“နူးညံ့စွာ ပြောင်းလဲခြင်း ”

YE YINT HLAINGOctober 21, 20121min20418

“နူးညံ့စွာ ပြောင်းလဲခြင်း ” ဆိုတာ (ကို) မျိုးကြီး ရဲ့ ” ယူလိုက် ” ထဲက တရားသဘောလေးတွေ ပါတဲ့ သီချင်း တစ်ပုဒ်ရဲ့ ခေါင်းစဉ် အမည်လေးပါ ။

ကိုရဲရင့်လှိုင် ! ကိုရဲရင့်လှိုင် !
ဟုတ်ကဲ့ ! ပြောပါ အကို !
မြန်မာ လိုပဲ ပြောမယ်နော် ၊ (—) တယောက် ဆုံးသွားပြီဗျာ ! စိတ်မကောင်း စရာ ပဲ ! ——–

ကျွန်တော် စကားပြောစက်ကို ကိုင်ရင်း ခဏ ငြိမ်သွား မိတယ် ။ ပြီးမှ ကျွန်တော် လည်း စိတ်မကောင်း ဖြစ်သွား တဲ့ အကြောင်း ပြန်ပြောလိုက်မိတယ် ။ ဪ ! ဒါနဲ့ ပြောရဦးမယ် ! တစ်နှစ် ပတ်လုံး တစ်ယောက်တည်း အလုံး ဖြစ်နေတဲ့ ကျွန်တော် အလုပ်လုပ်တဲ့ နေရာကို မန်နေဂျာ အဆင့် ရှိတဲ့ မြန်မာ တစ်ယောက် ရောက်လာတယ် ။ သူက  ( ၁ရ ) နှစ်ကြာ နိုင်ငံရပ်ခြား တိုင်းပြည်တွေ မှာ အလုပ်လုပ်နေရင်း အိမ်ထောင်ကျခဲ့တာမို့ မြန်မာပြည် ကို တခါတရံ မှသာပြန်လေ့ ရှိတဲ့ သူ — ပြီးတော့  သူလည်း ကျွန်တော့လိုပဲ တနေရာထဲမှာ တစ် ယောက်တည်း ( လက်ရှိ Company ရဲ့  Project တနေရာမှာ ) လုပ်နေခဲ့ရတော့ ခုလို မြန်မာ နှစ်ရောက် အတူနေပြီး အလုပ် အတူ လုပ်ရချိန်မှာ အိပ်ချိန် ကလွဲလို့ ကျန်တဲ့ အချိန် တွေမှာ
အလုပ်လုပ်လိုက် စကား ပြောလိုက် နဲ့ ဆိုတော့ ပျင်းဖို့ အချိန်ကို မရှိတော့ပါဘူး ! ( ကျွန်တော် ကြုံတွေခဲ့ရတဲ့ ပြသနာ ( စဉ်းစားပေး ပါဦး ပို့ ( စ ) ) ကိုလည်း သူ့ရဲ့ အတွေ. အကြုံ အရည် အချင်း နဲ့ ကောင်းကောင်း ကြီး ပုတ်ထုတ်ပေးခဲ့လို့ ကျွန်တော် လည်း အခု စိတ်လွတ် ကိုယ်လွတ် ပြန်နေလို့ ရသွားပါပြီ )

