အပျင်းပြေဖို ့ပုံတစ်ပုဒ်

မောင် ပေOctober 22, 20121min32425

သိပ်မကြာသေးတဲ့ တစ်ရက်တုန်းကပါဗျာ..
ရှောင်လို ့မရတဲ့ ဘီယာသောက်ဝိုင်းတစ်ဝိုင်းမှာ အဖော်အဖြစ်လိုက်သွားထိုင်ပေးရင်း ၊ ည၁၁နာရီလောက်ကြ ကိုယ်ထိုင်ပေးရတဲ့ ဆရာသမားများက အိမ်ကွင်းပြန်ကစားကြဖို ့ဆိုပြီး အလျှိုလျှိုပြန်သွားကြတယ် ။ တစ်ဆိုင်လုံးမှာလဲ ထိုင်သောက်နေတာဆိုလို ့ ကျုပ် တစ်ယောက်ပဲ ကျန်တော့တာ ။ ကျုပ်မှာတော့ သူရို ့နဲ ့ပျိုးခဲ့တဲ့ အရှိန်ကလေးကရနေ ၊ ပြန်ကလဲမပြန်ချင်သေးတာနဲ ့.. ဘီယာလေးတစ်ခွက်လောက်ဆက်သောက်နေတုန်း.. ကျုပ်ထိုင်နေတဲ့နံဘေးက အသက်၅ဝခန် ့ရှိပုံရတဲ့ ကချင်အဘိုးကြီးတစ်ယောက် ရောက်လာတယ် ။ ကျောမှာလဲ ပလက်စတစ်အိတ်အကြီးကြီးတစ်လုံးကို လွယ်ထားတာကို မြင်တော့ ကျုပ်လဲ သူတောင်းစားမှတ်ပြီး ၊ ၂၀ဝကျပ်တန် တစ်ရွက်ထုတ်ပေးလိုက်တယ် ။ အဘိုးကြီးက ကျုပ်ပေးတဲ့ ပိုက်ဆံကို မယူပဲ
“ လူလေးရယ်.. အဘရေဆာလွန်းလို ့၊ အဘကို ဘီယာတစ်ခွက်လောက် တိုက်ပါလားတဲ့ ”
ကျုပ်လဲ သူ ့ပုံကြည့်ရတာ သနားသွားတာနဲ ့၊ ထိုင်ခိုင်းပြီး ဘီယာတစ်ခွက်မှာပေးလိုက်တယ် ။ အဘိုးကြီးလဲ ဝမ်းသာအားရနဲ ့ကျုပ်ထိုင်နေတဲ့ ဝိုင်း ၊ ကျုပ်မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပြီး
“ ကျေးဇူးတင်လိုက်တာ လူလေးရယ် ၊ အဘ မင်းကို ကျေးဇူးဆပ်တဲ့အနေနဲ ့ ပုံပြင်တစ်ပုဒ်ပြောပြပါမယ် ”
“ ဒီမယ် အဘိုးကြီး…ကျုပ်ဖီးလ်နဲ ့ကျုပ် အေးအေးလူလူထိုင်နေတာ ၊ ကျုပ်တိုက်တဲ့ ဘီယာသောက်ပြီးတော့ ကျုပ်ကို ယစ်ဖို ့တော့ မကြံနဲ ့၊ သောက်ထားတဲ့ ခွက်နဲ ့အရိုက်ခံရမယ်မှတ် ”
“ မယစ်ရဲပါဘူး လူလေးရယ် ၊ အဘက လူလေး အပျင်းပြေစေဖို ့သဘောနဲ ့ပါ ၊ လူလေး နားမထောင်ချင်ဘူး ဆိုရင်လဲ ၊ အဘ မပြောတော့ပါဘူးလေ ”
ကျုပ်လဲ အဘိုးကြီး ဘာပုံပြင်များပြောပြမှာပါလိမ့်လို ့၊ နဲနဲစိတ်ဝင်စားသွားပြီး ၊ ပြောပြဖို ့တောင်းဆိုလိုက်တယ် ။ အဲဒီအချိန်မှာပဲ အဘိုးကြီး အတွက် မှာထားတဲ့ ဘီယာခွက်ရောက်လာတာနဲ ့၊ အဘိုးကြီး တစ်ကျိုက်ကောက်မော့တာ တစ်ဝက်ကျိုးပါလေရောလား။
