အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၂ ) ( D – 1 & 2 – Flight & London )

Foreign ResidentOctober 20, 201218min21041

အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၂ ) ( D – 1 & 2 – Flight & London )

 

စက်တင်ဘာ ၁၁ ရက်နေ့ ၊

နေ့လည် ၁၄၀ဝ နာရီမှာ ၊

မလေးရှား အဲလိုင်းက လေယာဉ်နှင့် ၊

အဘ တို့ Sydney ကနေ ၊

Kuala Lumpur ကို ထွက်ခဲ့ပါတယ် ။

Sydney ကနေ Kuala Lumpur ကို ၊

ကီလိုမီတာ ၆၇၀ဝ လောက်သွားရပြီး ၊

KL ကို ည ၉ နာရီလောက်မှာ ရောက်ပါတယ် ။

နောက် Flight က ည ၁၂ နာရီမှ ဆိုတော့ ၊

အချိန်ရတာနှင့် Duty Free Shop တွေမှာ

ဟိုဟို ဒီဒီ လျှောက် မေး / ကြည့်ပြီး ၊

အဘ တို့ အပန်းဖြေနေကျ ၊

KL Int Airport ရဲ့ Terminal – C က အနှိပ် ကုလားထိုင်မှာပဲ အနှိပ်ခံနေပါတော့တယ် ။

အဲဒီမှာ မိနစ် ၃ဝ အနှိပ်ခံမှ ၁ဝ ရင်းဂစ် ပဲ ပေးရလို့ တော်တော်တန်တယ်လို့ ပြောရပါမယ် ။

 

KLIA ရဲ့ Terminal – C က အနှိပ် ကုလားထိုင်

 

KLIA ရဲ့ Terminal – C က အနှိပ် ကုလားထိုင်

ည ၁၂ နာရီမှာတော့ အဘတို့ KL ကနေ London ကိုထွက်လာခဲ့ပါတယ် ။

ဒီတစ်ခါမှာတော့ လက်ရှိ ကမာ္ဘပေါ်မှာ အကြီးဆုံး ၊

ခရီးသည်တင် လေယာဉ် Airbus A – 380 ကြီးနှင့်ပါ ။

အဘကတော့ အဲဒီ A – 380 ကြီးကို မကြိုက်လှပါဘူး ။

သူ့ရဲ့ ထိုင်ခုံရဲ့ အစောင်း Incline ဟာ တခြား လေယာဉ် တွေနှင့် စာရင် ၊

နဲတဲ့အတွက် ညအိပ်တဲ့အခါ သိပ် အဆင်မပြေတာကိုတွေ့ရပါတယ် ။

ကောင်းတာကတော့ ရှေ့က LCD Monitor Screen ကကြီးတဲ့အတွက် ၊

လေယာဉ်ကပြတဲ့ ရုပ်ရှင်တွေကို ကြည့်ရတာ ပိုအားရ ပါတယ် ။

နောက်ပြီးတော့ လေယာဉ် အဆင်း အတက်တွေကို လေယာဉ် အမြီးကနေ ၊

CCTV နှင့် ရိုက်ပြီး အဲဒီ Monitor မှာ ပြပေးနေပါတယ် ။

 

အသွားခရီးစဉ်က ညပိုင်းဖြစ်နေလို့ A – 380 ပုံကို ဓါတ်ပုံ မရိုက်နိုင်ပေမယ့် ၊

အပြန်ခရီးစဉ်မှာ စီးလာတဲ့ A – 380 ရဲ့ပုံကို တင်ပေးလိုက်ပါတယ် ။

 

အပြန်ခရီးစဉ်မှာ စီးလာတဲ့ A – 380

 

အပြန်ခရီးစဉ်မှာ စီးလာတဲ့ A – 380

ညပိုင်း တောက်လျှောက် ဥရောပတိုက်ပေါ်က ဖြတ်ပျံတဲ့ အခါ ၊

ဥရောပ ဟာ မီးဆက်ပြတ်လှတယ် မရှိပဲ နည်းနည်းပါးတဲ့နေရာနှင့် ၊

လင်းထိန်နေတဲ့နေရာ နှစ်မျိုးပဲရှိတာကို သတိထားမိရင်း ၊

မှောင်မဲနေတတ်တဲ့ အမိမြေ နှင့် နှိုင်းယှဉ်တွေးမိရင်း စိတ်မကောင်းဖြစ်မိပါသေးတယ် ။

 

လန်ဒန် ဟိသရိုး လေဆိပ် မဆင်းမှီ ၊ လန်ဒန် ညရှုခင်း ။

 

လန်ဒန် ဟိသရိုး လေဆိပ် မဆင်းမှီ ၊ လန်ဒန် ညရှုခင်း ။

လေယာဉ် အဆင်း အတက်တွေကို CCTV နှင့် ရိုက်ပြပေး ။

 

လေယာဉ် အဆင်း အတက်တွေကို CCTV နှင့် ရိုက်ပြပေး ။

KL နှင့် London ဟာ ကီလိုမီတာ ၁၁၀၀ဝ လောက်ဝေးကွာပါတယ် ။

စက်တင်ဘာ ၁၂ ရက်နေ့  နံနက် ၆ နာရီမှာ လန်ဒန် ဟိသရိုး လေဆိပ်ကို ရောက်ပါတယ် ။

လေဆိပ်မှာ Immigration, Baggage claim နှင့် Custom ကိစ္စတွေပြီးလို့ အပြင်ထွက်လာတာနှင့် ၊

Money Changer မှာပိုက်ဆံ လဲပါတယ် 600 US$ ကို 326 ပေါင် ပဲရပါတယ် ။

တစ်ဒေါ်လာ ၈၅ဝ ကျပ်ဆိုတော့ တစ်ပေါင် ၁၅၀ဝ ကျပ်လောက် ရှိပါတယ် ။

 

ပြီးတာနှင့် ပထမဆုံး လုပ်တာကတော့ International Telephone SIM Card ၊

တစ်ခု ဝယ်လိုက်ပါတယ် ။ 20 ပေါင် ပေးရပါတယ် ။

နောက်တော့ Hotel By Bus ကောင်တာကိုသွားပြီး ၊

Internet က ဝယ်ထားတဲ့ Ticket ကိုထုတ်ပြတော့ ၊

နောက် ၁၅ မိနစ်လောက်မှာ အဘတို့ကို Mini Bus လေးနှင့် Pick Up လုပ်ပြီး ၊

တည်းမယ့် Hilton Kensington Hotel ကို ပို့ပေးပါတယ် ။

Traffic သိပ်မရှိတဲ့အတွက် မိနစ် ၄ဝ လောက်ပဲ မေါင်းရပါတယ် ။

ဟိုတယ်ရဲ့ ရှေ့မှာ Royal Crescent Park လေးရှိပြီး ၊

ကားမှတ်တိုင်မှာ လန်ဒန်ရဲ့နာမည်ကျော် အနီရောင် ၂ထပ် ဘတ်စကားကြီး ၊

ဖြတ်နေတာတွေ့တာနှင့် အမှတ်တရ ဓါတ်ပုံရိုက်လိုက်ပါသေးတယ် ။

 

တည်းမယ့် Hilton Kensington Hotel ။

 

တည်းမယ့် Hilton Kensington Hotel ။

Royal Crescent Park နှင့် လန်ဒန်ရဲ့နာမည်ကျော် အနီရောင် ၂ထပ် ဘတ်စကားကြီး ။

 

Royal Crescent Park နှင့် လန်ဒန်ရဲ့နာမည်ကျော် အနီရောင် ၂ထပ် ဘတ်စကားကြီး ။

ဟိုတယ်ရောက်တော့ မနက် ၈ နာရီ လောက်ပဲ ရှိပါသေးတယ် ။

နေ့လည် ၂ နာရီမှ Check-In လုပ်လို့ရမှာ ဖြစ်တဲ့အတွက် အခန်းမရသေးပါ ၊

ပစ္စည်းတွေပဲ အပ်ပြီး ၊ အသိ တစ်ယောက် လာတွေ့မှာကို ထိုင်စောင့်နေပါတယ် ။

 