ဒါကြောင့် ကျွန်တော်လည်း ပြန်ပြီး လန်းဆန်း တက်ကြွလာပါတယ် ။ ကျွန်တော့ ရဲ့ စိတ်ပျော်ရွှင်မှု တွေဟာ ရက်ပိုင်းလေး အတွင်း ပြောင်းလဲရရှိ လာခဲ့ပြီး သိပ်မကြာ ဒီလ အောက်တိုဘာ ( ၁ရ ) ရက်နေ့မှာ အဲဒီ မန်နေဂျာ အကိုရဲ့ အားလပ်ခွင့် ( ၁၈ ) ရက် အတွက် သူ့အမျိုး သမီးရှိရာ နိုင်ငံကို  အသွား အပြန် အတွက် ရုံးချုပ် က လေယဉ် လက်မှတ် ပို့ ပေးပါတယ် ။ ( ကျွန်တော့ Vacation က ကျန်ခဲ့တဲ့ August လကုန် ပါ ။ ဒါပေမဲ့ ကျွန်တော် မပြန်ခဲ့ဘူး ။ အဲလို မပြန်ရင် Company က တလစာ ပိုပေးလို့လေ ) သူက အလုပ်ထဲကနေ ထွက်ခွါမဲ့  ( ၁၉ ) ရက်နေ့ မနက် ( ၉ ) နာရီ လောက်မှာ Accommodation ကနေ စကား ပြောစက်နဲ့ မပြန်ခင် လုပ်ဖော်ကိုင်ဖက် နိုင်ငံခြားသားတဦး ကားမောင်းနေရင်း ကားပေါ်မှာပဲ နှလုံးရပ်ပြီး ဆုံးသွားတဲ့ အကြောင်း ပြောပါတော့တယ် ။ ဆုံးသွားတဲ့ သူက သူမဆုံးခင် လေးဆယ့်ငါး မိနစ်လောက် အလိုမှာ ကျွန်တော့ အခန်း ေ.ရှကနေ ဖြတ် ပြီး အစည်း အဝေး ခန်းကို အသွား ကျွန်တော့ ကို ပြုံးပြ နှုတ်ဆက် သွားသေးတယ် ။ ရုတ်တရက် ဒီသတင်း ကြားရတော့ အံ့ဩ တကြီး ဖြစ်မိတယ် ။ ဒါနဲ့ ကျွန်တော် လည်း အလုပ်လုပ်နေတဲ့ ကျွန်တော့ အခန်းထဲမှာ ရှိတဲ့ ကွန်ပျူတာထဲက သေဆုံးသွားသူနဲ့ အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံ ( ၄ ) ပုံကို ကြည့်မိတယ် ။ ကြည့်ရင်း စိတ်မကောင်း ဖြစ်နေတုန်း မှာပဲ မနက်ပိုင်း အလုပ်ကို Cancel လုပ်ပစ်လိုက်တဲ့ သတင်း ရတာနဲ့ အားလပ်ခွင့်ပြန်ခါနီး အကို နဲ့ တွေပြီး သူပြန်သွားတော့ ဆေးရုံ ကို ဆက်သွားတယ် ။ သေဆုံး သွားသူကို ကြည့်မိတယ် ။ ကုန်ခဲ့တဲ့ နာရီပိုင်း လေး အတွင်း က ဘောင်းဘီ အိတ် နှစ်ဖက်ထဲ လက်နှိုက် လမ်းလျှောက် ရင်း ကျွန်တော့ ကို ပြုံးပြ နှုတ်ဆက်သွားခဲ့တဲ့ သူ ၊ ကျွန်တော် နဲ့ အတူ တနေရာထဲမှာ အတူနေ အတူစား အတူတူ အလုပ်တွေ လုပ်ခဲ့တဲ့သူ ၊ သူ့မိသားစု ဓာတ်ပုံတွေ ကို ပြပြီး သူ့မိသားစု ဝင်တွေ အကြောင်းကို အလွမ်းပြေ ပြောခဲ့တဲ့သူ ။ ကျွန်တော့ ကို ခင်မင်တဲ့သူ ။ ကျွန်တော် နဲ့ အလုပ်အတွက်  ငြင်းခုန်  ရန်ဖြစ်ခဲ့သူ ။ပစ်စည်းဝယ်ဖို့ ( ၂ ) ဒေါ်လာလောက် လိုနေတာကို တနိုင်ငံ တည်း သားချင်းတွေ ဆီမှာ သွားမချေးပဲ ကျွန်တော့ဆီမှာ လာပြီး ချေးငှါးခဲ့တဲ့သူ ။ စတွေစဉ်က သူ့နာမည် ပြောပြပြီး တလေးတစားနဲ့ လက်ဆွဲ နှုတ်ဆက်ပြခဲ့သူ ။ ပျော်ပျော်နေတတ်တဲ့သူ ။ ခုတော့ အရာအားလုံး သူမဟုတ်ခဲ့သလို ဆေးရုံ ကုတင်ပေါ်မှာ ပက်လက် ဆန့်ဆန့်ကြီး နဲ့ နူးညံ့စွာ ပြောင်းလဲလို့ နေရဲ့ဗျာ !

လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ ” ဂျိမ်း ” အား ဝမ်းနည်းသတိရ လွမ်းဆွတ် စွာဖြင့်
ရဲရင့်လှိုင်

18 comments

  • Hnin Hnin

    October 22, 2012 at 12:43 am

    ရုတ်တရက် ခွဲခွာသွားရတော့လည်း စိတ်မကောင်းစရာပဲနော်….ဒီလို နာရီပိုင်း၊မိနစ်ပိုင်း
    လေးနဲ့အပြီးခွဲခွာသွားကြတာမျိုးတော့ မကြုံဖူးသေးဘူး..ခွဲခွာခြင်းတွေ မရှိရင် ကောင်းမှာပဲ..
    ကိုရဲရင့်လှိုင် ပြဿနာ ပြေလည်သွားတာလည်း ဝမ်းသာပါတယ်ရှင့်…

    • YE YINT HLAING

      October 22, 2012 at 1:19 pm

      ကျေးဇူး ပါ မနှင်းနှင်း ရေ ! အကောင်းကြီး ရယ်မော ပြောဆို လုပ်ကိုင်နေရင်း ကနေ ရုတ်တရက်ကြီး ဆုံးသွားတော့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံး ဝမ်းနည်းစိတ်မကောင်း ဖြစ်ခဲ့ကြရတယ် ! ကျန်ရစ် ခဲ့တဲ့ သူ့မိသားစု အတွက်ကောပေါ့ !Company က ကောင်းပါတယ် ! စာရွက် စာတမ်းစုံတာနဲ့ သူ့ရုပ်အလောင်းကို သူ့နိုင်ငံ ပြန်ပို့ဖို့ စီစဉ်နေတယ် လို့ကြားတယ် ။

  • အရီးခင်လတ်

    October 22, 2012 at 2:25 am

    မောင်ရဲရေ

    ပထမဆုံး မင်းအလုပ်မှာ အဆင်ပြေသွားတယ် ကြားလို့ အတော်ဘဲ စိတ်အေးပြီး ပျော်သွားပါတယ်။
    သတိတရနဲ့ မေးဖို့ စဉ်းစားနေတာပါ။
    ရွာထဲနေရင်း ခင်ရာဆွေမျိုး တွေများလာပြီ။ :hee:

    ဝေဒနာ ခံစားမနေရဘဲ အလွယ် ထွက်သက် ဝင်သက် ချုပ် သွားတာ ကျန်ရစ်သူတွေ စိတ်အင်မတန် ထိခိုက်ရပေမဲ့ သွားလေသူ အတွက် က အင်မတန် သက်တောင့်သက်သာ ရှိမယ်ထင်ရဲ့။
    သေခြင်းတရားဆိုတာ ကြီးငယ်မရွေး၊ လူမျိုးဘာသာမရွေး တစ်ချိန်တော့ ရင်ဆိုင်တွေ့ရမဲ့ အသေချာဆုံး အဖြစ်ပါ။
    ဒီတော့ မသေခင် အသက်ရှုနေနိုင်သေးသ၍ ကိုယ်နဲ့နီးရာ လူ၊သတ္တဝါတွေကို မေတ္တာထား နေနိုင်မယ် ဆိုရင်တော့ တန်ဖိုးရှိတဲ့ နေခြင်း ဖြစ်မှာပါ။
    အမုန်းတရားတွေ ကို နှလုံးသွင်း နေမယ်ဆိုရင်တော့ နေရသမျှ ဘဝ ရှုံးတာပါဘဲ။
    အဲဒီ သတိမပြတ် စေဖို့ လိုပါတယ်။
    ဒါဆို စိတ်အေးချမ်းမှု နဲ့ နေရတာ နေရသ၍ အမြတ်ပါဘဲ။

    • YE YINT HLAING

      October 22, 2012 at 1:44 pm

      ဝေဒနာ ခံစားမနေရဘဲ အလွယ် ထွက်သက် ဝင်သက် ချုပ် သွားတာ မိနစ်ပိုင်းလေးပဲ ကြာတယ်လို့ သေဆုံးသွားသူ ကားမောင်းနေတုန်း ဘေးက ထိုင်လိုက်တဲ့ သူကပြောတယ် ။ Steering ကို အသေကြီး ကိုင်ထားပြီး လီဗာကိုနင်းထားဆဲမို့ အဲဒီဘေးကလိုက်ပါတဲ့သူက ဟန်းဘရိတ် အတင်းဆွဲပြီး ကားရပ်အောင် ကြိုးစားလိုက်ရတယ်ပြောတယ် ။