အဘိုးကြီး ကြည့်ရတာ ဘီယာကို ဘယ်ကမ္ဘာကတဲက ငတ်ပြတ်လာလဲ မသိဘူး ၊ သူ ့မေးမှာ ပေသွားတဲ့ ဘီယာအမြုပ်တွေကို သူ ့လက်နဲ ့ပွတ်သပ်လိုက်ရင်း
“ ဒီလိုကွဲ ့လူလေးရဲ ့… တိုးနယား ဆိုတာ ကို လူလေးသိတယ်မို ့လား ”
“ တရုတ်နှစ်သစ်ကူးတွေမှာ တရုတ်ဘုံကျောင်းကလူတွေ ကတဲ့ အရုပ်ကြီးကို ပြောတာမလား ”
“ အင်း.. အဲဒါနဲ ့တော့ ဆင်မလား လို ့အဘ မပြောတတ်ပေမယ့် ၊ အဲဒီ တိုးနယား ဆိုတဲ့အကောင်ဖြစ်ပေါ်လာတဲ့ ရာဇဝင် ကို အခု အဘပြောမလို ့ကွဲ ့ ”
“ အင်း လုပ်ပါဦး… နားထောင်ကြည့်ရသေးတာပ ”
“ တိုးနယား ဆိုတဲ့ အခေါ်အဝေါ်က ထိုးထား ဆိုတဲ့ စကားကနေ ဆင်းသက်လာတာကွဲ ့”
“ ဗျာ… ထိုးထား .. ဟုတ်လား ”
“ အိမ်း… ဟိုးရှေးရှေးတုန်းက ၊ ဘယ်လောက်အထိ ရှေးကြသလဲဆိုရင် ၊ ဒီလောကကြီးမှာ လူသားတွေတောင် ပေါ်ကာစရှိတဲ့ အချိန်လောက်တုန်းကပေါ့ကွယ် လူသားတွေရှိနေပြီလားတောင် မသေချာသေးတဲ့ အချိန်ပါကွယ် …. ”
ဟုဆိုကာ သူ ့ပုံပြင်ကို ဆက်တိုက်ပြောပြတော့တယ် ။ ကျုပ်တို ့နှစ်ယောက် ပြောနေတဲ့ ပုံနဲ ့ရေးရင် စာဖတ်တဲ့သူ ဖတ်ရတာ အဆင်မပြေမှာစိုးလို ့၊ အဘိုးကြီး ပြောပြသမျှကိုပဲ စာစီရေးလိုက်ပါတယ်။
…. ဟိုးရှေးရှေးတုန်းက ပေါ့ ၊ အဲ့တုန်းက လူသားတွေ ပေါ်နေပြီလား ၊ မပေါ်သေးဘူးလား ဆိုတာ အတိအကျ မသိသေးတဲ့အချိန် ၊ ဒီလောကမှာ ရှိတဲ့ တိရစ္ဆာန် အကောင်ပေါင်းစုံကတော့ တစ်ကောင်နဲ ့တစ်ကောင် စကားပြောကြသတဲ့ ၊ နောက်ပြီး အမျိုးအစားမတူလဲ သူရို ့တွေဟာ လိင်ဆက်ဆံပေါင်းသင်းလေ့လဲ ရှိကြတယ် .. ဘာအကောင်တွေလဲ ဆိုတော့ ၊ ဒီနေ ့တို ့ခေတ်က ရှိသမျှ အကောင်တွေအားလုံးပါပဲ ၊ ဒါပေမယ့် အကောင်တွေရဲ ့နာမည်အခေါ်အဝေါ်တွေကတော့ ဒီနေ ့ခေါ်နေတဲ့ နာမည်တွေနဲ ့တော့ အားလုံးမတူသေးဘူး ။ အဲ့မှာတုန်းက တောအုပ်တစ်ခုထဲမှာ တိရစ္ဆာန်တွေ အများကြီး ရှိကြတဲ့ အထဲမှာ ၊ တိရစ္ဆာန်တော်တော်များများကတော့ အချင်းချင်း တွေ ့ဆုံခေါ်ပြောလေ့ ရှိကြပေမယ့် ၊ “ ခြတု ” ဆိုတဲ့ အထီးသတ္တဝါတစ်ကောင်နဲ ့ ၊ “ ငှက်ကုလားတုတ်မ ” ဆိုတဲ့ အမသတ္တဝါတစ်ကောင် ကိုတော့ တောထဲက အကောင်တွေဟာ ရှောင်လေ့ရှိကြတယ် ။ မလွဲသာလို ့ မရှောင်နိုင်တဲ့အဆုံးမှ မကောင်းတတ်လို ့ ခေါ်ပြောလုပ်ကြတဲ့ သဘောပေါ့ ။ အဲဒီ ခြတု ဆိုတဲ့ အကောင်ဟာ ဒီနေ ့၊ တို ့တွေ ့နေတဲ့ သိနေတဲ့ “ ခြင်္သေ့ ” ဖြစ်နိုင်တယ် ။ ဘာလို ့လဲ ဆိုတော့ ၊ အဲဒီ ခြတု ဟာ အသံသေးအသံညှောင်နဲ ့ ဟောင်တတ်တယ် ။ နောက်ပြီး ဟို ငှက်ကုလားတုတ်မ ဆိုတာလဲ ဒီနေ ့ငှက်ကုလားအုပ်မ ဆိုတာ ဖြစ်နိုင်ပါတယ် ။ သူကတော့ တွေ ့သမျှ အထီးအားလုံး လိုက်ပြီး ဖင်လှန်ပြသတဲ့ ။ တစ်ခုရှိတာက ခြတု နဲ ့ငှက်ကုလားတုတ်မ တို ့ဟာ တစ်ခါမှ မျက်နှာချင်းဆိုင် မတွေ ့ဖူးကြသေးဘူး ။ တောအုပ်ထဲမှာတစ်ခြားအကောင်ထီး အကောင်မ တွေဟာ ပေါင်းသင်းကြလို ့မျိုးတွေဘာတွေ ပေါက်ဖွားကြပေမယ့် ၊ ခြတု နဲ ့ငှက်ကုလားတုတ်မ တို ့ကတော့ ၊ ဒုံရင်း ဒုံရင်း ပါပဲ ။ သူရို ့ခဗျာလဲ အရွယ်ကလဲကြီးလာ ၊ အခြားအကောင်တွေ ပေါင်းသင်းကြတာမြင်တော့ အားကျမိကြပေမယ့် ၊ စင်ဂဲတွေပဲ ဖြစ်နေတယ် ။
တစ်ရက် တောအုပ်ထဲက ရေအိုင်လေးမှာ ခြတု နဲ ့ ငှက်ကုလားတုတ်မ တို ့ဟာ ရေလာသောက်ကြရင်း ဆုံကြတယ် ။ ခြတု က ထုံးစံအတိုင်း သူ ့အသံသေးအသံညှောင်နဲ ့ ငှက်ကုလားတုတ်မ ကို ဟောင်ပြီး နှုတ်ဆက်လိုက်တယ် ။ ငှက်ကုလားတုတ်မ က လဲ အားကျမခံ သူ ့ဖင်ပိုင်းဘက်ကို ခြတု ဘက်ကို လှည့်ပြီး စက်ဝိုင်းဝိုင်းပြတယ် ။ အဲဒီမှာ ခြတု လဲ ရင်ခုန်သံတွေ ဒိန်းတပ်တပ်ပေါ့.. သူ ့စိတ်ထဲမှာ ၊ ဒီဆော်ကြီး ရွတယ် ၊ ဖင်ကြီးက ကိတ်တယ်ပေါ့ ( မှတ်ချက် ယခုခေတ် စကားများဖြင့် သုံးနှုန်းဖော်ပြထားခြင်းဖြစ်သည် ကို ရိုင်းသည်ဟု မထင်မှတ်ကြပါရန် )
ငှက်ကုလားတုတ်မ လဲ ခြတုလိုပဲ ၊ အချဉ်တော့ မိတော့မယ်ပေါ့ ။ တစ်ဘဝလုံး လင်မရခဲ့သမျှ .. ဒီအကောင်လေးတွေ ့တုန်း ဆွဲစိထားမှပဲ ဆိုပြီး စိတ်မှာတွေးသတဲ့ ။
အဲဒါနဲ ့ ရေသောက်အပြီး ရေအိုင်လေးဘေးမှာ ခြတု နဲ ့ငှက်ကုလားတုတ်မ တို ့ဟာ စကားလုံးများအထိအတွေ ့ကို ပဟေဌိအဖြေညှိကြသလို ၊ ရင်ခုန်သံခြင်း ဘယ်သူပိုမြန် အဖြေညှိကြရင်း ၊ အဲဒီ့နားလေးတင် ညားသွားကြလေရောတဲ့ …