အသိ ရောက်လာတဲ့အခါ ၊ ဝယ်ထားတဲ့ London Pass နှင့် Day Travel Card ကိုထုတ်ပြီး ၊

အနီးဆုံး Shepherd’s Bush Underground ဘူတာရုံကိုသွားကြတာပေါ့ ။ နီးပါတယ် ။

အဲဒီ ဘူတာရုံမှာ Day Travel Card နှင့် ဝင်လို့မရပဲ ဒုက္ခတွေ့ရတော့တာပဲ ။

ဘူတာရုံ လုံခြုံရေးကို မေးကြည့်မှ အဘတို့ရဲ့ လက်မှတ်ဟာ Off-Peak လက်မှတ် ဖြစ်တဲ့အတွက် ၊

မနက် ၉ နာရီခွဲ နောက်ပိုင်းမှ သုံးလို့ရမယ်ဆိုတာ သိရပါတော့တယ် ။

ဝယ်တုန်းက သေချာ မဖတ်မိတာတွေပေါ့ ၊ လက်မှတ်ပေါ်မှာလည်း ရေးထားပါတယ် ။

 

အချိန် ၄၅ မိနစ်လောက် လိုသေးတယ်ပေါ့ ။

ဒါပေမယ့် ကံကောင်းချင်တော့ အသိပါ ပါတော့ ၊

အသိက ဘူတာဘေးကပ်ရက်က West Field Shopping Centre သွားဖို့ပြောတာနှင့် ၊

အဲဒီ West Field Shopping Centre ဟာ လန်ဒန် တစ်မြို့လုံးမှာ အကြီးဆုံး Shopping Centre ဖြစ်ပါတယ် ။

Designer နှင့် ပါတ်သက်တဲ့ အဝတ်အစား ၊ လူသုံးကုန် ပစ္စည်းတွေနှင့် ပါတ်သက်ရင်

လန်ဒန်မှာ နာမည်အကြီးဆုံးပါ ။

အဲဒီထဲမှာ လျှောက်ကြည့် Window Shopping လုပ်ပြီး ၉ နာရီခွဲ ကျော်မှ ရထားစီးပြီး ၊

Change of Guard အခမ်းအနားကြည့်ဖို့ Buckingham Palace ကိုထွက်လာခဲ့ပါတယ် ။

 

လန်ဒန် တစ်မြို့လုံးမှာ အကြီးဆုံး West Field Shopping Centre ။

 

လန်ဒန် တစ်မြို့လုံးမှာ အကြီးဆုံး West Field Shopping Centre ။

West Field Shopping Centre ထဲမှာ ။

 

West Field Shopping Centre ထဲမှာ ။

၁ဝ နာရီလောက်မှာ Buckingham Palace ကိုရောက်ပါတယ် ။

Change of Guard အခမ်းအနားက ၁၁ နာရီခွဲမှ စမှာပါ ။

ဒါပေမယ့် လူတွေ အတော်များနေပြီဆိုတာ တွေ့နေရပါတယ် ။

အမှန်တော့ အဘ ရောက်တဲ့အချိန်မှာ ခြံစည်းရိုး နှင့်ကပ်ရက်က ဓါတ်ပုံရိုက်ဖို့ နေရာကောင်းကို ရပါတယ် ။

ဒါပေမယ် ၁ နာရီခွဲကြာအောင် မတ်တပ်ရပ် နေရာဦးနေရမှာကို သည်းမခံနိုင်တာနှင့် ၊

နေရာမဦးတော့ပဲ ၊ ပါတ်ဝန်းကျင် နေရာအနှံမှာပဲ လှည့်ပါတ် ဓါတ်ပုံ ရိုက်နေလိုက်ပါတယ် ။

Change of Guard အစောင့်တွေ တာဝန်လဲတဲ့အချိန် ၁၁၃ဝ လဲရောက်ရော ၊

အဘမှာ ခြံစည်းရိုးနှင့် လူတန်း ၃ထပ် အကွာကနေပဲ ရိုက်လို့ရပါတော့တယ် ။

တကယ်ကတော့ ပန်းပွားဦးထုပ်မှာ ငှက်မွေးအပြာ ထိုးထားတဲ့ အဖွဲ့နှင့်

ငှက်မွေးအနီ ထိုးထားတဲ့ အဖွဲ့ ၊ ဘင်ခရာတီးပြီး တာဝန်လဲကြတာပါ ။

 

ဘက်ကင်ဟမ် နန်းတော် ။

 

ဘက်ကင်ဟမ် နန်းတော် ။

အဘ ရောက်ရောက်ချင်း နေရာရစဉ်က ရိုက်ထားတဲ့ နန်းတော် နှင့် အစောင့် ။

 

အဘ ရောက်ရောက်ချင်း နေရာရစဉ်က ရိုက်ထားတဲ့ နန်းတော် နှင့် အစောင့် ။

နန်းတော်ရဲ့ ရှေ့က ဝိတိုရိယ ဘုရင်မ အထိမ်းအမှတ် ကျောက်တိုင် နှင့် စောင့်နေတဲ့ လူထု ။

 

နန်းတော်ရဲ့ ရှေ့က ဝိတိုရိယ ဘုရင်မ အထိမ်းအမှတ် ကျောက်တိုင် နှင့် စောင့်နေတဲ့ လူထု ။

မြင်းစီး အစောင့်တွေ လာပါပြီ ။

 

မြင်းစီး အစောင့်တွေ လာပါပြီ ။

Change of Guard လဲမယ့် အစောင့်တွေ လာပါပြီ ။

 

Change of Guard လဲမယ့် အစောင့်တွေ လာပါပြီ ။

Change of Guard အစောင့်တွေ တာဝန်လဲနေပါပြီ ။

 

Change of Guard အစောင့်တွေ တာဝန်လဲနေပါပြီ ။

Change of Guard ပြီးတော့ ၊

အဘတို့ ဘက်ကင်ဟမ် နန်းတော်ထဲကို ဝင်ကြည့်ဖို့ လက်မှတ်သွားယူပါတယ် ။

ဝင်ကြည့်ခွင့်ရတဲ့အချိန်က နဲနဲ စောနေတာနှင့် ၊

အနီးအနားက St James’s Park ထဲမှာသွားကြည့်ရင်း နေ့လည်စာစားကြပါတယ် ။

 

St James’s Park

 

St James’s Park

ဘက်ကင်ဟမ် နန်းတော်ထဲကို ဝင်ကြည့်တဲ့အခါ ဓါတ်ပုံရိုက်ခွင့်မရပါဘူး ။

ရာချီပြီး များပြားလှတဲ့ ပန်းချီကားတွေ ၊ ပန်းပု လက်ရာတွေ နှင့် ၊

ခမ်းနား လှတဲ့ အဆောင်ဆောင် အခန်းခန်း ကို ကြည့်မောရပါတယ် ။

လက်ရှိ သုံးစွဲနေတဲ့ နန်းစဉ် ကျောက်မျက်ရတနာ များကိုလည်းပြထားပါတယ် ။

လက်သန်းလောက်ရှိတဲ့ စိန်လုံးတွေတပ်ဆင်ထားတဲ့ ၊

သရဖူတွေ ကိုလည်း အမြောက်အများ တွေ့ရပါတယ် ။

ကြည့်ရင်း ကြည့်ရင်း နှင့် ကိုယ်ဟာ ဆင်းရဲမွဲတေတယ်ဆိုတာ ပိုပိုပြီးသေချာလာပါတယ် ။

 

အဘတို့ ဘက်ကင်ဟမ် နန်းတော်က ထွက်လာပြီးတော့ ၊

လန်ဒန်ရဲ့ ထင်ရှားတဲ့ Big Ben နာရီစင်ကြီး နှင့် ပါလီမန် အဆောက်အဦး ကိုသွားပါတယ် ။

ပြီးတာနှင့် ထင်ရှားလှတဲ့ Westminster Abbey ဘုရာရှိခိုးကျောင်းထဲကို ဝင်ကြည့်ပါတယ် ။

