zar Win

        November 12, 2012 at 1:42 pm

        ဟမ် တွေ့ပြီ။ ဒါပေမဲ့ ဇာတ်ရည်မလည်သေးဘူး။
        ထားတော့ ထားတော့။ နားလည်း မလည်ချင်တော့ဘူး။ မူးလာပြီ။ :hee:

      • Khaing Zar Win

        November 12, 2012 at 1:59 pm

        ဟင်။ ကိုယ့်ကျိုးနည်း။ တကယ် ဂိုဏ်းချုပ်ကို မှ ပြောမိပြီ။
        သိဘာဘီ။ သိသွားဘာဘီရှင့်။ ပြန်လိုက်ပါဦးမယ်နော်။ နောက်အဲ့လိုပြောတော့ပါဘူး။
        လေးပေါက်စကားသုံးရရင် “အောင်လ” ပါပဲရှင့်။ :hee:

        • အင်္ဂ ါZ

          November 12, 2012 at 2:04 pm

          ရပါတယ်ဗျာ ..
          စိတ်မပူပါနဲ့ … ကျုပ်ကလည်း ဆီစားကြမ်းတဲ့
          မိန်းမဒေကို ဆိတ်မဝင်ဇားပါဝူး…
          ဟိ….

          :harr:

      • Khaing Zar Win

        November 12, 2012 at 2:06 pm

        ကြားရတာ ဝမ်းသာပါတယ် ကိုရင်ဂီ။ :mrgreen:

  • Wow

    November 12, 2012 at 1:43 pm

    ဘာာာာ… ဘူက ဖြတ်ဖေါက်ချုပ် :harr:

Leave a Reply