မေး-ဖြူဖြူ ကျော်သိန်းဆိုတာ နံမည်အရင်းဘဲလား

ဖြေ-ဟုတ်ပါတယ်၊တို့ ကို မွေးတုန်းက အသားအရမ်းမဲတယ်လေ။။ပြီးတော့ ဒို့မိဘ တွေက လဲ အသားမဲတဲ့ဖြူဖြူ ကို ဖြူ ဆို တာလေး ပါသွားအောင် ဖြူဖြူ ကျော်သိန်း ဆို တဲ့နံမည်လေးကိုပေးဖြစ်တာ ပါ

မေး-အခုကျောင်းပြီးပြီ ဆိုတော့ ဆရာဝန်အလုပ်ကို လုပ်မလုပ်?
ဖြေ-အင်း ဒါကတော့ဘယ်လိုပြော ရမလဲ ဒို့ ကဆရာဝန်ဖြစ်ပေမယ့်စာကောင်းကောင်းမတက်ဘူးလေ
တော်ကြာဆရာဝန်ဖြစ်လို့ဆေးကုလဲ ဒေါက်တာ အလောင်းစည်သူ ဖြူဖြူ ဖြစ်သွားမှာလေ

မေး-အနူပညာကို ၀ါသနာ ပါလာတဲ့ အကြောင်းအရင်းလေ က
ဖြေ-အော် ဒါလား ..ဖြူဖြူက အနူပညာနဲ့ပတ်သတ်လို့ဝါသနာပါတယ်ရယ်လဲမဟုတ်ပါဘူး ဒါပေမယ့်လူတွေကပေါတော တော လုပ်ပြရင်ကြိုက်ကြတယ်မ ဟုတ်လား၊ဒါကြောင့် ဖြူဖြူ ကပေါတောတော တွေလုပ်ပြရတာပေါ့။ပြီးတော့အပေါ်မှာပြော ခဲ့သလို မျိုး စာကလဲမတက်ဆိုတော့…လူတွေပေါတောတော ကို ကြိုက်နေကြတဲ့ အချိန် ဖြူဖြူ က ထ လုပ်ပြပြီ သီချင်းဆိုပြလိုက်တာပေါ့ဘာဘဲဖြစ်ဖြစ် ဆေးကုတာထက်တော့ ကောင်းတယ်လေ

မေး-အနူပညာကိုငယ်ငယ်လေးက တည်း ကဘယ်လို စိတ်ဝင် စားတာမျိုးလေးများရှိရင်…..

ဖြေ-ဒါကတော့ ဖြူဖြူ ကငယ်ငယ် ကတည်းကသရဲ ကြောက်တော့ အိမ်သာတက်ရင်း ဘဲဖြစ်ဖြစ်၊ရေချိုးရင် ပဲဖြစ်ဖြစ်သီချင်းတွေအော်ဆိုတာပေါ့၊ဘယ်လောက်များသရဲေ ကြာက်လဲဆို….ဖြူဖြူ တခါမှ မှန်မကြည့်ဖူးဘူးလေ
အခုတော့ ၀ါသနာ ပါတာကိုအကြောင်းပြပြီး သီချင်းဆိုတာ ကို စိတ်ဝင်စားတယ် ပေါ့

မေး-အခုကျောင်းပြီပြီ ဆိုတော့ ဟောက်ဆာဂျင်လေး လုပ်မလုပ်
ဖြေ- ဒါကတော့ ဖြူဖြူ ကို ဆိုကလေးမိဘတွေက အရမ်းအားကိုးတယ်လေ
အခုခေတ်ကလေးတွေက ဒေဝေါတို့ဘာတို့ဆိုမကြောက်ကြတော့ဘူးလေ အဲတော့ကလေးတွေငြိမ်အောင်ဆိုပြီ
ဟ်ုအသားမဲမဲနဲ့ ဆရာဝန်မကြီးခေါ်ြ့ပီးဆေးထိုး ခိုင်းမယ်ဆိုကြောက်ကြတယ်လေဒီတော့

မေး-ဒါနဲ့ ဖြူဖြူ ကပေါတောတော လုပ်နေရတာလုပ်ငန်းသဘောပေါ့နော်
ဖြေ-ဒါတော့ဟုတ်ဘူးရှင့် ရူးကြောင်ကြောင်ပေါတောတော လုပ်တာ ငယ်ငယ် ကတည်းက ပါ
လူတွေစိတ်ဝင် စားအောင်ပေါ့