ပန်းပု လက်ရာတွေကတော့ အံ့မခမ်းပါပဲ ၊ အထဲမှာ ဓါတ်ပုံရိုက်ခွင့်တော့ မရပါဘူး ။

Westminster Abbey ဘုရာရှိခိုးကျောင်း ဟာ ၊

Prince William နှင့် Catherine Middleton တို့ လက်ထပ်တဲ့ ဘုရာရှိခိုးကျောင်း ပါ ။

 

Big Ben နာရီစင်ကြီး နှင့် ပါလီမန် အဆောက်အဦး ။

 

Big Ben နာရီစင်ကြီး နှင့် ပါလီမန် အဆောက်အဦး ။

Westminster Abbey ဘုရာရှိခိုးကျောင်း ။

 

Westminster Abbey ဘုရာရှိခိုးကျောင်း ။

ရထားဘူတာရုံမှာ ဖျော်ဖြေနေသူတစ်ယောက် ။

 

ရထားဘူတာရုံမှာ ဖျော်ဖြေနေသူတစ်ယောက် ။

Westminster Abbey ဘုရာရှိခိုးကျောင်း က အပြီးမှာတော့ ၊

China Town နှင့် Piccadily Circus နေရာကို သွားကြည့်ကြပါတယ် ။

China Town က တရုတ်ဆိုင်မှာ ညစာစားပြီး လေယာဉ်ခရီးမှာလည်း ပင်ပန်းခဲ့တဲ့အတွက် ၊

ထပ်မလည်နိုင်တော့ပဲ ၊ အသိ ကို နှုတ်ဆက်ပြီး Hotel ပြန်ခဲ့ပါတော့တယ် ။

 

Piccadily Circus အဝိုင်း ။

 

Piccadily Circus အဝိုင်း ။

China Town ။

 

China Town ။

ဟဲ ဟဲ ၊ တကယ့် ပြဿနာက အဲဒီ Hotel ကျမှတွေ့တာလေ ။

ထုံးစံအတိုင်း ဟော်တယ်ခန်းထဲမှာ ရေခဲသေတ္တာ ရှိပါတယ် ။

ဒါပေမယ့် ဒီ ရေခဲသေတ္တာက Reception မှာ ကိုယ့်ရဲ့ Credit Card နံပါတ်ပေးထားမှ ၊

အောက်ကနေ Computer နှင့် Unlock လုပ်ပေးမှ တံခါးဖွင့်လို့ရတဲ့ စံနစ်ပါ ။

အဲဒီအထိက ဘာမှမထူးဆန်းသေးပါဘူး ။

 

အဲဒီမှာ ဆတ်ဆော့တတ်တဲ့ အဘက ၊ ရေခဲသေတ္တာထဲက ကိုယ်စိတ်ဝင်စားတဲ့ပစ္စည်းတွေကို ၊

တစ်ခုချင်းလျှောက်ထုတ်ကြည့်ပြီး အမျိုးအစား Label လေးတွေ ဖတ်ကြည့်တာပေါ့ ။

တော်တော်လေးကြာတော့မှ စင်လေးရဲ့အောက်မှာ ကွယ်ပြီး ရေးထားလေတဲ့ ၊

ကွန်ပျူတာနှင့် ထိန်းချုပ်ထားပါသဖြင့် ပစ္စည်းတွေကို နေရာကထုတ်လိုက်တာနှင့်

သုံးစွဲသည်ဟုယူဆပြီး သင့် Credit Card မှပေးချေသွားပါမည် ဆိုတဲ့စာလေးကို တွေ့လိုက်ရတယ် ။

ဟဲ့ သောက်ပလုတ်တုတ်ဆိုပြီး ၊ Hotel ရဲ့ Guest Service စာအုပ်ကို ဖတ်ကြည့်တော့မှ ၊

 

” Our Mini-bars are fully automated. Your account will be charged

as soon as you move or remove a products from its position ” တဲ့ ။

 

ရက်စက်ပါပေ့ကွယ် ၊ အဘ တခြားဟော်တယ်တွေမှာလည်း ဒီစံနစ်မျိုး တွေ့ဖူးပေမယ့် ၊

အခုလို သတိပေး စာတန်း Notice ကို စင်လေးရဲ့အောက်မှာ ကွယ်ပြီး မ ရေးကြပါဘူးကွယ် ။

အဘ နောက်ပိုင်းတည်းတဲ့ Madrid မြို့က Holiday Inn ဟိုတယ်မှာလည်း

ရေခဲသေတ္တာ ကိုကွန်ပျူတာနှင့် ထိန်းတဲ့စံနစ်နှင့်ပါပဲကွယ် ။

ဒါပေမယ့် အဲဒီ Holiday Inn ဟိုတယ်မှာဆို သတိပေး စာတန်း Notice ကို ၊

စင်ရဲ့အပေါ်ဖက် မြင်သာတဲ့နေရာမှာ ပြူးပြဲနေအောင်ရေးထားပါတယ် ။ ပုံမှာကြည့်ကြပါ ။

 

အခုတော့ ခက်ကပြီ ၊ အဘ လည်း ဘယ်ပုလင်းတွေကို ထုတ်ကြည့်ခဲ့ ၊

ဘယ်ပုလင်းတွေကို နေရာရွှေ့ခဲ့လည်း မမှတ်မိတော့ ၊ မသိတော့ဘူး ။

သဗ္ဗေသတ္တာ ကမ္မသကာပဲ ။ တွတ်ပီ ဒီနေ့ ကံ မကောင်းဘူးပေါ့ ။

တော်ပြီ ၊ ပင်ပန်းနေပြီ ၊ ဖြစ်ချင်တာဖြစ် ၊ အိပ်ပြီ ၊ ဒါပဲ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( FR ) ။

 

စင်လေးရဲ့အောက်မှာ ကွယ်ပြီး ရေးထားတဲ့ သတိပေး စာတန်း ။

 

စင်လေးရဲ့အောက်မှာ ကွယ်ပြီး ရေးထားတဲ့ သတိပေး စာတန်း ။

စင်လေးရဲ့အောက်က သတိပေး စာတန်း ။

 

စင်လေးရဲ့အောက်က သတိပေး စာတန်း ။

Hotel ရဲ့ Guest Service စာအုပ်ကို ဖတ်ကြည့်တော့မှ ။

 

Hotel ရဲ့ Guest Service စာအုပ်ကို ဖတ်ကြည့်တော့မှ

Madrid Holiday Inn ဟိုတယ်က ပြူးပြဲနေအောင်ရေးထားတဲ့ သတိပေး စာတန်း ။

 

Madrid Holiday Inn ဟိုတယ်က ပြူးပြဲနေအောင်ရေးထားတဲ့ သတိပေး စာတန်း ။

41 comments

  • pazflor

    October 20, 2012 at 12:57 pm

    စောင့်ဖတ်နေပါတယ်အဘရေ၊ လန်ဒန်မှာ မိုးများလားမသိ။
    ရေခဲသေတ္တာကို auto ထိန်းတာအခုမှဘဲကြားဖူးတယ်။
    (ဟိုတယ်ကြီးတွေမှာ မနေဖူးလို့ဖြစ်မယ် :D)

  • တြိဘုဝနာဒိတြဓမ္မရာဇ် အဂ္ဂမဟာ ဘဒ္ဒန္ဓ ဂုရု သူရာပဏ္ဍိတ ဦးကျောက်ခဲ

    October 20, 2012 at 1:06 pm

    Hilton ဒီလောက် ဈေးကြီးတာ တည်းနိုင်တယ် ဆိုတော့ အဘ ဖေါ က သထိန်းပဲ!
    နောက်တစ်ခါ Ritz-Carlton မှာတည်းပြီး ဓတ်ပုံတင်ပါဗျို့!
    အားကျ ရအောင်လို့ပါ………
    :kwi:

