အဖေ…လား ? အမေ…လား ? ဆုံးမပေးပါ

myanmar oscarOctober 21, 20121min14012

 

အဖေ့သမီးအတွက်
သမီးအတွက်..ဖခင်ရဲ ့ဥပမာကောင်းလေးတစ်ခု………….

ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။
အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျ ီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။ ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။
သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁ဝ ခေါက်အထိ ဆိုလာပြန်တယ်။
ထိုအခါ သမီးဖြစ်သူက ၁ဝခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။
အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁ဝ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။

ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။ ၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။
အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့… ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။
အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား…
” ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး..”
သမီးတို့ရဲ့ အပျိုစင်ဘဝကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။

ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား*
တန်းဖိုးသိမှ တန်ဖိုးရှိတယ်…
တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်…
တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ….
အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ…..
ဒီဆုံးမစာလေးကို ကျွန်တော်အမှတ်မထင်တွေ့လိုက်မိတာပါ။ ကျွန်တော်အထင်ပြောရရင်တကယ်ကောင်းပြီးအသက်ဝင်လှတဲ့စာတိုစာစုလေးပါ၊အင်မတန်တန်ဖိုး

ရှိပါတယ်။Myanmar express.net ဆိုဒ်မှ ကူးယူဖော်ပြပေးတာဖြစ်ပါတယ်။ စာမူရှင်ရဲ့နာမည်ကိုတော့မတွေ့ရတဲ့အတွက်ဖော်မပြနိုင်တာတောင်းပန်ပါတယ်။ ဒါပေမဲ့ သူ(စာမူရှင်) ရေးထားတာ ဆုံးမသူကအဖေဖြစ်နေတယ်၊

အမေလို့ပြောင်းလိုက်ရင်ကောင်းမလားလို့ပါ။စာမူရှင်ကိုတော့အထူးလေးစားပါတယ်နော်……။

ကဲ….ကျွန်တော်တို့ ရွာသူ/ရွာသား အပေါင်းတို့ရော ဘယ်သူ့ကိုဆုံးမခိုင်းမလဲ…….

အဖေကိုလား ?….အမေကိုလား ?….

12 comments

  • ဒီရွာထဲမှာ လွန်ခဲ့သောနှစ်နှစ်ကျော်က စာရေးသူ ကိုငှက်ကြီး ရေးသားခဲ့ဖူးတာကို ပထမဦးဆုံးအနေနဲ့ ဖတ်ဖူးခဲ့ကြောင်းပါ

  • myanmar oscar

    October 21, 2012 at 2:08 am

    ကျေး…ကျေ..ပါဗျာ၊
    အဆုံးအမပေးပုံလေးကိုကြိုက်နှစ်သက်လို့ကူးယူတင်လိုက်တာပါ။
    အခုခေတ်မြန်မာမိန်းကလေးတွေ အလွန်ဖတ်သင့်ပါတယ်။
    နီးစပ်ရာလေးတွေကိုပြန်လည်ပြီး မျှဝေပေးပါဦး (နာမည်ခေါ်ရတာမောတယ်) ကို လူရေ။

  • kai

    October 21, 2012 at 2:50 am

    တမတ်စေ့ဆိုတာ.. (အနည်းဆုံး အဖေကသိထားပြီးကြီးမို့.. ) တမတ်ကို.. တမတ်နဲ့တန်အောင်..(ပိုဖြစ်နိုင်ရင်) တမတ်ကို.. တကျပ်အဖြစ်မြင်အောင်.. ဘယ်လိုအသုံးချမယ်.. သမီးကိုသင်ပေးသင့်တာပေါ့..။
    ဆိုတော့…
    အိန္ဒိယမှာ.. မိန်းကလေးတွေ.. ၉နှစ်သမီးလောက်နဲ့.. ယောက်ျားဖြစ်မဲ့သူအိမ်မှာ.. အပျိုဖြစ်မယ့်အချိန်စောင့်ရင်.. သတို့သမီးလောင်း ဖြစ်နေတာတွေရှိတယ်..
    ယူအက်စ်မှာတော့.. အောက်မှာစာရင်းဇယားရှိတယ်..။

