ရှုခင်းသာ အပန်းဖြေဥယျဉ်

ac051126October 20, 20121min1145

ရှုခင်းသာ အပန်းဖြေဥယျဉ်

ရှုခင်းသာ အပန်းဖြေဥယျာဉ်အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ လုပ်ဆောင်ရန် အကြောင်းပြချက်ဖြင့် ပြင်ပ
ပုဂ္ဂလိက ကုမ္ပဏီ (မီဒီယာဝမ်း ကုမ္ပဏီ) နှင့် ညှိနှိုင်း၍ လုပ်ငန်းများ ဆောင်ရွက်စေရန် ရန်ကုန်မြို ့တော် စည်ပင်သာယာရေး
ကော်မတီ အကြီးအကဲများ၏ အစီအမံဖြင့် လုပ်ဆောင်စေခဲ့ ပါသည်။
ယင်းသို ့စီမံဆောင်ရွက်ရာတွင် မီဒီယာဝမ်းကုမ္ပဏီနှင့် ကစားကွင်းငွေရလုပ်ငန်း (ကစားနည်း) ကန်ထရိုက်
ဒေါ်မေသန်းနွယ် (ဒဂုံမြို ့နယ် လွှတ်တော်ကိုယ်စားလှယ်) တို ့နှစ်ဦး သဘောတူညှိနှိုင်း၍ နစ်နာမှု ရှိသည်များအတွက်
နစ်နာမှုငွေကြေးတန်ဖိုးအား ပြေလည်အောင် လိုက်လျောဆောင်ရွက်ပေးခဲ့သော်လည်း ကျနော်/ကျမ တို ့၏ ဌာနဝင်ငွေရ
ဆိုင်ခန်းများ၏ နစ်နာမှုများအား လျစ်လျူရှုချန်လှပ်ခဲ့ပါသည်။ ကျနော်/ကျမ တို ့၏ ဌာနဝင်ငွေရဆိုင်ခန်းများသည်
(၁၉၉၆) ခုနှစ် ဆိုင်ခန်းတည်ဆောက်စရီ (၁ဝ ပေ x ၂ဝ ပေ) တစ်ခန်းလျှင် ၂၅၀၀၀/ိ ပေးသွင်းစေ၍ လစဉ်၊
နှစ်စဉ် ဆိုင်လစာ အခွန်အခများ ပေးဆောင်ရောင်းချလာခဲ့သည့် ဆိုင်ခန်းများ ဖြစ်ပါသည်။ ရှုခင်းသာ ပန်းခြံဝန်းအတွင်းရှိ
နစ်နာသူများအနက် ပြေလည်အောင် ညှိနှုင်းဆောင်ရွဂ်ပေးမှုသည် လိုက်သည့် အပိုင်းအား လိုက်လျောခွင့် ပြုပြီး
လျစ်လျူရှုသည့် အပိုင်းအား ညှိနှိုင်း ဆောင်ရွက်ခြင့်းမရှိသည့်အတွက် ခွဲခြားချန်လှပ်ခြင်းခံရသူများဘက်မှ လွန်စွာ နစ်နာမှု
ရှိပါသည်။
နိုင်ငံတော်သမ္မတကြီးက ပြည်သူလူထု၏ စားဝတ်နေရေးအဆင်ပြေစေရန်၊ တစ်ဦးခြင်းဝင်ငွေ တိုးတက်ရရှိစေရန်၊
ဆင်းရဲမွဲတေမှု လျော့နည်း ပပျောက်စေရန် အဓိကရည်ရွယ်၍ ဆောင်ရွက်ကြရန် လမ်းညွှန်မိန် ့ကြားချက်များ၊ မိန် ့ခွန်း
များတွင် အလျဉ်းသင့်သလို မကြာခဏပြောကြားခဲ့ပါသော်လည်း အဆိုပါ ရန်ကုန်မြို ့တော စည်ပင်သာယာရေးကော်မတီ၊
ပနးဥယျာဉ်နှင့် အားကစားကွင်းများဌာနအကြီးအကဲများနှင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီလူကြီးများသည် နိုင်ငံ
ခေါင်းဆောင် သမ္မတကြီး၏ အထူးလမ်းညွှန်မှာကြားချက်များကို မျက်ကွယ်ပြု၍ ပြည်သူ၊ ပြည်သားများဖြစ်ကြသော
ပန်းခြံဆိုင်ခန်းများ၏ မိသားစုများ စားဝတ်နေရေးဒုက္ခရောက်ပြီး အလုပ်လက်မဲ့ဆင်းရဲမွဲတေစေရန် ရည်ရွယ်ဆောင်ရွက်
သကဲ့သို ့ ဖြစ်နေပါသည်။
သို ့ဖြစ်ပါ၍ လုပ်ငန်းတစ်ခုအတွင်း နစ်နာရသူများအချင်းချင်း ခွဲခြားညှိနှိုင်းမှုရှိပါသဖြင့် ကျနော်/ကျမ တို ့၏
ဆိုင်ခန်းများနှင့် အသစ်တာဝန်ယူတည်ဆောက်မည့် ကုမ္ပဏီတို ့ စေ့စပ်ညှိနှိုင်းပေးပါရန် ရိုသေလေးစားစွာ အသနားခံ
တင်ပြခဲ့သော်လည်း (၃၁-၇-၂၀၁၂) နေ ့မှစ၍ ပန်းခြံလုပ်ငန်းများ ရပ်ဆိုင်းထားပြီး (၂၆-၉-၂၀၁၂) ယခုအချိန်အထိ
စေ့စပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ ပန်းခြံအဆင့်မြင့်လုင်ငန်းများ ဆောင်ရွက်ခြင်း အလျဉ်းမရှိဘဲ ရပ်တန်းနေပါသဖြင့် ထပ်မံ၍
လေးစားစွာ အသနားခံတင်ပြအပ်ပါသည်။

 

Title Added By Mod #2

5 comments

  • အိမ်း …
    ငါ ကိုယ်တော် ဖြေရှင်းပေးတော် မူမည် ..
    လောလောဆယ်တော့ …
    ညောင်းညာတော် မူလို့ နှိပ်ခိုင်းနေဒယ် ..
    အားသေးဘူး … :mrgreen:

    • Khaing Khaing

      October 22, 2012 at 4:13 pm

      ဒါဆိုလည်း လမ်းခင်းဖို့ ကျောက်တွေ ကတ္တရာတွေ မရသေးလို့ … ပိုနေတဲ့ လမ်းကျိတ်စက်ကားကြီးလွှတ်လိုက်မယ်နော် ကိုကြီးအံ ….

  • သစ် တည်

    October 20, 2012 at 5:23 pm

    ဝုုတ်ဒယ် မခံနဲ ့ ဘယ်လုုပ်ချင်တိုုင်းလုုပ်တာ…..
    ဒါထိထိရောက်ရာက် ကိုုလုုပ်ရမှာ…..

  • ကိုသင်း

    October 21, 2012 at 9:36 am

    ပေါက်ကရ ကျောနဲ ့ဂျာ
    တားတားတို ့စည်ပင်ကို
    ဒိနိုပဲ အမဲနုပ်နေကြဘဲဟာ
    ခုမ အထူးအချန်းလုပ်နေတယ်
    တောက်ရှက်ကို မရှိဘူး

  • cobra

    October 21, 2012 at 3:14 pm

    ဖြစ်ရမယ်
    ဘယ်တော့မှ ဒီလိုကိစ္စတွေမကြားရတေ ာ့မှာလဲ။

Leave a Reply