    • Hnin Hnin

      October 21, 2012 at 1:30 am

      ” ဓာတ်ပုံ ” မှတ်ကုန်…
      လွယ်လွယ်လေး မှားရသလား ဦးကျောက်ရ..သတ်ပုံတွေ လွယ်လွယ်မှားနေရင်
      စာပေဆုကြီးနဲ့ကပ်လွဲနေအုံးမယ်နော်(ဆိုင်မဆိုင်တော့မသိဘူး..ကြိတ်ပြီးမှန်းနေတဲ့
      သူတွေကတော့ အများကြီးနေမှာ…ဟိဟိ…)

      ဒီဂဇက်မှာလည်း နော်ဟိုလှန်ဒီလှန် လုပ်ကြည့်တုန်းက သတ်ပုံကျမ်း တွေ့လိုက်
      သလိုပဲ..ဘယ်နားလဲတော့ သိဘူး..ရှာကြည့်…ထောက်ပြတာလည်း သေချာသိ
      တယ်ထင်ရမှ ထောက်ပြရဲတာ..အမှန်ပြောရရင် နော်လည်း ကျောင်းတုန်းက
      လက်ကျန်နဲ့ရေးနေတာမို့….. :mrgreen:…

      စေတနာဖြင့်
      သတ်ပုံကွင်း(queen) နှင်းနှင်း (ခေါ်) ဘူမိမှ ‘ခိခိ’

      • ဦး ကျောက်ခဲ

        October 21, 2012 at 5:51 am

        တူမ နှင်းနှင်းရေ

        Burglish နဲ့ ရိုက်ချင်ဇောမို့ “ခွေး လွှတ်ပါကွယ်”

        အဘဖော

        အဘတို့ပြည် Perth ကို ဒီလ ၂ရ ရောက်ပါမယ်။ လူကြုံ ပါးချင်ရင် ပါးနိုင်အောင်လို့ပါ!
        လေယာဉ်ဖိုးလေး မစရင် Sydney အထိ အရောက်ပို့မဲ့ ဒီက မောင်ကျောက် ပါ……….
        :harr:

        • Foreign Resident

          October 21, 2012 at 10:06 am

          ” လူကြုံ ပါးချင်ရင် ပါးနိုင်အောင်လို့ ” ဆိုတော့ ၊
          ဦးကျောက် က ရန်ကုန်ကနေ လာမှာပေါ့ ။
          ကျေးဇူးပါဗျာ ၊ အထူးအထွေ မှာစရာ မရှိပါဘူး ။

  • ကထူးဆန်း

    October 20, 2012 at 1:25 pm

    ဟိုက်ရှာလဘား … တော်တော် ကပ်စီးနဲတဲ့ ဟိုတယ်ပိုင်ရှင်တွေ .. သောက်ပြီး အပြင်က ဝယ်လာတဲ့ ဗူးနဲ့ လဲမှာ စိုးတာနဲ့ လုပ်ထားတယ် တူတယ် ။ :kwi:
    အခန်း minibar ဝင်စစ်စရာလဲ မလိုတော့ဘူး ။ ဒါပေမဲ့ အခန်းတွင်း ကတော့ လူကိုယ်တိုင် မစစ်ဘဲဘာပျက်စီးပျောက်တယ်တော့ ဘယ်လိုလုပ်မလဲ ။
    အဲ့ဒီ့ ကလူတွေမြန်မာပြည်လာတော့ အပြင်က ဝယ်လာပြီး လဲသောက်တယ် ။ နောက်ဆိုပြောခိုင်းလို့ ရပြီ။ မင်းတို့ဆီ ဘူးတောင် မလို့ ရတာ မဟုတ်လို့ ။ :hee:

    • Foreign Resident

      October 20, 2012 at 3:52 pm

      ” ဒါပေမဲ့ အခန်းတွင်း ကတော့ လူကိုယ်တိုင် မစစ်ဘဲ
      ဘာပျက်စီးပျောက်တယ်တော့ ဘယ်လိုလုပ်မလဲ ”

      ကထူးဆန်းရဲ့ ၊
      အဘတို့ Credit / Debit Card ရဲ့ နံပါတ်တွေ ယူထားတယ်လေ ။
      နောက်နေ့မှာ တစ်ခုခုပျောက်ရင် အဲဒီ Card နံပါတ်ကနေ ပိုက်ဆံ ဖြတ်လိုက်မှာပေါ့ ။
      တချို့ တင်းကျပ်တဲ့ Hotel တွေဆို Debit Card တောင် လက်မခံဘူး ၊ Credit Card မှ ။

      ဒါနှင့် ၊ ရွာသူားတွေရော Credit Card နှင့် Debit Card တွေရဲ့ ၊
      ကွာခြားချက် ၊ အားသာချက် ၊ အားနည်းချက်တွေရော သိကြရဲ့လားမသိဘူး ။
      မသိကြရင်တော့ ၊ ကြုံရင် ရေးပေးဦးမှပဲ ။

      • kai

        October 20, 2012 at 4:18 pm

        Credit Card နှင့် Debit Card တွေရဲ့ ၊
        ကွာခြားချက် ၊ အားသာချက် ၊ အားနည်းချက်တွေရော သိကြရဲ့လားမသိဘူး ။
        မသိကြရင်တော့ ၊ ကြုံရင် ရေးပေးဦးမှပဲ ။

        ကြုံပြီးရေးပါဗျာ..
        တတ်သလောက်မှတ်သလောက် ဝင်ပါပါ့မယ်..။
        မြန်မာပြည်က မကြာခင် ခရက်ဒစ်၊ဒက်ဘစ်ကဒ်တွေလာတော့မှာ ဆိုတော့လေ..
        လိုမယ်ထင်မိလို့..

      • ဦးဦးပါလေရာ

        October 20, 2012 at 11:51 pm

        Credit card ရဲ့သဘောသဘာဝလေး ရေးပေးဘို့ တောင်းဆိုပါတယ် ကိုဖေါရင်းရေ…
        ဒီမှာက လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တုန်းက function နဲနဲနဲ့ အစပျိုးခဲ့ဘူးပေမယ့်
        ထိထိရောက်ရောက်မအောင်မြင်ခဲ့ဘူးလို့ ဆိုရပါမယ်။
        credit card နဲ့ overdraft ပိုသုံး ၊ ငွေမသွင်းပဲရှောင်နေ၊ ဘဏ်ကတရားစွဲတော့လဲ ဘာမှမဖြစ်တာတွေ ရှိခဲ့ဘူးပါတယ်။
        လူ/အဖွဲ့အစည်းတွေရဲ့ ပိုင်ဆိုင်မှု့နဲ့ရပိုင်ခွင့်ကို အလုံအလောက် အကာအကွယ်မပေးတဲ့တိုင်းပြည်ဟာ တိုးတက်စရာမရှိပါဘူး…။
        ဒီမှာက လက်ဝဲသူငယ်နာမစင်တဲ့ အတွေးအခေါ်တွေလွှမ်းမိုးဆဲဖြစ်လို့
        သူဌေးတွေခံရရင် ဝမ်းသာကြတာက များပါတယ်။

        • kai

          October 21, 2012 at 3:11 am

          ငွေမပေးပဲ.. ရှောင်လို့ခက်အောင်.. ခရက်ဒစ်ယူနီယံက.. လူတဦးချင်းစီ/အဖွဲ့အစည်းတခုစီကို.. Credit history ဆိုတာလုပ်ထားတယ်..
          မန်းလေးဂဇက်ရဲ့.. ရွာသူားတွေမှာရှိတဲ့.. အနှစ်သာရတခုက.. အဲဒီ Credit history “အကြွေး(ပေး/ယူ)သမိုင်း”ပါ..။
          လူတယောက်ဟာ ဘယ်လောက်ထိ စိတ်ချရသလည်း.. သူကိုယ်တိုင် အကြွေးပေး/ယူထားတဲ့.. ငွေတွေနဲ့..အသက်သွင်းလှုပ်ရှားထားတဲ့.. သမိုင်းကြည့်..credit score နဲ့ဆုံးဖြတ်တာပါ..။
          ဆိုတော့.. ဦးပါပဲဆိုပါစို့..
          မန်းဂဇက်အနေနဲ့..သိန်း ၁၀၀ဝတော့ အကြွေးပေးယူလို့ရကြောင်း.. အာမခံလို့ရတယ်..
          အဲဒီလိုပေါ့..။ :harr:
          FR ဆိုရင်လည်း.. ဒေါ်လာ ၁သိန်းအေးဆေး ..အေးဆေး.. ဆိုတာမျိုး…။

