လျပ်တစ်ပြက်ကလော-17

1 ကလောမြို့အဝင်

 

2 အဝေးက စိမ်းမြမြ
3 တောင်တန်းစိမ်းမှောင် တိမ်ပြာရောင်
4 ကောက်ကွေ့ကွေ့ မြို့အဝင်လမ်းကလေး
5 မြေနီလမ်းကလေးဘယ်ထိပေါက်မယ်မသိဘူး

6 ကောက်ကွေ့သောလမ်းကလေး နှစ်
7 တောင်စိမ့်မိူင်းမိူင်း ကောင်းကင်ပြာပြာ
8 တောင်ပေါ်က တိမ်အရိပ်
9 အုံ့မိူင်းညိုပြာ
10 တောင်ပေါ်က အုပ်မိုးနေတဲ့တိမ်
11 တူသလိုလို ပေမယ့် ကျနော့်အဘို့လက်ဆော့လို့မဝနိုင်အောင်
12 ကလောဈေးနားက ဘုရားနဲ့တိမ်
 

13 ကလောကိုသွားတဲ့လမ်းအကွေ့
15ကလောအဝင်လမ်း အကွေ့ 2
“လျပ်တစ်ပြက်ကလော ”

ကလောကိုရောက်သွားတဲ့တစ်ရက် ထွက်စက မိုးတွေကျနေပါတယ်။

အဲတော့ မိုးကာ တွေဝတ်ထားရတာပေါ့။

မိုးရွာတော့ အသွား ဓါတ်ပုံရိုက်ဘို့အဆင်မပြေတော့ဘူးလေ။

လာရင်းတန်းလန်းနဲ့ နေတွေက ပူလာပါတယ်၊

သွားနေရင်းဆိုင်ကယ်က စီးရတာ တမျိုးကြီးဖြစ်နေလို့ ငုံ့ကြည့်တော့ ရှေ့ဘီးကလေလျော့နေပါတယ်။

ဆို်င်ကယ်က အောင်ပန်းက မိတ်ဆွေက ပေးငှားလိုက်တဲ့ ဆိုင်ကယ်ပါ။

အဲတော့ ဘီးဖာတဲ့ဆိုင်ရှာရပါတယ်။

ဟိုမေးဒီမေးနဲ့ ညွန်လိုက်တဲ့နေရာကတော့ အောင်ပန်းဈေး အနောက်ဘက် လမ်းမှာရှိတဲ့

ဘုရားရဲ့               အနောက်ဘက်လမ်းမှာ ဆိုင်ကယ်ဘီးဖာတဲ့ဆိုင်ရှိတယ်ပြောတာနဲ့

ဆိုင်ကယ်ကို တွန်းသွားပါတယ်။

18နှစ်လောက်ရှိတဲ့ကလေးလေးတစ်ယောက်က ဆိုင်ကယ် ကို ဝါယာရိန်းလုပ်နေပါတယ်။

အသက်50ကျော်လောက်ရှိတဲ့ ယောက်ျားကြီးက အင်ဂျင်နိုု်က်နေပြီး အသက်ကြီးကြီး

မိန်းမကြီးက ဆိုင်ကယ်ဘီးဖြတ်ပေးပါတယ်။

လေစမ်းတော့ အသစ်လဲရမယ်တဲ့။

အဲဒါနဲ့လမ်းတောင်ဘက်က ဆိုင်လေးမှာ ကျွတ်အသစ်ဝယ်ထည့်ပါတယ်။

ပြီးတော့ဘယ်လောက်ကျလဲမေးတော့ 800တဲ့ ။

မိန်းမကြီးက တော့ အမ်းစရာမရှိလို့ 1000ဘဲယူလိုက်တယ်တဲ့။

နေရာအတော်များများ မှာဆိုင်ကယ် ဘီးဖာဖာ ဖြုတ်ဖြုတ် 500ကျပ်ပါဘဲ။

မတန်မှန်းသိပေမယ့် ကျနော်ပေးလိုက်ပါတယ် သူ့ဆီကိုနောက်ဘယ်တော့မှ

မပြင်သလို ကျနော်မိတ်ဆွေတွေကို လဲ ဒီလို မတရားယူလိုက်တာကို ပြောပြမှာမို့လို့ပါ။

အခုတောင်ပြောပြီးသွား ပြီ။

ရှောင်ကြနော်………………….ဒီဆိုင်လေးကို။

အဲတော့ လျပ်တစ်ပြက်ဘဲ ခဏဆိုခဏလေးရောက်တဲ့ ကလောမြို့ကို နည်းနည်းလေးဘဲလက်ဆော့ခဲရပါတယ်။

ရသလောက်လေးတော့ တင်ပေးလိုက်ပါတယ်နော်။

 

ကိုပေါက်လမ်းသလားနေသည်

အောင်ပန်းအောက်တိုဘာ 2012 17

(20-10-2012)

 

 

 

15 comments

  • ရွာသူ jujuma .

