— ပစ်စာ : Temp on hold by Admin —

saline tinmgOctober 20, 20121min103

နိုင်ငံတော်သမ္မတကြီးသို့သံတွဲမြို့မှအရေးပေါ်အသနားခံစာ
သို့
သမ္မတကြီးခင်ဗျား

ရိုသေစွာဖြင့်သံတွဲမြို့သူမြို့သားများမှအသနားခံတင်ပြအပ်ပါသည်။

ကျွန်တော်တို့/ကျမတို့သံတွဲမြို့လေးသည်အေးချမ်းသောမြို့ကလေးတစ်မြို့ဖြစ်ပါသည်။
သံတွဲမြို့သည်မည်သည်လူမျိုးရေး၊ဘာသာရေးပဋိပများဖြစ်ပွါးခဲ့ခြင်းလုံးဝမရှိသောအေးချမ်း
သောဒေသကလေးတစ်ခုဖြစ်ပါသည်။သံတွဲမြို့တွင်နေထိုင်ကြသောအစ္စလာမ်ဘာသာဝင်များ မှာလည်း အခြားရခိုင်ပြည်နယ်မြို့နယ်များရှိအစ္စလာမ်ဘာသာဝင်များကဲ့သို့မဟုတ်ဘဲ တိုင်းရင်းသားကမန်အစ္စလာမ်ဘာသာဝင်များဖြစ်ကြပါသည်။ပြောဆိုသောဘာသာစကားမှာ လည်းဗမာစကားကိုသာပြောဆိုကြပြီးပညာတတ်၊ဝန်ထမ်းများအငြိမ်းစားဝန်ထမ်းများဖြစ်ကြပါသည်။သံတွဲမြို့တွင်တစ်ဘာသာနှင့်တစ်ဘာသာအေးချမ်းစွာရင်းနှီးချစ်ကြည့်စွာနေထိုင်ကြ
သောမြို့ကလေးဖြစ်ပါသည်။ပြောဆိုသောစကားမှာလည်းကျန်သောရခိုင်ဒေသများနှင့်မတူဘဲယာဉ်ကျေးသိမ်မွေလှပါသည်။ယခုအခါ အဆိုပါအေးချမ်းနေသောမြို့ကလေးကို ကျန်သောရခိုင်ပြည်နယ်များကဲ့သို့ ပြဿနာဖြစ်ပွါးပျက်စီးစေရန် RNDP မှ လူများရောက်ရှိ
လာကာ ဆန္နပြရန်လှုံ့ဆော်သွေးထိုးလျှက်ရှိပါသည်။ အဆိုပါ RNDP မှလူများသည် ရခိုင်တိုင်းရင်းသားများမဟုတ်ဘဲအဝကျွန်းမှပြေးလာသော ရခိုင်အဝကျွန်းသားများဖြစ်ကြပါ သည်။ အဆိုပါလူများသည်အမြင်ကျဉ်းမြောင်းသောလူမျိုးရေးစိတ်ဓါတ်ရှိသူများဖြစ်ပါသည်
။အဆိုပါလူများသွေးထိုးမှုဖြင့်ယခုအခါသံတွဲမြိုှုတွင်ဆန္နပြဆူပူရန်ခွင့်တောင်းထားသည်ဟုကြားသိရပါသည်။ ခွင့်တောင်းသောကိစ္စမှာလည်းသမ္မတကြီး ယုတ်သိမ်းပြီးကိစ္စဖြစ်သည်။
OIC ရုံးဖွင့်ခွင့်ပေးရန်မပေးရန်မှာအစိုးရ
ကိစ္စဖြစ်သည်။ ဆန္နပြလျှင် အစိုးရကို ကန့်ကွက်ရမည် ။ယခုမှု အစ္စလာမ်ဘာသာကိုစော်
ကားဆန္နပြနေ ခြင်းသာဖြစ်ရာ မည်သို့မှမဆိုင်သောကိစ္စကို ဆန္နပြခွင့်ရသည်နှင့်လှုံဆော်
ဆန္နပြနေခြင်းသာဖြစ်သည်။
ရခိုင်အရေးအခင်းတွင် ပျက်စီင်္းသွားသောအိုးအိမ်များကိုပြန်လည်ထူထောင်
ရန်OIC မှဒေါ်လာသန်းထောင်ချီကာလှူဒါန်းခဲ့ပါသည်။ အဆိုပါငွေများကို ရခိုင်ဝန်ကြီးအဖွဲ့
မှ တိုက်ရိုက်ပေးလှူခွင့်မပေးဘဲ အစိုးရအဖွဲ့ထံသို့သာလှုခိုင်းပါသည် ။ ထို့နောက်ဒုက္ခ
သည်စခန်းများသို့ ပေးလှူရာတွင် မဖြစ်စလောက်ငွေကြေးကိုသာပေးလှုခဲ့ပါသည်။
အဆိုပါအဖွဲ့မှ ရုုံ့းဖွင့်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ပိုမို့ လူဒါန်းနိုင်ရန်ရုံးဖွင့်ခွင့်တောင်း
ခြင်းကို ဖွင့်ခွင့်မပေးရန် ကန်ကွက်ဆန္နပြခြင်းဟုခေါင်းစဉ်တပ်ပါသည်။ မွတ်ဆလင်နိုင်ငံများ
အားမကြိုက်လျှင်ငွေလက်မခံရန်သာရှိ်ပါသည်။အလှုရှင်ငွေကိုတော့ယူသည်စားသည်၊အလှုရှင်