နောက်နေ ့ကြတော့ ၊ သူရို ့နှစ်ကောင် လင်မယားမြောက်ပြီဖြစ်ကြောင်း တစ်တောလုံးကို လိုက်ကြေငြာတော့ ၊ တစ်တောလုံးရှိသမျှ အကောင်ထီး အကောင်မတိုင်းက ဝမ်းသာပီတိဖြစ်သွားကြတယ် ။ နို ့မို ့ဆို နှစ်ကောင်စလုံး အထီးကလဲ အထီးမို လို ့ ၊ အမ ကလဲ အမမိုလို ့ တစ်တောလုံး ရှိသမျှ အိုအိုပျိုပျို လိုက်ကြံကြတာကိုး ။ ဒါနဲ ့တစ်တောလုံးက ဝမ်းသာအားရနဲ ့ သူရို ့နှစ်ကောင်အတွက်ဆိုပြီး ၊ ဝိုင်းလက်ဖွဲ ့ကြတယ် ။ ခြတု နဲ ့ငှက်ကုလားတုတ်မ ခဗျာမှာလဲ လက်ဖွဲ ့တွေ ရပြီးကတဲက သူရို ့နေတဲ့ ဂူကြီးထဲမှာပဲ နေလိုက်ကြတာ ၊ နှစ်လနဲ ့သုံးရက်တိတိပြည့်မှ ဂူထဲကနေ ပြန်ထွက်လာကြတယ်တဲ့ ။
အဲဒီမှာ သူရို ့တင်လားဆိုတော့ မဟုတ်ဘူး ၊ ခြတုလက်ထဲမှာ အကောင်သေးသေးပိစိလေးတစ်ကောင်ပါ ပါလာတယ် ၊ တစ်တောလုံးက ရှိသမျှ အကောင်အားလုံးကလဲ ခြတုတို ့လင်မယား ရှိတဲ့ ဂူရှေ ့ကို ဝိုင်းအုံလာကြတယ် ။
ခြတုက သူ ့လက်ထဲ ကိုင်ထားတဲ့ အကောင်ပိစိလေးကို အကောင်အားလုံးမြင်အောင် မြှောက်ပြရင်းနဲ ့ ..
“ ဒီနေ ့က စပြီး ၊ ကျုပ် ဒီ ဖင်ကြီးမ နဲ ့မပေါင်းနိုင်တော့ဘူး ”
ဟေ…ဟာ…ဟမ် တစ်တောလုံး အံ့ဩသွားကြသံ
ငှက်ကုလားတုတ်မ ကလဲ အားကျမခံ ၊ သူ ့ဖင်ကလေး နောက်ပစ်ပြီး စကားပြောလာတယ်
“ ကျွန်မ လဲ ဒီ ဂျလေဘီကောင်နဲ ့ဆက်မပေါင်းနိုင်တော့ဘူး ၊ ဘယ်နှယ့်လိုရှင်.. အားရှိ အိပ်ဖို ့လောက်ပဲ ခေါင်းထဲရှိတဲ့အကောင် ”
ဟေ…ဟာ..ဟမ် တစ်တောလုံး အံ့ဩွားကြသံ
ပြီးတော့ တစ်တောလုံးက ကျွတ်စီကျွတ်စီ နဲ ့တီးတိုးတီးတိုးနဲ ့ပြောသံတွေထွက်လာတယ်
အေးလေ.. ခြတု ဆိုတဲ့အကောင်က အားရှိအိပ်ဖို ့ချောင်းနေတယ်ဆိုတော့ ဟိုကောင်မ ဘယ်ခံနိုင်တော့မှာလဲ..နော
ဟာ.. အဲ့ကောင်မက ဖင်ဒီလောက်ကြီးတာ ၊ ကြာတော့ ခြတု လဲ ဒီတောင်ကို မောင်မထမ်းနိုင်တော့ဘူး ဆိုသလိုမျိုးလဲ ဖြစ်နိုင်တာပဲ
သို ့ဖြင့် ၊ တစ်တောလုံး တိုးတိုး ၊ တိုးတိုးဖြင့် တွတ်ထိုးပြောနေကြရာမှ ၊ ခြတု ၏ ညှောင်နာနာ ဟောင်သံကို ကြားလိုက်ကြရသောအခါ
