စိမ်းမြလတ်ဆတ်သော အလှတရားများ 16

1 စိမ်းမြရှင်သန်နေ သောကောက်ပင်
2 ကောက်ပင်စိမ်းစိမ်း အထက်က ကောင်းကင်

 

3 လမ်းကလေးးးးးးးးးးးးးးးးးးး
4 စိမ်းစိုလန်းဆန်းသော
5 အဝေးစိမ်းစိမ်း အနီးစိမ်းစိမ်း

 

 

6 အေးအေးဆေးဆေး (အနီနဲ့အစိမ်း)
7 အိမ်အပြန်လမ်းကလေး
8 စိမ်းမြလယ်ကွင်း ဘေးမှာချောင်းကလေးက စီးဆင်း

 

10 အစိမ်းထဲကအစိမ်း
11 ရုတ်တရက်အုံ့မိူင်းလာတဲ့ကောင်းကင်
12ချောင်းလေးနံဘေးမှာ တောပန်းလေးတွေဝေဆာဆာ
13 အနောက်ဖက်က ကောင်းကင် တိမ်ပြာရီ

 

14 စိမ်းဆိုမှစိမ်း
15လွမ်းသလိုလို ……………..

 

“စိမ်းမြလတ်ဆတ်သောအလှတရားများ ”16

 

 

 

မြို့ပြင်ကလယ်ကွင်းတွေကိုဓါတ်ပုံရိုက်ဘို့ ပထမတစ်ရက်မြို့တောင်ဘက်ကိုသွားခဲ့ပါတယ်။

ညနေပိုင်းတောင်ရိပ်တွေကျနေတော့ရိုက်ရတာ သိပ်အဆင်မပြေ။

ဒါနဲ့ဘဲ ပင်းတယဘက်သွားတဲ့လမ်းအတိုင်းလာခဲ့ပါတယ်။

လမ်းမှာတွေ့တွေ့သမျှလေးကို ဆင်းရိုက် ရင်း ဟိုပင်းတယအထွက်လမ်းနားကိုရောက်လာပါတယ်။

အစကတော့ ပင်းတယအထွက်လမ်းကွေ့အထိသွားမယ်လို့ စီစဉ်ထားတာပါ၊

အဲဒီဘက်မှာက ညောင်ပင်အကြီးကြီးတွေကိုရိုက်ချင်တာပါ။

ဒါပေမယ့်သွားနေရင်းလမ်းကွေ့လေးတစ်ခုကိုအတွေ့အနောက်ဘက်က်ိုဆင်းခိုင်းလိုက်ပါတော့တယ်။

တောင်ကုန်းလေးပေါ်က စပါးခင်းလေးရယ် ကောက်ကွေ့နေတဲ့လမ်းကလေးရယ်တွေ့မိလို့ပါ။

အဲဒီနားကိုရောက်တဲ့အခါ လမ်းအထက်က ကုန်းမြင့်လေးပေါ်မှာ စပါးခင်းကိုလက်ဆော့.

အပြန်လမ်းမှာတော့  အစက ဆင်းရိုက်မယ်လို့ စိတ်ကူးထားတဲ့နေရာလေးကိုကျော်လာပါတယ်။

စကားတစ်ပြောပြောနဲ့လာကြတာကိုး။

ဒါပေမယ့်ကုန်းဆင်းလေးတစ်ခုမှာချောင်းလေးနဲ့တံတားလေးရယ် စပါးခင်းကို မြင်လိုက်တဲ့အခါမှာတော့ အောက်ဖက်ကိုဆင်းလာခဲ့ပါတော့တယ်။

ဘေးဝဲယာမှာ စိမ်းမြလန်းဆန်းတဲ့စပါးခင်းတွေကိုမြင်ရတော့ လက်ဆော့မိတာပေါ့နော်.

