စဉ်းစားကြစေလိုပါတယ် ( ၃၉ ) ( ဒန်ပေါက် )

Foreign ResidentOctober 21, 20121min33641

စဉ်းစားကြစေလိုပါတယ် ( ၃၉ ) ( ဒန်ပေါက် )

ဘာရယ် မဟုတ်ပါဘူး ။
အခုတလော မန္တလေးက အစားတွေချည်းပဲ ကြော်ငြာနေတော့ ၊
ရန်ကုန်သားတွေဖက်က မခံချင်ဖြစ်လာတယ်လေ ။
တိုက်တိုက် ဆိုင်ဆိုင် အခုလေးတင်ပဲ ၊
Face Book ပေါ်မှာ ရန်ကုန်က ဒန်ပေါက်ဆိုင် ကြော်ငြာလေးတွေ့လို့ ၊
ရွာသူားများလည်း ကြိုက်တတ်မလားလို့ တင်ပေးတာပါ ။

 

အဘ အကြိုက် ဒန်ပေါက်ဆိုင်များ ။

အဘ အကြိုက် ဒန်ပေါက်ဆိုင်များ ။

အသေးစိတ် သိချင်ရင်တော့ အောက်ပါလင့်မှာ သွားဖတ်ပါကွယ် ။

https://www.facebook.com/photo.php?fbid=428877067170392&set=a.234353016622799.58179.234350746623026&type=1&theater

အဘ ဖေါ ( FR ) ။

41 comments

  • စိန်ဗိုက်ဗိုက်

    October 21, 2012 at 6:50 pm

    အိမ်း..
    အားကျမခံ အူးဗိုက်အကြိုက် ဘီအီးဆိုင်များဆိုပြီး တစ်ပုဒ်လောက် ပြုစုပါဦးမယ်လေ
    :harr:

  • ဦးဦးပါလေရာ

    October 21, 2012 at 6:51 pm

    ချန်ပီယံဒန်ပေါက်ပဲစားဘူးတယ် ကိုဖေါရေ..
    အရင်က အခန်းအနားအကျွေးအမွေးလုပ်ရင် သွားသွားမှာတာ
    အဲဒီတုန်းကတော့ အနည်းဆုံး လူ ၅ဝ စာဆိုရင် မှာလို့ရတယ်။ သွားယူရတာ။

    ချော်တွင်းကုန်းက ကောင်းသန့်ကို သွားစားကြည့်ဦးမယ်…။

    • Swal Taw Ywet

      October 21, 2012 at 9:09 pm

      ဦးဦးပါ….
      သွားဖြစ်ရင်…..မမေ့နဲ့နော်
      ကျနော်လည်း မန္တလေးရောက်တုံးလေး….ဟေး ဟေး…
      ဆိုင်းဘုတ်တွေလိုက်ဖတ်ခဲ့မယ်ဗျာ။

      With respect,
      Swal Taw Ywet.

  • ရာဇဝင်လူဆိုး

    October 21, 2012 at 6:53 pm

    စာတွေအများကြီးရေး၊ စကားတွေ အများကြီး ပြောသွားတာ တော်တော် ထိရောက်ပါပေတယ် ဘဖောရေ။
    ငယ်ငယ်တည်းက စားခဲ့ရတဲ့ ဒံပေါက်ဆိုတာ ဘယ်လဲ၊ ဘာလဲ ပေါ့ဗျာ…။ :mrgreen:

  • ဦးဦးပါလေရာ

    October 21, 2012 at 6:57 pm

    စကားမစပ်-
    မြန်မာပြည်က ဒန်ပေါက်တွေဟာ အိန္ဒိယက ဒန်ပေါက်တွေနဲ့ တော်တော်ကွာတာပဲ..။
    တာမွေ ဖိုးစိန်လမ်းပေါ်က အာသောက မှာတော့ ကုလားထမင်းစားရင်း ဒန်ပေါက်မြည်းဘူးတယ်။
    ဒေါ်လှနဲ့ရှင်းရတာဆိုတော့ တခါတလေပဲသွားနိုင်တယ်…. 🙁

  • မောင်ပေ

    October 21, 2012 at 7:29 pm

    မခံချင်စိတ်ပြင်းထန်လှစွသော အဘဖီးကြော ပါကလား

  • MaMa

    October 21, 2012 at 8:13 pm

    သူငယ်ချင်းတစ်ယောက် ဂ ငယ်က ပြန်လာတုန်းကတော့ အဲဒီမှာလည်း ဒန်ပေါက်ရှိတယ်။
    မြန်မာပြည်ကနဲ့အရသာ လုံးဝမတူဘူး။
    စားမကောင်းဘူးလို့ ပြောတယ်။
    (ဟုတ်မဟုတ် ဂ ငယ်ကျွန်းက မောင်ဂီ့ဆီက အတည်ပြုချက်ယူရမယ်။)
    စ လုံး က မှာ ရောင်းတဲ့ ဒန်ပေါက်ကလည်း ဒီကနဲ့ မတူဘူးလို့ ပြောတယ်။
    ဒါပေမယ့် ဒီကသွားတဲ့လူတွေ အော်ဒါချက်ရောင်းတဲ့ ဒန်ပေါက်ကတော့ အတော်ကောင်းတယ်။
    အခုဆိုရင် ဩဇီကိုလည်း မြန်မာတွေ တော်တော်များများသွားနေကြတော့ မြန်မာဒန်ပေါက်ရှိလား။