    Percent of teens who claim to have had sex, by age[17]
    Age /Boys /Girls
    14 /7.9% /5.7%
    15 /14.6% /13.0%
    16 /25.3% /26.8%
    17 /39.4% /43.1%
    18 /54.3% /58.0%
    19 /65.2% /70.1%
    http://en.wikipedia.org/wiki/Adolescent_sexuality_in_the_United_States

  • the best

    October 21, 2012 at 9:07 am

    အခုခေတ်မှာ ပွင့်လင်းလာတာတွေကြောင့် အဖေကသမီးကို ပညာပေးဆုံးမတာမဆန်းပါဘူး။

    ကျွန်တော်ကြားဘူးတဲ့ဖြစ်ရပ်မှန်တစ်ခုပြောပြပါ့မယ်။
    နိုင်ငံခြားပညာသင်သွားမဲ့သမီးကို အဖေက ပညာရေးကိုဦးစားပေးပါ။
    သမီးကအရွယ်ရောက်နေပြီမို ့အရာရာကို အသိ၊သတိနဲ ့ဆင်ခြင်ဆုံးဖြတ်ပါ။
    အချစ်နဲ ့ပတ်သက်လာရင်မမှားရလေအောင် ထိန်းသိမ်းပါ။
    မလွဲမရှောင်တာလို ့စိတ်အလိုလိုက်မှားမယ်ဆိုရင် ဒါလေးကိုဆောင်ဖို ့မမေ့ပါနဲ ့ဆိုပြီး
    “ကွန်ဒုံး”ကို သမီးလက်ထဲပေးခဲ့တယ်။ ဒါကိုမဖြစ်သင့်ဘူးလို ့ပြောလို ့ရပါ့မလား။

    အခုခေတ်မှာ လိင်ကိစ္စနဲ ့ပတ်သက်လာရင်“သမီး”ကိုသာမက “သား”ကိုပါပညာပေးရပါ့မယ်။
    “ကျား” က “မ” ကို မြူဆွယ်သလို၊ “မ” က လည်း “ကျား” ကို မြူဆွယ်ကြတာတွေ တွေ ့နေရပါတယ်။
    “မ” ဖက်ကနစ်နာတာရှိသလို၊“ကျား” ဖက်ကလည်းနစ်နာတာတွေရှိတာပဲ။
    မိဘတိုင်းဟာ ကိုယ့်သားသမီးကို မသင့်တော်တဲ့သူနဲ ့ဖြစ်သွားမှာ စိုးရိမ်ကြတာပါပဲ။

    ဒါကြောင့် သားသမီးကို ဆုံးမ ပညာပေးတာ မိဘနှစ်ပါးလုံးက တာဝန်ယူသင့်ပါတယ်လို ့ ပြောပါရစေ။

  • Foreign Resident

    October 21, 2012 at 9:54 am

    kai says:
    ” တမတ်ကို.. တမတ်နဲ့တန်အောင်..
    ( ပိုဖြစ်နိုင်ရင် ) တမတ်ကို.. တကျပ်အဖြစ်မြင်အောင်..
    ဘယ်လိုအသုံးချမယ်.. သမီးကိုသင်ပေးသင့်တာပေါ့ ”

    သူကြီးရဲ့ ။

    ( အပျိုစင် ဘဝ ကို တစ်မတ် တန်တယ် ထားပါတော့ )
    အခုလည်း ကောင်မလေးအဖေ က ၊
    သူ့သမီးရဲ့ အပျိုစင်ဘဝ ( တစ်မတ်တန်လေး ) ကို ၊
    တစ်ကျပ်တန်တယ် လို့ ထင်ရအောင် ( ထင်ရအောင် )
    လုပ်နည်းကို ပြနေတာ မဟုတ်ဘူးလား ။