လာရောက်ကြည့်ရှုသည်ကိုလက်မခံဆိုသည်မှာ အစွန်းရောက်စိတ်ဓါတ်၊ကျေးဇူးရှင် ကိုပြန်
ကိုက်သောစိတ်ဓါတ်ဖြစ်ရာ လွန်စွာဆိုးရွားလှပေသည် ။နိုင်ငံတကာဒုက္ခသည်များကိုလှူဒါန်း
နေသော UN ,UNHCR, UNICIEF စသောအဖွဲ့များအားလည်း လက်မခံ၊ရန်လုပ်နေရာ
နိုင်ငံတကာတွင် သမ္မတကြီး မျက်နှာပျက်စရာဖြစ်လာနိုင်ပါသည်။
အဆိုပါRNDP နှင့်အမြင်ကျဉ်းမြောင်းသူလူများ သည်အလုပ်အကိုင်မရှိသူများ၊
ဘုန်ကြီးများအားစည်းရှုံးဆန္နပြရန် ၂၁-၁၀-၂၀၁၂ နေ့တွင် ဆန္နပြရန်စီစဉ်နေပါသည်။
အောင်မြေသာစည်ဘုန်းကြီးကျောင်းတွင်လုစု့မည်ဟုသိရှိရပါသည်။အဆိုပါ RNDP မှလူများ
ကြောင့်ဘုန်းကြီးများသည်ပင်သာသနာအလုပ်မလုပ်ဘဲ လောကီအလုပ်ဝင်ရှုပ်ကြမည်ဖြစ် သည်။ တနိုင်ငံလုံးဘဲဆန္နပြရန် သမ္မတမှအမိန့်ပေးသလို့ လိမ်လည်ပြောကြားကာစည်းရုံး
နေပါသည် ။ညနေပိုင်း(၁)နာရီမှ(၃)နာရီအထိဆန္နပြမည်ဟုဆိုပါသည်။ရခိုင်လူအများစုမှာ
တစ်ဦးချင်းသတိ္တမရှိဘဲ လူစု့လျှင်ဖြစ်ချင်တိုင်းရမ်းကားသော အမျိုးဖြစ်ရာ အဆိုပါ ဆန္နပြရာမှ မလိုလား အပ်သောပြဿနာများဖြစ့်ပွါးလာနိုင်ပြီးပြဿနာသည်ကြီးထွားလာကာ
။နိုင်ငံတကာခရီးသွားများအလည်တွင်မျက်နှာပျက်စရာဖြစ်လာနိုင်ပါသည်။ နိုင်ငံတကာနှင့်ပြေ
ပြစ်နေသောဆက်ဆံရေးဆိုးရွားသွားစေနိုင်ပါသည်။ အနာဂတ် နို်င်ငံတော်သို့လာရောက်
ရင်းနှီးမည့်သူများလက်တွန့်သွားစေနိုင်ပါသည်။ သမိုင်းစဉ်ဆက်ဖျောက်မရသောအမဲစက်
ကြီးတင်သွားနိုင်ပါသည်။ ထင်ရှားသောငပလီဟိုတယ်ဇုံတည်ရှိရာဒေသဖြစ်သခြင့်အေး
ချမ်းမှုများ မရှိသဖြင့် ခရီးသွားနိုင်ငံခြားဧည့်သည်များ မလာရောက်ဘဲနိုင်ငံတော်စီးပွါးရေး
ထိခိုက်နိုင်ပါသည် ။ရေတိုကိုမကြည့်ဘဲရေရှည်ကိုကြည်ပါရန်တိုက်တွန်းပါသည်။
လူများလျှင်ထိမ်းမရဘဲ တစ်ယောက်တစ်ပေါက်ဖြင့်မလို့လားအပ်သောပြဿနာများဖြစ်ပွါး
လားနိုင်ပါသည်။ ကျန်သောရခိုင်ပြည်နယ်များ တွင်လည်းဆန္နပြရာမှထိမ်းမရဘဲ အကြမ်း
ဖက်မှုဖြစ်ပွါးခဲ့သော လက်တွေ့များလည်းရှိပါသည်။ ပြဿနာဖြစ်ပွါးလျှင်မည်သူမှအကျိုးမရှိ
နှစ်ဖက်စလုံးစီးပွါးရေးလူမှုရေးပညာရေးများနစ်နာလှသည်ကို ပညာရှိသူများသတိမှုမိစေရန်
လည်းတိုက်တွန်းနိုးဆော်ပါသည်။ အဆိုပါ ကျေးဇူးကန်းသောဆန္နပြပွဲတွင်လာသူများသည်
မြို့ပေါ်မှ ပညာတတ်များပါဝင်မည်မဟုတ်ဘဲအခြားပင်လယ်နားကျေးရွာများမှအရက်တိုက်ပြီး
ခေါ်လာခဲ့သူများ။မြို့သို့အလည်ကားစီရရင်ပြီးရော ဆိုသူများမှဖြစ်ရာကားဖြင့်လာပြီးပြန်လျှင်
ပင်မြို့ထဲလုံခြုံရေးစိတ်ချရခြင်းမရှိ်နိုင်ပါ၊နဂိုကဘော်လုံးပွဲပြီးပြန်ရာတွင်ပင်ဆဲဆိုပြီးပြန်သဖြင့်ပြဿနာဖြစ်ပွါးလာနိုင်ပါသည်။ သို့ပါ၍သမ္မတကြီးမှအလျှင်အမြန်တားဆီးပေးပါရန် လေးစား
စွာဖြင့်အားကိုးတကြီး တင်ပြအကူအညီတောင်းခံအပ်ပါသည်။
ကူညီနိုင်သူများသက်ဆိုင်ရာများသို့လည်းကူညီဆောင်ရွက်ပေးပါရန်မတ္တာရပ်ခံပါသည်။
သံတွဲမြို့သူမြို့သားများ