 

 

 

ကိုပေါက်လမ်းသလားနေသည်

အောင်ပန်းအောက်တိုဘာ 16

(24-10-2012)

 

 

23 comments

  • Shwe Tike Soe

    November 2, 2012 at 1:35 pm

    စိမ်းဆိုမှစိမ်းဆို တာ ဘူ.ကိုပြောဒါလဲ လေးပေါက်နော်… ဟွန်.
    ခိခိခိ

    အော်ဒါနဲ.လေးပေါက်လို အဲလို လျှောက်တွားနေရဒဲ့ အလုပ်ချိရင် အနော်လဲ လုပ်ချင်သပ ဂျာ.. ရှာပေးနော် ဟဲဟဲဟဲ

  • ကိုခင်ခ

    November 2, 2012 at 1:41 pm

    လယ်ကွင်းတွေမှာ စိမ်းနေရင် ဝမ်းသာစရာ ကောင်းတယ်တဲ့။
    လူတစ်ဦးနဲ့တစ်ဦး စိမ်းနေရင် ကျတော့ မကောင်းပြန်ဘူးဗျ။
    ကိုပေါက်ပုံတွေကြည့်ပြီး ခင်ခ တွေးမိတာပါ။

  • စိမ်းဆိုမှစိမ်းလို့ မပြောမိပေါင်ဗျာ
    ကိုခ ရေ သိပ်ဟုတ်တာပေါ့ စိမ်းရင်မကောင်းသလို နီရင်လဲမကောင်းဘူး။
    မျက်ထောင့်နီကြီးနဲ့ ကြည့်ခံရတယ်ဆို မမိုက်ဘူးနော်

  • Fall Guy

    November 2, 2012 at 1:54 pm

    လယ်ကွင်းထဲမှာရေချိုးချင်လိုက်တာ….။ ကလေးဘဝတုန်းကရေချိုးခဲ့ဘူးတာကိုပြန်သတိရတယ်…။

  • Ma Ei

    November 2, 2012 at 1:57 pm

    ကိုပေါက်ရေ…
    စပါးခင်းလား..
    ပင်းတယအထွက်လမ်းကွေ့ နားဆိုလို့
    ဂျုံခင်းများလား လို့ပါ…
    ထင်တာနော်…
    ပုံတွေလှတယ်…

    • မယ်အိရေ စပါးခင်းလားဂျုံခင်းလားကို မသိနို်င်အောင်ကို ဓါတ်ပုံရိုက်ဘို့ ဇွဲခတ်လာခဲ့တာဗျာ
      နေရာကတော့ ပင်းတယအထွက်
      မေးစရာလူလဲမရှိ
      ကိုယ်ခေါ်သွားတဲ့ကယ်ရီသမားကလဲမသိ

  • မောင်ပေ

    November 2, 2012 at 1:57 pm

    စိမ်းတစ်လီတစ်စိမ်း
    စိမ်းနှစ်လီနှစ်စိမ်း
    စိမ်းသုံးလီသုံးစိမ်း

  • Khaing Zar Win

    November 2, 2012 at 2:35 pm

    ကွန်ပြူတာရှေ့က မခွါလို့ မျက်လုံးတွေ ဝေဝါးနေရာက ကိုကြီးပေါက်ရဲ့ စိမ်းသရဖူစိမ်းပုံတွေ မြင်လိုက်မှ လန်းဆန်းသွားတော့တယ်။ 🙂

  • candle .

    November 2, 2012 at 8:09 pm

    နံပါတ် ရ ကလမ်းလေးက အိမ်ပြန်ချင်စိတ်ကိုတူးဆွနေသပါ့….

  • မမလေး

    November 3, 2012 at 4:08 am

    ကိုပေါက်ဘယ်လိုရိုက်ရိုက် ရိုက်ချက်တွေကတော့ အမြဲတမ်းလန်ပြန်နေတာပဲ … Leopard နဲ့တောင် ယှဉ်လို့ရပြီ သိလား

  • လုပ်ပါနဲ့မမလေးရေ
    ကျနော်က လက်ဆော့တဲ့အဆင့်ပါ။
    ကံကောင်းတော့ ဒီနှစ်ပိုင်းမှာအ လုပ်ကြောင့်ခရီးထွက်ရလို့ များများရိုက်ဖြစ်တာပါ