“ ဒီ ကလေးဟာ ကျုပ်တို ့မွေးလာတဲ့ ကလေးပဲ ၊ ကျုပ်တို ့အခု ဆက်မပေါင်းတော့ဘူး ဆိုတော့ ၊ ဒီကလေး ကို ဘယ်သူ က ထိန်းရမလဲ မသိတော့ဘူး ၊ ရှင်းရှင်းပြောရရင် ကျုပ်ကလဲ မထိန်းချင်ဘူး ၊ ငှက်ကုလားတုတ်မ လဲ ထိန်းချင်မှာ မဟုတ်ဘူး ၊ ဆိုတော့ .. ဒီကလေးကို ခင်ဗျားတို ့တွေပဲ ဆက်ထိန်းသိမ်း စောင့်ရှောက် မွေးကြပေတော့ ”
ပြောပြောဆိုဆိုဖြင့် ခြတု ဟာ သူ ့လက်ထဲက အကောင်ပေါက်စလေးကို တောကောင်တွေရှေ ့မှာ ချထားခဲ့ပြီး လစ်ထွက်သွားတယ် ။ ငှက်ကုလားတုတ်မကလဲ အားကျမခံ သူ ့ဖင်ကို ကော့ကော့ ကော့ကော့နဲ ့ ခြတု နဲ ့ဆန် ့ကျင်ဘက် အရပ်ဆီကို လစ်သွားပြန်တယ် ။
ဒီလိုနဲ ့… တစ်တောလုံးက ရှိသမျှ အကောင်ပလောင်အားလုံးဟာ ခြတု တို ့လင်မယားထားသွားတဲ့ ကလေး ကို ဝိုင်းစောင့်ရှောက်ကြရတယ်တဲ့ ၊ အဲဒီကလေး ဟာ ကြီးလာတော့ ခေါင်းက ခြတု နဲ ့ဆင်တယ် ၊ ဖင်ကြတော့ ငှက်ကုလားတုတ်မ လို ကားကားကြီးနဲ ့ဆိုတော့ ၊ တောထဲကအကောင်အားလုံးဟာ အဲဒီအကောင်လေးကို “ထိုးထား” ဆိုပြီး ယောင်တောင်ပေါင်တောင် နဲ ့နာမည်ပေးလိုက်ကြတယ်တဲ့ ။
အဲဒီ ထိုးထား ဆိုတဲ့အကောင်လေးဟာ တစ်ဖြေးဖြေးနဲ ့ခေတ်တွေပြောင်း အချိန်တွေကုန်လာတဲ့အခါမှာတော့ ဒီနေ ့၊ မင်းတို ့ငါတို ့ခေါ်နေတဲ့ “တိုးနယား” ဆိုတာ ဖြစ်လာတာပေါ့ကွယ် ။
ပုံပြင်အဆုံးမှာ ကျန်နေတဲ့ ဘီယာတစ်ဝက်ကို တစ်ဇွတ်ထဲ ကောက်မော့ပြီး ၊ ဘာမှမပြောမဆိုနဲ ့ အဘိုးကြီး ထလစ်သွားတယ် ။ ကျုပ်လဲ ကြောင်တောင်တောင်နဲ ့ထိုင်ကျန်ခဲ့တယ် ။ ခပ်လှမ်းလှမ်းရောက်တဲ့အခါမှ… အဘိုးကြီး ကျုပ်ဘက်ကို လှည့်ပြီး ..
“ လူလေး မင်းကိုခင်လွန်းလို ့ပြောပြတာနော်… ဘယ်သူ ့ကိုမှ ပြန်မပြောနဲ ့.. ဟုတ်ပြီလား ”
အဲဒီလို အော်ပြောသွားသေးတယ် ။
အဘိုးကြီးက ဘယ်သူ ့မှ ပြန်မပြောနဲ ့လို ့မှာသွားပေမယ့် ၊ ကျုပ်ကတော့ ဂေဇက်က ချစ်မိတ်ဆွေ စာဖတ်သူများအတွက် ပြန်ရေးတင်လိုက်ပါတယ် ။
…………………
……. အားလုံးကို ကျေးဇူးတင်ပါသည် …….