    • Foreign Resident

      October 22, 2012 at 5:16 am

      အိန္ဒိယနိုင်ငံက ဒန်ပေါက်က မြန်မာပြည်က ဒန်ပေါက် နှင့် လုံးဝ မတူပါ ။
      ထမင်းပေါ်မှာ ဘဲဥ ကုလားဟင်းရည် ပျစ်ပျစ် ဆမ်းထားပုံမျိုးပါ ။ စားမကောင်းပါ ။

      မြန်မာပြည်က ဒန်ပေါက် နှင့် တူတာက ပါကစ္စတန်က ဒန်ပေါက်ပါ ။
      ဆန်ပိုကောင်းသဖြင့် မြန်မာပြည်က ဒန်ပေါက်ထက် ပို၍စားကောင်းပါသည် ။

      ဩဇီ / ဆစ်ဒနီ က ဒန်ပေါက်က မြန်မာပြည်က ဒန်ပေါက်ထက် ပို၍စားကောင်းပါသည် ။
      အမှန်တော့ ဒန်ပေါက် လုပ်ပုံ နည်းစနစ်က အတူတူပါပဲ ( ရန်ကုန်ကပဲ သင်လာတာလေ ) ၊
      မြန်မာပြည်က ဆင်းရဲသားများ စားနိုင်ရန် ဈေးချရင်း ချရင်း ဖြင့် ညံ့သွားခြင်းဖြစ်သည် ။
      ဆစ်ဒနီ က ကိုစံကရန်း ဒန်ပေါက် က ၉ ဒေါ်လာ ( ၈၁၀ဝ ကျပ် ခန့် ) ပေးရပါသည် ။

      • Hnin Hnin

        October 22, 2012 at 2:37 pm

        ဒန်ပေါက်က တော်တော်မျာများ စားဖူတယ်…ကိုယ့်ဟာကိုယ်တော့ ဒန်ပေါက်
        ဝယ်မစားဖြစ်ဘူး….နီလာ၊ကြက်သျှာစွန်း(အဲ့လိုပေါင်းလားမသိ)၊ ရွှေညောင်ပင်၊
        ကောင်းကြိုက်၊ယုဇန မှတ်မိသလောက်ပဲ။ ပြင်ပ အမည်မသိ စားဖူးတာတွေ၊
        သူများ လာလာပို့မမှတ်မိတာတွေလည်း ရှိသေးတယ်။ နောက်ဆုံးစားခဲ့တုန်းက
        ကောင်းကြိုက်ပဲ…၅ဘူးဝယ်ရင် ၁ဘူး လက်ဆောင်ရတယ်ဆိုလို့ ဖေဖေဝယ်လာ
        တာ၊ဈေးတော့မသိဘူး..အခုတော့ ၅ပွဲဝယ်ရင် ၁ပွဲ ပိုပေးသေးလားတော့ မသိဘူး။
        သတင်းစာထဲ လက်ရှိဒံပေါက် ပေါက်ဈေး၁၇၀ဝနဲ့တွက်ကြည့်ရင် ၅ပွဲကို ၈၅၀ဝ
        ၁ပွဲ ပိုရတော့ ဘနှုန်း ၈၁၀ဝနဲ့ဆိုရင် ဒီမှာ လူ ၆ယောက်စာ ရတာပေါ့နော်..
        နှင်းနှင်း သက်သတ်လွတ် ကုန်ကျစရိတ် ၁လစာ ဖိုးပဲ..ပါးစပ်စည်းစိမ်ခံရမှာ..
        နှမျောစရာ..မစားတော့ဘူး..ဘရေ….

    • ကျွန်တော်လည်း ခုကုလားပြည်မှာနေပါတယ်… လွယ်လွယ်ဈေးပေါပေါစားလို့ရတဲ့နေရာတွေက Cafeteria လို့ခေါ်ပါတယ်… ကုလားစာတွေပဲ လွယ်လွယ်ကူကူရပါတယ်… များသောအားဖြင့် ပူရီ၊ ချာပါတီ၊ ဒန်ပေါက်အစရှိသည်တို့ပေါ့..

      ဆိုင်တော်တော်များများ၊ (ဈေးကြီးတာရော၊ ဈေးမကြီးတာရော)မှာ စားခဲ့ဖူးတာ မြန်မာပြည်က ဒံပေါက်နဲ့ လုံးဝ(လုံးဝ) မတူပါကြောင်း…။ မြန်မာပြည်မှာ Food Safety ဂရုမစိုက်တာကြောင့် အရောင်လှရင်ပြီးရော အရောင်ရဲရဲတောက်တောက်ကြီးတွေသုံး၊ ဆီတွေရွှဲနစ်နေရင် ကောင်းလှချည်ရဲ့ဆိုပြီး ပြောကြပြန်တာကတစ်ကြောင်း၊ အနံ့မွှေးပြီးရော ဘာဖြစ်ဖြစ်ထည့်သုံး၊ အရသာရှိပြီးရော အချိုမှုန့်တွေလိုသလောက်သုံးနဲ့မို့ တော်တော်လေးကို အရသာကွာခြားပေမယ့် ကိုယ်စားမယ့်အစားတစ်ခုအတွက် အစိုးရက နောက်ကွယ်ကနေ အတော်လေး လုံခြုံစိတ်ချရအောင်လုပ်ထားတယ်ဆိုတာ သိရတော့ မျိုကျပါကြောင်းနှင့် ငယ်စဉ်ကတည်းက စွဲလန်းလာခဲ့သော မြန်မာအစားအစာအတော်များများကို ခွင့်ပြန်စဉ်က ဘူးယိုဖြစ်ခဲ့ပြီး မျိုကျအောင် မနည်းစားနေခဲ့ရကြောင်းကို သိသမျှလေး ဝင်လျှာရှည်လိုက်ရပါတယ် အဘဖောနဲ့ မမ အန်တီခင်ဗျား…

      🙂

  • padonmar

    October 21, 2012 at 8:57 pm

    ချန်ပီယံကို အလှူတွေမှာ စားရဖူးတယ်။ မအီပဲကောင်းပါတယ်။
    ငယ်တုံးကတော့ ဒန်ပေါက်ကို အလှူမကြုံလည်း ဝယ်စားခဲ့ပေမယ့်
    အခု ကျန်းမာရေးအမြင်နဲ့ တတ်နိုင်သလောက်ရှောင်နေပြီဖြစ်လို့
    တကူးတက မြန်မာဆိုင်မှလည်း ရွေးဝယ်မနေရတော့ဘူးပေါ့။

  • candle .