  •    

    November 3, 2012 at 10:19 am

    စိမ်းမြရဲ့ လတ်ဆတ်တဲ့ အလှတရားတွေကို ကျိရှုခံစားသွားပါတယ်ခင်ဗျ
    တစ်ခါတလေ..
    အဲဒီလယ်ကွက်စိမ်းစိမ်းထဲ ဂျွမ်းထိုး မှောက်ခုံ ပက်လက်လှန် ခုန်ပေါက် ပြေးလွှား ဆော့ကစားချင်တယ်..
    ကျဉ်းမြောင်းတဲ့ မြို ့ပြရဲ့ မြင်ဂွင်းဒွေကို ဆိတ်ကုန်နေပြီ..
    ဘီအီးနဲ ့ နမ်းချင်ဇယာလေးကို မခွဲနိုင်လို ့သာ မြို ့မှာနေနေတာ..
    အမှန်က ငယ်ငယ်ဂလို တောသားဂျီးပဲလုပ်ချင်ဒယ်..

  • kyeemite

    November 3, 2012 at 10:47 am

    စိမ်းဆိုမှစိမ်းရက်သူကြီးရယ်….ဟဲဟဲ
    ကိုပေါက်ပုံတွေကြည့်ပြီး ငယ်မူပြန်ကြည့်တာပါ… :hee:

  • အသက်အရွယ်ဘေးခဏထား
    တစ်ခွက်တစ်ဖလားချရင်း
    ငယ်လွမ်းတေးလေးတွေ နဲ့စားမြုံ့ပြန်ကြရအောင်ဗျာ
    အဲ…..အိမ်ကမဒမ်တွေတော့ မသိစေနဲ့
    ကဲ ဘယ်နှယ့်ရှိစ

  • Hnin Hnin

    November 3, 2012 at 3:13 pm

    တောပန်းလေးတွေက အဖြူလေးတွေ ၁၅ မှာလည်း ပါတယ်…
    ခူးသွားပြီး ပန်ပေးလိုက်ပေါ့ကွယ်..ဘူ့ကိုလည်းတော့ မသိ… 🙂

  • aye.kk

    November 3, 2012 at 3:59 pm

    ဝဿန်သွန်းဖြိုး
    မိုးဥတုတွင်
    ပင်နုရွက်ပျို
    စိမ်းစိမ်းစိုလန်း
    ထိုထိုဝန်းကျင်
    မြင်မြင်သမျှ
    လှပလွန်းလျက်
    နှစ်သက်ကြည်နှူး
    အထူးရွှင်ပျ
    အေးမြသာယာ
    ရင်မှာခံစားရလေသည်။။

  • ရွှေ ကြည်

    November 3, 2012 at 4:13 pm

    ရွှံတွေပေမနေရင် ပန်းပွင့်လေးတွေကပန်လို့ရပါတယ်လေးပေါက်ရယ်..။
    ညောင်ပင်ကြီးတွေကလည်းလေးပေါက်ရိုက်လာရင်လှမှာ..။
    အခုလည်းစိမ်းစိမ်းစိုစိုနဲ့ကြည့်ရတာအေးချမ်းနေတာပဲ နံပါတ် 3 လမ်းကလေးကိုကြိုက်တယ်..။
    အဲဒိလမ်းမှာလျှောက်ချင်တာ..။

  • Hnin Hnin

    November 3, 2012 at 4:18 pm

    ဟုတ်သားနော်…အူဝဲ..တောင်သိတယ်….ဖွေးဆွတ်ပြီး ချစ်ရှာကောင်းလို့
    ပြောမိပါတယ်…လေးပေါက်က ဒါတောင်မတိဝူးးးး… 🙁

  • ကိုရင်စည်သူ

    November 3, 2012 at 4:56 pm

    လေးပေါက် ပုံတွေအမြဲအားပေးရင်းနဲ့ ကိုရင် အသက်ကြီးလာရင် တောင်းမယ့်ဆုကတော့
    ဦးပေါက်လို အရွယ်အထိ ကျန်းကျန်းမာမာ
    သွားနိုင်လာနိုင်ပြီးတော့ သဘာဝအလှတရားကြီးကို ခံစားတတ်သော
    အနုပညာအသိ အမြဲရှိနေရပါလို၏ ပေါ့ဗျာ.. 🙂

  • ကိုရင်စည်သူက
    ကျနော်ကို့အသက်ကြီးပြီလို့သွယ်ဝိုက်ပြောလိုက်တာနေမှာ
    ငါမအိုသေးလို့ တော့ ပြရအုံးတော့မှာဘဲနော်

Leave a Reply