ဘာရယ်မဟုတ် ။
Miss International 2012  ကို ကြည့်ပြီး အတွေး တွေ အများကြီးပါဘဲ။
ဘယ်သူမဆို ကိုယ့်တိုင်းပြည် နဲ့ သူများတိုင်းပြည် ယှဉ်ရင် ကိုယ့်တိုင်းပြည်ကို နိုင်စေချင်တာပါဘဲ။
ကိုယ့်နိုင်ငံ ကို အားပေးတာလဲ အားပေးတာပေါ့။
ကိုယ်မနိုင်တဲ့အချိန်မှာ နိုင်သူ ကို သဘောထားကြီးစွာ လက်ဆွဲနှုတ်ဆက် ချီးမွမ်းနိုင်တဲ့ စိတ်ဓာတ် ရှိဖို့ လဲ လိုတယ်။

Result မကြေငြာ ခင်အချိန်လေး ထဲ မှာ မြန်မာတွေ Live Chat ထဲမှာ ပြောနေတာတွေ တွေ့ရတာ က
ကိုယ့်လူ ဘယ်လို အခြေအနေမှာ ရှိတယ် ဆိုတာ မသိတာလား။ ပြိုင်ပွဲ ကို နားမလည်တာလား။
Final ၁၅ ယောက် မှာ ကိုယ့်နိုင်ငံ မပါကထဲ က ဆု ကြေငြာ မဲ့သူ စာရင်းထဲမှာ မပါတော့တာ ကို မသိဘဲ အတင်း ဝင်ပြီး Myanmar to Win  လုပ်နေတော့ တစ်ခြားနိုင်ငံ တွေက မျက်စိစပါးမွေးစူးတာ ခံခဲ့ရတယ်။
တစ်ချို့ က ဝင်ပြီး သတိပေး ခဲ့သေးတယ်။

dwightserion7: congratulation to the winners..sorry for Myanmar…you do not deserve to be on the Top 15.
glengonz: Myanmar is not at the top 15.
Jericho Bullecer : burmese you need to rest now for shouting MYANMAR!

ဒါကိုလဲ မသိကြတာလား။
အဲဒီကနေ စကားများပြီး မြန်မာလိုတောင် ဝင်ဆဲကြသေးတယ်။

နိုင်သွားတဲ့ ဂျပန်ကိုလဲ တစ်ခြား သူတွေ ဆီက Congratulations Message တွေ တက်လာချိန် “ဘက်လိုက်တယ်” လို့ ပြောတာ မြန်မာဘဲ။
ဂျပန်က အိမ်ရှင်နိုင်ငံ မို့ နိုင်တယ် ပြောတာလဲ မြန်မာဘဲ။
တစ်ခြား သူ တွေ ဆီက ဒါမျိုးစကား ထွက်လာတာ မတွေ့ခဲ့ဘူး။
သူများက ကိုယ့်ထက် သာတာ တွေ ကိုလဲ ကြိုတင် သိထားသင့်တယ်။

ဒီလို နိုင်ငံတကာ ပြိုင်ပွဲ တွေမှာ ကျွန်မတို့ မြန်မာ တွေ သူများနိုင်ငံသားတွေကြားမှာ  စိတ်ဓာတ် ပို ကြံ့ခိုင် ဖို့ လိုသေးသလားဘဲ။
မဟုတ်ရင် တဖြေးဖြေး နဲ့ အရိုင်းအစိုင်း နိုင်ငံ လို့ အများ အထင်ခံရမယ်။

ဝီကီ မှာတောင် ဝင် လာပြီး လှောင်ထားတယ်။
ဘယ်သူက ဝင်လက်ကမြင်း လဲ တော့ မသိ။
ရွာထဲ ကို ပြချင်လို့  အမြန်  Print Screen ထုတ်ထားခဲ့ပါတယ်။
အခုတော့ ဝီကီ မော်ဒရေတာက ပြန်ပြင်ပြီး သွားပါပြီ။

ဒီလိုပြောရင် မကြိုက်သူတွေ ရှိမှာ ဖြစ်ပေမဲ့ ကိုယ့်အားနည်းချက် ကိုမှမြင်ပြီး မပြင်နိုင်ရင် ဘယ်လိုမှ ပိုပြီး မတိုးတက် နိုင်မှာမို့ပါ။

မြန်မာနိုင်ငံ ဟာ စိတ်ဓာတ်ကြံ့ခိုင်စွာ နဲ့ ကမ္ဘာ့အလည် ဂုဏ်ဝင့်ထည် နိုင်ပါစေ။
နိုင်ရင်လဲ သိက္ခာရှိရှိ ဝင့်ကြွား တတ်ပါစေ။
ရှုံးရင်လဲ သိက္ခာရှိရှိ ရှုံးနိမ့် တတ်ပါစေ။

About မြစပဲရိုး

Khin Latt has written 240 post in this Website..