မေး-ဖြူဖြူက ပွဲကျရင် ၀တ်စားတာနဲ့ ပတ်သက်ပြီးတော့ သီချင်းမဆိုခင်လူမမြင်အောင်နေတယ်နော် အဲဒါနဲ့ ပတ်သက်ပြီးတော့ တခု ခု လောက်များ ရှင်းပြပါလား။
ဖြေ-
ခစ်ခစ်ခစ် ဖြူဖြူကလေ ၀တ်လို့ရှိရင်ပုံပုံစတိုးကမှ ၀တ်တာ။ ဈေးလဲသက်သာတယ်လေ..ဖြူဖြူကိုယ်တိုင်ပဲ ဖရေဇာမှာရှိတဲ့ ပုံပုံစတိုး မှာ ရွေးယူတာပေါ့။ လူတွေကတော့ ဖြူဖြူကို အပြင်မှာမြင်ရင်မမှတ်မိကျဘူးလေ။ ဒါပေမဲ့တော်တော်များများက ပုံပုံအထည်ဆိုရင် သိတာများလို့ ဖြူဖြူက ထမင်တကာ ပိုက်ဆံပေးပြီးကြည့်ရတဲ့ ပရိသတ်အတွက်ပဲ လို့ ပာန်လုပ်ပြီးပြောရတာပါ။ မဆိုခင်လူတွေတွေ့သွားရင် ဖြူဖြူကို ပုံပုံအထည်တွေ ၀တ်ထား တယ်ဆိုတာ သိကုန်ကျမှာပေါ့။ စင်ပေါ်ရောက်တော့ မီးရောင်နဲ့ ဆိုတော့ ပုံပုံအထည်မှန်း သိပ်မသိတော့ဘူးလေ။

မေး-ဖြူဖြူကဘာသာရေးနဲ့ပတ်သက်ပြီးတော်တော်ကိုင်းရှိုင်းတယ်နော်။ ပထမဆုံးစီးရီး အင်တာဗျူးတုန်းက ဘုရားသခင်ပေးသနားတဲ့ အသံလို့ပြောဘူးတယ်နော်
ဖြေ-
အော်….ဒါကလဲအဲဒီတုန်းကဒီလိုမျိုးပေါတောတောစလုပ်ရမှာဆိုတော့ မအောင်မြင်ရင်ရှက်စရာကြီးလေ…ဒါကြောင့် ကိုယ့်အပြစ်မဖြစ် အောင်လို့ဘုရားသခင်ကိုဆွဲထည့်လိုက်တာပါ။ခစ်…ခစ်…အောင်မြင်ရင်တော့ကိုယ်တော်လို့ပေါ့နော်

မေး-အခုလက်ရှိမှာရောအောင်မြင်ပြီလို့ပြောလို့ရပြီလား။
ဖြေ-
ဒါကတော့ဘယ်လိုပြောမလဲနော်…လူဆိုတာကိုယ့်အကြိုက်နဲ့ ကိုယ်ပေါ့…ပေါတောတောလုပ်ပြတာကြိုက်တဲ့သူတွေကတော့ ဖြူဖြူကိုအရမ်းအားပေးတာပေါ့။ တချို့ကျတော့လဲ ဖြူဖြူကို ပေါတာမ ပေါ့လေ… ဖြူဖြူကတော့ ကိုယ့်ကိုပေါတာမလို့ ခေါ်တာကိုလုံးဝစိတ်မဆိုးပါဘူး။မှန်တာကိုခေါ်တာပဲနော်စိတ်ဆိုးစရာလား…ခစ်ခစ်ခစ်ခစ်

မေး-ဖြူဖြူကသီချင်းဆိုတဲ့အခါမှာပာန်ပန်အပြည့်နဲ့ဆိုတယ်နော်….အဲဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းလောက် ရှင်းပြ ပါအုန်း။
ဖြေ-
ဒါကတော့ပြောရမယ်ဆိုရင်အရှည်ကြီးပဲ..ကြုံကြိုက်လို့ြေ ပာရမယ်ဆိုရင်တော့…ဖြူဖြူရဲ့အကြောင်းကိုသိတဲ့သူတွေ က ကြီး(၃)ကြီးမဲပလေ လို့ခေါ်တယ်လေ…ပထမကြီးတကြီးက သောက်စားကြီးတာပါ၊ ဒုတိယကြီးကတော့ သောက်ပြောကြီးတာပါ၊နောက်ဆုံးကြီးကတော့ သောက်ပျင်းကြီးတာပါ။ဥပမာပြောရရင် ဖြူဖြူ့ အရင်တုန်းက အေးချမ်းမေရဲ့သီချင်းကို ယုဇန က ဆိုတုန်းက လူတွေက မကြိုက်ကျဘူးလေ.. ခငအပ င်္ြ နှစ်ပတ်လည်မှာ ဖြူဖြူအလှည့်လဲကျရော ဖြူဖြူကအားလုံးထက်သာအောင်ဆိုမယ်ပေါ့နော်… အရည်အချင်းကနဲတော့ ပာာမိုနီလိုက်မဲ့သူတွေကိုအများကြီးခေါ် ပြီးတော့သီချင်းဆိုတာကိုလူတွေသိပ်ပြီးသတိမထားမိအောင် လို့ ဖြူဖြူထက် ရုပ်ချောတဲ့မော်ဒယ်လ်ကိုသုံး။ဒီလိုမျိုးကြံဖန်ရတာပေါ့နော်။ပြီးတော့လဲအဲဒီနေ့ကဖြူဖြူက ပဲကြီးပာင်းတွေ စားထား တယ်လေ…. ၀တ်ထားတာကလဲအဖြူရောင်ဆိုတော့ တော်တော်နေရခက်တာပေါ့နော်……သီချင်းကိုဆိုနေရင်း နဲ့ ဖြူဖြူက အရမ်းဗိုက်နာလာတယ်လေ…ဒါကြောင့်မျက်နှာကြီးကို ရှူံမဲ့ထားတာပေါ့။ နောက်ပြီး ဗိုက်က အရမ်းနာနေတော့ သီချင်းဆိုနေရင်းထွက်ကျမှာစိုးလို့ စင်ပေါ်မှာ ပိာုလျှောက်လိုက်၊ဒီလျှောက်လိုက်နဲ့ လုပ်နေတာပေါ့… ခစ်ခစ်ခစ်.. တခုကံကောင်းတာက လူတွေက ဖြူဖြူဗိုက်နာ နေတာကိုမသိဘူးလေ… ဖြူဖြူခံစားချက်အပြည့်နဲ့ ဆိုနေတယ်ပဲ ထင်နေကျတာလေ….သီချင်းလဲဆိုပြီးတော့ဖြူဖြူလဲ တန်းပြီးအိမ်သာကိုပြေးရတာပဲ။စဉ်းစားကြည့်ပေါ့နော်….ဖြူဖြူကို ပရိသတ် က တကယ် လက်ခံပြီ ဆိုရင် ဆုတွေပေးတဲ့အထဲ မှာ ဖြူဖြူပါရမှာပေါ့။ အခုသူများတွေပဲရတယ်ဆိုတော့ ဖြူဖြူကို လူတွေက သိပ်ပြီးလက်မခံ သေးတဲ့ သဘောရောက်တာပေါ့။