25 comments

  • kyeemite

    October 22, 2012 at 8:15 am

    ကြံကြံဖန်ဖန်ရေးလဲရေးတတ်ပါပေ့ဗျာ…
    ဟုတ်မဟုတ်တော့မသိ…အရေးအသားကြောင့်
    ဖတ်လို့တော့ကောင်းသား ဆြာပေရ…… :kwi:

  • မိုးသောက်ချိန်

    October 22, 2012 at 8:28 am

    ” တောထဲကအကောင်အားလုံးဟာ အဲဒီအကောင်လေးကို “ထိုးထား” ဆိုပြီး ယောင်တောင်ပေါင်တောင် နဲ ့နာမည်ပေးလိုက်ကြတယ်တဲ့ ”
    အဲဒါလေး သိပ်မရှင်ဘူးဂျ … 😆
    ဖတ်လို့ကောင်းပါ၏

  • အလင်းဆက်

    October 22, 2012 at 9:00 am

    ဟုတ်ပါ ့။

    ရေးတတ်လိုက်တာ… လို ့ ပြောချင်တဲ ့ စာမူလေး..။

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 22, 2012 at 10:34 am

    ထိုးထား
    သိုးနွား
    ဖိုးသား
    ခိုးစား
    ရိုးသွား
    မိုးပြား
    အိုးပါး
    ဂိုးများ..။
    ယခုလာမည့်အပတ် ဘောပွဲအတိတ်ကတော့ ဂိုးများဖက်က ရိုက်ရန်ဖြစ်ပါတယ် ခင်ဗျား။
    အယူတော်မင်္ဂလာဦးကြောင်

  • မောင်ဘလိူင်

    October 22, 2012 at 11:04 am

    ပန်းဂေါ်ဖီ ဆိုတဲ့ ဘီယာဆိုင်မှာ အမြဲထိုင်ပြီး
    လာတဲ့ လူစိမ်းတစ်ယောက်ယောက်ဆီက
    ဘီယာ အလကားသောက်ဖို့ကြံနေတဲ့
    ဘော့ပရစ်တီး ဝတ္ထုထဲက အဖိုးကြီးများ လား
    ကိုပေ ရေ…။