    ယောက်ျားလေးဘက်က အမြင်ကို ပြောရရင်တော့ ၊
    တစ်မတ်တန်တဲ့ အပျိုစင်ဘဝ ကို တန်ရာတန်ကြေး တစ်မတ်ပဲ ပေးနိုင်ပါတယ် ။
    တစ်မတ်တန်တဲ့ အပျိုစင်ဘဝ ကို တစ်ကျပ်တန်တယ်လို့ ၊
    ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ထားတာကို ၊
    ၁ ။ မရိပ်မိပဲ တစ်ကျပ်ပေးပြီး ဝယ်စားရင်သော်၎င်း ။
    ၂ ။ ရိပ်မိရဲ့သားနှင့် တစ်ကျပ်ပေးပြီး ဝယ်စားရင်သော်၎င်း ။
    အဲဒီ ယောက်ျားလေးဟာ ပညာမဲ့ လူညံ့ ဖြစ်ဖို့များပါတယ် ။

    အဲဒီ ပုံပြင်က ၂ဝ ရာစုနှင့်ပဲ ကိုက်တဲ့ ပုံပြင်ပါ ။
    ၂၁ ရာစုမှာ ယောက်ျားလေးတွေ အဲလောက် မတုံးတော့ပါဘူး ။
    တစ်မတ်တန်ကို တစ်မတ်ပဲ ပေးနိုင်ပါတယ် ။

    အဲဒါကိုမှ ဈေးတင်ပြီး ရောင်းချင်သေးရင်တော့ ၊
    ၁ ။ ဝယ်မယ့်သူ နည်းပါမယ် ။
    ၂ ။ ဝယ်မယ့်သူ ဟာလည်း ခပ်တုံးတုံး ကိုပဲ မျှော်မှန်းလို့ရပါတယ် ။
    ၃ ။ အပျိုကြီး ဖြစ်သွားပါလိမ့်မယ် ။

  • မိုးသောက်ချိန်

    October 21, 2012 at 2:45 pm

    တစ်မတ်ပေးရင်
    တစ်သက်ကျွေးမယ် …. 😆
    (မှတ်ချက်။ ကယ်ဆီယမ်ကွေကာသောက်သုံးကြပေါ့)

  • cobra

    October 21, 2012 at 3:07 pm

    ခုခေတ်ထဲမှာလားအသက်လေးက ၁၅နှစ်ကျော်ကျော်လေးရယ်
    ပြောတဲ့စကားက ကိုရယ်….ကိုနဲ့ရတဲ့ရင်သွေးလေလိုချင်လိုက်တာတဲ့
    ရင်သွေးလေးရအောင်လုပ်ပေးပါတဲ့ ဘယ်လိုလုပ်ကြမလဲ။

  • kai

    October 21, 2012 at 3:35 pm

    တမတ်တောင်ပေးစရာမလိုတဲ့အနေအထားကိုရောက်သွားမယ်ဆိုရင်ကောဗျာ???????????????

    ခုခေတ်ထဲမှာလားအသက်လေးက ၁၅နှစ်ကျော်ကျော်လေးရယ်
    ပြောတဲ့စကားက ကိုရယ်….ကိုနဲ့ရတဲ့ရင်သွေးလေလိုချင်လိုက်တာတဲ့
    ရင်သွေးလေးရအောင်လုပ်ပေးပါတဲ့ ဘယ်လိုလုပ်ကြမလဲ။

    အပေါ်ကဆွေးနွေးရေးတာလေးတွေ..ဖတ်ရတော့.. အတွေးတမျိုးဖြစ်လာမိလို့ပါ..။
    အဘဖောပြောတာလေးကလည်း.. ကောင်းတယ်..။