          ဒါတွေကို.. တချိန်ချိန်မှာ.. မန်းဂဇက်..ခရက်ဒစ်ကုမ္ပဏီ/ယူနီယံနဲ့.. ချိတ်ဆက်ပြောပြနိုင်မယ်လို့.. ထင်မိပါရဲ့..။ :kwi:

  • မောင်ပေ

    October 20, 2012 at 1:43 pm

    ငေးမောဖတ်ရှုရုံသာ တတ်နိုင်ပါ၏
    ဟက်နီကန်လေးမြင်တော့ ဂလုမိသွားပါကြောင်း

  • ဆူး

    October 20, 2012 at 2:02 pm

    ဒီတခါတော့ ပုံတွေ အများကြီးပဲ.. ကြည့်ရတာ သဘောကျတယ်။
    လမ်းဘေး ဖျော်ဖြေသူကလည်း အကြွေတွေ အများကြီး ရထားတယ်။
    နန်းတော်ရဲ့ ရှေ့က ဝိတိုရိယ ဘုရင်မ အထိမ်းအမှတ် ကျောက်တိုင် က အရုပ်ကြီးက ဘာ သတ္တုနဲ့ လုပ်ထားတာလဲ။

    • Foreign Resident

      October 20, 2012 at 3:59 pm

      ” လမ်းဘေး ဖျော်ဖြေသူကလည်း အကြွေတွေ အများကြီး ရထားတယ် ”

      အဘတောင် သူ့ကို ဓါတ်ပုံသွားရိုက်မိတော့ ၊
      အားနာတာနှင့် တစ်ပေါင် ထည့်ခဲ့သေးတယ် ။
      သူ့အောက်က အကြွေတွေက ၊
      မြန်မာငွေ နှစ်သောင်းဖိုးလောက်ရှိတယ် ။
      ( တစ်ပေါင် = ၁၅၀ဝ ကျပ် လေ )

  • ဖတ်ရင်းနဲ့ …
    ကိုယ်တိုင်ပဲ ထ သွားလိုက်ချင်သလိုလို …
    အားကျမိသလိုလို ..
    ဘာလိုလိုနဲ့ …
    အိပ်ကပ်ထဲ စမ်းကြည့်မိတော့ …
    အဟီးးးးး :mrgreen:

  • myanmarcitizen

    October 20, 2012 at 2:48 pm

    “လန်ဒန် ဟိသရိုး လေဆိပ် မဆင်းမှီ ၊ လန်ဒန် ညရှုခင်း” ပုံကိုကြည့်ပြီး တော့ ဝမ်းနဲမိပါရဲ့။ အဘဖောရေစောင့်ဖတ်နေပါ့မယ်။

  • ပြည်ကြီးကောင်ရင်မို

    October 20, 2012 at 3:27 pm

    ခရီးသွားဆောင်းပါး နဲ့ဓါတ်ပုံတွေ
    ဝေဝေဆာဆာ ကိုယ်မရောက်ဘူးတဲ့နေရာဆိုတာထက်
    မရောက်နိုင်တဲ့နေရာဆိုပိုမှန်ပါတယ်….
    ဆက်လက်စောင့်မျော်နေပါတယ် အဘဖေါ့ရေ……

  • ရွာစားကျော်

    October 20, 2012 at 5:14 pm

    ဝက်စ်မင်စတာ ဘုရားကျောင်းရှေ့က ဖြူဖြူအဝိုင်းက ဘာဆိုင်းဘုတ်လဲမသိ.. ဟိ
    ဘာမှလည်း ရေးမထားဘူး

  • pooch

    October 20, 2012 at 5:50 pm

    အဲ့ဒီ အခမ်းအနားကို တီဗွီမှာပဲ ကြည့်ဖူးတယ်။ ကိုယ်တိုင်မြင်ဖူးရတော့ ပိုကောင်းတာပေါ့လေ။

    အဲဒိလို ကွန်ပျုတာနဲ့ အလိုအလျောက်ထိန်းတဲ့ ရေခဲသေတ္တာများ ဒီမှာထားလို့ကတော့ မီးပျက်တဲ့အချိန်နဲ့တိုးရင် မွဲကုန်ပါအုန်းမယ်။ :mrgreen:

    နောက် ခရက်ဒစ် ကဒ်တွေ အသုံးပြုပုံ လေးလည်း ပြောပြပါ အဘ။

    • ကထူးဆန်း

      October 21, 2012 at 7:19 am

      ဟုတ်သားဘဲ .. သူများသွားအားကျနေတာ .. pooch ပြောသလို မီးပျက်တဲ့ အချိန် ဆိုမွဲမှာလား .. မှားကုန်လို့ ဧည့်သည်နဲ့ ရန်ဖြစ်ရမလားဘဲ .. အဆင့်အတန်းမြင့်မြင့် လူကိုယ်တိုင်ဘဲ ဆားဗစ်ပေးတာ ကောင်းပါတယ် လေ .. :kwi:

  • ကိုရင်စည်သူ

    October 20, 2012 at 6:15 pm

    အဘရေ… မလေး KL လေဆိပ်မှာ အဘ တစ်ဆယ်ဖိုး အနှိပ်ခံတဲ့ဟာကြီး
    တား အဲ့မှာ ထရန်စစ်လုပ်တုန်းက ၁ကျပ်ဖိုး ဝင်ဗျင်းလိုက်သေးတယ်..။
    အဘရေ… ရေးပြထားတာ ပုံနှင့်တကွဆိုတော့ လက်ရှိ လန်ဒန်ဆိုတာ
    ဒါလားဆိုတာ ဗဟုသုတရရပါတယ်ဗျာ.. သွားလည်ချင်စိတ်လည်းပေါက်ပါတယ်။
    င်္ဘောင်္ဘေား အဲ့ဘက်အော်ဒါရပါစေ ဆုတောင်းရမှာပါဗြဲ။ (ထင်တာတော့မထင်)
    အချိန်ရရင်လည်း ခရတ်ဒစ်ကတ်နဲ့ ဒီဘစ်ကတ်အကြောင်း ရေးပေးပါလို့ အထူးတောင်းဆိုပါတယ်ခင်ဗျာ။
    ကိုရင်တို့က ရွာက အိုင်ပေးကတ်လောက်ပဲ သိလို့ပါ။။ :kwi:

  • သစ် တည်

    October 20, 2012 at 8:21 pm

    ဟန်နီကန်လ် ရဲ ့ အောက်က အယ်လ်ပိုုင်း သောက်ရေသန်မလား…..
    ဟဲဟဲ…….သိတယ်…

    • Foreign Resident

      October 21, 2012 at 1:50 am

      ” အယ်လ်ပိုုင်း သောက်ရေသန့်မလား ”

      အယ်လ်ပိုုင်း သောက်ရေသန့် မဟုတ်ဘူးကွယ့် ။
      အဘ တွေ့သလောက် သူတို့ဆီမှာ Evian အသုံးများတယ် ။

      • ကထူးဆန်း

        October 21, 2012 at 7:14 am

        အခုတော့ သိဘူး ။ အရင်တုန်းက ဆီဒိုနားလည်း Evian ကို minibar ထဲထည့်ပေးထားတယ်။

  • Hnin Hnin

    October 20, 2012 at 10:45 pm

    အကြီးဆုံးWest Field Shopping Centre ကြီးကိုပဲ မိန်းမပီပီ သွားရေယိုသွားပါတယ်ရှင့်
    အဘဖောရဲ့ ချစ်ချစ် Shopping ထွက်တာလေးတွေလည်း မစားရညှော်ခံ ဖတ်ချင်ပါ
    သေးတယ်….