    November 3, 2012 at 2:14 pm

    မရောက်ဖူးသေးတဲ့ ကလောရဲ့ သာယာပုံလေးတွေကိုမြင်ရလို့ ကျေးဇူးပါဗျာ ..
    ဦးပေါက်ရဲ့ ပုံလေးတွေကို မြင်တိုင်း ကော်ပီကူးချင်စိတ်ပေါက်ပေါက်နေလို့ ..
    ခုလဲ ကူးသွားပီနော် .. ခွင့်ပြုပါ …

  • aye.kk

    November 3, 2012 at 2:39 pm

    ကလောမြို ့ကအသက်ဝင်ပြီးလှနေတယ်လို ့
    စိတ်ကခံစားမိတယ်။

  • candle .

    November 3, 2012 at 7:28 pm

    မရောက်ဖူးသေးတဲ့ နေရာ အတော်များများ နဲ ့မဖူးဘူးသေးတဲ့ ဘုရားစုံ ကို ကိုပေါက်ရဲ ့ကျေးဇူးကြောင့်
    အခမဲ့ရောက်ခွင့် ဖူးခွင့်ကြုံရလို ့ကျေးဇူး အမြဲတင်နေရပါတယ်..

  • မောင်ပေ

    November 3, 2012 at 7:59 pm

    ကျုပ်ပြောတဲ့ နေရာကိုလဲ မသွားခဲ့ဘူးရယ်
    မြို ့တွင်းမြင်ကွင်းတွေ ကြည့်ချင်တာဗျာ

  • အဲဒီနေရာသွားဘို့ က အဆင်မပြေခဲ့ဘူး။
    နောက်တစ်ခေါက်ဆို ရင်တော့ ရောက်အောင်သွားမယ် ဆိုင်ကယ်ဘီးပေါက်တော့ စိတ်လေသွားတာလဲပါတယ်လေ

  • nature

    November 4, 2012 at 11:21 am

    ကလောကို ပြောင်းပြန်ပြောရရင်တော့ လောက တဲ့။

  • တောင်ကုန်းတွေနဲ့ ..
    အစိမ်းရောင် လွှမ်းနေတဲ့ ကလောမြို့ကြီးပါတဂါး …
    ဒါနဲ့ နံဘတ်လေး ပုံထဲမှာ ရပ်ထားဒဲ့ ဆိုင်ကယ်က
    ဘူ့ဆိုင်ဒုံးဂျ ?????
    :kwi:

    • အဲဒီကောင်ပေါ့ သူများဆိုင်ကယ် ငှားစီးလာတာလေ
      ဆိုင်ကယ်က အသစ်ကြီး
      လမ်းကျမှ ဘီးပေါက်တော့တာဘဲ

  • မိုး မင်းသား

    November 4, 2012 at 11:46 am

    ကလော…အလွန်တစ်ဘူတာဆိုတဲ ့သီချစ်းလေးတောင်

    သွားသတိယမိပါရဲ ့…..ကိုပေါက်ရေ……

    ကလောကိုမရောက်ဖူးသေးတော ့……သွားချင်စိတ်ဖြစ်မ်ပါတယ်လေ……

  • အလင်းဆက်

    November 4, 2012 at 8:55 pm

    လေးလေးပေါက်
    ကလောကို သား..အရမ်းသွားချင်နေတာ ။
    အခု..မသွားရသေးခင်…လေးလေးပေါက်…. တင် ပြလိုက်တဲ ့ပုံ လေးတွေ.ကြည့်ပြီး..
    ပိုးက… ပို..ထ လာတယ် ဗျာ ။

    လေးလေးပေါက်..လိုပဲ..ခရီးတွေ… သွားမြဲ.သွားဆဲ…သွားလတ္တံ ့ လုပ်နေချင်လိုက်ထှာ..

    (အမှန်က… ကိုပေါက်လမ်းသလားနေသလို..အလက်ဆင်းလည်း..လမ်းသလားချင်နေထာ..ပါ ။)

    :kwi:

  • လေးလေးပေါက်လဲ ငယ်ငယ်က ဘယ်မှ သိပ်မသွားရပါဘူးကွာ
    အခုကြီးမှ ကံကောင်းလို့ အသက်40ကျော်မှ ခရီးထွက်ရတာပါ

  • Mလုလင်

    November 5, 2012 at 6:36 am

    ရောက်ဖူးချင် နေတဲ့ နေရာ တွေ ထဲက တစ်ခု ပါ။ ခုတော့ အကြို အဖြစ် .. ပုံ လေးတွေ ပဲ ကြည့်ထားဦးမယ်။

  • weiwei

    November 6, 2012 at 10:09 am

    ကလောမြို့လေးကို ကြိုက်တယ် … တောင်ကြီးသွားတိုင်း ကလောမှာ တစ်ညလောက်တော့ ဝင်အိပ်ဖြစ်တယ် … လမ်းမပေါ်ကပဲ မြန်မာထမင်းဆိုင်တစ်ဆိုင် (နံမည်တော့မေ့နေပြီ) တော်တော်စားလို့ကောင်းတယ်နော် …

  • ကျနော်က ကလောမှာအိပ်ချင်ပေမယ့်အဆင်မပြေ
    အလုပ်က အောင်ပန်းမှာရှိတာ
    ကလောကို သွားအိပ်ဘို့ပြောင်းဘို့ရွှေ့ဘိုကလဲ မလွယ်ဆိုတော့ အပျော်ခရီးသွားမှာဘဲအိပ်ဖြစ်မယ်ထင်ပါတယ်။

Leave a Reply