1 စိမ်းမြရှင်သန်နေ သောကောက်ပင်

2 ကောက်ပင်စိမ်းစိမ်း အထက်က ကောင်းကင်

 

3 လမ်းကလေးးးးးးးးးးးးးးးးးးး

4 စိမ်းစိုလန်းဆန်းသော

5 အဝေးစိမ်းစိမ်း အနီးစိမ်းစိမ်း

 

 

6 အေးအေးဆေးဆေး (အနီနဲ့အစိမ်း)

7 အိမ်အပြန်လမ်းကလေး

8 စိမ်းမြလယ်ကွင်း ဘေးမှာချောင်းကလေးက စီးဆင်း

 

10 အစိမ်းထဲကအစိမ်း

11 ရုတ်တရက်အုံ့မိုင်းလာတဲ့ကောင်းကင်

12ချောင်းလေးနံဘေးမှာ တောပန်းလေးတွေဝေဆာဆာ

13 အနောက်ဖက်က ကောင်းကင် တိမ်ပြာရီ

 

14 စိမ်းဆိုမှစိမ်း

15လွမ်းသလိုလို ……………..

 

“စိမ်းမြလတ်ဆတ်သောအလှတရားများ ”16

 

 

 

မြို့ပြင်ကလယ်ကွင်းတွေကိုဓါတ်ပုံရိုက်ဘို့ ပထမတစ်ရက်မြို့တောင်ဘက်ကိုသွားခဲ့ပါတယ်။

ညနေပိုင်းတောင်ရိပ်တွေကျနေတော့ရိုက်ရတာ သိပ်အဆင်မပြေ။

ဒါနဲ့ဘဲ ပင်းတယဘက်သွားတဲ့လမ်းအတိုင်းလာခဲ့ပါတယ်။

လမ်းမှာတွေ့တွေ့သမျှလေးကို ဆင်းရိုက် ရင်း ဟိုပင်းတယအထွက်လမ်းနားကိုရောက်လာပါတယ်။

အစကတော့ ပင်းတယအထွက်လမ်းကွေ့အထိသွားမယ်လို့ စီစဉ်ထားတာပါ၊

အဲဒီဘက်မှာက ညောင်ပင်အကြီးကြီးတွေကိုရိုက်ချင်တာပါ။

ဒါပေမယ့်သွားနေရင်းလမ်းကွေ့လေးတစ်ခုကိုအတွေ့အနောက်ဘက်ကိုဆင်းခိုင်းလိုက်ပါတော့တယ်။

တောင်ကုန်းလေးပေါ်က စပါးခင်းလေးရယ် ကောက်ကွေ့နေတဲ့လမ်းကလေးရယ်တွေ့မိလို့ပါ။

အဲဒီနားကိုရောက်တဲ့အခါ လမ်းအထက်က ကုန်းမြင့်လေးပေါ်မှာ စပါးခင်းကိုလက်ဆော့.

အပြန်လမ်းမှာတော့  အစက ဆင်းရိုက်မယ်လို့ စိတ်ကူးထားတဲ့နေရာလေးကိုကျော်လာပါတယ်။

စကားတစ်ပြောပြောနဲ့လာကြတာကိုး။

ဒါပေမယ့်ကုန်းဆင်းလေးတစ်ခုမှာချောင်းလေးနဲ့တံတားလေးရယ် စပါးခင်းကို မြင်လိုက်တဲ့အခါမှာတော့ အောက်ဖက်ကိုဆင်းလာခဲ့ပါတော့တယ်။

ဘေးဝဲယာမှာ စိမ်းမြလန်းဆန်းတဲ့စပါးခင်းတွေကိုမြင်ရတော့ လက်ဆော့မိတာပေါ့နော်.

 

 

 

ကိုပေါက်လမ်းသလားနေသည်

အောင်ပန်းအောက်တိုဘာ 16

(24-10-2012)

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။