    ဒါနဲ့ ဘပြောတဲ့ guard တွေရဲ့ ‘ fur hat ‘ ဆိုတာ ဝက်ဝံသားရေအစစ်နဲ့လုပ်ထားတာ
    ဆို….ဦးထုပ်က သားမွေးတွေကရော ဝံမွေးတွေပဲလား…၁၈လက်မတောင် မြင့်ပြီး ၁.၅
    ပေါင် လေးတယ်လို့ဖတ်ဖူးတယ်…(မြန်မာမှုကျပ်သားနဲ့ဆိုရင် ၄ဝသားမက ရွက်ထားရ
    တာပေါ့နော်..မချောင်ဘူး..)

    • Foreign Resident

      October 21, 2012 at 2:18 am

      အဘ တော့ အဲဒီ ဦးထုပ်ကြီးကို ကိုင်မကြည့်ကြည့်ဖူးဘူးကွယ် ။
      အဘ မိန်းမတော့ Tower of London ထဲမှာ ၊
      အဲဒီ ဦးထုပ်ကြီး ဆောင်းပြီး ဓါတ်ပုံ ရိုက်ထားတယ် ။
      လေးတယ် လို့တော့ ပြောတာပဲ ။

  • MAUNG

    October 20, 2012 at 11:15 pm

    မရောက် ဖူးတဲ့နေရာဒေသ တစ်ခုရဲ့ ဓာတ်ပုံ တွေ၊ စာတွေ ကို ရှဲ တဲ့ အတွက်ကျေးဇူးဗျာ ။ ဘက်ကင်ဟမ် နန်းတော် ထဲက ကျောက်မျက် ရတနာ တွေ အကြောင်း ဖတ်ရတော့၊ ကျွန်တော် တို့တိုင်းပြည်ကနေ မတရား ဗိုလ်ကျ ပြီးယူသွားတဲ့ ရွှေ ငွေ ရတနာတွေ အတွက်စဉ်းစားမိပြီး ရင်ထဲမှာ မချိဘူး ဗျာ …စကားမစပ် .. ဪစီ စီတီဇင် ဆို ယူကေ ကိုဗီဆာ လျှောက်ဖို့လိုလား ? ကျေးဇူး ပါ….

    • Foreign Resident

      October 21, 2012 at 1:42 am

      ” ကျွန်တော် တို့တိုင်းပြည်ကနေ မတရား ဗိုလ်ကျ ပြီးယူသွားတဲ့ ၊
      ရွှေ ငွေ ရတနာတွေ အတွက်စဉ်းစားမိပြီး ရင်ထဲမှာ မချိဘူး ဗျာ ”

      ဗမာပြည်က ယူသွားတာတွေတော့ ဟုတ်ပုံမရဘူးဗျ ။
      အဘတော့ စိန်းအလုံးကြီးတွေပဲ အများကြီး တွေ့မိတယ် ။
      သရဖူတွေ အများကြီးဗျ အကုန်လုံး စိန် အဓိကပဲ ။
      သူတို့က စိန်တွေကိုပဲ အဓိက တန်ဖိုးထားပုံ ရတယ်ဗျ ။

      အဘ ကတော့ ရင်ထဲမှာ မချိ မဖြစ်ပါဘူးဗျာ ။
      လူပုဂ္ဂိုလ် တစ်ဦးချင်း အတွက်သာ တန်ဖိုး နဲနဲ များရင်များမယ် ။
      တိုင်းပြည်နှင့်ချီပြီး စဉ်းစားတဲ့အခါမှာ ဒီ ရွှေ ငွေ ရတနာတွေက ၊
      နှစ်ပြားတစ်ပဲလောက်ပဲ တန်ဖိုးရှိတဲ့ဟာတွေပါ ။

      နောက်ပြီးတော့ မတရား ဗိုလ်ကျ ပြီးယူသွားတဲ့ ၊
      အထောက်အထားလဲ တိတိ ကျကျ မရှိလှပါဘူး ။
      အထောက်အထား ရှိရင် ပြန်တောင်းလို့ ရပါတယ် ။

      ဇတ်နာအောင် ပိုပိုသာသာ ဝါဒ ဖြန့်ထားတာတွေ ထင်ပါတယ် ။

    • Foreign Resident

      October 21, 2012 at 1:45 am

      ဩဇီ စီတီဇင် ဆို ယူကေ ကော ၊ EU ( Schengen ) ကော ၊
      ဗီဇာ လျှောက်ဖို့ မလိုပါဘူး ။

      • kai

        October 21, 2012 at 2:59 am

        ယူအက်စ်ပတ်စ်ပို့လည်း ဩဇီကို.. ဗီဇာလျှောက်ပြီးမှသွားလို့ရတယ်..။
        အပြန်အလှန်.. ဩဇီစီတီဇင်လည်း.. ယူအက်စ်ဗီဇာလိုတယ်…။
        အပြန်အလှန်ပေါ့..။
        သိသလောက် ဩဇီက.. ကမ္ဘာမှာ.. နယူးဇီလန်တနိုင်ငံပဲ…. ဗီဇာမလိုပဲပေးဝင်တယ်တဲ့..( ဟုတ်မဟုတ်မသိ)

        ယူအက်စ်ကိုဗီဇာမလိုပဲ.. လာလို့ရတဲ့နိုင်ငံတွေရှိပါတယ်..။
        အောက်မှာ.. စာရင်း..။
        Citizens of 37 countries are eligible for visa-free entry into the United States under the VWP: State Department Visa Waiver Country List[3] and DHS country list.[4]
        http://en.wikipedia.org/wiki/Visa_Waiver_Program

      • Foreign Resident

        October 21, 2012 at 10:20 am

        ” သိသလောက် ဩဇီက.. ကမ္ဘာမှာ.. နယူးဇီလန်တနိုင်ငံပဲ…. ဗီဇာမလိုပဲပေးဝင်တယ်တဲ့ ”

        ဘာဖြစ်လို့လဲဆိုတော့ ၊
        အရင်က နယူးဇီလန်နိုင်ငံ ဟာ ၊
        အဘ အခုနေနေတဲ့ နယူးဆောက်ဝေးလ် ပြည်နယ်ရဲ့ ၊
        လက်အောက်ခံ ဒေသတစ်ခု ဖြစ်ခဲ့ဘူးလို့ ၊ သူကြီးရဲ့ ။

        New Zealand, originally part of the colony of New South Wales,
        became a separate Colony of New Zealand on 1 July 1841.

        လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်အထိ နယူးဇီလန်နိုင်ငံသားတွေ ၊
        ဩဇီမှာ လာနေရင် ၊ ဩဇီအစိုးရက ၊
        အလုပ်လက်မဲ့ ထောက်ပံ့ကြေးပါပေးတာ ။
        ဩဇီ နိုင်ငံသားလောက်နီးနီးကို ယူဆထားတာ ။

  • kyeemite

    October 21, 2012 at 9:24 am

    ရေခဲသေတ္တာကို auto ထိန်းတာ တော့မတွေ့ကြုံဖူးသေး…
    အလကားသောက်လို့ရတဲ့ ရေဗူးနဲ့ ပိုက်ဆံပေးရတဲ့ရေဗူး
    မှားသောက်မိလို့ ပိုက်ဆံရှင်းလိုက်ရဖူးပါရဲ့…
    ကျုပကလည်း ဟော်တယ်တစ်ခုတည်းမိရင် ကိုရင်FR လိုဘဲ
    လက်မြောက် ခြေမြောက် လျှောက်ကိုင်ကြည့်တတ်တော့…
    နောက်ဆိုသတိထားရမယ်ဗျို့..သင့်ခရုပါ :harr:

  • MaMa

    October 21, 2012 at 11:00 am

    င်္FR ရေ-
    ပြန်မရနိုင်တော့မယ့် အချိန်တွေအတွက် ဓာတ်ပုံနဲ့ မှတ်တမ်းတင်လာခဲ့လို့ (ခွက်ဒစ်တူမောင်ဂီ)
    ငွေမကုန်ကြေးမကျပဲ ထိုင်လျှက်နဲ့ ကမာ္ဘပတ်လိုက်ရတယ်။ :hee:
    ခင်မောင်ထူးက ဖြစ်စေချင်တဲ့စေတနာနဲ့ ဆိုထားတဲ့ မြန်မာပြည်ကတိုးရစ် ဆိုတဲ့ သီချင်းလေးဟာ ခုခေတ်မှာ ဖြစ်လာနိုင်ခဲ့ပြီဆိုပြီး FR ပြန်ရောက်မယ့် ရက်နဲ့တိုက်ပြီး ပိုစ့်ရေးဖို့ စိတ်ကူးထားတာ။
    စိတ်သွားတိုင်းကိုယ်မပါလို့ ဖြစ်မလာခဲ့ဘူး။ :buu:
    အဲဒီလိုပဲ ထွန်းအိန္ဓြာဗိုရဲ့ `ဟောလီဝုဒ်စတား ဘယ်သူလဲ´ ဆိုတဲ့ သီချင်းလေးလည်း ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ……… :hee:

  • padonmar

    October 21, 2012 at 7:03 pm

    FR
    Shopping Center ထဲက LV ဆိုင်ကြီး တွေ့လိုက်တယ်။ပြည်ထဲရေးဝန်ကြီးကို လာဘ်ထိုးလိုက်ရဲ့လား။
    Paccadily Circus ဆိုတာ ဟိုအရင် ဆရာတင့်တယ် BBCမှာလုပ်တုံးက ရည်းစားအဖြူမလေးနဲ့ ချိန်းတွေ့နေကျနေရာဆိုပြီးဖတ်ဖူးတယ်။
    နောက်ပိုင်းတော့ အင်္ဂလန်သွားတောလားတွေကို လူကြီးမကြိုက်လို့လားမသိ သိပ်မတွေ့ရတော့ဘူး။
    နုနုရည်(အင်းဝ) ရဲ့ ဆောင်းပါးတော့ ဖတ်ဖူးသလိုပဲ။
    ဓာတ်ပုံထဲတွေ့တော့လည်း ဒို့ ဟံသာဝတီအဝိုင်းလောက်တောင် မကြိးပါလား။(ကိုယ်နိုင်ရာနဲ့ ပြန်ကြွားရတာလေ)
    ရေခဲသေတ္တာကိုစပ်စုလို့ ငါးပါးမှောက်တဲ့ ကိုစပ်စုအကြောင်းဖတ်ရတာ ဆရာအတ္တကျော်ရဲ့ တောသားလည်းဟုတ်နိုင်ပေါင်ခင်ရယ် ဆိုတဲ့ စာအုပ်လေး သတိရမိတယိ။
    သူက မလေးကိုခရီးသွားပြီးပြန်လာတော့ သူများတိုင်းပြည်တွေနဲ့ ယှဉ်ပြီး ကိုယ့် မြန်မာပြည်တွက် စိတ်မကောင်းခြင်းကြီးစွာဖြစ်လိုက်မိလို့ ဘယ်မှတောင် ထပ်မလည်တော့ပဲ ပြန်ချလာတော့တယ်တဲ့။
    ခရက်ဒစ်တွေ ဒက်ဘစ်တွေလည်း ဖတ်ချင်ပါတယ်ဗျို့။

    • အရီးခင်လတ်

      October 21, 2012 at 10:03 pm

      မယုံမရှိ နဲ့ အစ်မပဒုမ္မာ ရေ
      ကျွန်မတော့ LV ဆိုတာကို သူငယ်ချင်းတစ်ယောက် ဒီကို အလည်လာတော့ သူက LV ဝယ်ဖို့ နဲ့ ဝင်ဘယ်လ်ဒန် သွားကြည့်ဖို့ အရေးကြီးဆုံး လို့ ပြောမှ LV ဆိုတာ နာမည်ကြီးအိတ် လို့ သိလိုက်ရတာ။
      အရင်က မသိခဲ့၊ မမြင်ဖူးခဲ့ပါဘူး။
      ကိုယ့်မှာလဲ အခုထိ နာမည်ကြီး အိတ်တစ်လုံးမှ မရှိပါဘူး။
      :kwi:

    • Foreign Resident

      October 22, 2012 at 5:58 am

      ” Shopping Center ထဲက LV ဆိုင်ကြီး တွေ့လိုက်တယ်။
      ပြည်ထဲရေးဝန်ကြီးကို လာဘ်ထိုးလိုက်ရဲ့လား ”

      မနောက်ပါနှင့် မ padonmar ရေ ။

      ၁ ။
      အင်္ဂလန်ဟာ ဥရောပမှာ ဈေးအကြီးဆုံး တိုင်းပြည်ထဲမှာ ပါပါတယ် ။
      အဲဒီတော့ ဝယ်စရာရှိရင် ဥရောပမှာ ဝယ်မှာပေါ့ ၊ အင်္ဂလန်မှာ ဘယ်ဝယ်မလဲ ။

      ၂ ။
      L V ဟာ ပြင်သစ်နိုင်ငံ Paris မြို့ အခြေစိုက် ပြင်သစ် Brand ပါ ။
      ပြင်သစ်နိုင်ငံ မှာ ဈေး အပေါဆုံးပါ ။
      L V is a French fashion house founded in 1854 by Louis Vuitton.

      ထိုနည်းတူစွာ
      Prada ဟာ အီတလီနိုင်ငံ မြို့ အခြေစိုက် အီတလီ Brand ပါ ။
      အီတလီနိုင်ငံ မှာ ဈေး အပေါဆုံးပါ ။
      Prada was founded by Mario Prada in Milan in 1913.

      Gucci ဟာ အီတလီနိုင်ငံ Florence မြို့ အခြေစိုက် အီတလီ Brand ပါ ။
      အီတလီနိုင်ငံ မှာ ဈေး အပေါဆုံးပါ ။
      Gucci was founded by Guccio Gucci in Florence in 1921.

      အဲဒါကြောင့် ၊ အဘ က သူနှင့်သက်ဆိုင်ရာ တိုင်းပြည်တွေမှာပဲ ၊
      Louis Vuitton, Prada နှင့် Gucci တို့ကို ဝယ်ယူပြီး ၊
      အဘ ဘဝ ရဲ့ ပဲ့ကိုင်ရှင် Home Minister ကို ဆက်သခဲ့ရပါတယ် ။
      အရီးခင်လတ် တို့ရဲ့ ဈေးကြီးတဲ့ အင်္ဂလန်မှာ ဘာမှ မဝယ်ခဲ့ပါဘူး ။

      By the way, အရီးခင်လတ် ရေ ၊
      ကျနော့်ရဲ့ London Pass နှင့်က ၊
      ဝင်ဘယ်ဒန် တင်းနစ်ကွင်း Tour ခရီးစဉ် ပါတယ်ဗျ ။
      ကျနော်က တင်းနစ် သိပ်စိတ်မဝင်စားလို့ သွားမကြည့်တာ ။

  • အရီးခင်လတ်

    October 21, 2012 at 9:58 pm

    အဘဖော ရေ

    တောမှာနေတဲ့ သူ ရန်ကုန် ရောက်ခဲ သလို ကျွန်မ လဲ လန်ဒန် ကို လက်တဖက်ထဲ နဲ့ လက်ချိုး ရေ လို့ ရအောင်ဘဲ ရောက်ဖူးတာ မို့ အဘဖောဆီက ဒေသန္တရ ဗဟုသုတ တွေကို မှတ်သားသွားပါတယ်၊

    ရေခဲသေတ္တာထဲ က ပစ္စည်းကို နေရာရွေ့တာ နဲ့ ပိုက်ဆံ ဖြတ်တာ ကိုလဲ အခုမှ ကြားဖူးပါ့။
    အဲဒီလို ဟော်တယ်တွေ မှာ က သူဌေး တွေဘဲ တည်းတော့ တော်ရုံလဲ ကွန်ပလိမ့်လုပ်မနေတာ မို့ လဲဖြစ်မယ်။ 😉