    ဆိုတော့..
    မြန်မာလူငယ်တွေ ကမ္ဘာတန်းဝင်ဖြစ်အောင်.. လူကြီးဖြစ်ပြီဆိုတဲ့.. အသက်သတ်မှတ်ချက်ကို.. legal adults ကို..မြန်မာပြည်မှာ.. ဥပဒေနဲ့ပြဌာန်းသင့်တယ်ထင်မိတယ်..
    ရှိပြီးရင်လည်း.. သေသေချာချာ..အသက်ဝင်အောင်လုပ်သင့်တယ်ထင်မိတယ်..
    အောက်မှာ ကမ္ဘာကသတ်မှတ်တဲ့..အသက်တွေပါတဲ့..ဝိကီလင့်ခ်..
    အများအားဖြင့်.. ၁၈နှစ်ပါ..
    မြန်မာပြည်ထဲ.. တိုင်းရင်းသားနယ်တွေ..legal adults အသက်သတ်မှတ်ချက် အသက်ငယ်ဖို့လိုမယ်ထင်မိတယ်.
    ပြည်ထောင်စုထဲလည်း.. လူဦးရေနည်းနေတာမို့.. ၁ရနှစ်လောက် အများဆုံးလုပ်သင့်တယ်ထင်တာပဲ..။

    အဲဒီအသက်အောက်ကို.. မိုင်နာသတ်မှတ်ပြီး.. မိုင်နာနဲ့.. ကာမဆက်ဆံသူတွေကို.. ဘဝတသက်တာ..ကျန်ရစ်တဲ့.. ရာဇဝတ်မှုချပေးလိုက်ရင်.. လုံလောက်ပြီထင်တာပါပဲ..
    အဲလိုအသက်သတ်မှတ်ချက်အဆင့်ဆင့်နဲ့.. လုပ်လာရင်.. အရက်သောက်တာ.. ဆေးလိပ်သောက်တာ.. ကလေးအလုပ်လုပ်ခိုင်းတာ.. စသဖြင့်အကုန်ထိမ်းချုပ်မိသွားမယ်လို့.. ထင်မိတယ်..။
    ရှေးဂွမ်တိခေတ်က.. မိဘက..သားသမီးဆုံးမနည်းတွေ.. ခေတ်မမှီတဲ့..လောကနီတိတွေ.. အဲလိုနဲ့လျှော့နည်းပပျောက်သွားမယ်ထင်မိပါကြောင်း.. :kwi:

    အောက်မှာ.. လေ့လာလို့ရအောင်.. ဝက်ဘ်ဆိုက်တချို့ကူးတင်ပါကြောင်း..။
    http://www.illinoislawyerfinder.com/articles/rights-and-responsibilities/your-rights/becoming-a-legal-adult-general-priniciples-illinois
    http://learning.blogs.nytimes.com/2012/05/30/when-do-you-become-an-adult/
    =
    http://en.wikipedia.org/wiki/Age_of_majority

    Age of majority

    “Legal age” redirects here. For other uses, see Legal age (disambiguation).

    The age of majority is the threshold of adulthood as it is conceptualized (and recognized or declared) in law. It is the chronological moment when minors cease to legally be considered children and assume control over their persons, actions, and decisions, thereby terminating the legal control and legal responsibilities of their parents or guardian over and for them. The vast majority of countries set majority at 18. The word majority here refers to having greater years and being of full age; it is opposed to minority, the state of being a minor. The law in a given jurisdiction may never actually use the term “age of majority” and the term thereby refers to a collection of laws bestowing the status of adulthood. The age of majority is a legally fixed age, concept, or statutory principle, which may differ depending on the jurisdiction, and may not necessarily correspond to actual mental or physical maturity of an individual.

  • Foreign Resident

    October 21, 2012 at 4:16 pm

    ” တမတ်တောင်ပေးစရာမလိုတဲ့အနေအထားကို ၊
    ရောက်သွားမယ်ဆိုရင်ကောဗျာ ”

    မှန်တာပြောမိရင်တော့ ၊ အဆဲခံရတော့မှာပဲ ။
    ဒါပေမယ့် ၊ မတတ်နိုင်ဘူး ။
    အဘ က မုသား ပြောလေ့မရှိတော့ ၊
    မပြောပဲ နေနိုင်ရင်နေ ၊
    ပြောရင်တော့ ကိုယ်မှန်တယ် ထင်ရာ ပြောရမှာပဲ ။