မေး-ဖြူဖြူစင်္ကာပူမှာ သီချင်းဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြောချင်တာလေးတွေရှိရင် တခုလောက်.
ဖြေ-
ပြောရမယ်ဆိုရင်တော့ အများကြီးပဲ။ ပာမ်ဘာဂါတလုံးကို (၃၅)ဒေါ်လာပေးရတယ်ဆိုတာက ဆင်လောက်ကြီးတဲ့ ပာမ်ဘာဂါကိုပြောတာ ဖြူဖြူတို့ စားတဲ့ ဘာဂါက (၃၅) ဒေါ်လာဆိုတာ လူ (၁၀)ယောက်စာကိုပြောတာလေ။ ဒါပေမဲ့ အင်တာဗျူးတခုမှာ ခပ်တည်တည်နဲ့ ဖြီးတာပေါ့ ။ဘယ်ရမလဲ။ ပြီးတော့လဲ ပရိုဂျူဆာတွေက လာကြည့်တယ်ဆိုတာကလဲ သူတို့ဖာသာ စင်ကာပူ ဂေးလန်းကို လာတာလေ.. လမ်းကြုံလို့ဝင်ကြည့် သွားတဲ့သဘောပါ။ သူတို့အိမ်တွေကိုလဲ အကြောင်းပြလို့ကောင်းသွားတာပေါ့နော်။

မေး-ဖြူဖြူကပြောတော့ စင်္ကာပူမှာသီချင်းဆိုတုန်းက ခေါင်းကိုမော့ပြီးဆိုတယ်လို့ပြောတယ်နော်။
ဖြေ-
အော် ဒါလား။ဖြူဖြူရဲ့ အရပ်က ခွေးပစ်တဲ့တုတ်သာသာလေးပဲ ရှိတာဆိုတော့ အရပ်ကို မရှည်ရှည်အောင်လို့ မော့ထားရတာပါ။ ဒါပေမဲ့ အင်တာဗျူးမှာကျတော့ လူတွေအထင်ကြီးအောင်လို့ ခပ်တည်တည်နဲ့ ဖြီးဖြန်းတာပေါ့။

မေး-စင်ကာပူမှာ လာပြီးအားပေးတဲ့ မြန်မာတွေရော များလား။
ဖြေ-
ခစ် ခစ် ခစ် လူဆိုတာမျိုးက လမ်းဘေးက မျောက်ပွဲတောင်အုံကြည့်ကျသေးတာပဲ လာကြည့်ကျတာပေါ့။ အများကြီးတော့ မပာုတ်ပါဘူး။ (၃) (၄) ယောက်ပေါ့နော်။ ပြီးတော့ သူတို့တွေပွဲလဲပြီးရော ငိုကျတယ်။ လာကြည့်ရတဲ့ ပိုက်ဆံကို မုန့်စားတာမှ ပိုပြီး အကျိုးရှိနိုင်တယ်ဆိုပြီးတော့ပေါ့….

