မိုးစက်တွေနဲ့အတူ ပြိုဆင်းလာတဲ့ မင်းလေးရဲ့မျက်ဝန်းအိမ်တွေထဲက မျက်ရည်စက်တစ်ချို့ လူသူမသိလိုက်ပါဘဲ မြေခရတော့မယ်နော် ၀မ်းနည်းနေခဲ့တာလား ရင်နာစေခဲ့တာလားချစ်သူရယ် …..

သိပ်ချစ်ပါတယ်လို့ ငါခဏခဏပြောခဲ့ဖူးပါတယ် ဒါပေမယ့် မင်းလေးအတွက်တော့ စိတ်ညစ်စရာတွေဘဲခဏခဏကြုံခဲ့စေတာလားဟင် မရည်ရွယ်ပါဘဲနဲ့ လေပြင်းလေးတစ်ချက်အတွေ့မှာ မင်းစိတ်နဲ့ အတွေး ဘယ်ဆီများလေလွှင့်စေခဲ့သလဲချစ်သူရယ် ခေါ်တာဘဲ မကြားတာလား ကြားမိတာကို သတိမထားခဲ့လေသလား………….

ငါရင်မောမိပါရဲ့ အဆင်မချောတဲ့ မင်းလေးရဲ့ အချစ်မေတ္တာသဘောတွေမှာ ငါလေ နစ်မြောရတော့မယ်ထင်တယ် ဘယ်ကမ်းကိုလှမ်းရမလဲ တွေ့လိမ့်နိုးနဲ့ မျှောရမယ့်ငါ့ရဲ့ သံယောဇဉ်လေးက အခုတော့ ကြိုးပြတ်ရတော့မယ်နော်……………

မင်းနိုင်ပါတယ်ချစ်သူရယ် ကံကြမ္မာကနေရာမပေးသေးတော့လဲ ချစ်ကံခေတဲ့ ငါ့ဘ၀အတွက်တော့ လွဲနေသမျှ အလွဲလေးများနဲ့ ရိုးသားလှတဲ့ ငါ့မေတ္တာကို မင်းလေးအတွက်တော့ လက်ဖွဲ့အနေ့နဲ့ ပေးခဲ့ပါရစေ …………..

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..