    October 21, 2012 at 9:32 pm

    ဒါဆိုရင် အဘပြောတဲ့ ဆိုင်တွေက ” ဟာလာ ” ဆိုပြီးလည်ပင်းမဖြတ်တဲ့ဆိုင်တွေလား ဟင်..
    ကောင်းလေစွ..

  • uncle gyi

    October 21, 2012 at 10:40 pm

    ကိုရင်ရေဒါန်ပေါက်တော့ကြိုက်တယ်
    အခုမစားတော့ဖူး
    ဘာဖြစ်လို့လဲမမေးနဲ့ရှုပ်ကုန်မယ်

  • ဦးဦးပါလေရာ

    October 22, 2012 at 1:11 am

    ဝံသာနုစိတ်ဓါတ်ကိုတော့ ကျုပ်က (ကွန်ဆာဗေးတစ်ကြီးပီပီ) အစကတည်းက ထောက်ခံပြီးသား…
    ကိုယ်တိုင်လဲ ကျင့်သုံးပါတယ်..
    ဒါပေသိ ဒီကိစ္စမျိုးမှာ နှစ်ပိုင်းရှိသဗျ….
    သူများ ကို အားမပေးတာက တပိုင်း….
    ကိုယ့်ထဲမှာ အစားထိုးနိုင်သူများ ရှိမရှိက တပိုင်း……

    ဒုတိယပိုင်းက မပြည့်စုံရင်
    ပထမပိုင်းက ကြာကြာမအောင်မြင်နိုင်ပေဘူး။

    ဒံပေါက် ဆိုတာကတော့ စားစရာဆိုတော့
    မစားလဲရပါတယ်။ အစားထိုးစရာပေါပါတယ်။

    အခြားအခြား အရာများစွာရှိသေးတယ်။

    စစ်ကြိုခေတ်တုန်းကတော့ ရန်ကုန်မြို့လည်မှာ ကာကာဆိုင်တွေချည်းရှိနေလို့
    ဗမာတွေ ဗမာမျက်နှာကြည့်သောက်ရအောင် ဗမာလဘက်ရည်ဆိုင် ထောင်ခဲ့ဘူးတယ်လို့ဆိုတယ်…။
    အင်း… အဲဒီဆိုင် စစ်မဖြစ်ခင် ပြုတ်သွားတယ်လို့လဲကြားဖူးတယ်…။

    ကျုပ်တို့မျိုးဆက်တွေ ဘက်စုံဒေါင့်စုံ လူချင်းတူ လူတန်းစေ့ဘို့ ပြင်းပြင်းထန်ထန် နိုးနိုးကြားကြား ကြိုးစားဘို့ အချိန်တန်ပါပြီ…။
    အဲဒါကသာ ကျုပ်တို့မြန်မာနိုင်ငံထဲမှာ မြန်မာတိုင်းရင်းသားတွေ ခေါင်းမော့ပြီးကျန်ရစ်စေမယ့် တခုတည်းသော အဖြေပါ…။

    ဘာတဲ့…..
    သခင်မျိုးဟေ့ ဒို့မြန်မာ ….

    ပုံ
    သခင်ပါလေရာ
    😛

  • surmi

    October 22, 2012 at 1:21 am

    ကဲ ကဲ ဟောဒီက မောင်မျိုးချစ်တို့အတွက် မနေနိုင်ရင်လည်း ကိုယ့်ဟာကိုယ်ချက်လို့ရအောင်
    တစ်သက်စာလေ ့လာခဲ ့သမျှ တင်ပေးထားပါတယ်ဗျို ့ …………..။
    သွားရောက် အားပေးတော်မူကြပါဦး
    စဉ်းစားကြစေလိုပါတယ်(၃၉)အဖြေ လို့ ခေါင်းစဉ်တပ်ထားပါတယ် ။

    • Foreign Resident

      October 22, 2012 at 12:33 pm

      ကျေးကျေးပါ ကိုဆာမိရေ ။

  • မိုးတိမ်

    October 22, 2012 at 1:51 am

    ၉၆၉ ဒံပေါက်လို့ခေါ်ပါတတယ်ခင်ဗျ။ဘုရားဂုဏ်တော် ၉ ပါး၊တရားဂုဏ်တော် ၆ ပါး၊သံဃာဂုဏ်တော် ၉ပါးကိုရည်ညွှန်းတာပါ။ဝက်သားနဲ့ချက်ရင် ပိုအားပေးမှာပါ။စကားမစပ် အိန္ဒိယမှာ ဒန်ပေါက်ကို ဘီကီရာနီတဲ့ခင်ဗျား။ဇာတ်နိမ့်တွေအစား အစာလို့သတ်မှတ်ပါတယ်။သူတို့က လုံးဝ အသားမစားပါ။