မေး-ဖြူဖြူအင်တာဗျူးအပိုင်း (၁) မှာ ဘုရားသခင် ကို ကောင်းကောင်းကြီး ခုတုံးလုပ်ခဲ့တယ်ဆိုတာကို ဖြူဖြူပြောခဲ့ပြီးပြီနော်။ ကျွှန်တော်နောက်တခုသိချင်တာက ငယ်ငယ် က ဘာသာရေးနဲ့ပတ်သက်ပြီး လုပ်ခဲ့တာလေးတွေ၊ မှတ်မှတ်ရရ ရှိခဲ့တာလေးတွေကိုပြောပြပါအုန်း။
ဖြေ-ခစ်ခစ်ခစ် ငယ်ငယ်တုန်းကတော့ ဖြူဖြူကျကညိပျေခ့သသူ ကို တက်ရတယ်။ အဲဒီမှာ ဘုရားသီချင်းတွေဆိုရတာပေါ့နော်…..အဲဒီလိုဆိုရပြီးဆိုဖြူဖြူကို ဘယ်တော့မှ မဆိုခိုင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ တခြားသူတွေ ဘုရားသီချင်းကို မုန်းသွားမှာစိုးလို့ပေါ့ (ခစ်ခစ်ခစ်) ပြီးတော့ ဘုရားကျောင်းကို တက်တယ် ဆိုတာကလဲ ယုံကြည် လွန်းလို့တော့ မပာုတ်ပါဘူး။ ကံကောင်းထောက်မစွာနဲ့ ရည်းစားလေး ဘာလေး ရမလားလို့တက်နေရတာ…

မေး-ဒါဆို ဖြူဖြူ့ရဲ့ အချစ်အကြောင်းလေး တီးတိုးလေးများရှိခဲ့ရင်တခုလောက်ပြောပြပါအုန်း။
ဖြေ- ဖြူဖြူ က ကိုယ်တိုင်သာ အသားမဲတာ ဒါပေမဲ့ ရည်းစားကျတော့ အသားဖြူတဲ့လူကို ပိုပြီးစိတ်ဝင်စားတယ်လေ။ အခုချိန်ထိတော့ ဖြူ့ ကို ကြိုက်တဲ့လူတယောက် မှမရှိသေးဘူး။ ကျောင်းတက်တုန်းကဆို ဖြူဖြူက လိုက်ကြိုက်တာတောင် ကောင်လေးတွေက ထွက်ပြေးကျတယ်လေ….ဒါကြောင့် ဖြူဖြူရဲ့ အရင်းနှီးဆုံး သူငယ် ချင်းတွေက ဆို ဖြူဖြူကို ရွယ်ခူးလို့ခေါ်တယ်လေ….. (ကိုယ်ရည်ရွယ်လိုက်ရင် သူများကခူးသွားလို့ပေါ့) ခစ်ခစ်ခစ်

မေး-ဒါဆိုဆေးကျောင်းတက်တော့ မှ ချစ်သူရတယ်လို့ပဲပြောရတော့မှာပေါ့
ဖြေ-ဆေးကျောင်းကလူတွေကပိုဆိုးတယ်…စာပဲစိတ်ဝင်စားကျတာ.. ဖြူဖြူကို ဂရုတောင်မစိုက်ကျဘူး။ တခါတလေတော့ သန့်ရှင်းရေးကုလားမနဲ့တော့ တချို့က မှားဘူးကျတယ်လေ……ကြိုက်မဲ့သူလုံးဝကိုမရှိခဲ့တာပါ ….
မေး-ဖြူဖြူကိုအဆိုတော်မဖြစ်ခင်ဆေးကျောင်းက အမှတ်တရလေးတခုလောက်
ဖြေ-ဖြူဖြူကဆယ်တန်းနဲ့ ဆေးကျောင်းမပြီးခင် ……..အင်းဘာလို့ပြောရမလဲ အဆိုတော်မဖြစ်ခင်က နည်းနည်းဝတယ်လေ..အဲဒါကြောင့် တချို့က နဂိုကလဲမဲတော့ ဖြူဖြူကို ဆေးဘဲဥ လို့တော့ ချစ်စနိုးခေါ်ကျတယ်။
မေး-ဖြူဖြူအားတဲ့အချိန်ကျရင်ဘာတွေလုပ်တယ်ဆိုတာလေးတခုလောက်
ဖြေ-အော်ဒါလား…ပြောပြီးသားပဲလေ…ဖြူဖြူကသောက်ပျင်းကြီးတော့ စားပြီးရင်အိပ်နေတာပေါ့လို့ ………..ခစ်ခစ်ခစ် ဒါပေမဲ့ တခါကတော့ ဖြူဖြူမအိပ်ပဲ ကဗျာတပုဒ်ရေးဘူးတယ်။ ပာင်းပာင်းပာင်း( အောက်ကလိသံဖြင့်ရီသည်) ဖြူဖြူ့ ကဗျာကိုလူတိုင်းကကောင်းလွန်းလို့တဲ့ ….ကဗျာနဲ့ပတ်သက်ပြီး ကျွမ်းကျင်တယ်လို့တော့မပာုတ်ပါဘူး။ဒါပေမဲ့ ကျော်ကြားချင်တော့လဲ စိတ်ကူးတည့်ရာလျှောက်လုပ်တာပေါ့နော်…….
ရင်မှာမီးတောက်
-င်မှာချီးခြောက်
အဲဒါမင်းကြောင့်
အဲဒါဖြူဖြူစပ်ထားတဲ့ကဗျာလေ…ခစ်ခစ်ခစ်