      “ဒီတော့ မသေခင် အသက်ရှုနေနိုင်သေးသ၍ ကိုယ်နဲ့နီးရာ လူ၊သတ္တဝါတွေကို မေတ္တာထား နေနိုင်မယ် ဆိုရင်တော့ တန်ဖိုးရှိတဲ့ နေခြင်း ဖြစ်မှာပါ။
      အမုန်းတရားတွေ ကို နှလုံးသွင်း နေမယ်ဆိုရင်တော့ နေရသမျှ ဘဝ ရှုံးတာပါဘဲ။ ”

      ကိုယ်တိုင်ကော ကိုယ်နဲ့ ခဏတာ တွေဆုံကြုံကြိုက်နေတဲ့ သူတွေ အတွက်ကော နေ့စဉ် စိတ်အေးချမ်းသာမှု လေးတွေနဲ့ နေထိုင်ဖြတ်သန်း လုပ်ကိုင်နိုင်ဖို့ အတွက် တဦးကိုယ် တဦး နားလည် စာနာမှု ထားဖို့ မေတ္တာတရား လက်ကိုင်ထား နေနိုင်ဖို့ အရီးပြောသလို တန်ဖိုးရှိတဲ့ နေခြင်းဖြစ်ဖို့ လိုအပ်ပါတယ် ။ ခုလို သတိပေး တဲ့ စိုးရိမ် စိတ်နဲ့ သတိတရ ရှိနေတဲ့ အရီးကို ကျေးဇူးပါ ။ ခင်ရာဆွေမျိုး ဆိုတာ အမှန်ပါပဲ ခင်ဗျာ !

  • အလင်းဆက်

    October 22, 2012 at 9:02 am

    အရီးလတ်ပြောသလိုပါပဲ

    ရွာထဲမှာ..ခင်ရာဆွေမျိုးတွေ.များလာပါပြီ ။

    ပျော်စရာ ပိုကောင်းလာပါပြီ ။

    • YE YINT HLAING

      October 22, 2012 at 1:48 pm

      အမှန်ပါပဲ ကိုအလင်းဆက်ရေ ! ခင်ရာ ဆွေမျိုး မြိန်ရာ ဟင်းကောင်း ပဲပေါ့ဗျာ !

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 22, 2012 at 10:57 am

    သေသွား
    ထွေပြား
    ဝေဝါး
    စေသွား
    ရေကား
    နွေရှား
    ခြေများ
    မြွေကျား..။

    • YE YINT HLAING

      October 22, 2012 at 1:57 pm

      တိတ်ဆိတ်ငြိမ်သက်
      မြေတစ်ကွက်ကို
      အသက်ပေးလို့
      ဝယ်ရသည် ။ ။

      ဆိုတဲ့ ကဗျာလေးကို ကဗျာ ဆရာ မောင်ခိုင်မာက လွန်ခဲ့တဲ့ ( ၁၅ ) နှစ်က ရေနံချောင်း ရေနံမြေ စာပေဟောပြောပွဲမှာ ” သင်းချိုင်း ” ဆိုတဲ့လေးလုံးစပ် ကဗျာ ခေါင်းစဉ် အောက်မှာ ရွတ်ပြသွားခဲ့တာကို မာမူကြောင် ရဲ့ နှစ်လုံး စပ်ကဗျာကို ကြည့်ပြီးသတိရသွားတယ် ။

  • မောင်ပေ

    October 22, 2012 at 12:18 pm

    မိတ်ဆွေ ဘိုရဲ အရင်လို ပြန်ဖြစ်သွားတယ် ဆိုလို့1သာပါအိ
    အရင်လို
    အကင်မြို
    ဘင်ဂျို
    ရင်ဂို
    ဆင်ငို
    ပင်ပျို
    နင်တို

    • YE YINT HLAING

      October 22, 2012 at 2:15 pm

      အရင်လိုပါပဲ
      တိမ်တွေ ေ.ရွလျှားနေတယ်
      အရင်လိုပါပဲ
      စိတ်အစဉ်ကလည်း စေစားရာကို မျောလွင့်နေတယ်

