ရန်ကုန်ဈေးများတွင် အလှူခံခွင့်ပိတ်ပင်

wunnaJuly 13, 20101min1222

စိတ်ဝင်စားစရာ ကောင်းတဲ့သတင်းလေးတစ်ခုပါ။ ပါတီ တွေ အလုပ်မဖြစ်အောင် အဖက်ဖက်က လိုက်ပြီး ပိတ်ပင်နေကြပါလား။ ဟောပြောစည်းရုံးခွင့်လည်း လွတ်လွတ်လပ်လပ်မရှိ။ ပါတီ ရံပုံငွေ ကိုလည်း လွတ်လပ်စွာ ရှာခွင့်မရှိ။ သူတို့ရဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကတော့ အစိုးရပိုင် အဆောက်အဦးတွေ ငွေတွေကိုသုံးပြီး ပြိုင်ဦးမယ်။

ဒါနဲ့များ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဆိုပဲ။

အပြည့်အစုံက ဒီမှာပါ။ http://www.mizzimaburmese.com/news/inside-burma/5697-2010-07-12-08-45-05.html

ရန်ကုန်ဈေးများတွင် အလှူခံပိတ်ပင်

ရန်ကုန် (မဇ္ဈိမ)။     ။ နိုင်ငံရေးပါတီများက ရန်ပုံငွေအတွက် ဈေးများတွင် အလှူခံရန် ကြိုးစားခဲ့ပြီးနောက်  ဈေးများတွင် မည်သည့်အလှူခံမှ ဝင်ရောက်အလှူခံခွင့် မပြုတော့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တားမြစ်လိုက်သည်။

ဈေးများတွင် စည်ပင်သာယာက လွန်ခဲ့သော ရက်သတ္တပတ်အတွင်းမှစ၍ လိုက်လံကြေညာမှုများ ပြုလုပ်ခဲ့သလို ဆိုင်းဘုတ်များ ချိတ်ဆွဲကာ တားမြစ်လိုက်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတဦးအဆိုအရ  ယခုလဆန်းက ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်မှ မြောက်ဥက္ကလာပမြို့နယ်အတွင်း ဈေးတခုတွင် အလှူခံရာ ထိုသို့အလှူခံခြင်းမှာ ရန်ကုန် စည်ပင်သာယာ နည်းဥပဒေချိုးဖောက်ခြင်း ဖြစ်သည့်အတွက် တပြေးညီ ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

”ရန်ကုန် စည်ပင်သာယာရေးကော်မတီမှာ နည်းဥပဒေ ၃၃ ဆိုတာ ရှိတယ်။ အဲဒီ နည်းဥပဒေအရ ဈေးထဲမှာ အလှူခံမယ်ဆိုရင် သက်ဆိုင်ရာ ဈေးတာဝန်ရှိသူတွေထံမှာ ခွင့်တောင်းပြီးမှ ပြုလုပ်ရတာ ဖြစ်တယ်” ဟု သူက ပြောသည်။

2 comments

  • Pyaung Gye

    July 13, 2010 at 3:37 am

    ဥပဒေ ဆိုတာ နေရာတိုင်းမှာလား
    ဥပဒေ ဆိုတာ လိုအပ်မှသုံးတာလား
    ဥပဒေ ဆိုတာ ………. သင့်တော်သလိုသုံးရမှာလား
    ဥပဒေ ဆိုတာ ………… ဘယ်အချိန်.. ဘယ်အကြောင်းအရာတွေကျမှသုံးကြတာလဲ
    မသိတော့ပါဘူးဗျာ……
    သိတာတစ်ခုတော့ရှိတယ်
    ရောမရောက်ရင် ရောမလိုကျင့်ပါတဲ့
    ခုဟာက ရောမ လဲမရောက်ဘူး ကိုယ်နိုင်ငံမှာကို။
    ခုဟာကခိုးတာမဟုတ်ဘူးလေ အလှူခံတာ
    ဘာကြီးမှန်းလဲမသိဘူး

  • လင်းဝေကျော်

    July 13, 2010 at 6:49 am

    “ဥပဒေ ကို လေးစား လိုက်နာပါ”
    ဟစိ ဟစိ မလုပ်ပါနဲ့။ လုပ်ချင်သလို မလုပ်ပါနဲ့။

Leave a Reply