  • ဩီဝတ္တဏပါဠီဇမ္ဗူ့လောကပါလမဟာအဂ္ဂကြောင်ဝတုတ်

    October 22, 2012 at 9:09 am

    ကျွန်တော်အမြဲပြောဖူးတာတစ်ခုရှိပါတယ်…
    အစားကို အစားလိုစားကြပါ…
    အစားကို အစားလိုမစားလိုမစားလျှင်… ကျွန်တော်တို့လဲ အတူူတူပဲဖြစ်သွားမှာပါ…
    ဘာမှမထူးပါဘူး…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • Foreign Resident

      October 22, 2012 at 1:06 pm

      ကို ကြောင်ဝတုတ် ရယ် ။

      ဒီမိုကရေစီ ဆိုတာ လွတ်လပ်စွာ ဆဲဆိုခွင့် မဟုတ်ပေမယ် ။
      ဒီမိုကရေစီ မှာ လွတ်လပ်စွာ ရွေးချယ်ခွင့်တော့ ရှိပါတယ် ။

      အဘ ရဲ့ ချွေးနည်းစာလေးကိုပေးပြီး ၊
      အဘ စားရမယ့် အစာလေးကိုတော့ ၊
      အဘ ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပြုစေလိုပါတယ် ။

      အဘ ကြိုက်ခဲ့မိရင်လည်း အဘ ကြိုက်ကြောင်းလေးကို ၊
      လွတ်လပ်စွာ ဖေါ်ပြခွင့် မရနိုင်ဘူးလားကွယ် ။

      • ဩီဝတ္တဏပါဠီဇမ္ဗူ့လောကပါလမဟာအဂ္ဂကြောင်ဝတုတ်

        October 22, 2012 at 1:54 pm

        အဲဒီမှာ စတာပဲ…
        အခုတလော အစားကို အစားလိုမမြင်တဲ့ကိစ္စကို ပြောခဲ့တာကြာပေါ့…
        အန္ဒိယအစားအစာကို သေသေချာချာနှစ်ခြိုက်ကြောင်း ဝန်ခံပါတယ်…
        လွတ်လပ်စွာရွေးချယ်ခွင့်လေးအရ…
        အိန္ဒိယအစားအစာကို ကြိုက်ပါတယ်…
        ဒါပေမယ့် မွေးစားအနိ္ဒယအစားအစာနဲ့ မျိုးရင်းအန္ဒိယအစားအစာပေါ့နော်…
        အရသာမတူသလို… မျိုးရင်းကိုပိုကြိုက်နှစ်သက်ပါတယ်… ပိုပြီးအနံ့အရသာနဲ့ပြည့်စုံတယ်လို့ခံစားရပါတယ်…

        အဲဒီလိုပဲ… ပြောရရင် အစားစားတာပဲဗျာ…
        ခွဲခြားဖို့မလိုပါဘူး… အစားကို အစားလို့ထားစားစေချင်တာပါ့…
        လူတိုင်းနဲ့တည့်သောအစားအသောက်စားခြင်းကိစ္စရပ်ကို တခြားအရာများ မရောစေချင်တာပါ…

        ခင်မင်လျက်-
        ကြောင်ဝတုတ်

      • Khaing Khaing

        October 23, 2012 at 11:09 am

        အဘ ရဲ့ ချွေးနည်းစာလေးကိုပေးပြီး ၊
        အဘ စားရမယ့် အစာလေးကိုတော့ ၊
        အဘ ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပြုစေလိုပါတယ် ။

        အဲဒါတော့မှန်တယ် အဘကသာ ပေထက်စာတင်ပြီး အဘကြိုက်တာကို ရွေးချယ်စားသုံးချင်တာကို ဖော်ပြပေမယ့် ……. တစ်ချို့က ပေထက်စာမတင်ဘဲ ခွဲခြားစားသုံးနေတာတွေရှိပါတယ် ……. သမီးတို့မြန်မာတွေက တခြားလူမျိုးတွေထက်စာရင် လူမျိုးဘာသာရေးသိပ်ခွဲခြားလေ့မရှိပါဘူး …. ချစ်တီးထမင်းဆိုင်လည်း စားသလို တရုတ်စားသောက်ဆိုင်တွေမှာလဲ စားတတ်ကြပါတယ် … 786 ဆိုလည်းစားကြတာပါပဲ ….. ဒါပေမယ့် မြန်မာဆိုင်တွေဆို လူမျိုးခြား အထူးသဖြင့် အဘသိပါတယ် အဲဒီလူမျိုးတွေက မစားကြ ဘူးရှောင်ကြပါတယ် …… မြန်မာလူမျိုးတွေက ဘယ်အစားအစာမဆို စားလို့ရတာမှန်ပါတယ် … ဒါပေမယ့် တစ်ခုတော့ရှိတာပေ့ါနော် …. သူတို့တောင်ကိုယ့်အစားအသောက်မစားပဲနေနိုင်သေးတာပဲ ကိုယ်လည်းကိုယ်ဘာသာဖန်တီးစားသောက်နိုင်အောင်ကြိုးစားရမှာပဲမဟုတ်လား ……….