မေး-ဖြူဖြူကသီချင်းဆိုတာတဖက်နဲ့ ကျောင်းကတဖက်ဆိုတော့ တော်တော်ပင်ပန်းခဲ့မှာပေါ့နော်
ဖြေ- အော်ဒါကတော့ ဖြူဖြူ့ရဲ့ မမကျေးဇူးလို့ပြောရင်ရတယ်လေ။ဖြူဖြူ့ရဲ့ မမက စာတော်တော့ ဆရာ ဆရာမတွေက မမကိုချစ်ကျတယ်လေ။ဖြူဖြူကတော့စာမရ တာများတယ်လေ။အဲတော့ မမကပဲဆရာတွေကို ကန်တော့ပြီးဖြူဖြူ့ကိုမအောင်အောင်လို့ကို လုပ်ပေးခဲ့တာပေါ့။ဆရာတွေကလဲ ဒီတိုင်းတော့ လုပ်မပေးဘူးလေ ဖြူဖြူနဲ့ ဖြူဖြူ့အမကို ဂတိတခုတောင်းတယ်…..ဆေးကျောင်းပြီးသွားရင်ဆေးမကုစား ပါဘူးလို့လေ။

မေး-ဖြူဖြူ့ရဲ့ ပထမဦးဆုံးအခွေနဲ့ပတ်သက်ပြီး ပြောပြပါအုန်း
ဖြေ-ဖြူဖြူကလဲ ကြွားချင်….အဲလေ…ပြောချင်နေတာ။အဲဒီအချိန်တုန်းက အဆိုတော်တွေ ရေခမ်းလို့ ရေခပ်နေတဲ့အချိန်ပေါ့လေ။ပာိုး….ရှင်းရှင်းပြောရရင် ပြန်ဆို တေးတွေဆိုပြီး ပရိသတ်ဆီက ငွေချူ နေတဲ့ အချိန်ပေါ့။ပြီးတော့လဲ အဲဒီအချိန်တုန်းက အတွဲအခွေတွေခေတ်စားနေတဲ့အချိန်မှာ ဖြူဖြူ့အခွေကိုထုတ်တာပါ။အဲဒီ အချိန်တုန်းက အခွေထွက်တဲ့နေ့မှာပဲ ဖေဖေ က သူ့သူငယ်ချင်းတွေနဲ့ နီးစပ်ရာတွေကို ပိုက်ဆံပေးပြီး ဖြူဖြူ့အခွေတွေကိုပြန်ဝယ်ခိုင်းလိုက်တယ်လေ…..ပြီးေ တာ့လဲစပြီးထုတ်ထဲ က နည်းနည်းလေးပဲ ထုတ်တာဆိုတော့ ခဏလေးနဲ့ကုန်ပြီး အခွေတွေကရောင်းကောင်းတဲ့ပုံစံမျိုး လုပ်ယူရတာပေါ့နော်။လူတွေကိုလဲ ဖြူဖြူအခွေကို ကောင်းတယ်ပြော အောင်လို့ ဘုရားကိုပဲ ဘယ်လောက်ကြီးယုံကြည်ပြီးကျေးဇူးတော်ကိုဘာညာဘာညာပေါ့ေ နာ်……..တော်တော်ကြီးကိုလုပ်ယူရတာပါ။ပြီးတော့လဲ ဖြူဖြူကိုယ်တိုင် ပလန်းနက်တို့၊ပုဂံနက်တို့မှာညငခု မျိုးစုံနဲ့ ဖြူဖြူကျော်သိန်းက အတော်ဆုံး၊အကောင်းဆုံးတွေ လျှောက်ရေးတာပေါ့။

မေး-နာမည်ကြီးအဆိုတော်တွေရဲ့ အခွေတွေခိုးကူးခံကျရတယ်နော်….ခိုးကူးခံရတယ်ဆိုတာကလဲ နာမည်ကြီးအဆိုတော်ဖြစ်မှ ဆိုတော့ ခိုးကူးခွေတွေနဲ့ ပတ်သက်တဲ့သဘောထား လေးပြောပြပါအုန်း
ဖြေ-အော် ဒါက ဖြူဖြူအနေနဲ့ပြောရရင်တော့ (ဗမာစကားနဲ့ ပြောရရင်ပေါ့နော်)….၀ဋ်လည်တယ်လို့ပဲပြောရမှာပဲ။ဘာဖြစ်လို့လဲဆိုတော့ ဖြူဖြူက အတန်းစဉ်စာခိုးချ ခဲ့တယ်၊ပြီးတော့လဲ သူများသီချင်းတွေကို ကော်ပီတင်မပာုတ်ဘူး စတိုင်ကိုပါခိုးတာဆိုတော့ ဖြူဖြူကတော့ခိုးချင်ခိုးပါစေပေါ့နော်…ဖြူဖြူခိုးခဲ့ တဲ့ ငရဲတွေ ချေပေး တယ် လို့ပဲမှတ်ပါတယ်။(ဒီနေရာအင်တာဗျူးပြုလုပ်သူကိုကိုမောင်အရမ်းကိုအံ့ဩပါတယ်။မြန်မာပြည်မှာမွေး၊မြန်မာပြည်မှာကြီးပြင်းပြီး ဗမာစကားနဲ့ပြောရရင်လို့ ပြောလို့ပါ)

