“အမြဲမရှိဆိုတာမှားတယ်လို့ သက်သေပြနေတဲ့နေရာလေး”

“အမြဲမရှိဆိုတာမှားတယ်လို့ သက်သေပြနေတဲ့နေရာလေး”

 

 

အမြဲရှိနေတဲ့အမိူက်ပုံ

ကျနော်တို့ အမြဲကြားနေရတဲ့စကားကတော့ အနိစ္စအမြဲမရှိပါတဲ့။

ဒါပေမယ့် ဒီနေရာလေးကတော့ ခေတ်တွေဘယ်လိုပြောင်းပြောင်း အုပ်ချုပ်သူဘယ်လိုပြောင်းပြောင်း

မပြောင်းမလဲ ရှိနေတာလေးပါ။

တက်သိမ်းအင်း (ကန်တော်ကြီး)အရှေ့ဘက်ခြမ်း တိုက်ခန်း တွေရဲ့အနောက်ဘက်ကလမ်းကလေးပါ။

တိုက်ခန်းနေတဲ့အခန်းသုံးဆယ်က နေတဲ့လူတွေနေ့စဉ်သုံးတဲ့အမိူက်တွေကို ပစ်ရတဲ့နေရာလေးပါ။.

ဒီအမိူက်ပစ်တဲ့နေရာလေးကို အစက သံစည်ပိုင်းလာချထားပေးပါတယ်။

ဒါပေမယ်အမိူက်က များ အမိူက်သိမ်းကားကမလာဆိုတော့ အဲဒီသံစည်ပိုင်းလေးလဲ

သံချေးတက်ပေါက်ပြဲသွားတော့ ပြန်လာသိမ်းသွားပါတယ်။

နောက်တော့ ဝါးနဲ့ယက်ထားတဲ့ အမိူက်ခြင်းအကြီးကြီးလာချပေးပြန်ပါတယ်။

အဲဒါကလဲ အမိူက်မှန်မှန်လာမသိမ်းတော့ ဝန်နဲ့အားနဲ့မမျှဆိုတာလို ဆွေးပြီးပျက်သွားပြန်ရော။

အခုတော့ ဘာမှလာမထားတော့ တိုက်ခန်းနေတဲ့လူတွေကလဲ မြေကြီးပေါ်ဘဲအမိူက်သွန်ရတော့တာပေါ့။

ဒီအမိူက်ပုံလေးကို မနက်အာရုံတက်က စလို့ မိုးချုပ်တဲ့အထိ အမိူက်ကောက်တဲ့လူတွေက လာလာဖွပါတယ်။

အဲတော့ နဂိုရ်က မှ အထိန်းအကွပ်မဲ့နေတဲ့အမိူက်တွေက လမ်းပေါ်မှာ မြင်မကောင်းအောင်ပြန့်ကျဲနေပါတယ်။

စည်ပင်သာယာက လာမသိမ်းတာကြောင့် အမြင်မတော်တော့ အဲဒီနားမှာနေတဲ့သူတွေက အမိူက်တွေကိုလှည်း

ပြီး ပြန်ပုံ အမိူက်ကောက်သူက လာဖွနဲ့ သံသရာလည်နေပါတယ်။

အဲတော့ ဒီနေရာလေးက

အမိူက်ဖွနေတဲ့သူက မနက်စောစောစီးစီးရောက်နေပြီ
“အမြဲမရှိဆိုတာမှားတယ်လို့ သက်သေပြနေတဲ့နေရာလေး”

လို့ဆိုရင်လဲမမှားပါဘူး။

ဗဟုသုတအဖြစ်လာရောက်လေ့လာမယ်ဆိုရင် ကန်တော်ကြီးအရှေ့ဖက်ခြမ်းက ဒေါနခြံတိုက်ခန်း တွေရဲ့အနောက်ဘက်ကန်မှာလမ်းကို လာပြီး ကြည့့်ရူ့ နိုင်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်။.

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(22-10-212)

 

 

7 comments

  • အလင်းဆက်

    October 22, 2012 at 9:10 am

    အော်. အမြဲ မရှိဆိုတာ မှားတယ်… လို ့ သတ်သေပြနေတာ..ဘယ်လိုနေရာပါလိ်မ့်လို ့..
    စိတ်ဝင်စားပြိး.လာကြည့်တာ ။

    ဒီလိုကိုး….

  • ဒီနေရာလေးကို မကြာခဏ ဓါတ်ပုံရိုက်ပြီးတင်ပါတယ်။
    အကြိမ်ပေါင်းများနေပြီ။
    ဒါပေမယ့် ဘာမှပြောင်းလဲမလာဘူးလေ။
    ဒါကြောင့် အနိစ္စအမြဲမရှိဆိုတာ မှားတယ်လို့ပြောတဲ့နေရာလေးလို့တင်စားလိုက်တာပါ
    အမြဲရှိနေတဲ့အမိူက်ပုံလေးလေ အလင်းဆက်ရဲ့

  • kyeemite

    October 22, 2012 at 1:12 pm

    no change တွေကတော့ နေရာအနှံ့ပါပဲ ကိုပေါက်ရေ…

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 22, 2012 at 2:03 pm

    အနိစ္စအမြဲမရှိ
    အမှိုုက်ပုံအမြဲရှိပေါ့နော် :kwi:

  • နွေဦး

    October 22, 2012 at 4:49 pm

    ကဲကဲ….ပြောရပြန်ပြီ…
    ဒီတာဝန်တွေ ဘယ်သူယူမလဲ….

  • padonmar

    October 22, 2012 at 9:47 pm

    ဟုတ်ပ ၊ကိုပေါက်ခဏခဏ ဒီအမှိုက်ပုံနဲ့ ပွိုင့်ယူနေတာ ၊သူတို့ကလည်း ငါတို့သိမ်းလိုက်ရင် ကိုပေါက်ရိုက်စရာ မရှိဖြစ်သွားမယ်လို့ သနားပြီး မသိမ်းတာဖြစ်မယ်။

  • ဒီလိုဘဲ ကြံဖန်ယူရတာဘဲ မယ်မာရေ
    ကိုပေါက်လဲကြာရင် အမိူက်ပုံဆရာကြီးဖြစ်တော့မှာဘဲနော်

Leave a Reply