  • Thu Wai

    October 22, 2012 at 9:17 am

    အဘ ဖော က ဘူလဲ ဘာလဲ ဆိုတာ သက်သေပြလိုက်တာပဲ ဂုဏ်ယူပါတယ် အဘ ရေ သောက်သောက်သောက် အဲ ပန်းမြိုင်လည်က ဥယျာဉ်မှူး ကားထဲက ကျော်ဟိန်းတော်ကီနဲ့ မှားသွားပြီ

  • ဦးဖောရေ
    ရန်ကုန်ရောက်ပေမယ့် ရန်ကုန်က ဒါန်ပေါက်တော့ မစားဖြစ်ခဲ့တာအမှန်ပါဘဲ။
    နံမယ်ကြီးလို့ ကြားဘူးနေတာတော့ ကြက်လျာစွန်းဒါန်ပေါက်
    ကားကြီးဝင်းသွားတိုင်း အမြဲဖြတ်သွားလို့တွေ့နေရတာကတော့ နီလာ ဒါန်ပေါက်
    မြင်ဘူးတာပြောတာ မစားဘူး ဘူး။

    ဈေးနည်းပေမယ့်လည်းကောင်းတဲ့စားသောက်ဆိုင်လေးတွေရှိတတ်ပါတယ်။
    အဲတော့ ကိုယ်စားမယ့်အစားအသောက်ကို မျိုကျစေချင်ရင် စားကောင်းတဲ့ဆိုင်လေးတွေကို စုံစမ်းပြီး
    သွားစားရမှာအမှန်ပါဘဲ။
    အစားအသောက်ကတော့ ကြုံရာကျပန်းဆိုင်ဝင်စားမယ်ဆိုရင်တော့ မကောင်းတာနဲ့တိုးမှာဘဲနော်။
    အဲဒါမှမဟုတ်ရင် “အီးဇီးကွတ်မဝေ”လိုကိုယ့်အိမ်မှာတင်ကိုယ်ချက်စား။
    အခုဒီနှစ်ပိုင်းမှာနေရာအနှံ့သွားနေတော့ ဒေသအတော်များများကရိုးရာအစားလေးတွေကို စားခွင့်ကြုံပါတယ်။
    မြန်မာပြည်ထဲမှာဘဲတစ်သက်လုံးနေခဲ့သူမို့လားတော့မသိ မျိုမကျလောက်တဲ့ဆိုင်မျိုးတော့ မကြုံခဲ့တာအမှန်ဘဲ။
    စားလို့ ခံတွင်းလိုက်တာ ခံတွင်းမလိုက်တာလောက်ဘဲ ကြုံဘူးပါတယ်.။
    အဲတော့ သိသူများက ရန်ကုန်စားသောက်ဆိုင်လမ်းညွှန် ကိုရေးရင်ကောင်းမယ်နော်။

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 22, 2012 at 10:09 am

    အိန္ဒိယ ဒံပေါက်အစစ်က မြန်မာဒံပေါက်နဲ့ တူပုံမရ၊ မြန်မာနည်း မြန်မာ့ဟန် မြန်မာ့လျှာအကြိုက် ပြုပြင်ထားပုံ ရပါတယ်။ ယူအက်စ် ကုလားတန်းတွေက ဒံပေါက်ဆိုရင်လည်း ကြက်သားဟင်းနဲ့ ဒန်ပေါက်ထမင်း စားရသလိုပဲ။ မန်းလေးအစိမ်းဒံပေါက်နဲ့ ပိုဆင်တယ်။ အဓိကကွာတာ ကြက်သားနူးအောင် ချက်တဲ့နေရာထင်တယ်။ သူတို့ဒန်ပေါက်တွေက ရိုးရိုးကြက်သားမဆလာဟင်းဂျီး။ မြန်မာဒံပေါက်ဆိုတော့ ကောင်းမယ် ဈေးသင့်တယ်ဆိုရင် အားပေးကြဖို့ ထောက်ခံပါရစေ။ ဆိုင်များဖက်ကလည်း ရေရှည်အမြင် ဇွဲကောင်းကောင်းနဲ့ ကြိုးစားကြဖို့ လိုပါမယ်။ ကြေးမုံဂျီးနဲ့ ကြောင်ကြီး စုံတွဲအလှူမှာ တရုတ်ဘုံကျောင်းမှာ မြန်မာဆိုင်က ကုလားဒံပေါက်ကို ပြင်သစ်ဝိုင်အရက်ချိုနဲ့ ကျွေးပါရစေ။ :harr:

  • ဆူး

    October 22, 2012 at 10:23 am

    ချန်ပီယံ ကတော့ အလှူတွေမှာ စားဖူးတယ် ကိုယ်တိုင် လှူရင်လည်း မှာခဲ့ဖူးတယ်။
    အရမ်းကောင်းပါတယ်.. သွေးလည်း မတိုးပါဘူး။

    ကုလားဆိုင်က ဒန်ပေါက် တော်တော် များများက သွေးတိုးပါတယ်။ ဘာကြောင့်ရယ် ဆိုတာတော့ MRTV-4 မှာ နတ်သုတ်ဓါ ဒန်ပေါက် က ပိုင်ရှင် ကိုယ်တိုင် ဖြေသွားတာကတော့ သူတို့ဆိုင်က သွေးမတိုးအောင် မဆလာ က အစ သီးသန့် သေချာ ကောင်းတာပဲ သုံးတယ် ဓါတုပစ္စည်း မထည့်ထားဘူး။ စပြီး စားခါစမှာတော့ သူတို့ ဒန်ပေါက်က ပေါ့တယ် ပြောချင်ပြောမယ်.. ဒါပေမဲ့ အာမခံတယ်.. ဒီဒန်ပေါက် မှာ ဓါတုဗေဒ အရောင် အနံ မပါပါဘူး ဆိုပြီး ပြောပြ သွားဖူးတာ ကြားမိတယ်.. ဒါလည်း ကုလား ဒန်ပေါက် ဆိုင် ပိုင်ရှင် တယောက် ပဲ ဆိုပါတော့..