    • မောင်ပေ

      October 22, 2012 at 12:06 pm

      အခုပုံပြောသွားတဲ့ဘိုးတော်က ဘော့ပရစ်တီးထက် ပိုလည်တယ်ဗျ
      သူ့ကို ကြပ်ဖို့ ကြံလို့ကို မရသေးဘူး
      🙂

  • jullies cezer

    October 22, 2012 at 11:11 am

    ကြံကြံဖန်ဖန်ရှာရှာဖွေဖွေကပ်ကပ်သပ်သပ်ပါလားကိုပေရာ…….

  • ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ

    October 22, 2012 at 11:14 am

    ဆရာပေရေ ပုံပြင်လေးဖတ်ပြီး ကျွန်တော်လည်း ဘယ်သူ့ကိုမှ ထပ်မပြောပါဘူး။
    စကားမစပ်မိတဲ့ အခါတွေမှာပေါ့ဗျာ။

  • စိန်ဗိုက်ဗိုက်

    October 22, 2012 at 2:20 pm

    အဘကို ဘီယာ တစ်ဂျားတိုက်ရင် ပုံတစ်ပုဒ် မက ပြောပြမယ်
    ဘယ့်နှဲ ့ရှိစ

    ပုံတစ်ပုဒ်
    အကုန်ကုပ်
    ဖုံသုတ်
    ဗုံအစုတ်

  • ကျုပ်လည်း ကြုံရင် ပုံပြင်တစ်ပုဒ်လောက် ပြောပြရဦးမယ် ..
    ထူးထူးခြားခြား ပုံပြင်လေးတစ်ပုဒ်ပေါ့ ..
    ကျုပ်က ဘီယာ တွေ ဘာတွေ မကြိုက်တော့
    လက်ဖက်ရည် တစ်ဝိုင်းစာလောက်ဆို ရပါပြီ ..
    ကျုပ ်မန်းလေး လာဒဲ့အခါ နားထောင်ချင်ရင် တိုက်ပါ ..

    • မောင်ပေ

      October 22, 2012 at 9:37 pm

      တစ်ကယ်လာရင် တစ်ကယ်တိုက်မှာပေါ့လို ့ ချို

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 22, 2012 at 4:52 pm

    တိုးနယားရဲ့ ဖြစ်ကြောင်းရယ်ကုန်စင်ပေါ့… :harr:

  • koyinmaung

    October 22, 2012 at 5:49 pm

    ကျောက်ဆည်မှာဆင်အကရှိသလို
    ကျနော်တို့ဟင်္သာတမှာတိုးနယားအကဆိုတာရှိပါတယ်…
    အဲ့ဒီတိုးနယားပုံကတော့ခြေသေ့င်္ခေါင်းမှာသမင်အထီးဂျိုတတ်ထားပါတယ်…
    ကိုယ်လုံးကတော့ခြေင်္သေ့လိုအမွေးရှည်တယ်…
    ကျနော်မြင်ဘူးတဲ့တိုးနယားပုံကိုပြောတာပါ……

  • ဖိုးထောင်

    October 22, 2012 at 5:56 pm

    ဘပေ တိုးနယား
    ချစေ အဆိုးများ
    ကနေ ယိုးဒယား
    ပွချေ အနိုးများ
    ရငွေ အတိုးပွါး
    နန်းခင်ဇေယျာလေးနဲ့ ငါနဲ့ညား (ဘာမှဆိုင်ဘူး) ညွှတ်ညွှတ်ညွှတ်