    ဒီမှာက မလိမ့်တပါတ်ဈေး တွေပြပြီး ရောင်းတာ ထုံးစံပါဘဲ။
    ကွန်ပလိမ့်သွားလုပ်လဲ ဘာမှမပြောဘဲ ပိုက်ဆံပြန်အမ်း တာလဲ သူတို့ ထုံးစံပါ။
    မနေ့ကတင် စူပါမာ့ကက်မှာ ဝက်သားပေါင်သားတုံးတွေ half price £4.99 ဆိုပြီး စာအကြီးကြီး နဲ့ ကပ်ထားတာ။ တကယ်တော့ £4.99 က ပေးရမဲ့ price မဟုတ်ဘူး။
    တစ်ကီလို ဈေးကိုပြောတာ။
    အမှန်ဈေးက ၁၂ပေါင်ကျော်။

    တစ်ချို့လဲ ဥပမာ – Branded Bag From £5 ဆိုပြီးရှိသေး။
    အမှန်က £5 ဆိုတာ အကြွေအိတ်တွေ ဖြစ်နေတာ။
    From ဆိုတာက စာလုံးသေးသေးလေး။ 😆

    ခရက်ဒစ်ကဒ် ကတော့ ပိုက်ဆံသယ် စရာမလိုဘဲ သွားနိုင်တာက တော့ အကောင်းဆုံးအချက်ပါဘဲ။
    အဆိုးဆုံးကတော့ ပစ္စည်းတွေ ကို အချင့်အချိန် မရှိဘဲ စွပ်ဝယ် နိုင်တာဘဲ။
    အချိန်ကျလို့ ကိုယ်ပြန်မဆပ်နိုင်ရင် ပေးရမဲ့ အတိုးက အရမ်းများ၊
    နောက်ပိုင်း တိုးရင်းပေါင်း နဲ့တင် လုံးခြာလည်လိုက်ပြီး ကြွေးသိမ်း သမားတွေ နဲ့ တွေ့ရော။

    မြန်မာပြည် ကတော့ ဒက်ဘစ်ကဒ် နဲ့ စသင့်သလားပါဘဲ။
    ဒက်ဘစ်ကဒ် ကတော့ ကိုယ့် ဘဏ်စာရင်းမှာ ပိုက်ဆံရှိ မှ သုံးလို့ရတာကိုး။

    ဝမရှိဘဲဝိလုပ်ဖို့၊ သူများကို ဝင့်ကြွားဖို့ လွယ်ကူတဲ့ သူဆိုရင်တော့ အလွယ်ရနိုင်တဲ့ ပိုက်ဆံတွေ ကို ပြန်ဆပ်ရမှာ ဆိုတာ မတွေးတော့ ဘဲ သုံးမိကြဖို့ များပါတယ်။
    အဲဒီအတွက် မြန်မာနိုင်ငံက ဘဏ်တွေဘက်ကလဲ အဲဒီလိုမျိုး ပြသနာတွေ ဖြစ်လာရင် ဘယ်လိုဖြေရှင်းမယ် ဆိုတာကို ကိုယ့်ရဲ့ customer တွေကို ရှင်းရှင်းလင်းလင်း အသိပေးထားသင့်ပါတယ်။

    အဓိကကတော့
    လုပ်ငန်းရှင်တွေဘက်က သတင်းအချက်အလက် တွေ ကို ဖြစ်နိုင်သမျှ များများပေးဖို့
    Customer ဘက်ကလဲ သတင်းအချက်အလက် တွေ ကို ဖြစ်နိုင်သမျှ နားလည်အောင်လုပ်ဖို့
    အစိုးရ ပိုင်းကလဲ ဆိုင်ရာ တွေအတွက် ပြည်သူလူထု ကို ပညာပေး ဗဟုသုတများ နဲ့ ထိရောက်အောင် လုပ်ဖို့
    အဲဒါလေးတွေ ကို စဉ်းစားမိပါရဲ့။

    တောလား ဇာတ်လမ်းတွဲ တွေ နဲ့ တွဲလာမဲ့ အိတ်တွေ ကို မျှော်နေပါတယ်။ :harr:

    • Foreign Resident

      October 22, 2012 at 6:14 am

      ” တော်ရုံလဲ ကွန်ပလိမ့်လုပ်မနေတာ မို့ ”

      မှန်လိုက်လေ ၊ အရီးလတ်ရယ် ။
      ကျနော်လည်း အရှက်ကွဲခံပြီး Complaint မလုပ်ချင်တာနှင့် ၊
      သူတို့က ကျနော့် Account ထဲက ၁၂ ပေါင်ခွဲ ဖြတ်လိုက်တယ်လေ ။
      ထမင်း တစ်နပ်စာနှင့်တော့ မပြောတော့ပါဘူး ဆိုပြီး ခံလိုက်တယ်လေ ။

  • မိုချို

    October 22, 2012 at 12:59 pm

    အဘဖောရေ
    ခရီးသွား ဝါသနာအိုး မိုချို့ အတွက်တော့ မစားရ ညှော်ခံ ၊ သားရေ ယို ရတဲ့ ပိုစ့် တွေ ပါပဲ။ ရေခဲသေတ္တာ ဗဟုသုတ ကို မှတ် သွားတယ်။ တချိန်မှာ ( ထီပေါက်ခဲ့ ရင်) ကိုယ်လည်း အဲလို ဟော် တယ် တွေ မတည်း ဖြစ်ဘူး လို့ မပြော နိုင် ဘူး၊ ဆိုတော့ ဟိုတယ် တွေ ရောက်ရင် ရာက်ရာက်ချင်း အေး ပြီး သား ဗူးတွေ ယူသောက်၊ ဈေး ကြီးလို့ ကိုယ်က ပွမ် ရင် ရင် အစား ပြန် ဝယ် ထည့် ခဲ့ လိုက် မှာပေါ့ ဆိုတဲ့ အိမ် က လူ ကို ပြောပြ စရာ ရ သွား ပြီ။

  • padonmar

    October 23, 2012 at 9:15 pm

    အဘရေ
    ဒီနေ့ထုတ်တဲ့ Health Digest ထဲမှာ အမရာ(ဆေး၁)ရဲ့ အိုဂျီများနှင့်ခရီးသွားခြင်းဆောင်းပါးထဲ
    ဟောင်ကောင်က Excissior Hotel မှာ တီဗွီကို လိုင်းပြောင်းကြည့်ရင်း အခပေးရမယ်ံ့လိုင်းပေါ်လာလို့ ခလုတ်ပိတ်လိုက်ပါတယ်တဲ့။
    အဲဒါကို Check out လုပ်ချိန်မှာ $ 100 ဖြတ်မယ်လုပ်လို့ သွားရှင်းပြမှ ကွန်ပျူတာကနေပြန်စစ်ပြီး ငွေပြန်လျှော့ပေးလိုက်တယ်လို့ပါလာပါတယ်။
    ခရီးသွားမယ့်သူတွေ သတိချပ်ဖို့ပါ။

    • Foreign Resident

      October 24, 2012 at 1:08 am

      ” Check out လုပ်ချိန်မှာ $ 100 ဖြတ်မယ် ”

      အသာလုပ်ပါ မ padonmar ရယ် ။
      HK$ 100 = US$ 15 ဖြစ်ပါလိမ့်မယ် ။

  • Mr. MarGa

    December 13, 2012 at 5:34 pm

    အဘဖော ရေ
    အင်္ဂလန် ဆိုတော့ ဦးမာဃ စာနဲ့တော့ ရောက်ဖူးသား
    သိပ္ပံ မောင်ဝ ရဲ့ အောက်စဖို့ဒ် တက္ကသိုလ် ခရီးသွား မှတ်တမ်းလေ
    အဲဒီထဲမှာ ပြောထားတာက
    သူတို့ဆီမှာ အလကားသက်သက် တောင်းစားလို့ မရဘူးတဲ့
    တစ်ခုခု (ဥပမာ တယော ထိုးတာမျိုး ဂစ်တာ တီးတာမျိုး ) လုပ်ပြီး တောင်းရတယ်တဲ့
    မြန်မာမှာလဲ အဲလိုဆို ကောင်းမလား စဉ်းစားမိပေါ့

Leave a Reply