  • ဝင့်ပြုံးမြင့်

    October 22, 2012 at 10:26 am

    ဒါက ဒီလိုရှိပါတယ် ဘဖော။ ကုလားတစ်ယောက်က မြန်မာမယူပြီး မျိုးဆက်ကိုရော၊ မြန်မာမကိုရော ကုလား လုပ်ပစ်လိုက်လို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလားဘက်က မိသားစု အသိုက်အဝန်းက ဒီလိုလုပ်တာကို လက်ခံလို့ပါ။ မြန်မာ အမျိုးသားလေးက ကုလားမလေးကို ယူဖို့ကြတော့ မဖြစ်နိုင်တော့ပါဘူး။ မြန်မာဘက်က မိဘအသိုက်အဝန်းက လက်မခံလို့ပါ။ ဒါကြောင့်မို့ပဲ လူများစုကြီးက လူနည်းစုကလေးကို ပြန်ကြောက်နေရတာပါ။ တကယ်ဆို ဒန်ပေါက်လိုပဲ ကုလားကို မြန်မာလုပ်ပစ်လိုက်ရင် ပြီးပါတယ်။ လက်တွေ့မှာ မြန်မာအမျိုးသားလေးတွေက ကုလားမလေးတွေကို မယူရဲကြပါဘူး။ ယူရဲတဲ့လူ ရှိပေမယ့် နည်းပါလိမ့်မယ်။
    ဘဖောပြောတဲ့ လင့်ခ်ကို သွားမဖတ်ရသေးဘူး။

    • Foreign Resident

      October 22, 2012 at 1:27 pm

      ” တကယ်ဆို ဒန်ပေါက်လိုပဲ ကုလားကို မြန်မာလုပ်ပစ်လိုက်ရင် ပြီးပါတယ်။
      လက်တွေ့မှာ မြန်မာအမျိုးသားလေးတွေက ကုလားမလေးတွေကို မယူရဲကြပါဘူး ”

      မြန်မာဆိုတာထဲ ရောဝင် တစ်သားတည်း ဖြစ်သွားစေရေးမှာ ၊
      ရှိနေ ခံနေ တဲ့ အတားအဆီး အခက်အခဲတွေထဲက တစ်ချက်ပေါ့လေ ။

      အများနှင့် ကွဲပြားတဲ့ စူးရှတဲ့ အမြင်လေး နှင့် ၊
      ထောက်ပြခဲ့တဲ့ ဆရာမကို ၊ ကျေးဇူးတင်ပါတယ် ။

      ဒါပေမယ့် ၊ ဆရာမရေ စကားမစပ်ပါ ၊
      သူတို့တွေက ကုလား ဆိုတဲ့ အသုံးအနှုန်းကို မကြိုက်ဖူး ခမျ ။
      ဘာပြောင်းသုံးပေးရမလဲလို့ အဘ ကို မေးရင် ၊ အဘ လည်း မသိဘူး ခမျ ။

      ” ဘဖောပြောတဲ့ လင့်ခ်ကို သွားမဖတ်ရသေးဘူး ”

      သွားဖတ်ကြည့်စေလိုပါတယ် ဆရာမ ခင်ဗျာ ။
      အထူးသဖြင့် ၊ နောက်ဆုံးနားမှာရေးထားတဲ့ ၊
      အောက်က စာကြောင်းလေးက ရင်ကို ထိခတ်စေပါတယ် ။

      ” တကယ်လို့ မြန်မာဒံပေါက်တွေမှာ လိုအပ်ချက်လေးတွေရှိရင် ၊
      မိမိတို့ရဲ့ မျိုးချစ်စိတ် ၁၀%ကိုထည့်စားပေးမယ်ဆိုရင် ၊
      ( — ) ဒံပေါက်များနည်းတူ အရသာရှိစေမှာပါ ”

      အဘ ကတော့ ၂ဝ % ထည့်စားမှာပါ ။

      • Khaing Khaing

        October 22, 2012 at 3:36 pm

        သူတို့တွေက ကုလား ဆိုတဲ့ အသုံးအနှုန်းကို မကြိုက်ဖူး ခမျ ။
        ဘာပြောင်းသုံးပေးရမလဲလို့ အဘ ကို မေးရင် ၊ အဘ လည်း မသိဘူး ခမျ ။

        အဘမသိဘူးဆိုတာ တကယ်လားအဘ ?…

        ကုလားခေါ်တာမကြိုက်ရင် မွတ်စလင်ဘာသာဝင်ဆို မွတ်ဆလင်ပေ့ါ ….. ဟိန္ဒူဘာသာဝင်ဆို ဟိဒ္ဒူပေ့ါ ……. အဲလိုခေါ်လိုက်ရင်ရော ကြိုက်မှာလားမသိဘူး …..

        အဲဒီလို ခေါ်တာဝေါ်တာနဲ့ပတ်သက်လို့ ကုလားမှ မဟုတ်ပါဘူး … မြန်မာမှာလည်း အညာသားတွေကို အညာသားလို့ ခေါ်ရင်တစ်ချို့ကမကြိုက်ဘူး … တောကလူတွေကို တောသားလို့ခေါ်ရင် ရိုင်းတယ်တဲ့ …. အဲဒီလိုဘာလို့ဖြစ်ကြတာလဲမသိဘူးနော် ….

