1 အောင်ပန်းကပန်းသည်

 

2 ဘာတွေများဒီလောက် စိတ်ဝင်တစားရွေးနေတယ်မသိ

 

3စားကြအုးံမလား ငါရှဉ့်ကျပ်တိုက်

4 စုံစီနဖာ ခြံထွက်ကလေးတွေပါရှင့်

5 လတ်လတ်ဆတ်ဆတ် စားချင်ဒီကိုလာ

 

6 အသီးစုံအနှံစုံခြံထွက်တွေအကုန်လာရောင်းကြတာ

7 “ဟော.ဒီမှာကြည့် လတ်လတ်ဆတ်ဆတ်ကြီးရယ်”

8 “အိမ်ပြန်လက်ဆောင် ၀ယ်သွားအုံး” ဆိုတဲ့ ပဲပုပ်သည်

9 ငါးခူ ငါးရှဉ့် ငါးပေါက်စ ကျပ်တင်လေးတွေပါ

 

10 စားချင့်စဖွယ်

 

11 အေးအေးဆေးဆေး ဆွေးဆွေးနွေးနွေး

12 လက်ဖက်ခြောက်သန့်သန့်လေးပါတော်

 

13 သူကတော့ ဆေးလိပ်တိုလေးနဲ့အေးဆေး

14 ဘေးကနေခိုးရိုက်ထားတာ ပ

15 ဈေးနေ့ တွေ့တုန်းလေးပြောမကုန်

16 ဒီလောက်နဲ့တော့ နေ့တွက်ကိုက်သေးဘူးနော်

17 ပြန်ကြစို့…………………………..

18 မြန်မြန်လာ နောက်ကျနေပြိ

19 ဘာဝယ်ရမှန်းမသိသေးဘူးအေ

20 ယူုမယ်နော်

 

“စားချင်စရာ ငါးကျပ်တင် တွေပေါတဲ့ အောင်ပန်းဈေးနေ့” ၁၈

 

 

၂၀၁၁ မှာအောင်ပန်းကို  ပထမဆုံးအကြိမ်ရောက်တဲ့အခါ ဈေးနေ့နဲ့ကြုံပါတယ်။

ဈေးကြီးအ၀င်လမ်းတန်းမှာ လမ်းဘေးဝဲယာ က တစ်တန်းအလယ်ခေါင်မှာနှစ်တန်း ကျောခြင်းကပ်

ဆိုင်တွေခင်းရောင်းကြပါတယ်။

အဲဒီတုန်းကတော့ ကျနော်က လူပုံတွေကိုလက်ဆော့ဘို့ စိတ်မ၀င်စားတော့မရိုက်ဖြစ်ခဲ့ပါဘူး။

အမှန်ကတော့ မရိုက်ရဲတာလဲ ပါပါတယ်။

ဒုတိယတစ်ခေါက် ကျပြန်တော့ ဈေးနေ့နဲမဆုံ။

အခုတစ်ခေါက်မှာတော့ ဈေးနေ့နဲ့ဆိုပေမယ့် ဆိုင်တွေက အရင်လို လမ်းမတန်းမှာခင်းထားတာမတွေ့။

မေးကြည့်တော့မှလမ်းကြားထဲမှာဘဲဖွင့်ခွင့်ပြုတယ်လို့ သိရပါတယ်။

အဲဒါနဲ့ ဈေးအရှေ့ဘက်လမ်းကြားထဲကိုဝင်ခဲ့ပါတယ်.။

ဈေးတန်းကြီးကလဲ အရှည်ကြီး၊

အဲဒီမှာ တုတ်ကလေးတွေနဲ့သီထားတဲ့ အကင်လေးတွေမြင်လို့မေးကြည့်တော့။

အကောင်ရှည်ရှည်လေးတွေက ငါးရှဉ့်ကျပ်တင်ပါတဲ့။

အပုသေးသေးလေးတွေက တော့ ငါးရံ့ကင်ပါတဲ့။

အကောင်ကြီးကြီးတွေလဲ ပါပါတယ်။

ငါးရှဥ့်ကတော့ငါးရာဘိုးသုံးကင်လို့ပြောပါတယ်။

သူက ကျပ်တင်ရုံဘဲတင်ထားတော့ ပြန်ပြီး ဆီပူထိုးမှ စားလို့ရမယ်ဆိုပါတယ်။

လှမ်းကြည့်လိုက်တော့ ဈေးတန်းကြီးကအရှည်ကြီး၊

အဲတော့ ထုံးစံအတိုင်းလက်ဆော့မိသပေါ့။

 

ကိုပေါက်လမ်းသလားနေသည်

၂၀၁၂ အောက်တိုဘာ အောင်ပန်း-၁၈

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1610 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။