    တမတ်တောင် ( တမတ် ဆိုရင်တောင် ) ဘာလို့ပေးရမှာလဲဗျာ ။

    ၁ ။ ကိုယ်ချစ်တဲ့သူ ၊ ကိုယ်ဖီလင်လာတဲ့သူ နှင့် ကိုယ်ပျော်မြူးတာပဲ ၊
    Service ဝန်ဆောင်မှုပေးတဲ့ စီးပွားရေး လုပ်ငန်းမှ မဟုတ်တာ ။

    ၂ ။ နောက်ပြီး ကန်တော့ပါရဲ့ သူလဲကောင်း ၊
    ကိုယ်လဲကောင်း တဲ့ ကိစ္စ မဟုတ်ဘူးလားဗျ ။
    ( ခပ်တုံးတုံး ချာတိတ်တွေနှင့် ကြုံရတဲ့ ၊
    ခလေးမများအတွက်တော့ ချွင်းချက် ပေါ့ဗျာ )

    ၃ ။ အပျိုစင်ဘဝ ကို ထိမ်းသိမ်းသင့်တယ်ဆိုတာ ၊
    ကိုယ်ဝန်တားဆေးတွေ မပေါ်ခင်ခေတ်က အယူအဆကြီးပါ ။
    ( ယောက်ျား မရှိဘဲ ခလေးရရင် မွေးမြူဖို့ ခက်လို့ )

    ကြိုပြောထားမယ်နော် ။
    အဘ ရဲ့ အမေ ၊ ညီမ ၊ သမီး ဆိုရင်လည်း ဒီသဘောပဲရှိမှာပဲ ။
    ကွန်ဒွန်းတောင် မရှာတတ်ရင် ရှာထည့်ပေးလိုက်ဦးမယ် ။
    လမ်းလယ်ကောင်တော့ လုပ်မလာနှင့်ပေါ့လေ ။
    အင်းးးးး ၊ လမ်းလယ်ကောင် လုပ်လာတော့လည်း သူ့ပစ္စည်းနှင့်သူပဲလေ ။
    ဘာပြောလို့ရမှာလည်း ။

    ” အများအားဖြင့်.. ၁၈နှစ်ပါ ”

    သူကြီးရယ် ။
    ၁၈ နှစ်မှဆိုတော့ ၊ ရက်စက်ရာ မကျဘူးလားကွယ် ။
    အနောက်နိုင်ငံက သမီးလေးတွေက ၁၆ နှစ်လောက်ဆို ၊
    အုန်းသီးလောက်ရှိနေပြီ ။
    ပင်မှည့်ဖြစ်ပြီးမှ ၊ ခူးမချားရရင် နှမျောချယာဂျီး ။ ဟီ ဟိ ။