        • Foreign Resident

          October 22, 2012 at 11:45 pm

          ” မွတ်စလင်ဘာသာဝင်ဆို မွတ်ဆလင်ပေါ့ ”

          လူတစ်ယောက်ကို မြင်ရင် ကုလား ဟုတ်မဟုတ် စပ်မစပ် မှန်းနိုင်ပေမယ့် ၊
          ဘယ် ဘာသာဝင်လည်း ဆိုတာ ဘယ်လိုမှန်းမလဲကွယ် ။

          ခက်တာက ၊ သူတို့ ( ကုလားတွေ ) ကိုယ်နှိုက်က ၊
          ဘယ်လိုခေါ်တာ ကြိုက်တယ် / ခေါ်စေချင်တယ်လို့ ၊
          တိတိပပ မပြောတော့ ၊ အဘတို့မှာလည်း တစ်ဒုက္ခ ။

        • kai

          October 23, 2012 at 12:09 am

          အစ္စလမ်ဘာသာကိုးကွယ်သူကို မွတ်ဆလင်ခေါ်ရတာပါ..။ ခရစ်ယန်၊ ဂျူးတို့လိုပါပဲ..။

          mus·lim/ˈməzləm/
          Noun:
          A follower of the religion of Islam.

          jew/jo͞o/
          Noun:
          A member of the people and cultural community whose traditional religion is Judaism and who trace their origins through the ancient…

          မွတ်ဆလင်ဟာ.. ကုလားဖြစ်နိုင်သလို.. တရုတ်လည်းဖြစ်နိုင်ပါတယ်..။ အမေရိကန်လည်းဖြစ်နိုင်တာပဲ.. ။ ရှမ်းလည်းဖြစ်နိုင်သလို.. မွန်လည်းဖြစ်နိုင်ပါတယ်..။

          အဲ.. ကုလားကတော့.. မြန်မာပြည်အနောက်ဖက်ကလာတဲ့သူတွေကို ခေါ်တာတဲ့..။
          ကုလားထဲ.. မွတ်ဆလင်က လူနည်းစုမို့.. ကုလားဆိုတဲ့ အသုံးအနှုံးက.. မွတ်ဆလင်တွေနဲ့.. (တာဝန်ယူရအောင်..) တိုက်ရိုက်မသက်ဆိုင်ပါ..။

          အများစုက.. ဟိန္ဒူဘာသာဝင်တွေဖြစ်တဲ့.. လူသန်း၁၀၀ဝကျော်လောက်ကို ကုလားလို့ခေါ်တာပါ..။
          အသားဖြူတဲ့.. အနောက်ဖက်ကလာတဲ့..အင်္ဂလိပ်တွေကို.. ကုလားဖြူလို့တောင် ခေါ်ခဲ့ဖူးတယ်..။ :kwi:

          ကုလားတွေနဲ့..မွတ်ဆလင်တွေ သိပ်အဆင်မပြေပါဘူး.။
          မပြေလို့ အိနိ္ဒယကနေ..မွတ်ဆလင်တွေခွဲထွက်ပြီး.. ပါကစ်စတန်..။ဘင်္ဂလားဒေ့ တိုင်းပြည်ခွဲထောင်တာပေါ့..။

          The partition of India (Hindi-Urdu: हिन्दुस्तान का बटवारा (Devanagari) تقسیم ہند (Nastaleeq) )[1] was the partition of British India on the basis of religious demographics. This led to the creation of the sovereign states of the Dominion of Pakistan (that later split again into the Islamic Republic of Pakistan and the People’s Republic of Bangladesh) and the Union of India (later Republic of India). Indian Independence Act 1947 had decided 15 August 1947 as the appointed date for the partition. However Pakistan came into existence a day earlier on 14 August.

          ဆိုတော့..
          ဆိုတော့..စိတ်ပညာသဘောအရ.. “မွတ်ဆလင်ကုလား”လို့ခေါ်တာဟာ.. အစ္စလမ်ဘာသာကိုးကွယ်သူကို.. ဟိန္ဒူဘာသာကိုးကွယ်သူအများစုနဲ့.. တွဲပေးထားလိုက်တဲ့သဘောဖြစ်နေပါတယ်..။
          ဒါကို.. မွတ်ဆလင်တွေမသိစိတ်က..မကြိုက်ကြတာဖြစ်မယ်လို့.. ယူဆမိပါတယ်..။
          ..

          မကြိုက်ရင်မကြိုက်တာ.. မခေါ်ကြဖို့လို့.. ဒေါ်အောင်ဆန်းစုကြည်ကတော့.. ယူအက်စ်အလည်လာတုံးမှာပြောသွားခဲ့တယ်..။

        • Khaing Khaing

          October 23, 2012 at 9:56 am

          မနေ့က ဒီပို့စ်အကြောင်းကို သူငယ်ချင်းတွေနဲ့ပြောဖြစ်တယ် … မွတ်စလင်လို့သုံးမိတာ မှားနေတာ သူတို့ပြောတော့ သိရတယ် … အစ္စလမ်ဘာသာကိုးကွယ်သူလို့ပြောသင့်တယ်တဲ့ … အခု ဦးခိုင် ရှင်းပြမှ ပိုပြီးစုံစုံလင်လင်ဂဂနန သိတော့တယ် ….

          အဘရေ … သတင်းတစ်ခုကြားမိတာ ချိန်ပီယံ ပိုင်ရှင်က မြန်မာအစစ်မဟုတ်ဘူး ဆိုလားပဲ ……

  • Crystalline

    October 22, 2012 at 1:09 pm

    ချန်ပီယံကတော့ ဒန်ပေါက်ရော၊ ထောပတ်ထမင်းရောကောင်းပါတယ်။ အပြင်ဆို်င်ဆိုရင်တော့ ရွှေညောင်ပင်က ဒံပေါက်ရော..ကြက်ရိုးသားစုံသုတ်ရောသိပ်ကြိုက်တယ်။

  • myanmarcitizen

    October 22, 2012 at 2:26 pm

    ဆိုင်လိပ်စာမှတ်ထားလိုက်ပြီ။ ဒန်ပေါက်စားချင်ရင်အဲ့ဆိုင်ကိုသွားစားရမယ်။ ဆိုင်ခွဲတွေများများနဲ့တိုးချဲ့ဖွင့်နိုင်ရင်ပိုကောင်းမယ်

  • Khaing Khaing

    October 22, 2012 at 3:39 pm

    အဘအခုတင်တဲ့ပို့စ်က ဆိုင်တွေနဲ့ပတ်သက်ပြီး စိတ်ထဲမှာဖြစ်ဖူးပါတယ်…. ဒန်ပေါက်စားချင်ရင် အဲဒီဆိုင်တွေ မှာပဲမှာစားမယ်ဆိုတဲ့စိတ်ပေ့ါ …….