မေး-ဖြူဖြူ့ကို အိုင်စီက စင်တင်ပေးတာနဲ့ပတ်သက်ပြီး ပြောပြပါအုန်း။
ဖြေ-အဲဒီအချိန်တုန်းက ပေါကြောင်ကြောင်လုပ်ပြမှခေတ်စားတာဆိုတော့ အိုင်စီအနေနဲ့ ကပေါကြောင်ကြောင်လုပ်မဲ့သူလိုက်ရှာနေတဲ့အချိန်ပေါ့။ သူတို့က ဖြူဖြူကို လဲတွေ့သွားတော့ လိုက်ရှာစရာမလိုတော့ဘူး…ပာန်ကျပြီဆိုပြီးဖြူဖြူ့ကို စင်တင်ပေးကျတာပဲပေါ့။ဦးကိုကိုလွင်ကဆို စဆိုမဲ့နေ့မှာ ဖြူဖြူက အဖြူရောင်ဝတ်လာ တော့ဘာပြောလဲဆိုရင် ငါတို့လူရွေးမမှားဘူးတဲ့ အသားမဲ အရဲဆင်တဲ့ ဒီကောင်မလေးစင်ပေါ်မှာ ပေါတောတောလုပ်ပြဖို့ပဲလိုတယ်တဲ့။ အဲဒါနဲ့ ကိုချစ်စမ်းမောင် တို့ကလဲဝိုင်း ပြီးဆုတောင်းပေးကျတယ်..ပြီးတော့ ဘာမှမကြောက်နဲ့၊တက်သာတက်လိုက်၊လုပ်ချင်တာလုပ်ခဲ့၊စိတ်ထဲရှိတဲ့အတိုင်းပေါတောတောတွေလုပ်ခဲ့လို့ ၀ိုင်းမြှောက် ပေးကျတယ်။ ဖြူဖြူကလဲမြှောက်ပေးစရာတောင်မလိုပါဘူးလေ…ယောင်္ကျားေ လးသာဆို တက်ပြီးတော့သေတယ်….

မေး-ပိာုတလောက ရခိုင်လေဘေးနဲ့ပတ်သက်ပြီး ဖြူဖြူ ကဗျာရွတ်လိုက်သေးတယ်နော်..ဒါနဲ့ပတ်သက်ပြီးတော့ တခုခုလောက်ပြောပါအုန်း
ဖြေ-ဖြူဖြူအပေါ်မှာပြောခဲ့သလိုပဲလေ…ဖြူဖြူကိုယ်တိုင်လဲက ဗျာစပ်တယ်ဆိုတာ…လေဘေးဆိုရင်ဖြူဖြူကအရမ်းကိုရင်ခုန် တယ်လေ..ဘာလို့လဲဆိုတော့ ဖြူဖြူကိုယ် တိုင်ကလဲ လေဘေးထည်တွေပဲ တစိုက်မတ်မတ်အားပေးခဲ့တာကိုး………ခစ်ခစ်ခစ်ပြီးေ တာ့လဲ သီချင်းဆိုတာခေတ်မကောင်းတော့ရင် လိုင်းပြောင်းရတာ အဆင်ပြေအောင်လို့အခုထဲက ကြိုပြီး စာပေလောကနဲ့ ပတ်သက်အောင်လုပ်ယူထားရတာပါ……….ဖြူဖြူရဲ့ ပေါတောတောတွေကို လူတွေကရိုးသွားရင် စာပေ လိုင်းထဲပြောင်းရအောင်လွယ်အောင်လို့ အခုထဲက ကဗျာရွတ်တာတို့လုပ်ထားတာပေါ့။

မေး-ဖြူဖြူကိုယ်တိုင်စပ်ခဲ့ နညါူငျ့ ကဗျာလေးရွတ်တာဆို…….
ဖြေ-ဒီကဗျာက ပာိုကဗျာထဲက နှစ်ကြောင်းလောက်၊ဒီကဗျာထဲက တကြောင်းလောက်ခိုးချတာပေါ့။ နြေည ပြေည ဃသာန ညေိ နြည ပြွေသ ဆိုပြီးလို့တောင်ပါနေလို့ ဖြူဖြူ့အမက ဒီလောက်တော့ ခိုးမချလို့တားရသေးတယ်လေ…….ကဗျာရွတ်တယ်ဆိုတာကလဲဘာခက်တာလိုက်လို့၊ တွေ့ကရာလျှောက်ရွတ်ပေါ့…ခစ်ခစ် မြန်မာလိုရွတ်တာမှ မပာုတ်တာ…လူတွေကသိပ်ပြီးသတိမထားမိဘူးလေ….နားမလည် အောင်ရွတ်လိုက်တာပေါ့နော်…ဒါမှလဲ နညါူငျ့ ကို အရမ်းကျွမ်းပြီး ပီတဲ့ ပုံစံမျိုးဖမ်းရတာပေါ့….ခစ်ခစ်ခစ်…..