  • myanmar oscar

    October 21, 2012 at 11:51 pm

    ကျွန်တော် ဒီပို့စ်လေးကိုတင်ပြတာက မိခင်၊ဖခင်စိတ်ရှိတဲ့သူတိုင်း ကိုယ်ချင်းစာနာ
    တက်အောင်လို့ တင်ပေးခဲ့တာပါ။ ကမ္ဘာကြီးက ဘယ်လောက်တိုးတက်နေပါစေ
    မြန်မာ့ ယဉ်ကျေးမှုနဲ့မဆိုင်ပါဘူး။ နည်းပညာတွေအဆင့်မြင့်တိုးတက်လာလို့
    ကျွန်တော်တို့ယဉ်ကျေးမှုတွေ ပပျောက်ပေးရမှာလား၊ သီးခြားစီခွဲပြီး သူ့အကန့်နဲ့
    သူ တွေးခေါ်ကြပါ။ မြန်မာပြည်မှာနေ၊ သည်ရေကိုသောက်၊သည်မြေကြီးကိုနှင်းနေ
    ကြတဲ့သူတွေက မိမိ(အထူးသဖြင့်)သမီးလေးများ ခင်ဗျားတို့ပြောသလို တစ်ကျပ်၊တမတ်
    လိုများဖြစ်သွားရင် ပြုံးပြုံးလေးနဲ့ဒီအတိုင်းလက်ပိုက်ကြည့်နေနိုင်ကြမှာလား။
    ဘယ်မြန်မာမိဘကမှ မိမိသမီးအပြင်သွားရင် ကွန်ဒုံးထည့်မပေးကြပါဘူး။
    ရိုင်းတယ်လို့တော့မထင်ပါနဲ့ အဆိုရှိလို့အပြောရှိရတာပါ၊ တကယ်ထည့်ပေးတဲ့သူရှိရင်
    အိမ်လိပ်စာလေးနဲ့တကွဖော်ပြပေးပါလား(ငါကွလို့)။ ငှက်ကလေးတွေတောင် နေရာတစ်ခုရဲ့
    တောတောင်ရေမြေသဘာဝကိုလိုက်ပြီးအရောင်ပြောင်းလဲတက်ကြတာပါ။ မြန်မာပြည်မှာရှိတဲ့ကြက်
    တူရွှေးဟာ များသောအားဖြင့် အစိမ်းရောင်ပါ၊ သည့်ပြင်တိုင်းတပါးမှာရှိတဲ့ ကြက်တူရွှေးဟာ
    ပြာရင်လဲပြာမယ်၊နီရင်လဲနီမယ်ပေါ့ဗျာ။ ဒါပေမဲ့ ဒီမှာတော့သည်အရောင်ပဲရှိရပါမယ်။
    မယုံရင်အရောင်ပြောင်းပြီး လင်နဲ့မယားဘယ်သူပဲဖြစ်ဖြစ်ပါ လမ်းလယ်ကောင်မှာ(၁၀)မိနစ်လောက်ပါ
    နမ်းကြည့်ပါလား ဘာတွေဖြစ်လာမလဲလို့၊ဒီပြင်နိုင်ငံ ဥရောပမှာလိုဆိုရင်တော့ ဒီအဖြစ်က
    လမ်းဘေး မျက်လှည့်ပွဲလောက် စိတ်ဝင်စားမှာမဟုတ်တာသေချာတယ်။
    ကဲ…တော်ပါပြီ ဒီထက်ပြောရရင် လွန်ကုန်လိမ့်မယ်။
    အော်မေ့နေလို့ နှိုးဆော်လိုက်ဦးမယ်…..ရွာထဲက အထက်ဆင်တက်ပြီး ထမီဝတ်တဲ့
    အန်တီတို့ မမတို့ ရေပြောကုန်ကြပြီနော်…..
    ဒီအတိုင်းကြည့်နေတော့မှာလား…….?
    အားလုံးကို ကျေးဇူးတင်ပါတယ်လို့ …….ကလာကာအသာချပြီး နှာပွတဲ့တခန်းရပ်ပါပြီ။

  • Khaing Khaing

    October 22, 2012 at 4:37 pm

    ဒီပို့စ်လေးကို ဖတ်ပြီး မိဘကနေ သားသမီးကို တန်ဖိုးရှိအောင်နေဖို့ သင်ပြရမယ့် နည်းလမ်းလေးတစ်ခု ရသွားပါတယ် ……… ဘယ်လောက်ခေတ်မှီတဲ့ ခေတ်ကြီးမှာ ဖြစ်ဖြစ်ကိုယ်တိုင်ကတော့ ခေတ်မမှီနိုင်ပါဘူး … မိမိသားသမီးကိုတော့ တန်ဖိုးရှိတဲ့သူ ကိုယ့်ကိုကိုယ်တန်ဖိုးထားတဲ့သူဖြစ်အောင် ဆုံးမရမှာ မိဘရဲ့တာဝန်ပါ …. စကားတစ်ခုရှိပါတယ် … အရှက်ရှိမှ အကြောက်ရှိမှာတဲ့ … မရှက်တတ်တဲ့လူက ကြောက်တတ်မှာလဲမဟုတ်ပါဘူး ….

Leave a Reply