  • water-melon

    October 22, 2012 at 5:36 pm

    အနစ်နာခံပြီး ယူမယ်
    လာပို့လိုက်

  • မဟာ့မဟာ မဟာထိပ်ခေါင် ခေါင်းပြောင်ဖွတ်ကျား သောက်သောက်စားစား လူ့ငနွား

    October 22, 2012 at 6:54 pm

    လိုရင်းတိုရှင်းလေး ပွားပါရစေ —
    ဟာလာလုပ်တဲ့ ဆိုင်အစားအစာ လုံးဝ မစားတော့ပါ —-
    ဦးဦးဖော့ ညွှန်းတဲ့ ဆိုင်များတွင်သာ စားပါမည် —-

  • three colors

    October 22, 2012 at 10:28 pm

    ကိုFR ရေ- ခင်ဗျားရဲ့စဉ်းစားကြစေလိုပါတယ်၊ အမှတ်စဉ် ၂ဝ လောက်က ထင်တယ်၊ comment တခုမှာ အခုပဲ ၂ဝ တင်လိုက်တယ်ဆိုတာ ခင်ဗျား ရေးထားတာတွေ့၂ ချင်း သွားဖတ်တာ ဖျက်ထားတယ်ဗျ၊ အခုမှ ကြုံလို့ပြောတာ၊ အဖျက်မြန်လှချည်လား၊ ဘာကြောင့်လဲ၊ အမြဲ အားပေးနေတယ်ဗျ၊
    မန့်တခုမှာ ကုလားကို မွတ်စ် ၊ ဟိန္ဒူလို့ ခေါ် ရင်ရ မလား မေးထားတယ်၊ အဲ့ဒါတွေက ဘာသာတွေလေ၊ လူမျိုးကတော့ ကုလားပေါ့၊ ဗုဒ္ဒဘာသာ ကိုးကွယ်လို့ ကျနော့ကို ဗုဒ္ဒ လို့ခေါ်လို့မှမရတာ၊ ဒီလိုအတွေးမှမရှိပဲ ဘယ်လို ဗုဒ္ဒဘာသာဝင်မျိုးပါလိမ့်။

    • Foreign Resident

      October 22, 2012 at 11:31 pm

      ကို three colors ရေ ။

      ဘာကို ဆိုလိုမှန်းတော့ သေချာ မသိပါဘူး ။
      သေချာတာတစ်ခုက အဲဒီတုန်းက အဘ က Comment ဖျက်နိုင်တဲ့သူ မဟုတ်ပါဘူး ။
      ကိုယ့် Post နှင့် အထဲက Comment ကို Moderate လုပ်နိုင်တဲ့ ၊
      Contributor ရွာသားကြီး အဆင့်ကို ရခိုင်အရေးအခင်းဖြစ်တော့မှ ရတာပါ ။

      နောက်တစ်ချက်က အဘ ကိုယ်တိုင် ဘယ်တုန်းကမှ ၊
      အဘ Post တွေထဲက Comment တွေကို မပြင်ပါဘူး ။
      ( အဘ ကိုယ်တိုင် စာလုံးပေါင်း / အဓိပ္ပါယ် မှားရေးမိတဲ့ အခါကလွဲလို့ပေါ့ )
      ပုဂိ္ဂုလ်ရေး တိုက်ခိုက်တဲ့သူတွေ ၊ ဆဲဆိုတဲ့သူတွေဟာ သူ့သမိုင်း သူရေးနေတာပါ ။
      ပညာရှိ သူတော်ကောင်းတို့ရဲ့ အမြင်မှာ ၊
      သူတို့သာ ရှက်ဖွယ်လိလိဖြစ်တယ်ဆိုတာ မသိရှာလို့ ရေးနေကြတာပါ ။

      ” ကုလားကို မွတ်စ် ၊ ဟိန္ဒူလို့ ခေါ် ရင်ရ မလား မေးထားတယ်၊
      အဲ့ဒါတွေက ဘာသာတွေလေ၊ လူမျိုးကတော့ ကုလားပေါ့ ”

      မှန်ပါတယ် ။ ဒါပေမယ့် သူတို့က ကုလား ဆိုတဲ့ အသုံးအနှုန်းကို မကြိုက်ရင် ။
      သူတို့ကို နှိမ်ချခေါ်တယ်လို့ သူတို့က ယူဆ ခံစားရရင် ၊ ပြောင်းခေါ်ပေးရပါတယ် ။
      အမေရိကန်မှာ နီဂရိုး ၊ နစ်ဂါ လို့ ခေါ်ခွင့် မရှိသလိုပေါ့ ။
      အဘ လည်း ပါးစပ် မယဉ်သေးပါဘူးကွယ် ။ နှိမ်ချလိုတဲ့စိတ်လဲ မရှိရပါဘူး ။

  • Fall Guy

    October 23, 2012 at 1:01 am

    ဒံပေါက်ကမန်းလေးမှာဗမာဆိုင်တရုတ်ဆိုင်ရှိသေးတယ်..။
    ဘီယာဆိုင်မှာဘယာကြော်ရောင်းတာကအရမ်းနွမ်းပါးတဲ့ကုလားတွေချည်းပဲဗျို့။
    ကျနော်တော့အားပေးနေကျပဲ….။

Leave a Reply