မေး-ဖြူဖြူက အင်တာဗျူးတိုင်းမှာ အမြဲပြောတတ်တာက ဂရမ်မီရတဲ့ အဆိုတော်ဖြစ်ချင်တယ်လို့နော်။
ဖြေ-
အဲဒါနဲ့ပတ်သက်ပြီး အမြဲလိုလိုဖြူဖြူပြောပါတယ်။ဒါပေမဲ့ လဲ ဖြူဖြူ က ဂရမ်မီကို အင်္ဂလိပ်လို စာလုံးဘယ်လိုပေါင်းမှန်းတောင်မသိပါဘူး…ခစ်ခစ် စိတ်ထဲရှိတဲ့အ တိုင်းပေါတောတောလုပ်ကြည့်တာပါ……..စကားကြီး၊စကားကျယ်ပြောလိုက်တာပေါ့နော်……ဒါမှလဲ မသိတဲ့သူတွေက အထင်ကြီးမှာပေါ့…မပာုတ်ဘူးလား အကိုရယ်………

မေး- ဖြူဖြူရဲ့ သီချင်းတပုဒ်ကိုြွှဠ လိုမျိုးရိုက်တာ သိန်းနှစ်ဆယ်တောင်အကုန်အကျခံတယ်လို့ကြားလိုက်ရတယ်နော်
ဖြေ-
ဒါက အမှန်တကယ်ကုန်တာပါ။ ဒါရိုက်တာကို လဲ ရိုက်ခပေးရတယ်လေ……ဘယ်ဒါရိုက်တာကမှ မရိုက်ချင်လို့ အဲဒါပိုက်ဆံပေးပြီးရိုက်ခိုင်းရတာပေါ့။ ပရိုဂျုဆာ က ထုတ်ပေးတယ်ဆိုပြီးနာမည်ခံခိုင်းပြီးတော့ ဖြူဖြူ့ အိမ်က အကုန်ထုတ်ပေးရတာပေါ့။ဖေဖေကတော့ သူ့သမီးအောင်မြင်ရေးအတွက်ဆိုပြီး ဘာမှမပြောပေမဲ့ မျက်နှာတော့မကောင်းဘူးပေါ့။ မေမေကတော့ နှမြောလို့ (၃)ရက်လောက်ထမင်းမစားနိုင်ဘူးလေ…….ခစ်ခစ်

မေး-ဖြူဖြူ က စာရေးတာရော ၀ါသနာပါလား။ ဖြူဖြူက ကဗျာတွေကို ကိုယ်တိုင်ရေးတယ်ဆိုလို့
ဖြေ-
အော်…အကိုရယ်….ဖြူဖြူကိုယ်တိုင်ပြောပြီးပြီပဲ။ ဂီတလောကမှာ အဆင်မပြေရင် စာပေလောကထဲဝင်လို့ရအောင်ကြိုကန်တဲ့သဘောပါလို့ဆိုနေမှ
မေး- ဖြူဖြူ ရုပ်ရှင်လောကထဲကို ၀င်ဖို့ အစီအစဉ်ရှိ မရှိလေးကို ပရိသတ်သိအောင်လို့ပြောပေးပါအုန်းခင်ဗျား
ဖြေ-
အကိုရယ်…..မင်းသားတွေ၊မင်းသမီးတွေက ဘယ်သူပဲဖြစ်ဖြစ် အသံကောင်းကောင်း မကောင်းကောင်း သီချင်းပာစ်ဖို့ တော့ အထူးအထွေ စည်းရုံးစရာမလိုဘူး လေ။ခက်တာက ဖြူဖြူက ရုပ်ရှင် ၀င်ရိုက်လို့မရဘူးလေ။ရုပ်အခံကညံ့တာကိုး………

မေး-ဧပြီလဖူးလ်နေ့က ဖြူဖြူမွေးနေ့နော်
ဖြေ- ပာုတ်ကဲ့

မေး- ဧပြီကောင်မလေးရဲ့ မွေးနေ့အစီအစဉ်ကိုပြောပြပါအုန်းနော်
ဖြေ-
ခစ် ခစ် ခစ် အကိုကတော့လုပ်ပြီ။ အဲဒီနေ့ကျရင် ဖြူဖြူရဲ့ တကိုယ်တော်ရှိုးကို ကန်တော်ကြီးမှာလုပ်မယ်လေ….ဥညနူေိပှ့သတပေါ့။

မေး- ၀င်ကြေးကိုရော ဘယ်လိုသတ်မှတ်ပြီး လက်မှတ်ဘယ်လိုရောင်းမလဲ အဲဒါလေးပြောပါအုန်း
ဖြေ- အကိုကလဲ ………အဲဒီနေ့လိုပွဲမျိုးကို ဖြူဖြူက ပိုက်ဆံတောင်းပြီးရှိုးလုပ်လိုက်ရင် ဘယ်သူ့မှလာကြည့်မှာမပာုတ်ဘူးလေ….ဒါကြောင့် ဖြူဖြူ က ၀င်ကြေး အလကားဆိုပြီး လုပ်လိုက်တာပေါ့။ဒါမှလဲ လူလာမှာပေါ့။ နို့မို့ဆိုရင် တယောက်မှမလာရင် ဖြူဖြူ အရှက်ကွဲမှာပေါ့……..အကိုသိတဲ့အတိုင်း စင်ကာပူ ပွဲတုန်းက ၀င်ကြေးနဲ့ ဆိုတုန်းက သုံးလေးယောက်ပဲလာတာလေ……ဒါကြောင့်လူကြားကောင်းအော င်လို့ င်္မနနှ့သတ ဆိုပြီးလုပ်လိုက်တာပေါ့။ ပြီးတော့လဲကန်တော်ကြီးမှာ လက်ဝှေ့ပွဲတွေလဲ လုပ်တတ်တော့ မသိတဲ့ သူတွေက လက်ဝှေ့ပွဲနဲ့ မှားပြီးလာနိုင်တယ်လေ……ဒါကြောင့်ကန်တော်ကြီးကိုေ ရွးလိုက်တာပါ……..