  • kaung kin pyar

    October 22, 2012 at 7:20 pm

    ကိုပေ
    ပြန်ပြောပြခြင်းမဟုတ်…။ ပြန်ရေးပြခြင်းဖြစ်သည့်အတွက် ဝိနည်းလွတ်ပါသည်….။ တိုးနယားဟာ တစ်ကယ်ရှိမရှိဆိုတာတောင် (အမှန်ပြောရလျှင်) မသိပါ…။ ကိုပေပြောတဲ့ပုံဖတ်ပြီးမှ…………

  • Fall Guy

    October 23, 2012 at 12:33 am

    ကိုပေ
    မော်ဒယ်မလေးတွေပါတဲ့ပုံပြင်ပြောပြမယ်..။ ဘီယာတစ်ဂျား နဲ့ ပုရစ်ကြော်ပဲနော်

  • Thu Wai

    October 23, 2012 at 9:54 am

    Snake Snake with Leg the see ဗျ “ကိုယ်ထိုင်ပေးရတဲ့ ဆရာသမားများက အိမ်ကွင်းပြန်ကစားကြဖို ့ဆိုပြီး အလျှိုလျှိုပြန်သွားကြတယ်” ဆိုတာ ကိုပေ က လဗြို ကြီးဆိုတာ ကြေငြာ နေတာပေါ့ ရွာထဲက မသိသေးတဲ့ ကောင်မလေးတွေကို လေ။ ဟဲဟဲ မနေ့ ထဲက ဖတ်ပြီးသားဗျ ဝင်မန့်လို့ မရအောင် ကွန် နတ်ရှင် က တားထားလို့ ဒါနဲ့ စကားမစပ် ကိုပေသာဆိုရင် အဲလို ဖင်ကြီး လာလှန်ပြရင် ဘယ်လိုလုပ်မလဲ သိချင်စမ်းပ။

    • မောင်ပေ

      October 23, 2012 at 11:10 am

      ဖင်ကြီးလှန်
      ဘဝင်ချိဟန်
      ရင်တီးသံ
      ဆင်အီးမှန်

  • marblecommet

    October 23, 2012 at 12:22 pm

    ညနေခင်းလေးမှာ
    မုယောရည်လေး စုပ်ပြီး
    ဆြာပေ ပြောပြတဲ့
    ပုံပြင်လေးဒွေ
    နားထောင်ချင်စမ်းပါဘိ…

  • ရဲစည်

    October 23, 2012 at 5:30 pm

    ဟေ့လူဂျီး
    ကျုပ်ကို ဘီဘီရယ်၊ ပုရစ်ကြော်ရယ်၊ ဒညင်းသီးထောင်းရယ် ကျွေးရင် ပုံပြောပြမယ်။
    ဒါဗြဲ ……။

  • Novy

    October 24, 2012 at 11:59 am

    အမလေးမေပေါင်ရယ်
    အဘိုးကြီးလုပ်မှပဲ တိုးနယားလည်း
    မိပစ်ဘပစ် ထိုးထား ဖြစ်တော့တယ်

  • မောင်ပေ

    October 24, 2012 at 8:47 pm

    မောင်ပေ့ ရဲ ့ပို ့စ်လေးကို ဖတ်ရှုပြီးသကာလ ကွန်မင့်ဖြင့် ချီးမြှင့်တော်မူကြပါကုန်သော
    ကိုမိုက်
    ညီကင်း
    အလင်းဆက်
    ဆရာကြောင်
    ကိုဘလှိုင်
    ဂျူးလီးယက်ဆီဇာ
    ကိုခင်ခ
    ကိုပေါက်
    ပေါက်ဖော်
    အံစာတုံး
    ဒပ်ဗလျူ အို ဒပ်ဗလျူ
    ကိုရင်မောင်
    ကိုဖိုးထောင်
    ကောင်းကင်ပြာ
    ဖောဂေး
    ကိုသုဝေ
    ကိုကမ်း
    ကိုရဲစည်
    အန်တီနို
    နဲ ့
    ဖတ်ရှုသွားသူ အားလုံးအား ကျေးဇူး အထူးစပါရှယ် တင်ရှိပါတယ် ခင်ဗျား

Leave a Reply