      အရင်လိုပါပဲ
      နေ့တိုင်းလွမ်းမိတယ်
      အရင်လိုပါပဲ
      အမေ နဲ့ မိသားစု အတွက် အသက်ရှင်နေတယ်
      အရင်လိုပါပဲ —– big bag လည်းဆိုခဲ့တယ်
      အရင်လိုပါပဲ —– (ကို) လေးဖြူ လည်း ဆိုခဲ့တယ်
      အရင်လိုပါပဲ —–
      အရင်လိုပါပဲ —–

      ( 1 သာတဲ့ ကိုပေ ကို ကျေးဇူး 2 ခါမြောက်တင်ပါတယ်ဗျား ! )

  • စိန်ဗိုက်ဗိုက်

    October 22, 2012 at 2:27 pm

    ဒို ့အလှည့်ပဲ ကျန်တော့တယ် 😳

    • YE YINT HLAING

      October 23, 2012 at 3:17 pm

      ကိုဗိုက် ပြောတဲ့ အလှည့် ဆိုတာ ??????

      • စိန်ဗိုက်ဗိုက်

        October 23, 2012 at 3:25 pm

        တေဘို ့အလှည့်လေ
        တိန်
        ပြတ်ပလား

        • YE YINT HLAING

          October 23, 2012 at 4:02 pm

          ဟိုက် !

  • ကျနော်လဲအခုရက် အဲဒီလိုမျုးိခံစားနေရတယ်။
    ခါတိုင်းအလုပ်ပြန်ချိန်စောရင် ဝင်ပြီး ရောက်တတ်ရာရာ စကားပြောနေကျသူငယ်ချင်း
    အသဲရောဂါနဲ့ဆုံးသွားတာ သူ့အိမ်ရှေ့ဖြတ်တိုင်း သူနဲ့စကားပြောခဲ့လက်ဖက်ရည်ဆိုင် ထိုင်ပြီး
    ဟာသာတွေပြောခဲ့တာကို လွမ်းမိ သတိရနေမိတယ်။
    သူဆုံးတာတစ်လတော့ ပြည့်ပြီ။

    • YE YINT HLAING

      October 23, 2012 at 8:57 pm

      ဟုတ်တယ် ဦးပေါက်ရေ ! ကျွန်တော် လည်း တစ်ယောက်တည်းနေရင် တွေးမိလို့ ညနေ ရောက်ပြီဆိုတာနဲ့ အခန်းတကား ပိတ်ပြီး ( ၃ ) ယောက်စုနေတဲ့ ဘော်ဒါတွေ အခန်း ကို ပြောင်းအိပ် နေရတယ် !

  • padonmar

    October 23, 2012 at 10:20 pm

    ကိုရဲရင့်
    ကျမဆိုလည်း ဝေဒနာအကြာကြီးမခံရပဲသေရတာကြိုက်တယ်။
    အဲဒါထက် ကိုယ်သေမယ့် အချိန်လေးကြိုသိပြီးပြင်ဆင်သွားနိုင်တဲ့ သေခြင်းကို ပိုသဘောကျပါတယ်။

    • YE YINT HLAING

      October 24, 2012 at 2:23 am

      သေတဲ့ ဝေဒနာ ရဲ့ ရှေက နာကျင်ခံခက်လှ တဲ့ ဝေဒနာ က အခံစားရဆုံးမို့ တချို့ ဆေးပညာပိုင်း ကနေ ဖြစ်ဖြစ် တခြားတနည်းနည်း နဲ့ ဖြစ်ဖြစ် စီရင်ပေးကြရတာ ရုပ်ရှင် ဇတ်လမ်းတွေထဲမှာကော ပြင်ပလောကမှာပါ မြင်တွေကြားသိ နေရတယ်မဟုတ်လား ဆရာမ ရေ ! နာကျင် မှု ကို တကိုယ်လုံး ဘယ်အစိတ် အပိုင်းကမှ လက်မခံ ချင်တာမို့ ကျွန်တော် လည်း ဝေဒနာအကြာကြီးမခံရပဲသေရတာကြိုက်တယ်။ မသေခင် ကြိုတင်ပြင်ဆင်ထားနိုင်သလို သေအံ့ဆဲဆဲ တစ်ချက် ပြုခဲ့သမျှထဲက ကောင်းမှု တစ်ခုခု ဖြစ်ဖြစ် သတိ တချက်လေးဖြစ်ဖြစ် လင်းလက် သွားနိုင်တဲ့ သေခြင်း ဆိုရင် ပိုမကောင်းပေဘူးလား ဆရာမ ရေ !

Leave a Reply