မေး-ြေိေူပေ ကပရိသတ်တွေက ဖြူဖြူ့ရှိုးက လက်မှတ်ဖိုးဈေးကြီးလို့ ကျူံးဘေးမှာ အပြင်က နားထောင်ခဲ့ရတယ်လို့ ဖြူဖြူပြောဘူးတယ်နော်….
ဖြေ-
ဒါကတော့အကိုရယ်….ဘယ်သူကမှသက်သေပြလို့ပြောတာမှ မပာုတ်တာ….အဲဒီတော့ ကိုယ်ဖြစ်ချင်တာတွေကို လျှောက်ပြောတာပေါ့နော်…ဘယ်သူသိတာ လိုက်လို့ ခစ် ခစ် ခစ်

မေး-ဖြူဖြူ ကို ရှိုး ပါဖောမင့် ကောင်းတယ်ဆိုပြီး တော်တော်များများက ပြောကျတယ်နော်
ဖြေ-
အကိုရေ……လူတွေက အခုချိန်မှာ စီးပွားရေးကမကောင်း၊ကုန်ဈေးနှုန်းကြီး၊ မီးကမလာ ဆိုတော့ စိတ်တွေက အလိုလိုနေရင်းကို ရှုပ်နေကျတာပေါ့နော်……..ဒါပေမဲ့ ဖြူဖြူက ပေါတောတောလဲ လုပ်ရော ဒါတွေကိုကြည့်ပြီးလူတွေက ရီကျတယ်လေ…ဒါကြောင့်ပါ။

မေး-သင်္ကြန်မှာ သီချင်းဆိုဖို့အစီအစဉ်ရှိလား
ဖြေ-
ဖြူဖြူ့ကို အားလုံးကခေါ်ကျတယ်လေ……..အိုင်စီကလဲခေါ်တယ်၊လေးဇီးက လပ်ကလဲခေါ်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေမလာရင် သံလေးသံကြောင် နဲ့ ဖြူ ဖြူ က သီချင်းစ ဆိုပေါ့လေ…စနေပြီ ဆိုတဲ့ သဘောမျိုးပေါ့……လူတွေလဲများလာရော ဖြူဖြူဆင်းပေါ့နော်….မျိုးကြီးတို့ဆိုဖို့အလှည့်ပေါ့။ လူတွေကများလာလို့ ပွဲဆူနေပြီဆိုရင် ပွဲကို ငြိမ်အောင်လုပ်ရပြီဆိုရင် ပရိသတ်တွေစိတ်ညစ်ပြီးပြန်သွားအောင်လို့ ဖြူဖြူကပြန်တက်ပေါ့…ဒါမှလဲလူတွေက စိတ်ညစ်ပြီး ပြန်မှာလေ….. ဒီလိုမျိုးလုပ်ပေးဖို့အားလုံးကခေါ်နေကျတယ်လေ….

မေး-ဖြူဖြူရဲ့ နောက်ထွက်မဲ့ စီးရီးနာမည်လေးပြောပြရင်းနဲ့ ကျွှန်တော်တို့ရဲ့ အင်တာဗျူးလေး အဆုံးသတ်လိုက်ရအောင်နော်………..
ဖြေ-
ခစ်ခစ် ဖြူဖြူကလဲ အရမ်းကိုပြောချင်နေတာ….အဲဒီမှာ ဖြူဖြူကိုယ်တိုင်ရေးထားတဲ့ သီချင်းနှစ်ပုဒ်ပါတယ်လေ……ကြွားချက်ကတော့ ကမ်းကုန်ပဲ နဲ့ ကြွားမ၀ ပေါ့ ……….ဖြူဖြူရဲ့ ရင်ထဲကကြွားလုံးတွေအကြောင်းထည့်ရေးထားတာလေ……..ဂရ မ်မီိလိုချင်တယ်ဆိုတာလဲပါတယ်…….အများကြီးပါပဲ… အဲ စီးရီးနာမည်က တော့
တေးဘူတိန် တဲ့

ပြီးပါပြီ။

မှတ်ချက်။   ။ စင်္ကာပူရှိသူငယ်ချင်းတဥိးမှ ပေးပို့ လာသော ဖြူဖြူကျော်သိန်းအား နောက်ပြောင်ထားသည့် အင်တာဗျူးဖြစ်ပါသည်။
ပျော်စေရန်အတွက်သာဖြစ်ပြီး ကာယကံရှင်အား နစ်နာစေလိုရင်း ဆန္ဒမရှိပါ။
စာဖတ်သူများလည်း နစ်နာစေလိုရင်း စေတနာ မထားစေလိုပါကြောင်း..။

kai

About kai

Kai has written 939 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.